သခင်ယေရှုသည် လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ သမ္မာတရား အားလုံးကို သူဖော်ပြပြီး ဘုရားအိမ်တော်မှ အစပြုသည့် တရားစီရင်ခြင်း အမှုတော်ကို သူ လုပ်ဆောင်သည်ဟု သင်တို့ သက်သေခံကြသည်၊ ထိုသို့ဆိုလျှင် ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်တို့ မည်သို့ သိမြင်သင့်သနည်း၊ ပြီးလျှင် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှု အမှန်ပင်ဖြစ်သည်ကို ကျွန်ုပ်တို့ မည်သို့ အတည်ပြုသင့်သနည်း။

18.11.2021

အဖြေ-

ဤမေးခွန်းသည် အရေးအကြီးဆုံးဖြစ်သည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မြင်တွေ့ဖို့ဆိုပါက၊ ကျွန်မတို့က ဘုရားသခင်၏ အသံကို မည်သို့ခွဲခြားမည်ကို သိရမည်။ အမှန်မှာမူ၊ ဘုရားသခင်၏ အသံတော်ကို ခွဲခြားသိခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဖွင့်ဆိုချက်များကို မှတ်မိသိရှိခြင်း သဘောဖြစ်သည်၊ ပြီးလျှင် ဖန်ဆင်းရှင်၏နှုတ်ကပတ်တော်များထဲက ထူးခြားသည့် ပင်ကိုယ်လက္ခဏာများကို မှတ်မိသိရှိခြင်းသဘောလည်း ဖြစ်ပါသည်။ ၎င်းတို့သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်စေ၊ ဘုရားသခင် ဝိညာဉ်တော်၏ ဖွင့်ဆိုချက်များဖြစ်စေ ၎င်းတို့အားလုံးက ဘုရားသခင်က လူသားများကို မြင့်မားသည့်နေရာကနေ ပြောဆိုသည့် နှုတ်ကပတ်တော်များဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် နှုတ်ကပတ်တော်များ၏ အသံဩဇာနှင့် ထူးခြားသည့် ပင်ကိုလက္ခဏာများ ဖြစ်သည်။ ဘုရားသခင်၏ ဩဇာအာဏာနှင့် ကိုယ်ပိုင်လက္ခဏာက ရှင်းရှင်းလင်းလင်း ပေါ်လွင်နေပါသည်။ ယင်းကို ဖန်ဆင်းရှင် မိန့်ဆိုရာမှာ အသုံးပြုသည့် ထူးခြားသည့်နည်းလမ်းဟုလည်း ဆိုနိုင်ပါသည်။ လူ့ဇာတိခံယူသည့် အချိန်တိုင်းမှာ ဘုရားသခင်၏ ဖွင့်ဆိုချက်များက နယ်ပယ် အများအပြားကို လွှမ်းခြုံပါသည်။ ၎င်းတို့က အဓိကအားဖြင့်၊ ဘုရားသခင်၏ လူများအပေါ်ထားသည့် သတ်မှတ်ချက်များနှင့် သတိပေးချက်များ၊ ဘုရားသခင်၏ စီမံအုပ်ချုပ်မှုဆိုင်ရာအမိန့်များ ပညတ်ချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော်များ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဆိုင်သည့် နှုတ်ကပတ်တော်များအပြင်၊ အကျင့်ပျက်လူသားများကို ထုတ်ဖော်ပြခြင်းများနှင့် ပတ်သက်ပါ သည်။ ၎င်းတို့က လူသားများအတွက် ဘုရားသခင်၏ ကတိတော်များ နှင့် ပရောဖက်ပြုချက်များလည်း ရှိနေပါသည်။ ဤနှုတ်ကပတ်တော်များ အားလုံးက သမ္မာတရား၊ လမ်းခရီးနှင့်အသက်ကို ဖော်ပြခြင်းများဖြစ်ပါသည်။ ၎င်းတို့အားလုံးက ဘုရားသခင်အသက်တာ၏ အနှစ်သာရကို ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ၎င်းတို့က ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို လည်း ကိုယ်စားပြုပါသည်။ ထို့အပြင်၊ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကနေ ကျွန်မတို့မြင်နိုင်သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း၊ ဩဇာအာဏာနှင့် တန်ခိုးတော် ရှိကြောင်းတို့ ဖြစ်သည်။ ထို့ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များက ဘုရားသခင်၏အသံတော်ဖြစ်ကြောင်း ခွဲခြားဆုံးဖြတ်ချင်ပါက၊ သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သေချာလေ့လာ ကြည့်နိုင်ပါသည်။ ၎င်းတို့ကို နှိုင်းယှဉ်ကြည့်ပြီး၊ ၎င်းတို့သည် တစ်ပါးတည်းသော ဝိညာဉ်တော်က ဖော်ပြသည့် နှုတ်ကပတ်တော်များ ဟုတ်မဟုတ်၊ တစ်ပါးတည်းသော ဘုရားသခင်က ပြုသည့် အမှုတော် ဟုတ်မဟုတ်ကို မြင်နိုင်ပါသည်။ ၎င်းတို့၏ ရင်းမြစ်က တူနေပါက၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဘုရားသခင်၏ မိန့်မြွက်ချက်များ ဖြစ်ကြောင်းကို သက်သေပြပါသည်၊ ပြီးလျှင်အနန္တတန်ခိုးရှင်ဘုရားသခင်က ဘုရားသခင်၏ ပေါ်ထွန်းခြင်း ဖြစ်ကြောင်းကိုလည်း သက်သေပြပါသည်။ ပညတ်တော်ခေတ်မှာ ယေဟောဝါ ပြောခဲ့သည့် နှုတ်ကပတ်တော်များနှင့် ကျေးဇူးတော်ခေတ်မှာ ယေရှု ပြောခဲ့သည့် နှုတ်ကပတ်တော်များ ကိုလည်း ကြည့်ရအောင်။ ၎င်းတို့ နှစ်ခုစလုံးက သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြခြင်း ဖြစ်သည့်အပြင်၊ တစ်ပါးတည်းသော ဘုရားသခင်၏အမှုတော်လည်း ဖြစ်ခဲ့သည်။ ဤသည်မှာ သခင်ယေရှုက ယေဟောဝါ၏ပေါ်ထွန်းခြင်း ဖြစ်ခဲ့သကဲ့သို့၊ ဖန်ဆင်းရှင်၏ ပေါ်ထွန်းခြင်းလည်း ဖြစ်ခဲ့သည်ကို သက်သေပြနေပါသည်။ ကျေးဇူးတော်ခေတ်အတွင်း၊ သခင်ယေရှု ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များ ထဲမှာ သတိပေးခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်များ၊ လူများအပေါ်ထားသည့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဆိုင်သည့် နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ စီမံအုပ်ချုပ်မှုဆိုင်ရာအမိန့်များနှင့် ဆိုင်သည့် နှုတ်ကပတ်တော်များပါကြောင်းကို သမ္မာကျမ်းကို ဖတ်ဖူးသူ အားလုံးလည်း သိကြပါသည်။ ထို့အတူ ပရောဖက်ပြုချက်များ၊ ကတိတော်များနှင့် ဆိုင်သည့် နှုတ်ကပတ်တော် များလည်း ပါခဲ့သည်။ ကျေးဇူးတော်ခေတ်အတွင်းမှာ ဘုရားသခင် ဆောင်ရွက်သည့် အမှုတော်၏ အဆင့်တစ်ခု ပြီးစီးခဲ့ခြင်း ဖြစ်ပါသည်။

ဘုရားသခင်၏သိုးများက သူ့အသံတော်ကို သိပါသည်။ ဘုရားသခင်၏ အသံတော်ကို မည်သို့ တိတိကျကျခွဲခြားပုံ နှင့်ပတ်သက်ပါက၊ သခင်ယေရှု၏ နှုတ်ကပတ်တော်များကို သေချာလေ့လာလျှင်၊ အားလုံးက ရှင်းသွားလိမ့်မည်။ ပထမဆုံးအနေနှင့်၊ လူများအပေါ်ထားသည့် သခင်ယေရှု၏ သတ်မှတ်ချက်များ နှင့် သတိပေးချက်များကို ကြည့်ရပါလိမ့်မည်။ ဥပမာ၊ သခင်ယေရှု ပြောခဲ့သည်မှာ- “နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။(ရှင်မဿဲခရစ်ဝင် ၄:၁၇)သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယက ပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။ ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်း။(ရှင်မဿဲခရစ်ဝင် ၂၂:၃၇-၄ဝ) ထဲမှာလည်း သခင်ယေရှု ပြောထားပါသည်။ “စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။...ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သော သူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြ လတံ့။(ရှင်မဿဲခရစ်ဝင် ၅:၃-၆)ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှ ပေ၏။(ရှင်မဿဲခရစ်ဝင် ၅:၁၀-၁၂)

သခင်ယေရှုက စီမံအုပ်ချုပ်မှုဆိုင်ရာအမိန့်များအကြောင်းနှင့် ပတ်သက်ပြီး မည်သည့်အရာများ ပြောခဲ့သည်ကို ကြည့်ကြရအောင်။ ရှင်မဿဲခရစ်ဝင် ၁၂:၃၁-၃၂၊ သခင်ယေရှု ပြောခဲ့သည်မှာ- “ထို့ကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကို ကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝ နောင်ဘဝ၌ မလွှတ်နိုင်။” သခင်ယေရှုက ရှင်မဿဲ ၅:၂၂ မှာ လည်း ဤကဲ့သို့ ပြောထားသည်။ “ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်း ကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ်၌ မီးရှို့ခြင်းကို ခံထိုက်ပေ၏။

စီမံအုပ်ချုပ်မှုဆိုင်ရာအမိန့်များနှင့် ဆိုင်သည့် နှုတ်ကပတ်တော်များ အပြင် ဖာရိရှဲများကို တရားစီရင်ခြင်း၊ ဖော်ထုတ်ပြခြင်းနှင့် ဆိုင်သည့် သခင်ယေရှု၏ နှုတ်ကပတ်တော်များ လည်း ရှိပါသည်။ သခင်ယေရှု ပြောခဲ့သည်မှာ- “လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကို လူတို့ရှေ့မှာ ပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃)လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်း ပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၅)

သခင်ယေရှုက လူသားများကို ပရောဖက်ပြုချက်များနှင့် ကတိတော်များလည်း ပြောခဲ့ပါသည်။ ရှင်ယောဟန်ခရစ်ဝင် ၁၄:၂-၃ မှာ သခင်ယေရှု ပြောခဲ့သည်မှာ- “သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈ မှာလည်း၊ သခင်ယေရှုက ပြောခဲ့ပါသည်- “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” ဗျာဒိတ်ကျမ်း ၂၁:၃-၄ မှာလည်း “ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိက်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြပြီ။

ကျေးဇူးတော်ခေတ်အတွင်းမှာ သခင်ယေရှု ဖော်ပြခဲ့သည့် အမျိုးမျိုးသော သမ္မာတရားများက တစ်ဆင့်၊ သခင်ယေရှုက ကယ်တင်ရှင်၏ပေါ်ထွန်းခြင်း ဖြစ်ခဲ့ကြောင်း ကျွန်မတို့ မြင်နိုင်ပါသည်။ သခင်ယေရှု၏ နှုတ်ကပတ်တော်များ ကလည်း လူသား အားလုံးအတွက် ဘုရားသခင်၏ ဖွင့်ဆိုချက်များ ဖြစ်ခဲ့ကြောင်း မြင်နိုင်ပါသည်။ သူက လူသားများကို လမ်းပြဖို့၊ အထောက်အပံ့ ပေးဖို့၊ လူများကို ကိုယ်တိုင်ရွေးနုတ်ဖို့အတွက် ဘုရားသခင်၏ စိတ်သဘောထားနှင့် အလိုတော်ကို တိုက်ရိုက် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ ဤသည်မှာ ဘုရားသခင် ကိုယ်တော်တိုင်၏ ပင်ကိုယ်လက္ခဏာနှင့် ဩဇာအာဏာကို ပြည့်ဝစွာ ကိုယ်စားပြုပါသည်။ ဤနှုတ်ကပတ်တော်များကို ဖတ်လိုက်သည်နှင့်၊ ၎င်းတို့သည် သမ္မာတရားဖြစ်ကြောင်း၊ ဩဇာအာဏာနှင့်တန်ခိုးကို ပိုင်ဆိုင်ကြောင်း ကျွန်မတို့ ခံစားမိကြပါသည်။ ဤ စကားလုံးများက ဘုရားသခင်၏ အသံတော်ဖြစ်ပြီး၊ လူသားများအပေါ် ဘုရားသခင်၏ ဖွင့်ပြချက်များပဲ ဖြစ်သည်။ နောက်ဆုံးသောကာလမှာ သခင်ယေရှုက ပြန်လာခဲ့ပါပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုကို ပြုဖို့ ရောက်လာခဲ့ ပါပြီ။ ကိုယ်တော်က နိုင်ငံတော်ခေတ်ကို အစပြုပေးလိုက် သကဲ့သို့၊ ကျေးဇူးတော်ခေတ်ကိုလည်း အဆုံးသတ်ပေးလိုက်ပါပြီ။ သခင်ယေရှု၏ ရွေးနုတ်ခြင်းအမှုကို အခြေခံပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်က တရားစီရင်ခြင်း အမှု၏ အဆင့်တစ်ခုကို ဘုရားသခင်၏အိမ်တော်ကနေ စတင်ကာ ဆောင်ရွက်ပြီးခဲ့ပါပြီ။ ထို့အပြင် လူများကို သန့်စင်ခြင်း၊ ကယ်တင်ခြင်းအတွက် အလုံးစုံသောသမ္မာတရားများကိုလည်း ဖော်ပြထား ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြထားသည့် နှုတ်ကပတ်တော်များ က အကြောင်းအရာအားဖြင့် ကြွယ်ဝသကဲ့သို့၊ အကြွင်းမဲ့ ပြည့်စုံပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “ဘုရားသခင်သည် လူသားမျိုးနွယ်အပေါင်းကို မိန့်ကြားသည်မှာ ကမ္ဘာကြီးကို ဖန်ဆင်းခြင်းပြီးကတည်းက၊ ဤအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်ဟုပြောလျှင် မှန်ကောင်း မှန်နိုင်ပါသည်။ ဘုရားသခင်သည် ဖန်ဆင်းခံလူသားမျိုးနွယ်ကို ထိုကဲ့သို့ အသေးစိတ်ကျကျနှင့် အလွန်စနစ်ကျစွာ ယခင်က တစ်ခါမျှပင် မပြောဆိုခဲ့ဖူးပေ။ ဤသည်မှာ သူသည် လူသားမျိုးနွယ် အပေါင်းသို့ ပထမဦးဆုံးအကြိမ် များစွာပြောဆိုခြင်းနှင့် အလွန်ကြာရှည်စွာ ပြောဆိုခြင်းလည်း ဖြစ်သည်မှာ မှန်ပေသည်။ ယင်းသည် လုံးလုံး မကြုံစဖူးသောအရာ ဖြစ်သည်။ ထို့ထက်ပိုသည်မှာ ဤမိန့်မြွက်ချက်များသည် လူသားမျိုးနွယ်အကြားတွင် ဘုရားသခင် ဖော်ပြခဲ့သည့် ပထမဆုံးသော စာသားများပင် ဖြစ်သည်၊ ထိုအထဲတွင် သူသည် လူသားများကို ဖော်ထုတ်ပြီး လမ်းပြလျက်၊ တရားစီရင်ကာ ၎င်းတို့ကို ရင်းနှီးပွင့်လင်းစွာ ပြောကြားခဲ့ပြီး ၎င်းတို့သည် ဘုရားသခင်က လူများကို သူ၏ခြေလှမ်းများ၊ သူလျောင်းသည့်နေရာ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၊ ဘုရားသခင်၏အတွေးများနှင့် လူသားမျိုးနွယ်အတွက် သူ၏ပူပန်မှုတို့အား သိစေခဲ့သည့် ပထမဆုံး မိန့်မြွက်ချက်များလည်း ဖြစ်သည်။ ဤအရာများသည် ဖန်ဆင်းခြင်းကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်ကို တတိယကောင်းကင်မှ ပြောဆိုသည့် ပထမဆုံးသော မိန့်မြွက်ချက်များ ဖြစ်သည်ဟု ဆိုနိုင်ပြီး ဘုရားသခင်သည် နှုတ်ကပတ်တော်များ အလယ်တွင် လူသားမျိုးနွယ်ထံသို့ သူ့နှလုံးသား၏အသံ ပေါ်လာရန်နှင့် ၎င်းကို ဖော်ပြရန် သူ၏ ပင်ကို ကိုယ်ပိုင်လက္ခဏာကို အသုံးပြုခဲ့သော ပထမဆုံးအကြိမ်လည်း ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ နိဒါန်း) အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြထားသည့် နှုတ်ကပတ်တော်များ ကလည်း ကျယ်ပြန့်ပြီး၊ အနှိုင်းမဲ့ ပြည့်စုံကြွယ်ဝပါသည်။ ဤနှုတ်ကပတ်တော်များထဲမှာ အဓိကအားဖြင့်၊ တရားစီရင်ခြင်း၊ လူများကို ဖော်ထုတ်ပြခြင်းနှင့် နိုင်ငံတော်ခေတ်၏ စီမံအုပ်ချုပ်မှုဆိုင်ရာအမိန့်များ၊ ပညတ်ချက်များအပြင် ဘုရားသခင်၏ သတိပေးချက်များ၊ သတ်မှတ်ချက်များ နှင့် လူများအပေါ်ထားသည့် ကတိတော်များနှင့် ပရောဖက်ပြုချက်များ တို့ ပါဝင်ပါသည်။ လူများအပေါ်ထားသည့် ဘုရားသခင်၏ သတိပေးချက်များ၊ သတ်မှတ်ချက်များ အပြင်၊ သူ့၏အမှုတော်နှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များကို ဦးဆုံး ဖတ်ပြပါရစေ။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့တွင် ငါ့အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ သယ်ဆောင်သူများ- ထိုသို့သောသူများသည် မင်္ဂလာရှိကြ၏၊ ငါ့ကို ကျိုးနွံနာခံကြသည့် သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏နိုင်ငံတော်တွင် ဧကန် နေကြရလိမ့်မည်။ ငါ့အား သိကျွမ်းသော သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏ နိုင်ငံတော်တွင် တန်ခိုးကို ဧကန်မုချ ကိုင်စွဲကြရလိမ့်မည်။ ငါ့အား ရှာဖွေသော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် စာတန်၏ ချည်နှောင်ခြင်းများမှ ဧကန်မုချ လွတ်မြောက်လိမ့်မည် ဖြစ်ပြီး၊ ငါ၏ ကောင်းချီးမင်္ဂလာများကို ခံစားကြလိမ့်မည်။ မိမိတို့ကိုယ်ကိုယ် ပစ်ပယ်နိုင်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ ပိုင်ဆိုင်မှုထဲသို့ ဧကန်ဝင်ကြ ရလိမ့်မည်ဖြစ်ပြီး၊ ငါ့နိုင်ငံတော်၏ ကြွယ်ဝမှုကို အမွေခံကြရလိမ့်မည်။ ငါ့အတွက် ဟိုဟိုသည်သည် အလုပ်ရှုပ်ကြသော သူတို့အား ငါအောက်မေ့မည်၊ ငါ့အတွက် အသုံးခံမှုများပြုသောသူတို့ကို ဝမ်းမြောက်စွာ ငါထွေးပိုက်မည်၊ ပြီးလျှင် ငါ့ထံ ပူဇော်မှုများ ပြုကြသော သူတို့အား ငါသည် ပျော်ရွှင်မှုများ ပေးသနားမည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင် မွေ့လျော်မှု ရှာတွေ့သော သူများကို ငါကောင်းချီးပေးမည်။ ထိုသူတို့သည် ငါ့နိုင်ငံတော်ရှိ ခေါင်တိုင်အား ထောက်ထားသည့် မဏ္ဍိုင်များ ဧကန်ဖြစ်ကြလိမ့်မည်၊ ထိုသူတို့သည် ငါ၏ အိမ်တော်ထဲ၌ အတိုင်းအဆမဲ့သော ကြွယ်ဝမှုကို ရကြလိမ့်မည် ဖြစ်ပြီး၊ မည်သူမျှ ၎င်းတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ကြ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉))

ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။

အကယ်၍ လူများသည် ကျေးဇူးတော်ခေတ်တွင် ဆက်လက် သောင်တင်နေပါက၊ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို သိရန် မဆိုထားနှင့်၊ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဘယ်သောအခါမျှ ဖယ်ရှားလိမ့်မည် မဟုတ်ပေ။ အကယ်၍ လူများသည် ကျေးဇူးတော်အလျှံပယ်ကြား အမြဲ အသက်ရှင်သော်လည်း၊ ဘုရားသခင်ကို သိရန် သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ၎င်းတို့ကို အခွင့်ပေးသည့် အသက်လမ်းခရီး မရှိကြပါက၊ ၎င်းတို့သည် ကိုယ်တော်၌ ၎င်းတို့၏ ယုံကြည်မှုတွင် သူ့ကို မည်သည့်အခါတွင်မျှ အမှန်တကယ် ရရှိလိမ့်မည်မဟုတ်ပေ။ ဤယုံကြည်မှုမျိုးသည် ဧကန်အမှန် သနားစဖွယ် ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))

မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ခြေလှမ်းများနှင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တက်တက်ကြွကြွ ရှာဖွေခြင်းမရှိပေ၊ ထို့ပြင် မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ စောင့်ရှောက်ပေးမှုနှင့် ထိန်းသိမ်းပေးမှုထဲ၌ တည်နေလိုသောဆန္ဒ မရှိကြပေ။ ထိုသို့ပြုမည့်အစား သူတို့သည် ဤလောကကြီးနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ၊ ထို့အပြင် ဆိုးသွမ်းသော လူသားမျိုးနွယ်တို့ လိုက်နာကျင့်သုံးသည့် ဖြစ်တည်မှုစည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ ဆိုးယုတ်သည့်သူဖြစ်သော စာတန်၏ ယိုယွင်းပျက်စီးခြင်းအပေါ် အမှီပြုလိုကြသည်။ ဤအချိန်တွင် လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် စာတန်အတွက် လူသား၏ လက်ဆောင်ပဏ္ဏာ ဖြစ်သွားခဲ့ကာ စာတန်၏ ခဲဖွယ်စားဖွယ် ဖြစ်သွားသည်။ ထိုထက်ပင်ပို၍ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်သည် စာတန်နေထိုင်နိုင်သည့် နေရာတစ်ခုနှင့် ၎င်းနှင့် သင့်တော်သည့် ပျော်ပါးရာနေရာတစ်ခုဖြစ်လာသည်။ ဤနည်းအားဖြင့် လူသားသည် လူသားဖြစ်ရခြင်း၏ နိယာမများနှင့်ဆိုင်သည့် သူ၏ နားလည်ခြင်း၊ ထို့ပြင် လူသားဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်တို့ နှင့်ဆိုင်သည့် သူ၏နားလည်ခြင်းတို့ကို အမှုမဲ့အမှတ်မဲ့ ဆုံးရှုံးလိုက် ရသည်။ ဘုရားသခင်၏ ပညတ်တရားများနှင့် ဘုရားသခင်နှင့် လူသားကြားမှ ပဋိညာဉ်သည် လူသား၏နှလုံးသားထဲမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ပြီး သူသည် ဘုရားသခင်ကို ရှာဖွေခြင်း၊ သို့မဟုတ် ဂရုပြုခြင်း မရှိတော့ပေ။ အချိန်ကာလ ကြာညောင်းလာသည်နှင့်အမျှ လူသားသည် ဘုရားသခင်က သူ့အား အဘယ်ကြောင့် ဖန်ဆင်းခဲ့သည်ကို နားမလည်တော့သကဲ့သို့ ဘုရားသခင်၏ နှုတ်မှလာသော နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ထံမှလာသော အရာအားလုံးတို့ကို နားမလည်တော့ပေ။ ထို့နောက် လူသားသည် ဘုရားသခင်၏ ပညတ်တရားများနှင့် အမိန့်များကို စတင်အာခံလာသည်၊ ထို့ပြင် သူ၏နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် ထုံထိုင်းလာသည်...။ ဘုရားသခင်သည် သူမူလအစက ဖန်ဆင်းထားသော လူသားကို ဆုံးရှုံးသွားပြီး လူသားသည် သူ၏ မူလအရင်းအမြစ်ကို ဆုံးရှုံးသွားသည်။ ၎င်းသည် ဤလူသားမျိုးနွယ်အတွက် ဝမ်းနည်းစရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်)

လူသားမျိုးနွယ်သည် ယနေ့ ၎င်းတို့ ရောက်ရှိနေသော နေရာသို့ ရောက်ဖို့ရန် သမိုင်းနှစ်ပေါင်း သောင်းချီကြာပြီးဖြစ်သည်၊ သို့သော် အစအဦး၌ ငါ ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာကတည်းက ဆုတ်ယုတ်ခြင်းထဲသို့ ကျဆင်းပြီးဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ အလိုဆန္ဒရှိသည့် လူသားမျိုးနွယ် မဟုတ်တော့သကဲ့သို့၊ ထို့ကြောင့် ငါ၏ အမြင်တွင် လူတို့သည် လူသားမျိုးနွယ်၏ အမည်ဖြင့် မထိုက်တန်တော့ပေ။ ယင်းထက် ၎င်းတို့သည် စာတန်က ဖမ်းဆီးချုပ်နှောင်ပြီးဖြစ်သည့် လူသားမျိုးနွယ်၏ လူဖျင်းလူသွမ်းများနှင့် စာတန်က မှီတင်းအခြေချထားကာ မိမိကိုယ်ကိုယ် အရေခြုံထားသည့် လမ်းလျှောက်နေသည့် ပုပ်ပွသော အလောင်းကောင်များ ဖြစ်သည်။ လူများသည် ငါ၏တည်ရှိခြင်းကို မယုံကြည်ကြသကဲ့သို့၊ ငါ၏ကြွလာခြင်းကိုလည်း မကြိုဆိုကြချေ။ လူသားမျိုးနွယ်သည် ငါ၏ တောင်းဆိုချက်များကို ယာယီခဏ လိုက်လျောရင်း တွန့်တိုစွာ တုံ့ပြန်ရုံတုံ့ပြန်ကြပြီး၊ အသက်တာ၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့တွင် ငါနှင့်အတူ စိတ်ရင်းအမှန်ဖြင့် မျှဝေမခံစားကြချေ။ လူတို့သည် ငါ့ကို နားမလည်နိုင်စရာဟု မြင်ကြသည့်အတွက်၊ ၎င်းတို့သည် လက်ရှိ ငါ၏ အလိုကို မဆိုထားနှင့်၊ ငါ၏ အမှုနှင့်ဆိုင်သည့် အသိပညာ မရှိကြသည့်အတွက်၊ တန်ခိုးအာဏာရှိသူကို မျက်နှာချိုသွေးသည့် သဘောထားဖြင့် ငါ့ကို တွန့်တိုသော အပြုံးများ ပြုံးပြကြလေသည်။ ငါသည် သင်တို့နှင့်ပတ်သက်၍ ရိုးသားမည်- အချိန်ကျလာသည့်အခါ၊ ငါ့ကို ကိုးကွယ်ကြသော သူများ၏ ဆင်းရဲဒုက္ခသည် သင်တို့ထက် သာ၍ ခံသာလိမ့်မည်။ အမှန်တွင်၊ ငါ၌ သင်တို့၏ ယုံကြည်ခြင်း အတိုင်းအတာသည် ယောဘ၏ ယုံကြည်ခြင်းကို မကျော်လွန်ချေ- ယုဒလူမျိုး ဖာရိရှဲများ၏ ယုံကြည်ခြင်းပင်လျှင် သင်တို့ထက် သာလွန်၏၊ ထို့ကြောင့် မီးနေ့ရက်သည် ကျရောက်လာပါက၊ သင်တို့၏ ဆင်းရဲဒုက္ခသည် ယေရှု၏ ပြစ်တင်မောင်းမဲခြင်း ခံခဲ့ရချိန် ဖာရိရှဲများ၏ ဆင်းရဲဒုက္ခထက်၊ မောရှေကို ဆန့်ကျင်ခဲ့ကြသော ခေါင်းဆောင် ၂၅၀ ၏ ဆင်းရဲဒုက္ခထက်၊ ယင်း၏ ပျက်စီးခြင်းနှင့်ဆိုင်သည့် ချစ်ချစ်တောက် ပူပြင်းသော မီးလျှံများအောက် သောဒုံမြို့၏ ဆင်းရဲဒုက္ခထက် သာ၍ကြီးလေးလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ)

လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း စိတ်နှလုံးအပြင်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများ တာဝန်ရှိသည့် အလုပ်တာဝန်ကိုလည်း ဆုံးရှုံးခဲ့ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်ကို မနာခံသော ရန်သူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် လူသားမျိုးနွယ်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ခဲ့ပြီး စာတန်၏အမိန့်များကို လိုက်နာခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ဖန်ဆင်းခံသတ္တဝါများ ကြားတွင် အလုပ်လုပ်ရန် နည်းလမ်း မရှိခဲ့သကဲ့သို့၊ ၎င်းတို့၏ ကြောက်ရွံ့တတ်သော ကြည်ညိုမှုကို သာ၍ပင် မရရှိနိုင် ဖြစ်လာခဲ့သည်။ လူသားများသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခံခဲ့ရပြီး ဘုရားသခင်ကို ကိုးကွယ်သင့်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျောခိုင်းခဲ့ကြကာ ယင်းအစား စာတန်ကို ကိုးကွယ်ခဲ့ကြသည်။ စာတန်သည် ၎င်းတို့ စိတ်နှလုံးများထဲတွင် အသည်းကြော် ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများတွင် သူ၏ရပ်တည်မှုကို ဆုံးရှုံးခဲ့ရ၏၊ ယင်းမှာ သူသည် လူသားမျိုးနွယ်အား ဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်ကို ဆုံးရှုံးခဲ့သည်ဟု ဆိုရပေမည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို သူဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်ကို ပြန်လည်ရယူရန်၊ သူသည် ၎င်းတို့၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေရမည်ဖြစ်ပြီး လူသားမျိုးနွယ်ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖယ်ရှားပစ်ရမည် ဖြစ်သည်။ စာတန်ထံမှ လူသားများကို ပြန်လည်ရယူရန်၊ သူသည် ၎င်းတို့ကို အပြစ်မှ ကယ်တင်ရမည်။ ဤနည်းလမ်းဖြင့်သာ ဘုရားသခင်သည် ၎င်းတို့၏ မူလရုပ်ဆင်းသဏ္ဌာန်နှင့် လုပ်ငန်းဆောင်တာကို တဖြည်းဖြည်း နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပြီး၊ နောက်ဆုံးတွင် သူ၏နိုင်ငံတော်ကို နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပေသည်။ လူသားများကို ဘုရားသခင်အား သာ၍ ကောင်းစွာ ဝတ်ပြုကိုးကွယ်ခွင့်ပေးရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပိုမိုကောင်းမွန်စွာ ရှင်သန်ခွင့်ပေးရန် ငြင်းဆန်သောသူတို့ကို အဆုံးစွန် ဖျက်ဆီးခြင်းကိုလည်း ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့သောကြောင့်၊ သူသည် ၎င်းတို့ကို သူ့အား ကိုးကွယ်စေမည် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ မူလ လုပ်ငန်းဆောင်တာကို နဂိုအတိုင်းပြန်ဖြစ်စေလိုသောကြောင့်၊ ယင်းကို လုံးဝ နဂိုအတိုင်းပြန်ဖြစ်စေမည် ဖြစ်ပြီး မည်သည့် မစင်ကြယ်မှုမျှ ရှိစေမည် မဟုတ်ပေ။ သူ၏ ဩဇာအာဏာကို နဂိုအတိုင်းပြန်ဖြစ်စေခြင်း ဆိုသည်မှာ လူသားများအား သူ့ကို ကိုးကွယ်စေကာ ကျိုးနွံနာခံစေခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် လူသားများကို သူ့ကြောင့် အသက်ရှင်စေလိမ့်မည် ဖြစ်ပြီး သူ၏ဩဇာအာဏာ၏ အကျိုးဆက်အနေဖြင့် သူ၏ရန်သူများကို ပျက်စီးစေလိမ့်မည်ဟု ဆိုလိုသည်။ ယင်းမှာ ဘုရားသခင်သည် မည်သူထံကမျှ ခုခံမှုမရှိစေဘဲ သူနှင့် ပတ်သက်သည့် အရာရာတိုင်းကို လူသားများအလယ်တွင် ဖြစ်ပေါ်စေမြဲ ဖြစ်ပေါ်စေလိမ့်မည်ဟု ဆိုလိုသည်။ သူတည်ထောင်လိုသော နိုင်ငံတော်သည် သူ၏ကိုယ်ပိုင် နိုင်ငံတော် ဖြစ်သည်။ သူအလိုရှိသော လူသားမျိုးနွယ်သည် သူ့ကို ကိုးကွယ်မည့်သူ၊ သူ့ကို လုံးဝ ကျိုးနွံနာခံမည့်သူနှင့် သူ၏ဘုန်းအသရေကို ထင်ရှားစေမည့်သူ ဖြစ်သည်။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို မကယ်တင်ပါက၊ လူသားမျိုးနွယ်ကို သူဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်သည် ပျောက်ဆုံးလိမ့်မည် ဖြစ်သည်။ သူသည် လူသားများအလယ်တွင် နောက်ထပ် ဩဇာအာဏာ ရှိတော့မည် မဟုတ်သကဲ့သို့၊ သူ၏ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် တည်ရှိနိုင်တော့မည် မဟုတ်ပေ။ သူ့ကို မနာခံသော ရန်သူများကို ဘုရားသခင် မဖျက်ဆီးပါက၊ သူသည် မိမိ၏စုံလင်သော ဘုန်းအသရေကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ကမ္ဘာမြေကြီးပေါ်တွင် သူ၏နိုင်ငံတော်ကိုလည်း တည်ထောင်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်တို့မှာ သူ၏အမှု စုံလင်ခြင်းနှင့်- လူသားမျိုးနွယ် အလယ်ရှိ သူ့ကို မနာခံသည့် သူများကို လုံးဝဖျက်ဆီးရန်နှင့် စုံလင်စေခြင်း ခံရပြီးသူများကို ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ကြဉ်းဖို့ ဖြစ်သည်- သူ၏ ကြီးမားသည့် အောင်မြင်ခြင်း အမှတ်လက္ခဏာများ ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်)

နောက်ဆုံးသောကာလအတွင်းတွင် ယေရှု ဆင်းသက် လာမည်ကိုသာ သင်သိသည်၊ သို့သော် သူ မည်သို့ အတိအကျ ဆင်းသက်လာမည်နည်း။ ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍)

“မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့ခေတ်တွင် ပြီးပြည့် စုံလင်စေခြင်း ခံရမည့် သူများသည် ပေတရုကဲ့သို့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူများသာ စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ မျှော်လင့်ပြီး၊ သင်၏ကိုယ်ပိုင် အသက်စိတ်သဘောထားကို ပြောင်းလဲရန် မကြိုးစားပါက၊ သင်၏ အားထုတ်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည်၊ ဤသည်မှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်)

နိုင်ငံတော်ခေတ်အတွင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ တရားစီရင်ခြင်းအမှုနှင့် ပတ်သက်၍ အနန္တတန်ခိုးရှင်ဘုရားသခင့် နှုတ်ကပတ်တော်များ၏ စာပိုဒ်တချို့ကို ထပ်ပြီးဖတ်ပြပါရစေ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

ဘုရားသခင်သည် သူနှင့်သက်ဆိုင်သည့် အသိပညာကို လူသားက ရရှိကောင်း ရရှိစေနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် သူ၏သက်သေခံချက်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏တရားစီရင်မှုမရှိပါက၊ လူသားသည် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့ လူသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် သူ၏ အိုဟောင်းသော အသိပညာကို အသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ပြီးလျှင် သူ၏ စီမံခန့်ခွဲမှုအတွက်၊ သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်၊ ထိုသို့ဖြင့် သူ၏လူသိရှင်ကြား ပေါ်ထွန်းခြင်းမှတစ်ဆင့် လူသားကို ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိဉာဏ်အား ရရှိနိုင်စေသည်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲနိုင်စေပြီး၊ ဘုရားသခင်အဖို့ ထူးကဲလှသော သက်သေခံချက်ကို သက်သေခံနိုင်စေလေသည်။ လူသား၏ စိတ်သဘောထား ပြောင်းလဲမှုကို များစွာသော ဘုရားသခင်၏ အမှုအမျိုးမျိုးမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သူ၏စိတ်သဘောထား၌ ထိုသို့သော ပြောင်းလဲမှုများ မရှိဘဲနှင့်၊ လူသားသည် ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ကျေးကျွန်ဘဝနှင့် အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စံပုံစံနှင့် နမူနာတစ်ခု၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သော သူတစ်ဦး ဧကန်အမှန် ဖြစ်လာသည်ကို ညွှန်ပြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်)

ခေတ်ကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် သူ၏ နောက်ဆုံး အမှုတွင်၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူအားလုံးကို လူသိရှင်ကြား တရားစီရင်ရန်နှင့် သူ့ကို စစ်မှန်ရိုးသားသည့် စိတ်နှလုံးဖြင့် ချစ်သောသူတို့ကို စုံလင်စေရန်အလို့ငှာ မဖြောင့်မတ်သည့် အရာအားလုံးကို သူ ထုတ်ဖော်ပြသည့် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်သက်ဆိုင်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ ဖန်ဆင်းခြင်းထဲက အရာအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝအပေါ် အခြေခံ၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ၎င်းတို့၏ ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အခိုက်အတန့် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံကြရပါက၊ ၎င်းတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်ခြင်း နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားပြီး၊ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြခံရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။...နောက်ဆုံးသောကာလအတွင်းတွင် ဖြောင့်မတ်သော တရားစီရင်မှု သည်သာ လူသားကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားနိုင်ပြီး၊ လူကို နယ်ပယ်သစ်သို့ ဆောင်ယူနိုင်ပေသည်။ ဤနည်းဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ဖြောင့်မတ်သော စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

မည်သည့်အရာက တရားစီရင်မှု ဖြစ်ပြီး မည်သည့်အရာက သမ္မာတရား ဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်ပါက၊ တရားစီရင်ခံရခြင်းအဖြစ်ကို ကျိုးနွံစွာ နာခံဖို့ သင့်ကို ငါ တိုက်တွန်း၏၊ သို့မဟုတ်ပါက သင်သည် ဘုရားသခင်၏ ချီးကျူးခံရမည့် သို့မဟုတ် သူ၏နိုင်ငံတော်ထဲသို့ သူ၏ ခေါ်ဆောင်ခြင်းကို ခံရမည့် အခွင့်အရေးကို မည်သည့်အခါတွင်မျှ ရလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကိုသာ လက်ခံသော်လည်း၊ မည်သည့်အခါမျှ သန့်စင်မခံရနိုင်သော သူတို့သည်၊ ဆိုလိုသည်မှာ တရားစီရင်ခြင်းအမှု အလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ငြင်းပယ်မှုကို ထာဝရ ခံကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကာ ပုန်ကန်ခဲ့ကြပြီးဖြစ်သည့်အတွက်၊ ၎င်းတို့၏ အပြစ်များသည် ဖာရိရှဲတို့၏ပြစ်များထက် သာလွန်များပြားကာ၊ သာ၍ ဆိုးရွားလေသည်။ အစေခံခြင်းကို လုပ်ဆောင်ရန်ပင် မထိုက်တန်သည့် ထိုသို့သောလူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်၊ ထို့အပြင် ထာဝရတည်တံ့သည့် အပြစ်ဒဏ်တစ်ခုကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို တစ်ချိန်က စကားဖြင့် သစ္စာစောင့်သိမှု ပြခဲ့ကြသော်လည်း၊ ထို့နောက် သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် စိတ်၊ ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့၏ အပြစ်ဒဏ်ပေးခြင်းမှတစ်ဆင့် ဒဏ်ခတ်မှုကို ရရှိကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထား၏ တိကျစွာ ဖွင့်ပြခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် တရားစီရင်ရာ အချိန်ကာလအတောအတွင်းတွင် ဆိုးယုတ်သော လုပ်ဆောင်ချက်မျိုးစုံကို ဆောင်ရွက်သူအားလုံးကို ဆိုးယုတ်သော ဝိညာဉ်များ သောင်းကျန်းသည့် နေရာတစ်ခုဆီသို့ လွှဲအပ်ပြီး၊ ဤဆိုးယုတ်သော ဝိညာဉ်များကို ၎င်းတို့၏ အသွေးအသားခန္ဓာအား စိတ်ကြိုက်ဖျက်ဆီးခွင့် ပေးကာ၊ ထိုလူတို့၏ ခန္ဓာကိုယ်များသည် အလောင်းကောင်အပုပ်နံ့ ထုတ်လွှတ်လေသည်။ ယင်းမှာ ၎င်းတို့နှင့် သင့်တော်သော ဒဏ်ခတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော အယောင်ဆောင်ယုံကြည်သူများ၊ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များ အယောက်စီ၏ အပြစ်များ တစ်ခုစီတိုင်းကို ၎င်းတို့၏ မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်၏။ ထို့နောက် အချိန်ကျသောအခါတွင်၊ ၎င်းတို့အနေဖြင့် မည်သည့်အခါတွင်မျှ လူမဝင်စားနိုင်ဖို့နှင့် မည်သည့်အခါတွင်မျှ အလင်းကို တစ်ဖန် မမြင်နိုင်ကြဖို့အလို့ငှာ၊ သူသည် ညစ်ညမ်းသော ဝိညာဉ်များအား ၎င်းတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ဖျက်ဆီးရမ်းကားစေခွင့် ပြုလျက်၊ ၎င်းတို့ကို ဤညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ ပစ်လိုက်သည်။ ၎င်းတို့သည် ယုတ်မာသူတို့၏ တိုက်တွန်းခြင်းသို့ လိုက်ကြပြီး ၎င်းတို့၏ ဖရိုဖရဲ ဖြစ်နေသော ဝရုန်းသုန်းကား လူအုပ်တွင် ပါဝင်ဖို့အလို့ငှာ၊ အချိန်တစ်ခုကြာ အစေခံခြင်း ပြုကြသော်လည်း၊ အဆုံးတိုင် သစ္စာစောင့်သိနေနိုင်စွမ်း မရှိကြသည့် သူတော်ကောင်းအယောင်ဆောင်များကို ဘုရားသခင်သည် ယုတ်မာသူတို့ အထဲတွင် ထည့်တွက်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ခရစ်တော်ကို မည်သည့်အခါတွင်မျှ သစ္စာမစောင့်သိခဲ့သည့် သို့မဟုတ် မိမိတို့၏ခွန်အားဖြင့် မည်သည့်အခါတွင်မျှ ကူညီပံ့ပိုးခြင်းမရှိသော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုပြုခြင်းမရှိဘဲ၊ ခေတ်အပြောင်းအလဲတွင် ၎င်းတို့အားလုံးကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါတွင်မျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ၊ သူ့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံရန် အခြေအနေဖြင့် တွန်းအားပေးခြင်းခံရသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့အထဲတွင် ထည့်တွက်ခြင်းခံရကြ၏။ ထိုသို့သော လူများထဲမှ အရေအတွက် အနည်းငယ်သာ ရှင်ကျန်ရစ်မည် ဖြစ်သော်လည်း၊ အများစုသည် အစေခံခြင်းကို လုပ်ဆောင်ရန်ပင် အရည်အချင်း မပြည့်မီကြသော သူတို့နှင့်အတူ ပျက်စီးကြရလိမ့်မည်။ နောက်ဆုံးတွင်၊ ဘုရားသခင်နှင့် စိတ်သဘောတူညီသူများ၊ ဘုရားသခင်၏ လူများနှင့်သားများ၊ ပြီးလျှင် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့် မှတ်သားထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏အမှု၏ အကျိုးရလဒ် ဖြစ်လိမ့်မည်။ ဘုရားသခင် ချမှတ်ထားသော အမျိုးအစားတစ်ခုတစ်လေထဲတွင် သတ်မှတ်ခြင်း မခံရနိုင်သောသူများကိုမူ မယုံကြည်သူများအထဲတွင် ထည့်တွက်ခြင်း ခံရလိမ့်မည်- ပြီးလျှင် ၎င်းတို့၏ရလဒ် အဘယ်အရာ ဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာအားလုံးကို သင်တို့အား ငါပြောနှင့်ပြီး ဖြစ်သည်။ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ ရွေးချယ်မှု ချည်းသက်သက်သာ ဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏- ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားညှာတာမှု မပြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

နိုင်ငံတော်ခေတ်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်အားဖြင့် ထုတ်ပြန်ခဲ့သည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ စာပိုဒ်နှစ်ခုကို ဖတ်ကြရအောင်။

နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်

၁။ လူသားသည် မိမိကိုယ်ကိုယ် မကြီးမြတ်စေသင့်သကဲ့သို့၊ မိမိကိုယ်ကိုယ် မချီးမြှောက်သင့်ပေ။ ဘုရားသခင်ကို ကိုးကွယ်ကာ ချီးမြှောက်သင့်ပေသည်။

၂။ ဘုရားသခင်၏အမှုအတွက် အကျိုးရှိသည့်အရာတိုင်းကို ဆောင်ရွက်ပြီး ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကျိုးစီးပွားများကို ထိခိုက်နစ်နာစေသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ ဘုရားသခင်၏နာမတော်၊ ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏အမှုတော်တို့ကို ကာကွယ်ရမည်။

၃။ ဘုရားသခင်အိမ်တော်ရှိ ငွေ၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် ပိုင်ဆိုင်မှု အားလုံးတို့သည် လူသားက ပေးသင့်သည့် လှူဖွယ်ပစ္စည်းများ ဖြစ်သည်။ လူ၏ လှူဖွယ်ပစ္စည်းများသည် ဘုရားသခင်၏ မွေ့လျော်ခံစားခြင်းအတွက် ဖြစ်သောကြောင့်၊ ဤလှူဖွယ်ပစ္စည်းများကို ယဇ်ပုရောဟိတ်နှင့် ဘုရားသခင်မှတစ်ပါး မည်သူမျှ ခံစား၍မရပေ။ ဘုရားသခင်သည် ဤလှူဖွယ်ပစ္စည်းများကို ယဇ်ပုရောဟိတ်နှင့်သာ မျှဝေခံစားသည်။ အခြားမည်သူမျှ ယင်းတို့၏ မည်သည့်အစိတ်အပိုင်းကိုမျှ ခံစားရန် အရည်အချင်း မပြည့်မီပေ၊ သို့မဟုတ် ခံစားခွင့် မရှိပေ။ (ငွေကြေးနှင့် မွေ့လျော်ခံစား၍ရသည့် ရုပ်ဝတ္ထုပစ္စည်းများ အပါအဝင်) လူသား၏ လှူဖွယ်ပစ္စည်းများ အားလုံးကို လူကို မဟုတ်ဘဲ၊ ဘုရားသခင်အား ပေးအပ်ခြင်း ဖြစ်ပြီး၊ ထို့ကြောင့် ဤအရာတို့ကို လူသားက မမွေ့လျော်မခံစားသင့်ပေ။ လူသားသည် ယင်းတို့ကို မွေ့လျော်ခံစားခဲ့မည်ဆိုပါက၊ သူသည် လှူဖွယ်ပစ္စည်းများကို ခိုးယူခြင်း ဖြစ်မည်။ ယုဒသည်လည်း သစ္စာဖောက်တစ်ဦး ဖြစ်ခြင်းအပြင်၊ ငွေအိတ်ထဲသို့ ထည့်သည့်အရာကို အခွင့်မရှိဘဲ ယူဆောင်သည့်အတွက်၊ ဤအရာပြုသောသူ မည်သူမဆိုသည် ယုဒ ဖြစ်၏။

၄။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိပြီး၊ ထို့အပြင် စိတ်ခံစားမှုများ ရှိသည်။ ထို့သို့ဖြင့် ဘုရားသခင်ကို အစေခံချိန်တွင် ဆန့်ကျင်ဘက်လိင် အသင်းသား နှစ်ဦးအား အဖော်မပါဘဲ၊ အတူတကွ အလုပ်လုပ်ခြင်းကို လုံးဝ တားမြစ်ထား၏။ ထိုသို့လုပ်ဆောင်နေသည်ကို အမိခံရသူ မည်သူမဆိုသည် ခြွင်းချက်မရှိ ထုတ်ပယ်ခြင်းခံရလိမ့်မည်။

၅။ ဘုရားသခင်ကို မဝေဖန်နှင့်၊ ပြီးလျှင် ဘုရားသခင်နှင့် ဆက်နွှယ်သည့် ကိစ္စရပ်များကို သာမန်ကာလျှံကာ မဆွေးနွေးနှင့်။ လူ လုပ်သင့်သည့်အတိုင်း လုပ်ဆောင်လော့၊ လူ ပြောသင့်သည့်အတိုင်း ပြောလော့၊ ပြီးလျှင် ကန့်သတ်ချက်များကို မကျော်လွန်နှင့်၊ စည်းဘောင်များကို မကျူးကျော်နှင့်။ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့်အရာ တစ်ခုတစ်လေ လုပ်ဆောင်ခြင်းကို ရှောင်ရှားဖို့ သင်၏နှုတ်ကို စောင့်ထိန်းပြီး သင် ခြေလှမ်းလှမ်းရာကို သတိပြုလော့။

၆။ လူ ပြုသင့်သောအရာကို ပြုပြီး၊ သင်၏ဝတ္တရားများကို ဆောင်ရွက်ကာ သင်၏ တာဝန်များကို ဖြည့်ဆည်းပြီး၊ သင်၏ တာဝန် စောင့်ထိန်းလော့။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ ဘုရားသခင်၏ အမှုအဖို့ သင်၏ ဖြည့်ဆည်းမှုကို သင် ပြုသင့်ပေသည်။ သင် ဖြည့်ဆည်းမှု မပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ဖို့ မသင့်တော်သကဲ့သို့၊ ဘုရားသခင်၏ အိမ်ထောင်စုတွင် အသက်ရှင်ဖို့ မသင့်တော်ပေ။

၇။ အသင်းတော်၏အလုပ်နှင့် ကိစ္စရပ်များတွင် ဘုရားသခင်ကို နာခံခြင်းမှလွဲ၍ အရာရာတိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူ၏ ညွှန်ကြားချက်များကို လိုက်နာလော့။ အနည်းငယ်မျှသော ချိုးဖောက်မှုကိုပင် လက်ခံ၍မရပေ။ အကြွင်းမဲ့ လေးစားလိုက်နာလော့၊ ပြီးလျှင် အမှန်၊ အမှား မစိစစ်နှင့်။ မှန်သည့်အရာ သို့မဟုတ် မှားသည့်အရာသည် သင်နှင့်မသက်ဆိုင်ပေ။ အကြွင်းမဲ့နာခံခြင်းကိုသာ စိတ်ဝင်စားလော့။

၈။ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဘုရားသခင်ကို နာခံကာ ကိုးကွယ်သင့်သည်။ မည်သည့်လူကိုမျှ မချီးမြှောက် သို့မဟုတ် မကြည်ညိုနှင့်။ သင်သည် ဘုရားသခင်အား ပထမနေရာ ပေးပြီး သင် ကြည်ညိုသောသူများကို ဒုတိယနေရာ ပေးကာ သင့်ကိုယ်သင် တတိယနေရာ ပေးခြင်း မပြုရ။ မည်သည့်လူမျှ သင်၏ စိတ်နှလုံးတွင် နေရာ မယူသင့်သကဲ့သို့၊ လူတို့ကို- အထူးသဖြင့် သင် ကြည်ညို လေးစားသူများကို- ဘုရားသခင်နှင့် တန်းတူဟု မယူဆသင့်ပေ။ ဤသည်မှာ ဘုရားသခင်ဖို့ သည်းမခံနိုင်ဖွယ်ရာ ဖြစ်သည်။

၉။ အသင်းတော်၏အလုပ်ကို အမြဲ တွေးလော့။ သင်ကိုယ်တိုင်၏ အသွေးအသား မျှော်လင့်ချက်များကို ဘေးဖယ်လော့၊ မိသားစု ကိစ္စများနှင့်ပတ်သက်၍ တိကျပြတ်သားလော့၊ ဘုရားသခင်၏ အမှုအဖို့ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်ပြီး၊ ဘုရားသခင်၏အမှုကို ပထမဦးစားပေးကာ သင်ကိုယ်တိုင်၏ ဘဝကို ဒုတိယထားလော့။ ဤသည်မှာ သန့်ရှင်းသူတစ်ဦး၏ ကျင့်ဝတ်ဖြစ်၏။

၁၀။ (သင်၏သားသမီးများ၊ သင်၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်၏ညီအမများ သို့မဟုတ် မိဘများ စသည်ဖြင့်) ယုံကြည်ခြင်း မရှိသည့် ဆွေမျိုးသားချင်းများကို အသင်းတော်ထဲသို့ အတင်းအကျပ် မသွင်းသင့်ပေ။ ဘုရားသခင်၏အိမ်ထောင်စုသည် အသင်းသားများ နည်းပါးနေခြင်း မရှိသကဲ့သို့၊ အသုံးမဝင်သည့် လူများဖြင့် ယင်း၏ အရေအတွက်ကို ဖန်တီးဖို့မလိုအပ်ပေ။ မယုံကြည်သောသူအားလုံးကို အသင်းတော်ထဲသို့ ဝမ်းမြောက်ဝမ်းသာ ခေါ်မလာရ။ ဤအမိန့်သည် လူခပ်သိမ်းကို ရည်ရွယ်ပေသည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သင်တို့သည် အချင်းချင်း စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် သတိပေးခြင်းများ ပြုလုပ်သင့်သည်။ မည်သူတစ်ဦးမျှ ယင်းကို ချိုးဖောက်ခွင့်မရှိ။ မယုံကြည်သူ ဆွေမျိုးသားချင်းများသည် အသင်းတော်ထဲသို့ အင်တင်တင်ဖြင့် ဝင်သည့်အခါတွင်ပင် ၎င်းတို့ကို စာအုပ်များ ထုတ်ပေးရမည် မဟုတ်သကဲ့သို့၊ အမည်သစ်လည်း မပေးရ။ ထိုသို့သော လူများသည် ဘုရားသခင်၏ အိမ်ထောင်စုနှင့် မသက်ဆိုင်သကဲ့သို့၊ ၎င်းတို့၏ အသင်းတော်ထဲသို့ ဝင်ရောက်ခြင်းကို လိုအပ်သည့် မည်သည့်နည်းဖြင့်မဆို ရပ်တန့်စေရမည်။ မကောင်းဆိုးဝါးများ၏ ကျူးကျော်ဝင်ရောက်မှုကြောင့်၊ အသင်းတော်အပေါ် ဒုက္ခကျရောက်သည်ရှိသော်၊ သင်ကိုယ်တိုင်သည် ထုတ်ပယ်ခြင်း ခံရလိမ့်မည် သို့မဟုတ် သင့်အပေါ် ကန့်သတ်ချက်များ ထားရှိခံရလိမ့်မည်။ တိုတိုပြောရလျှင်၊ ဤကိစ္စရပ်၌ အယောက်တိုင်းတွင် တာဝန်ရှိသည်၊ သို့သော် သင်သည် မဆင်မခြင် မပြုသင့်သကဲ့သို့ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်များကို ပြန်ချေပခြင်းများအတွက်လည်း ယင်းကို အသုံးမပြုသင့်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်)

ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို စကြဝဠာတစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန် ကြေညာမည် ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောကြားရန် စကြဝဠာဆီသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ်အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့်အမှုအားလုံးကို မြင်လေသည်။ ငါ၏အလိုကို ဆန့်ကျင်သောသူတို့သည်၊ ဆိုလိုသည်မှာ ငါ့ကို လူသား၏လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှု ခံရလိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိ မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုလုပ်မည် ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့်လသည်လည်း အသစ်ပြုလုပ်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်ဘဲ၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုလုပ်ခြင်းကို ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံသွားကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားပြီး အားလုံးသည် ငါ့ကို ဝတ်ပြုကိုးကွယ်သော နိုင်ငံတော်တစ်ခု ဖြစ်လာကာ၊ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရ၍ မတည်ရှိတော့စေရန်၊ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည် ဖြစ်ပြီး၊ ငါ၏နိုင်ငံတော်ဖြင့် အစားထိုးခြင်း ခံရပေလိမ့်မည်။ စကြဝဠာအတွင်းရှိ လူသားများတွင် မာရ်နတ်နှင့် ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး၊ စာတန်ကို ဝတ်ပြုကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးဖြင့် ချိုးနှိမ်ခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းချောင်း အတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ့အမှုများ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက် ပေါ်ထွန်းလာခြင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ တူရာအမျိုးအစားအလိုက် သီးခြားခွဲထားခံရမည် ဖြစ်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းများကို ခံကြရမည်။ ငါနှင့်ဆန့်ကျင်၍ ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ စွမ်းဆောင်ခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည် ဖြစ်ပြီး၊ ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူသားမျိုးနွယ်အားလုံး သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြစေရန်အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါကိုယ်တော်တိုင်၏အသံနှင့် အသံပြုမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆))

အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပရောဖက်ပြုခြင်းများနှင့် လူသားများ အတွက် သူ့ကတိတော်များ နှင့် ပတ်သက်သည့် စာပိုဒ်တစ်ချို့ကို ကျွန်မတို့ ဆက်ဖတ်ကြရအောင်။ “နိုင်ငံတော်တွင် ဖန်ဆင်းခြင်းနှင့်သက်ဆိုင်သည့် အသင်္ချေများလှသော အရာများသည် စတင်နိုးထလာကြပြီး၊ ၎င်းတို့၏ အသက်စွမ်းအားကို ပြန်လည်ရရှိကြသည်။ ကမ္ဘာမြေကြီး၏ အခြေအနေပြောင်းလဲခြင်းများကြောင့်၊ ကုန်းမြေတစ်ခုနှင့် နောက်တစ်ခုကြားရှိ နယ်နိမိတ်များသည်လည်း စတင် ရွေ့လျားလာကြသည်။ ကုန်းမြေသည် ကုန်းမြေမှ ပိုင်းခြားသွားပြီး၊ ကုန်းမြေနှင့် ကုန်းမြေသည် ပေါင်းစည်းသောအခါ၊ ယင်းမှာ ငါသည် တိုင်းနိုင်ငံများကို တစ်စစီဖြစ်အောင် ချေမှုန်းပစ်မည့် အချိန်လည်းဖြစ်သည်ဟု ယခင်က ငါသည် ပရောဖက်ပြုခဲ့ဖူးသည်။ ဤအချိန်တွင် ငါသည် ဖန်ဆင်းခံ လောကတစ်ခုလုံးကို အသစ်ပြုပြင်ပြီး စကြဝဠာတစ်ခုလုံးကို ပြန်လည် ပိုင်းကန့်မည် ဖြစ်သည်၊ ထိုသို့ဖြင့် စကြဝဠာကို အစီအစဉ်တကျ ဖြစ်စေမည် ဖြစ်ပြီး၊ ဟောင်းသောအရာကို ပြောင်းလဲကာ အသစ် ဖြစ်စေမည်။ ဤသည်မှာ ငါ၏အစီအစဉ် ဖြစ်ပြီး ဤအရာများမှာ ငါ၏အမှုများပင် ဖြစ်သည်။ ကမ္ဘာကြီး၏ တိုင်းနိုင်ငံများနှင့် လူမျိုးအားလုံးသည် ငါ၏ပလ္လင်ရှေ့မှောက်သို့ ပြန်လာသောအခါ၊ လူ့လောကသည် ငါ၏ကျေးဇူးကြောင့် တုနှိုင်းမဲ့သော ကြွယ်ဝမှုနှင့် ပြည့်လျှံနေစေရန် ငါသည် ကောင်းကင်ဘုံ၏ ကြွယ်ဝမှုအားလုံးကို ယူငင်လျက် ယင်းအရာများကို လူ့လောကအပေါ်သို့ အပ်နှင်းပေးမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆))

ငါ၏နှုတ်ကပတ်တော်များ ပြီးပြည့်စုံသည်နှင့်အမျှ၊ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် တဖြည်းဖြည်း ပုံဖော်လာသကဲ့သို့၊ လူသည် ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ပြန်ရောက်သွားသည်၊ ထို့ကြောင့် ငါ၏စိတ်နှလုံးထဲက နိုင်ငံတော်ကို ကမ္ဘာမြေပေါ်တွင် တည်လေသည်။ နိုင်ငံတော်ထဲတွင် ဘုရားသခင်၏ လူများအားလုံးသည် ပုံမှန်လူ၏ အသက်တာကို ပြန်လည်ရရှိကြသည်။ အလွန်အေးသော ဆောင်းရာသီသည် ကုန်ဆုံးသွားပြီး၊ နွေဦးရာသီက တစ်နှစ်ပတ်လုံး ကြာသည့် နွေဦးမြို့တော်များနှင့်ဆိုင်သော လောကတစ်ခုဖြင့် အစားထိုး လိုက်သည်။ လူတို့သည် မှုန်မှိုင်းနေသော၊ စိတ်ပျက်ဖွယ်ကောင်းသည့် လူ့လောကကို ရင်မဆိုင်ရတော့ဘဲ၊ လူ့လောက၏ အေးသော အအေးဓာတ်ကို ကြံ့ကြံ့မခံရတော့ပေ။ လူတို့သည် တစ်ဦးနှင့်တစ်ဦး မတိုက်ခိုက်ကြပေ၊ နိုင်ငံများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်မတိုက်ကြ၊ အစုလိုက်အပြုံလိုက်လူသတ်ခြင်းနှင့် အစုလိုက်အပြုံလိုက် လူသတ်ခြင်းမှ သွေးချောင်းစီးခြင်းလည်း မရှိတော့ပေ။ မြေတစ်ပြင်လုံးသည် ပျော်ရွှင်မှုနှင့်ပြည့်နေပြီး၊ နေရာတိုင်းတွင် လူများအကြား၌ နွေးထွေးမှုများနှင့် ပြည့်လျှံနေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၀))

လူသားများကို ၎င်းတို့၏ မူလ ရုပ်ဆင်းသဏ္ဌာန်အတိုင်း ပြန်ဖြစ်စေပြီးသည့်အချိန်နှင့်၊ ၎င်းတို့သည် ၎င်းတို့၏ သက်ဆိုင်ရာ တာဝန်များကို ဖြည့်ဆည်းနိုင်ချိန်၊ ၎င်းတို့၏ ကိုယ်ပိုင် မှန်ကန်သော နေရာများကို ထိန်းသိမ်းပြီး ဘုရားသခင်၏ အစီအစဉ်များ အားလုံးကို ကျိုးနွံနာခံသည့်အချိန်တွင်၊ ဘုရားသခင်သည် သူ့ကို ကိုးကွယ်သည့် ကမ္ဘာမြေကြီးပေါ်ရှိ လူတစ်စုကို ရရှိပြီးဖြစ်လိမ့်မည် ဖြစ်ကာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့ကို ကိုးကွယ်သော နိုင်ငံတော်တစ်ခုကိုလည်း တည်ထောင်ပြီးဖြစ်လိမ့်မည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် ထာဝရ အောင်မြင်ခြင်းကို ရရှိလိမ့်မည် ဖြစ်ပြီး၊ သူ့ကိုဆန့်ကျင်သူ အားလုံးသည် ထာဝရကာလပတ်လုံး ပျက်စီးကြလိမ့်မည်။ ဤအရာသည် လူသားမျိုးနွယ်အား ဖန်ဆင်းရာတွင် သူ၏ မူလရည်ရွယ်ချက်ကို နဂိုအတိုင်းပြန်ဖြစ်စေလိမ့်မည် ဖြစ်သည်။ ယင်းသည် အရာခပ်သိမ်းအား ဖန်ဆင်းရာတွင် သူ၏ ရည်ရွယ်ချက်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည် ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် အရာခပ်သိမ်းအလယ်နှင့် သူ၏ ရန်သူများအလယ်တွင် သူ၏ဩဇာအာဏာကိုလည်း နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်။ ဤသည်တို့မှာ သူ၏ လုံးဝဥဿုံ အောင်မြင်ခြင်း သင်္ကေတများဖြစ်လိမ့်မည်။ ထိုအချိန်မှစ၍ လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး၊ လမ်းကြောင်းမှန်ပေါ်တွင် ရှိသည့် အသက်တာတစ်ခု စတင်လိမ့်မည်။ သူသည်လည်း ထာဝရ ငြိမ်သက်ခြင်းချမ်းသာထဲသို့ လူသားမျိုးနွယ်နှင့်အတူ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး၊ သူကိုယ်တိုင်နှင့် လူသားများ အတူတကွမျှဝေသည့် ထာဝရအသက်တစ်ခုကို စတင်လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ညစ်ညမ်းမှုနှင့် မနာခံခြင်းတို့သည် ပျောက်ကွယ်ပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ငိုကြွေးမြည်တမ်းခြင်း အားလုံးသည် ကွယ်ပျောက်ပြီးဖြစ်လိမ့်မည်၊ ပြီးလျှင် ဤကမ္ဘာလောကထဲက ဘုရားသခင်ကို ဆန့်ကျင်သည့် အရာရာတိုင်းသည် တည်ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် ကယ်တင်ခြင်းသို့ သူ ဆောင်ကြဉ်းပြီးဖြစ်သည့် လူများသာ ကျန်ရှိလိမ့်မည်။ သူ၏ ဖန်ဆင်းခြင်းသာ ကျန်ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်)

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကျွန်မတို့ ကြားလိုက်ရပြီးနောက်၊ အနန္တတန်ခိုးရှင်ဘုရားသခင်နှင့် သခင်ယေရှုက တစ်ပါးတည်း အတူတူဖြစ်ကြောင်း ကိုလည်း မြင်ကြပါပြီ။ နှစ်ပါးစလုံးက လူ့ဇာတိခံ ဘုရားသခင်ဖြစ်ပြီး၊ အထက်အမြင့်မှာ ရပ်ကာ၊ လူများကို ပြောဆိုနေ ခြင်းဖြစ်ပါသည်။ နှစ်ပါးစလုံးက ထုတ်ဖော်ပြသည်မှာ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သန့်ရှင်းသည့် အနှစ်သာရဖြစ်သည်။ ဤနေရာမှာလည်း နှစ်ပါးစလုံးက ဘုရားသခင်၏ဩဇာအာဏာနှင့် ပင်ကိုလက္ခဏာကို ပြည့်စုံစွာ ထင်ရှားစေပါသည်။ ဖာရိရှဲများကို တရားစီရင်ပြီး၊ ထုတ်ဖော်ပြခဲ့သည့် သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် အကျင့်ပျက်လူသားများအပေါ် တရားစီရင်ခြင်း၊ ထုတ်ဖော်ပြခြင်းဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကတစ်ဆင့် ကျွန်မတို့ မြင်ရသည့်အရာမှာ၊ ဘုရားသခင်က အပြစ်ကိုမုန်းတီးပြီး၊ လူများ၏အကျင့်ပျက်မှုကို ရွံရှာကြောင်း ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ပြီး သန့်ရှင်းသည့် စိတ်သဘောထားကို ကျွန်မတို့မြင်ရသကဲ့သို့၊ ဘုရားသခင်က လူများ၏နှလုံးသားကို အတွင်းကျကျ စောင့်ကြည့်ကြောင်းကိုလည်း မြင်ရပါသည်။ ကျွန်မတို့၏ ပျက်စီးယိုယွင်းမှုက ဘုရားသခင်၏ လက်ဖမိုးနှင့် တူပါသည်။ သခင်ယေရှုနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ လူများအပေါ်ထားသည့် သတိပေးချက်များ၊ သတ်မှတ်ချက်များကနေ ဘုရားသခင်၏ လူများအပေါ်ထားသည့် မျှော်လင့်ချက်များကို မြင်ရပါသည်။ ဘုရားသခင်က ရိုးသားသူများကို သဘောကျပါသည်။ သူ့ထံမှာ စစ်မှန်စွာ ဆက်ကပ်သူများကို ကောင်းချီးပေး ပါသည်။ ဤသည်မှာ လူများအပေါ် ဘုရားသခင်၏အလေးထားခြင်း၊ ကယ်တင်ခြင်းကို ပြပါသည်။ သခင်ယေရှုနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လူများအပေါ်ထားသည့် ကတိတော်များကနေ လူသားများ အပေါ်ထားသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြင်ရပါသည်။ ထို့အပြင် လူများ၏ကံကြမ္မာကို ထိန်းချုပ်ရာမှာ၊ အရာအားလုံးကို စိုးမိုးရာမှာ၊ ဘုရားသခင် အသုံးပြုသည့် ဩဇာအာဏာနှင့် တန်ခိုးတော်ကိုလည်း ကျွန်မတို့ မြင်တွေ့ရသည်။ သခင်ယေရှုနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များက အသံဩဇာနှင့်၊ ပြောဆိုပုံတွင်ပင် တူညီပါသည်။ နှစ်ပါးစလုံးက ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ပြခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ပင်ကိုယ်လက္ခဏာနှင့် အနှစ်သာရကို ပြည့်စုံစွာ ထင်ရှားစေပါသည်။ စဉ်းစားကြည့်ကြပါစို့။ ဖန်ဆင်းရှင်မှလွဲပြီး၊ နှုတ်ကပတ်တော်များကို လူသားအားလုံးဆီ မည်သူက ဖော်ပြနိုင်မည်နည်း။ မည်သူက ဘုရားသခင်၏ အလိုတော်ကို တိုက်ရိုက်ဖော်ပြပြီး၊ လူများအပေါ် တောင်းဆိုချက်များ ထုတ်နိုင်မည်နည်း။ လူသား၏ အဆုံးသတ်ကို မည်သူ ဆုံးဖြတ်ပေးသနည်း။ သူတို့ အသက်ရှင်ဖို့၊ သေဖို့ကို မည်သူ ထိန်းချုပ်နိုင်သနည်း။ မည်သူက စကြဝဠာထဲက ကြယ်များကို ထိန်းချုပ်ပြီး၊ အရာအားလုံးအပေါ် စိုးမိုးနိုင်သနည်း၊ ဘုရားသခင်က လွဲပြီး၊ အကျင့်ပျက်လူသားများ၏ အနှစ်သာရအမှန်ကို မည်သူက ထိုးဖောက်မြင်နိုင်သနည်း။ ပြီးလျှင် ကျွန်မတို့နှလုံးသားများ၏ အတွင်းအကျဆုံးမှာ ပုန်းကွယ်နေသည့် ဆိုးယုတ်သည့်သဘာဝကို မည်သူက ထုတ်ဖော်ပြနိုင်သနည်း။ မည်သူက ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ပြီးမြောက်စေပြီး၊ ကျွန်မတို့ကို စာတန်၏လွှမ်းမိုးမှုကနေ အလုံးစုံ ကယ်တင်နိုင် မည်နည်း။ ဖန်ဆင်းရှင်သာလျှင် ဩဇာအာဏာနှင့် တန်ခိုးတော်ကို ပိုင်ဆိုင်ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် များက ဘုရားသခင်၏အတုမရှိသည့် ဩဇာအာဏာနှင့် ပင်ကိုလက္ခဏာကို ပြည့်စုံစွာ ထင်ရှားစေပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ စကားတော်များကိုကြားပြီးနောက်၊ ကျွန်မတို့ အားလုံး၏ နှလုံးသားထဲမှာ စိတ်ချသေချာခြင်းကို ခံစားရသည်။ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များအားလုံးက ဘုရားသခင်၏ အသံတော်ဖြစ်သည်။ ၎င်းတို့က နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်း အမှုအတောအတွင်းမှာ ဖန်ဆင်းရှင်က ဖော်ပြသည့် အလုံးစုံသော သမ္မာတရားများဖြစ်သည်။ ကျွန်မတို့နှလုံးသားများ ထဲမှာလည်း၊ ဘုရားသခင်အပေါ် စစ်မှန်သည့်ကြည်ညိုမှုက ချက်ချင်းကို မွေးဖွားလာပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရပြီးနောက်မှာ၊ ဤကဲ့သို့ ခံစားချက်မျိုးကို ရကြပါသလား။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သခင်ယေရှု၏ နှုတ်ကပတ်တော်များက တစ်ခုတည်းသော ရင်းမြစ်ကနေ လာကြောင်းကို ဤအရာက လုံလုံလောက်လောက် သက်သေပြပါသည်။ နှစ်ပါးစလုံးက တစ်ပါးတည်းသော ဝိညာဉ်တော်၏ဖော်ပြခြင်းဖြစ်သည်။ နှစ်ပါးစလုံးက မတူညီသည့် ခေတ်များမှာ လူများအပေါ် တစ်ပါးတည်းသော ဘုရားသခင်၏ ဖွင့်ဆိုပြချက်များဖြစ်သည်။ နောက်ဆုံးသောကာလ အတွင်းမှာ၊ အနန္တတန်ခိုးရှင်ဘုရားသခင်က သခင်ယေရှု၏ရွေးနှုတ်ခြင်းအမှုကို အခြေခံပြီး၊ တရားစီရင်ခြင်းအမှုကို ဘုရားသခင်၏အိမ်တော်ကနေ စတင်ဆောင်ရွက်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က လူများကို သန့်စင်ခြင်း၊ ကယ်တင်ခြင်းအတွက် အလုံးစုံသောသမ္မာတရားများကို ဖော်ပြပါသည်။ လူများကို ကယ်တင်ခြင်းအတွက် ဘုရားသခင့် စီမံခန့်ခွဲမှုအစီအစဉ်၏ နက်နဲမှုများ အားလုံးကို ထုတ်ဖော်ပြပါသည်။ ထို့အပြင် သမ္မာတရားသွင်ပြင် လက္ခဏာအမျိုးမျိုး၏ အနှစ်သာရ ကိုလည်း ရှင်းလင်းစွာ ပြောပြပါသည်။ ၎င်းတို့က ကျွန်မတို့ကို မျက်စိဖွင့်ပေးသည့်အပြင်၊ အကြွင်းမဲ့ လက်ခံယုံကြည်စေပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်က သခင်ယေရှု၏ ပရောဖက်ပြုချက်များကို ပြီးမြောက် အောင်မြင်စေ ခဲ့ပါပြီ။ နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုတော်အတွက် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များထဲမှာ ဘုရားသခင်၏အသံတော်ကို ကျွန်မတို့ မှတ်မိသိရှိကြပါသည်။ ထို့အပြင် အနန္တတန်ခိုးရှင်ဘုရားသခင်က သခင်ယေရှု ပြန်လာခြင်းဖြစ်သည်။ ကောင်းကင်၊ မြေကြီးနှင့်အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် တစ်ပါးတည်းသော စစ်မှန်သည့်ဘုရားသခင် ဖြစ်ကြောင်းနှင့်၊ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကို ပြုဖို့ ကြွလာကြောင်း ကိုလည်း၊ ကျွန်မတို့ အတည်ပြုနိုင်ပါပြီ။ ကမ္ဘာပေါ်မှာ စာတန်၏ အုပ်စိုးမှုဖြစ်သည့်၊ မိစ္ဆာအမှောင်အမိုက်ခေတ် ကို အဆုံးသတ်ဖို့ ကိုယ်တော်က ကြွလာခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်မှာ ဘုရားသခင်၏ အုပ်စိုးမှုဖြစ်သည့်၊ အနှစ်တစ်ထောင် နိုင်ငံတော်ခေတ်ကို အစပြုဖို့ ကြွလာခြင်းလည်း ဖြစ်ပါသည်။ ဤသည်မှာ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရောက်ဖို့ဆိုသည့် ကျွန်မတို့၏ဆန္ဒကို အမှန်တကယ်ဖြစ်လာစေပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ဘုရား၏အသံတော်ကို ကျွန်မတို့မည်သို့ကြားနိုင်မည်နည်း။ ကျွန်မတို့၏ အတွေ့အကြုံများပြားမှုများ၊ ကျွန်မတို့၏ အရည်အချင်း မြင့်မားမှုများက ဤနေရာမှာ အကျုံးမဝင်ပါ။ သခင်ယေရှုကို ယုံကြည်ရာမှာ၊ သူ့၏နှုတ်ကပတ်တော်များ အများကြီးကို ကြားရသည့်အခါ၊ ကျွန်မတို့ မည်သို့ခံစားရမည်နည်း။ သခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ ကျွန်မတို့မှာ အတွေ့အကြုံ ဗဟုသုတတစ်ခုမှမရှိလည်းပဲ၊ ၎င်းတို့ကို ကြားလိုက်ရသည့်အခါ ချက်ချင်းပင် ၎င်းတို့သည် သမ္မာတရားဖြစ်သည်ဟု ခံစားရသည်၊ ဘုန်းတန်ခိုးနှင့် အခွင့်အာဏာရှိသည်ဟု ခံစားရသည်။ ဤခံစားချက်က မည်သို့ဖြစ်လာသနည်း။ ဤသည်မှာ ကျွန်မတို့၏အတွေ့အကြုံကို အရင်းခံပြီး ဖြစ်လာသလား။ ဤအရာက ရုတ်တရက်လှုံ့ဆော်မှု၊ အလိုလိုသိမှု၏ အကျိုးဆက်ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏နှုတ်ကပတ်တော်များမှာ ဘုန်းတန်ခိုးနှင့် အခွင့်အာဏာ ပါကြောင်းကို၊ စိတ်နှလုံးနှင့်ဝိညာဉ်ရှိသူ လူအားလုံး ခံစားသိရှိနိုင်သည်ကို ဤအရာနှင့်ပင် သက်သေပြဖို့ လုံလောက်ပါသည်။ ဤသည်မှာ ဘုရား၏ အသံတော်ကို ကြားခြင်းဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏အသံတော်နှင့် လူသား၏ အသံတို့အကြား ကြီးမားသော ကွာခြားချက်က ဘုရား၏အသံတော်က သမ္မာတရားဖြစ်ပြီး၊ ဘုန်းတန်ခိုးနှင့် အခွင့်အာဏာ ပါသည်၊ ယင်းကို ကြားရသည်နှင့် တစ်ပြိုင်နက် ကျွန်မတို့ ခံစားသိရှိနိုင်သည်။ ၎င်းကို ကျွန်မတို့က စကားလုံးများနှင့် ဖော်ပြနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခံစားရသည်မှာ ရှင်းနေသည်။ လူသား၏အသံကို ပိုင်းခြားသိနိုင်ဖို့ပိုလွယ်ပါသည်။ ကြားလိုက်သည့်ခဏမှာ နားလည်နိုင်ပြီး ရယူနိုင်သည်။ လူသား၏စကားများကို သမ္မာတရားဟု ပြောနိုင်ဖို့နေနေသာသာ၊ ၎င်းတို့ထဲမှာ ဘုန်းတန်ခိုးနှင့် အခွင့်အာဏာကိုတော့ အနည်းငယ်မျှပင် ခံစားမိမှာ မဟုတ်ပါ။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူသား၏ စကားလုံးများ၏ အကြီးဆုံး ကွာခြားချက်ပဲ။ ဉပမာအားဖြင့်၊ သခင်ယေရှု ၏ နှုတ်ကပတ်တော်များမှာ ဘုန်းတန်ခိုးနဲ့အာဏာစက်ရှိသည်ဟု ကျွန်မတို့တွေ့ရ၊ ကြားရသည်နှင့် တစ်ပြိုင်နက် သမ္မာတရားဟု ကျွန်မတို့အတည်ပြုနိုင်သည်။ နှုတ်ကပတ်တော် များက သိမ်မွေ့ပြီး နက်နဲသည်။ လူများ၏အတိုင်းအတာထက် ကျော်လွန်ပါသည်။ သမ္မာကျမ်းစာထဲက တမန်တော်များ၏ ကျမ်းစကားများကို ယခုကြည့်လိုက်ရအောင်။ သူတို့အများစုက သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုကြောင့် ပေါ်ပေါက်လာကြ သော်လည်း၊ သူတို့မှာ တန်ခိုး အာဏာမရှိပါ။ သူတို့စကားများက လူများကို အကျိုးရှိစေခြင်းထက် မပိုသည့် မှန်ကန်သည့် စကားများသာဖြစ်သည်။ သခင်ယေရှုမိန့်ဆိုခဲ့သည့် နှုတ်ကပတ်တော်များကို မည်သည့်လူသားများက ပြောနိုင်ပါသနည်း။ ပြောနိုင်သူတစ်ယောက်မှမရှိပါ။ သခင်ယေရှု၏ နှုတ်ကပတ်တော်များက ဘုရား၏အသံတော် ဖြစ်ကြောင်းကို ဤအရာက အတည်ပြုပေးသည်။ ဤကဲ့သို့ နှိုင်းယှဉ်ကြည့်ပြီး၊ ဘုရား၏ အသံတော်နှင့် လူသား၏အသံကိုကျွန်မတို့ခွဲခြားပြီး မသိနိုင်ပါလား။

ထို့ကြောင့်အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော် တစ်ချို့ကို ဖတ်ပြီး သူ့နှုတ်ကပတ်တော်များက အမှန်တကယ် သမ္မာတရားဖြစ်မဖြစ်၊ ပြီးလျှင် ဘုရားသခင်၏ အသံတော်များ ဖြစ်မဖြစ် ဆိုသည်ကို ကြည့်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှုကို ဆောင်ရွက်လျက် ရှိပြီး အရှေ့အရပ်တွင် တိုင်းနိုင်ငံ အားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေလျက်၊ အဆုံးမရှိ မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။ လူသား အားလုံးကို ပစ္စုပ္ပန်သို့ ဦးဆောင်လမ်းပြခဲ့သည်မှာ ငါ၏အသံ ဖြစ်သည်။ ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငါ၏ အသံအားဖြင့် လူသားအားလုံးသည် သိမ်းပိုက်ခြင်းခံရမည်၊ လူသားအားလုံးကို ဤရေစီးကြောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက် နာခံစေမည်၊ အဘယ်သူသည် ငါ၏ ဘုန်းတော်ကို မြင်ရန် မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ပြန်ကြွလာခြင်းကို စိုးရိမ်တကြီး မစောင့်နေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မငတ်မွတ်သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲ နေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုကို မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်ရှင် ပြန်ကြွလာခြင်းအတွက် မတောင့်တဘဲ နေသနည်း။ ကြီးမြတ်သည့် အနန္တတန်ခိုးရှင်အား မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား မျက်နှာချင်းဆိုင်လျက် ၎င်းတို့အား နှုတ်ကပတ်တော်ကို ပိုမိုပြောကြားရန် ငါအလိုရှိသည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အင်အားကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်များသည် လူသား၏ ရတနာဖြစ်လာပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်များကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်များကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သော်လည်း၊ နှုတ်ကပတ်တော်များတွင် ပို၍ပင် ပျော်ပိုက်ကြလေသည်။ လူသားအားလုံးသည် နို့စို့ကလေးငယ်တစ်ဦး ခုလေးတင် မွေးဖွားပြီးသည့်အလား၊ ငါ၏ ကြွလာခြင်းကို ဂုဏ်ပြုလျက် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ပျော်ရွှင်ကြလေသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အတွင်းသို့ တရားဝင် ဝင်ရောက်မည်။ တောက်ပလျက်ရှိသော ငါ၏ဘုန်းတော်နှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော်များဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည် အရှေ့အရပ်၏ ‘သံလွင်တောင်’ ပေါ်သို့လည်း ဆင်းသက်ပြီးဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ၊ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ ကြာမြင့်သော အချိန်ကတည်းက မြေကြီးပေါ်သို့ ရောက်ရှိပြီးဖြစ်ကြောင်းကို ၎င်းတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး၊ လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက်၊ ဘုန်းတော်ဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ကိုးကွယ်ခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သည့် မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ အကြွင်းမဲ့ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေလျက်၊ ဘုန်းကြီးသော ငါ၏ မျက်နှာကို ဖူးမျှော်စေလော့၊ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်စေလော့။ ဤသည်မှာ ငါ၏အလို တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်းဖြစ်သည်။ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုစေလော့၊ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ် ပြုစေလော့။ လူသားတိုင်း ငါ့ကိုယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံစေလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်)

ငါသည် ပြောကြားရန် စကြဝဠာဆီသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ်အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့်အမှုအားလုံးကို မြင်လေသည်။ ငါ၏အလိုကို ဆန့်ကျင်သောသူတို့သည်၊ ဆိုလိုသည်မှာ ငါ့ကို လူသား၏လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှု ခံရလိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိ မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုလုပ်မည် ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့်လသည်လည်း အသစ်ပြုလုပ်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်ဘဲ၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုလုပ်ခြင်းကို ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံသွားကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားပြီး အားလုံးသည် ငါ့ကို ဝတ်ပြုကိုးကွယ်သော နိုင်ငံတော်တစ်ခု ဖြစ်လာကာ၊ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရ၍ မတည်ရှိတော့စေရန်၊ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည် ဖြစ်ပြီး၊ ငါ၏နိုင်ငံတော်ဖြင့် အစားထိုးခြင်း ခံရပေလိမ့်မည်။ စကြဝဠာအတွင်းရှိ လူသားများတွင် မာရ်နတ်နှင့် ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး၊ စာတန်ကို ဝတ်ပြုကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးဖြင့် ချိုးနှိမ်ခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းချောင်း အတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ့အမှုများ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက် ပေါ်ထွန်းလာခြင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ တူရာအမျိုးအစားအလိုက် သီးခြားခွဲထားခံရမည် ဖြစ်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းများကို ခံကြရမည်။ ငါနှင့်ဆန့်ကျင်၍ ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ စွမ်းဆောင်ခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည် ဖြစ်ပြီး၊ ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူသားမျိုးနွယ်အားလုံး သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြစေရန်အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါကိုယ်တော်တိုင်၏အသံနှင့် အသံပြုမည်။

...ဤကမ္ဘာလောကကြီးကို ငါဖန်ဆင်းခဲ့သောအခါ၊ ပုံသဏ္ဌာန်ရှိသောအရာအားလုံးကို ၎င်းတို့၏အမျိုးအစားနှင့် အတူထားလျက်၊ အရာခပ်သိမ်းတို့ကို အမျိုးအစားအလိုက် ငါသည် ပုံသွင်းခဲ့သည်။ ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏နိဂုံး နီးကပ်လာသည်နှင့်အမျှ၊ ငါသည် ဖန်ဆင်းခံလောက၏ ယခင်အခြေအနေကို ပြန်လည်ဖြစ်ပေါ်စေမည်၊ အရာခပ်သိမ်းသည် ငါ့အစီအစဉ်၏ အလယ်သို့ ပြန်လာကြစေရန်၊ အရာခပ်သိမ်းကို သာလွန်ထူးကဲစွာ ပြောင်းလဲလျက်၊ ငါသည် အရာခပ်သိမ်းကို ယင်းတို့၏ မူလ အခြေအနေအတိုင်း ပြန်လည်ဖြစ်ပေါ်စေမည်။ အချိန်ကျလေပြီ။ ငါ၏အစီအစဉ်၏ နောက်ဆုံးအဆင့်သည် ပြီးမြောက် အောင်မြင်လုနီးပြီ ဖြစ်သည်။ အို၊ ညစ်ညမ်းသော လောကဟောင်း။ သင်သည် ငါ့နှုတ်ကပတ်တော်များအောက်တွင် ဧကန်အမှန်ပင် ကျဆင်းလိမ့်မည်။ ငါ၏အစီအစဉ်အားဖြင့် သင်သည် ဗလာနတ္ထိ အဖြစ်သို့ ဧကန်အမှန်ပင် ရောက်သွားမည် ဖြစ်သည်။ အိုး၊ ဖန်ဆင်းခံလောက၏ အသင်္ချေများလှသောအရာများတို့။ သင်တို့အားလုံးသည် ငါ့နှုတ်ကပတ်တော်များအတွင်းတွင် အသစ်သောအသက်ကို ရကြလိမ့်မည်၊ သင်တို့၏ အချုပ်အခြာ အာဏာပိုင်သောသခင် သင်တို့ ရလိမ့်မည်။ အိုး၊ သန့်စင်၍ အပြစ်အနာအဆာမဲ့သော လောကသစ်ကြီး။ သင်သည် ငါ့ဘုန်းတော်အတွင်းတွင် ဧကန်အမှန်ပင် နိုးထလိမ့်မည်။ အိုး၊ ဇိအုန်တောင်။ တိတ်ဆိတ်၍မနေတော့နှင့်။ ငါသည် အောင်မြင်ခြင်းနှင့် ပြန်ကြွလာပြီ။ ဖန်ဆင်းခံများ၏အလယ်မှ၊ ကမ္ဘာမြေကြီးတစ်ခုလုံးကို ငါသည် စေ့စေ့စပ်စပ် ကြည့်ရှု၏။ ကမ္ဘာမြေကြီးပေါ်တွင် လူသားမျိုးနွယ်သည် အသစ်သော အသက်ကို စတင်ခဲ့ပြီး၊ မျှော်လင့်ခြင်းအသစ်ကို ရရှိခဲ့လေပြီ။ အိုး၊ ငါ၏လူများတို့။ သင်တို့သည် ငါ၏ အလင်းရောင်အတွင်း၌ မည်သို့ ပြန်လည်မရှင်သန်နိုင်ရသနည်း။ သင်တို့သည် ငါ၏လမ်းပြပို့ဆောင်မှု အောက်၌ ရွှင်လန်းခြင်းဖြင့် မကခုန်ဘဲ အဘယ်သို့နေနိုင်သနည်း။ ကုန်းမြေတို့သည် ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် အော်ဟစ်ကြ၏၊ ရေတို့သည် အားရရွှင်လန်းသော ရယ်မောခြင်းနှင့် ရုန့်ကြမ်း ကျယ်လောင်နေကြပါတကား။ အိုး၊ ရှင်ပြန်ထမြောက်သော ဣသရေလ။ သင်သည် ငါ၏ ကြိုတင် ခွဲခန့်မှတ်သားခြင်းများကြောင့် ဂုဏ်မယူဘဲ အဘယ်သို့ နေနိုင်ရသနည်း။ မည်သူသည် ငိုကြွေးခဲ့ပြီးသနည်း။ မည်သူသည် ငိုကြွေးမြည်တမ်းခဲ့သနည်း။ ဟောင်းနွမ်းသော ဣသရေလပြည်သည် မတည်ရှိတော့ဘဲ၊ ယနေ့ကာလ၏ ဣသရေလပြည်သည် ထမြောက်လေပြီ၊ လောကကြီးတွင် ၎င်းသည် မားမားမတ်မတ်နှင့် မြင့်မြင့်မားမားရှိကာ လူသားမျိုးနွယ်အားလုံးတို့၏ နှလုံးသားများထဲတွင် တည်လျက်ရှိသည်။ ယနေ့ကာလ၏ ဣသရေလပြည်သည် ငါ၏လူများမှတစ်ဆင့် ဖြစ်တည်ရာရင်းမြစ်ကို ဧကန်အမှန်ပင် ရရှိလိမ့်မည်။ အိုး၊ မုန်းတီးဖွယ် အဲဂုတ္တု။ သင်သည် ငါအား ဆန့်ကျင်၍နေသေးသလော။ သင်သည် ငါ၏သနားကရုဏာကို အခွင့်ကောင်းယူလျက် ငါ၏ပြစ်တင်ဆုံးမခြင်းမှ လွတ်မြောက်ရန် မည်သို့ ကြိုးစားနိုင်သနည်း။ သင်သည် ငါ၏ပြစ်တင်ဆုံးမခြင်း အတွင်း၌ မည်သို့ ရှိမနေနိုင်သနည်း။ ငါချစ်သောသူ အားလုံးသည် ဧကန်အမှန် ထာဝစဉ် အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး၊ ငါ့အား ဆန့်ကျင်သောသူတို့မူကား ဧကန်အမှန်ပင် ငါ၏ ပြစ်တင်ဆုံးမခြင်းကို ထာဝစဉ်ခံကြရပေလိမ့်မည်။ အကြောင်းမူကား ငါသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်ပြီး ငါသည် လူအားလုံးကို သူတို့ပြုခဲ့သော အရာများအတွက် ပေါ့တန်စွာ ချမ်းသာပေးလိမ့်မည် မဟုတ်။ ငါသည် ကမ္ဘာမြေကြီးတစ်ခုလုံးကို စောင့်ကြည့်မည်ဖြစ်ပြီး၊ လောကကြီး၏ အရှေ့အရပ်တွင် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်တော်၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ပေါ်လာလျက်၊ လူသားမျိုးနွယ် အသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆))

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်လိုက်သည့် အခါမှာ၊ ကျွန်မတို့အားလုံး တူညီသည့်ခံစားချက်များ ရှိလာသည်။ ဤသည်မှာ ဘုရားသခင်က လူသားများကို မိန့်ဆိုနေခြင်းဖြစ်ကြောင်း၊ ကျွန်မတို့အားလုံး ခံစားမိကြသည်။ ဘုရားသခင်က လွဲပြီး၊ လူသားမျိုးနွယ်အားလုံးကို မိန့်ဆိုနိုင်သည့် သူမှာ မည်သူ ရှိသနည်း။ လူသားများကိုကယ်တင်မည့် ဘုရားသခင်၏ ရည်ရွယ်ချက်ကို လူများ သိအောင် မည်သူက ထုတ်ဖော်ပြသ နိုင်သနည်း။ နောက်ဆုံးသောကာလ၏အမှုတော်၊ လူသားများ၏ အကျိုးနှင့် ပန်းတိုင်အတွက် ဘုရားသခင်၏ အစီအစဉ်ကို မည်သူက လူသားအားလုံးဆီ အရှင်းဆုံးထုတ်ပြန် ပေးနိုင်သနည်း။ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို မည်သူက စကြဝဠာတစ်ခွင် မှာ အလေးအနက် ကြေညာနိုင်သနည်း။ ဘုရားသခင်ကလွဲပြီး မည်သူမျှ မလုပ်နိုင်ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ် တစ်ခုလုံးကို မိန့်ဆိုပြပြီး၊ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ဘုန်းတန်ခိုးနှင့် အာဏာစက်ကို သိရှိခံစားစေပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် များက ဘုရားသခင်၏ တိုက်ရိုက်ထုတ်ဖော်ပြသမှု၊ သူတို့ကဘုရား၏ အသံတော်ပင် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် မြွက်ကြားထားသည့် နှုတ်ကပတ်တော်အားလုံးက ဘုရားသခင်က တတိယကောင်းကင်ပေါ်ရပ်ပြီး၊ လူသားမျိုးနွယ် အားလုံးကို မိန့်ဆိုပြသကဲ့သို့ ဖြစ်သည်။ လူသားမျိုးနွယ်များ၏ ဖန်ဆင်းရှင်အဖြစ် အနန္တတန်ခိုးရှင် ဘုရားသခင်က ဤနေရာမှာ မိန့်ဆိုနေပါသည်၊ ဖြောင့်မတ်ခြင်း၊ တန်ခိုးအာနုဘော်တို့နှင့် ပြည့်စုံသည့် ကိုယ်တော်၏ ချိုးဖျက်မရနိုင်သည့် စိတ်သဘောထားကို လူသားများဆီ ပေါ်လွင်ထင်ရှားစေခြင်း ဖြစ်ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘုရားသခင်၏ သိုးအုပ်ကကြားသည့်အခါ၊ အစပိုင်းမှာ ဤနှုတ်ကပတ်တော်များ၏ သမ္မာတရားကို နားမလည်ခြင်းများ၊ တွေ့ကြုံဖူးခြင်းမရှိခြင်းများ ဖြစ်သော်လည်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းမှာ ဘုန်းတန်ခိုးနှင့် အာဏာစက် ရှိနေခြင်းကို သူတို့ခံစားသိရှိရပြီး၊ ၎င်းတို့က ဘုရား၏အသံတော်၊ ဘုရားသခင်၏ဝိညာဉ်တော်မှ တိုက်ရိုက်မြွက်ဟခြင်း ဖြစ်ကြောင်းကို အတည်ပြုနိုင်ကြသည်။ ဘုရားသခင်၏ ရွေးချယ်ခံလူများ အနေနှင့်၊ ၎င်းတို့က ဘုရား၏အသံတော် ဖြစ်ကြောင်းကို အတည်ပြုဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရဖို့ပဲလိုပါသည်။ ဘာသာရေး အသိုင်းအဝိုင်းများထဲက ထိုသင်းအုပ်ဆရာများနှင့် သင်းထောက်လူကြီးများက အနန္တတန်ခိုးရှင်ဘုရားသခင်ကို အဘယ့်ကြောင့် ပြစ်တင်ရှုတ်ချနိုင်ရသနည်း။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို အသိအမှတ်မပြုသည့်၊ ဘုရားသခင်က သမ္မာတရားကို မြွက်ဟနိုင်ကြောင်းကို ဝန်မခံသည့် အမျိုးမျိုးသော အန္တိခရစ်များအနေနှင့်ကမူ သူတို့က ဘုရားသခင် မြွက်ကြားသည့် သမ္မာတရားအလုံးစုံကို မြင်ကြသော်လည်း၊ ကိုယ်တော့် နှုတ်ကပတ်တော်များမှာ ဘုန်းတန်ခိုး၊ အခွင့်အာဏာပါကြောင်းကို ခံစားမိကြသော်လည်း၊ ဘုရားသခင်က ဤနည်းလမ်းနှင့် စကားပြောဆို နိုင်ကြောင်းကို သူတို့ မယုံကြည်နိုင်ကြသေးပါ၊ ဘုရားသခင် မြွက်ဟသမျှက သမ္မာတရားဖြစ်ကြောင်းကိုလည်း ဝန်မခံကြပါ။ ဤနေရာမှာ ပြဿနာက မည်သည့်အရာ ဖြစ်သနည်း။ သင်တို့ ပြောနိုင်ပါသလား။ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံသည့် အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ် အားလုံးကို စကားပြောဆိုပါသည်။ သို့သော် ကျွန်မတို့ထဲက အယောက်ရေမည်မျှက ဘုရား၏အသံတော်ကို ကြားနိုင်ပါသနည်း။ လက်ရှိအချိန်မှာ ဘာသာရေး အသိုင်းအဝိုင်းများ ထဲက တော်တော်များများက အနန္တတန်ခိုးရှင်ဘုရားသခင် စကားပြောဆို နေသည်ကို မြင်သော်လည်း၊ ဤသည်မှာ ဘုရား၏ အသံတော်ဟု သူတို့ပိုင်းခြားသိမြင်နိုင်ခြင်းမရှိပါ၊ ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များ ကိုပင် လူသား၏ စကားများဟု သဘောထားသည်။ ပြီးတော့ လူသား၏သဘောထား ခံယူချက်များကို သုံးပြီး၊ ဘုရားသခင်ကို ဝေဖန်၊ အသရေဖျက်၊ ပြစ်တင်ရှုတ်ချသည့် အထိပင် လုပ်ကြသည်။ ဤလူများမှာ ဘုရားသခင်ကို ကြောက်ရွံ့တတ်သည့် စိတ်နှလုံးရှိပါသလား။ သူတို့က အတိတ်က ဖာရိရှဲများနှင့်မတူပါလား။ သူတို့အားလုံးက ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး၊ သမ္မာတရားကို မုန်းတီးကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက တန်ခိုးဩဇာ အာဏာကြီးမားလှပြီး၊ ဤနှုတ်ကပတ်တော် များက ဘုရား၏ အသံတော်ဖြစ်ကြောင်း သူတို့နည်းနည်းလေးမှမကြားကြပါ။ ဤကဲ့သို့ လူများက ဘုရားသခင်၏သိုးများ ဖြစ်နိုင်မလား။ သူတို့က ဘုရား၏ အသံတော်ကိုပင် မကြားနိုင်ပါ။ သေချာပေါက် သူတို့က ဘုရားသခင်၏သိုးများ မဟုတ်ပါ။ သူတို့၏စိတ်နှလုံးများက ကြောင်းကျိုးမမြင်တော့ပါ။ နားကြားနိုင်သော်လည်း သူတို့မသိနိုင်ပါ၊ မြင်နိုင်သော်လည်း သူတို့ နားမလည်နိုင်ပါ။ ဤကဲ့သို့ လူများက ချီဆောင်ခံရဖို့ပင် ထိုက်တန်ပါ့မလား။ နောက်ဆုံးသောကာလ ၏ လူ့ဇာတိခံ ဘုရားသခင်က သမ္မာတရားကို ဖွင့်ဟပြပြီး၊ ဘာသာရေးအသိုင်းအဝိုင်းများထဲက လူများအကြောင်းကို ဖော်ထုတ်ပြထားပါသည်။ စစ်မှန်သည့်ယုံကြည်သူ၊ မစစ်မှန်သူများ၊ သမ္မာတရားကို ချစ်မြတ်နိုးသူများနှင့် မုန်းတီးသူများ၊ ပညာရှိ သတို့သမီးများနှင့် ပညာမဲ့သတို့သမီးများ စသဖြင့် လူများအားလုံးကို သူတို့၏အမျိုးအစားအလိုက် အရှိအတိုင်း ပိုင်းခြားပြခြင်းဖြစ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “ဆိုးယုတ်သောသူ အားလုံးသည် ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းကို ခံရကြလိမ့်မည်၊ ဖြောင့်မတ်သော သူအားလုံးသည် သူ၏နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များ၏ ကောင်းချီးပေးခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ အရာအားလုံးသည် ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များအားဖြင့် တည်ထောင်ခြင်းကို ခံရပြီး၊...(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ) ထို့ကြောင့် ဘုရားသခင်၏ အသံတော်ကို ကြားနိုင်သူများက သခင့်၏ ဒုတိယအကြိမ် ကြွရောက်ခြင်းကို တွေ့ကြုံလိုက် ရခြင်းဖြစ်ပါသည်။ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက် ချီဆောင်ခံ လိုက်ရခြင်းလည်းဖြစ်သကဲ့သို့၊ သူတို့က သိုးသငယ်၏မင်္ဂလာဆောင် ညလယ်စာကို တက်ရောက်နေ ကြပါပြီ။ ၎င်းတို့က ပညာရှိသတို့သမီးများဖြစ်ပြီး၊ လူသားမျိုးနွယ်၏ ကံအကောင်းဆုံးလူများ ဖြစ်ပါသည်။

ဘုရား၏အသံတော်ကို ကြားရဖို့ ကျွန်မတို့၏စိတ်နှလုံး ဝိညာဉ်တို့နှင့်အတူ နားထောင်ရပါမည်။ စိတ်တူကိုယ်တူများက တစ်ယောက်နှင့်တစ်ယောက် အလွယ်တကူနားလည်နိုင်ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပြီး၊ သူတို့မှာ ဘုန်းတန်ခိုးနှင့် အာဏာစက် ရှိသည်။ စိတ်နှလုံး ဝိညာဉ်ရှိသူများက ယင်းကို သေချာပေါက်ခံစားသိရှိနိုင်သည်။ လူတော်တော်များများက အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရက်အနည်းငယ် ဖတ်ထားရရုံနှင့် ၎င်းတို့က ဘုရား၏အသံတော်၊ သူ့၏မိန့်ဆိုချက်များဖြစ်ကြောင်း အတည်ပြုနိုင်သည်။ ဘုရားသခင် လူ့ဇာတိခံယူတိုင်းမှာ အမှုတော်အဆင့်တစ်ခုကို လာရောက် လုပ်ဆောင်သည်၊ ဘုရားသခင်၏ညွှန်ကြားချက်များကတစ်ဆင့်၊ နှုတ်ကပတ်တော်တချို့ကို သီးသန့်အခြေအနေတစ်ခုမှာ တစ်ဆင့်ပေးပို့ရသည့် တမန်တော်များကဲ့သို့ မဟုတ်ပါ။ အမှုတော်အဆင့်တစ်ခုကို လာရောက်လုပ်ဆောင်ဖို့ ဘုရားသခင်က လူ့ဇာတိခံယူသည့်အခါ၊ သူက နှုတ်ကပတ်တော်များအများကြီးကို ပြောကြားရသည်။ သမ္မာတရားများစွာကိုလည်း မိန့်ဆိုရသည်။ လျှို့ဝှက်နက်နဲမှုများကို ထုတ်ဖော်ပြရသကဲ့သို့၊ ပရောဖက်ပြုချက်များ ကိုလည်း ပြောဆိုရသည်။ ၎င်းတို့ကို ပြီးစီးဖို့ နှစ်ပေါင်း ဒါမှမဟုတ် ဆယ်စုနှစ်ပေါင်းများစွာလိုအပ်သည်။ ဥပမာအားဖြင့်၊ ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်သည့်အခါ သခင်ယေရှုက “နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။(ရှင်မဿဲခရစ်ဝင် ၄:၁၇) ဆိုပြီး ဟောပြောခဲ့သကဲ့သို့ မည်သို့အပြစ်ဝန်ချ၊ မည်သို့နောင်တရ၊ ခွင့်လွှတ်ရမည်၊ မည်သို့သည်းခံ၊ ဒုက္ခဆင်း၏ခံပြီး၊ မိမိ၏လက်ဝါးကပ်တိုင်ကို မည်သို့ထမ်းရမည်ဟု လူသားကိုသင်ပေးခဲ့သည်၊ ပြီးလျှင်ကျေးဇူးတော်ခေတ်အတွင်းက လူများ လိုက်နာသင့်သည့်အရာမှန်သမျှတို့ ပါဝင်သည်။ မေတ္တာ၊ ကရုဏာစသည့် ဘုရားသခင်၏စိတ်သဘောထားကို သူက ပြသသည်။ ထို့အပြင် ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်ဆန်းကြယ်မှုများ၊ ကျွန်မတို့ဝင်ရောက်ရမည့် အခြေအနေများကိုလည်း ပြသခဲ့ပါသည်၊ သူ့၏ကားတိုင်ပေါ်မှာ အသေခံသည့်အချိန်၊ သူ့၏ ရှင်ပြန်ထမြောက်ချိန်၊ သူ့၏ ကောင်းကင်သို့ တက်ကြွချိန်အထိ ရောက်မှသာ ဘုရားသခင်၏ ရွေးနှုတ်ခြင်းအမှု ပြီးမြောက်ခဲ့ပါသည်။ သခင်ယေရှုက မိန့်ဆိုခဲ့သည့် နှုတ်ကပတ်တော်များ အားလုံးက ဘုရားသခင်၏ ရွေးနှုတ်ခြင်း အမှုတော်အားဖြင့် လူသားကို ပေးအပ်ခဲ့သည့် သမ္မာတရားများဖြစ်သည်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က ကြွရောက်လာခဲ့ပါပြီ။ လူသားများကို သန့်စင်မည့်၊ ကယ်တင်မည့် သမ္မာတရားအားလုံးကိုလည်း မိန့်ဆိုပြထားပါပြီ။ ကိုယ်တော်က တရားစီရင်ခြင်းအမှုတော်ကို ဘုရားသခင်၏အိမ်တော်က စတင်၍ ဆောင်ရွက်နေသည့်အပြင်၊ ဖြောင့်မတ်ခြင်းကို ဗဟိုချက်အဖြစ်ထားရှိသည့် ကိုယ်တော်၏ ပင်ကိုယ်စိတ်သဘောထားကိုလည်း၊ ထုတ်ဖော်ပြထား ပါပြီ။ ကိုယ်တော်က နှစ်ခြောက်ထောင်အထိ သက်တမ်းရှိသည့် စီမံခန့်ခွဲမှု အစီအစဉ်၏ ကြီးမားသည့်နက်နဲမှုများ အားလုံးကို ဖွင့်ပြထားပါ သည်။ သူက နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပေးသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဘုရားသခင်အသက်တာ၏ အနှစ်သာရနှင့် သူ့စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းကနေ သဘာဝကျကျ ထွက်ရှိလာခြင်းများ ဖြစ်ပါသည်။ ဤသည်မှာ လူများကို အလုံးစုံသန့်စင်ဖို့ ကယ်တင်ဖို့အတွက် နောက်ဆုံးသောကာလမှာ ဘုရားသခင် လုပ်ဆောင်နေသည့် နှုတ်ကပတ်တော်အမှု၏ အဆင့်တစ်ခုလုံးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တချို့ကို ဖတ်လိုက်ကြရအောင၊ ပြီးလျှင် ၎င်းတို့က သမ္မာတရား ဟုတ်မဟုတ် နှင့် တန်ခိုးနှင့် သြဇာအာဏာ တို့ရှိမရှိ ကြားနာကြရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လက်ရှိ လူ့ဇာတိခံယူခြင်း၌ ဘုရားသခင်၏ အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့် သူ၏ စိတ်သဘောထားကို ဖော်ပြရန်ဖြစ်သည်။ ဤအခြေခံအုတ်မြစ်ပေါ်တွင် ဆက်လက် အကောင်အထည်ဖော်ရင်း၊ သူသည် သာ၍များသော သမ္မာတရားကို လူတို့ထံ ဆောင်ကြဉ်းပေးကာ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများကို ပိုမိုညွှန်ပြပေးသည်၊ ဤသို့ဖြင့် လူတို့ကို သိမ်းပိုက်ခြင်းနှင့် လူတို့ကို မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် သူ၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိလေသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်ထဲက ဘုရားသခင်၏အမှု နောက်ကွယ်တွင် တည်ရှိသည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ ဖန်ဆင်းခြင်းထဲက အရာအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝအပေါ် အခြေခံ၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ၎င်းတို့၏ ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အခိုက်အတန့် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံကြရပါက၊ ၎င်းတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်ခြင်း နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားပြီး၊ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြခံရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။...နောက်ဆုံးသောကာလအတွင်းတွင် ဖြောင့်မတ်သော တရားစီရင်မှု သည်သာ လူသားကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားနိုင်ပြီး၊ လူကို နယ်ပယ်သစ်သို့ ဆောင်ယူနိုင်ပေသည်။ ဤနည်းဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ဖြောင့်မတ်သော စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

မည်သည့်အရာက တရားစီရင်မှု ဖြစ်ပြီး မည်သည့်အရာက သမ္မာတရား ဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်ပါက၊ တရားစီရင်ခံရခြင်းအဖြစ်ကို ကျိုးနွံစွာ နာခံဖို့ သင့်ကို ငါ တိုက်တွန်း၏၊ သို့မဟုတ်ပါက သင်သည် ဘုရားသခင်၏ ချီးကျူးခံရမည့် သို့မဟုတ် သူ၏နိုင်ငံတော်ထဲသို့ သူ၏ ခေါ်ဆောင်ခြင်းကို ခံရမည့် အခွင့်အရေးကို မည်သည့်အခါတွင်မျှ ရလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကိုသာ လက်ခံသော်လည်း၊ မည်သည့်အခါမျှ သန့်စင်မခံရနိုင်သော သူတို့သည်၊ ဆိုလိုသည်မှာ တရားစီရင်ခြင်းအမှု အလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ငြင်းပယ်မှုကို ထာဝရ ခံကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကာ ပုန်ကန်ခဲ့ကြပြီးဖြစ်သည့်အတွက်၊ ၎င်းတို့၏ အပြစ်များသည် ဖာရိရှဲတို့၏ပြစ်များထက် သာလွန်များပြားကာ၊ သာ၍ ဆိုးရွားလေသည်။ အစေခံခြင်းကို လုပ်ဆောင်ရန်ပင် မထိုက်တန်သည့် ထိုသို့သောလူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်၊ ထို့အပြင် ထာဝရတည်တံ့သည့် အပြစ်ဒဏ်တစ်ခုကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို တစ်ချိန်က စကားဖြင့် သစ္စာစောင့်သိမှု ပြခဲ့ကြသော်လည်း၊ ထို့နောက် သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် စိတ်၊ ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့၏ အပြစ်ဒဏ်ပေးခြင်းမှတစ်ဆင့် ဒဏ်ခတ်မှုကို ရရှိကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထား၏ တိကျစွာ ဖွင့်ပြခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် တရားစီရင်ရာ အချိန်ကာလအတောအတွင်းတွင် ဆိုးယုတ်သော လုပ်ဆောင်ချက်မျိုးစုံကို ဆောင်ရွက်သူအားလုံးကို ဆိုးယုတ်သော ဝိညာဉ်များ သောင်းကျန်းသည့် နေရာတစ်ခုဆီသို့ လွှဲအပ်ပြီး၊ ဤဆိုးယုတ်သော ဝိညာဉ်များကို ၎င်းတို့၏ အသွေးအသားခန္ဓာအား စိတ်ကြိုက်ဖျက်ဆီးခွင့် ပေးကာ၊ ထိုလူတို့၏ ခန္ဓာကိုယ်များသည် အလောင်းကောင်အပုပ်နံ့ ထုတ်လွှတ်လေသည်။ ယင်းမှာ ၎င်းတို့နှင့် သင့်တော်သော ဒဏ်ခတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော အယောင်ဆောင်ယုံကြည်သူများ၊ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များ အယောက်စီ၏ အပြစ်များ တစ်ခုစီတိုင်းကို ၎င်းတို့၏ မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်၏။ ထို့နောက် အချိန်ကျသောအခါတွင်၊ ၎င်းတို့အနေဖြင့် မည်သည့်အခါတွင်မျှ လူမဝင်စားနိုင်ဖို့နှင့် မည်သည့်အခါတွင်မျှ အလင်းကို တစ်ဖန် မမြင်နိုင်ကြဖို့အလို့ငှာ၊ သူသည် ညစ်ညမ်းသော ဝိညာဉ်များအား ၎င်းတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ဖျက်ဆီးရမ်းကားစေခွင့် ပြုလျက်၊ ၎င်းတို့ကို ဤညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ ပစ်လိုက်သည်။ ၎င်းတို့သည် ယုတ်မာသူတို့၏ တိုက်တွန်းခြင်းသို့ လိုက်ကြပြီး ၎င်းတို့၏ ဖရိုဖရဲ ဖြစ်နေသော ဝရုန်းသုန်းကား လူအုပ်တွင် ပါဝင်ဖို့အလို့ငှာ၊ အချိန်တစ်ခုကြာ အစေခံခြင်း ပြုကြသော်လည်း၊ အဆုံးတိုင် သစ္စာစောင့်သိနေနိုင်စွမ်း မရှိကြသည့် သူတော်ကောင်းအယောင်ဆောင်များကို ဘုရားသခင်သည် ယုတ်မာသူတို့ အထဲတွင် ထည့်တွက်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ခရစ်တော်ကို မည်သည့်အခါတွင်မျှ သစ္စာမစောင့်သိခဲ့သည့် သို့မဟုတ် မိမိတို့၏ခွန်အားဖြင့် မည်သည့်အခါတွင်မျှ ကူညီပံ့ပိုးခြင်းမရှိသော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုပြုခြင်းမရှိဘဲ၊ ခေတ်အပြောင်းအလဲတွင် ၎င်းတို့အားလုံးကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါတွင်မျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ၊ သူ့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံရန် အခြေအနေဖြင့် တွန်းအားပေးခြင်းခံရသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့အထဲတွင် ထည့်တွက်ခြင်းခံရကြ၏။ ထိုသို့သော လူများထဲမှ အရေအတွက် အနည်းငယ်သာ ရှင်ကျန်ရစ်မည် ဖြစ်သော်လည်း၊ အများစုသည် အစေခံခြင်းကို လုပ်ဆောင်ရန်ပင် အရည်အချင်း မပြည့်မီကြသော သူတို့နှင့်အတူ ပျက်စီးကြရလိမ့်မည်။ နောက်ဆုံးတွင်၊ ဘုရားသခင်နှင့် စိတ်သဘောတူညီသူများ၊ ဘုရားသခင်၏ လူများနှင့်သားများ၊ ပြီးလျှင် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့် မှတ်သားထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏အမှု၏ အကျိုးရလဒ် ဖြစ်လိမ့်မည်။ ဘုရားသခင် ချမှတ်ထားသော အမျိုးအစားတစ်ခုတစ်လေထဲတွင် သတ်မှတ်ခြင်း မခံရနိုင်သောသူများကိုမူ မယုံကြည်သူများအထဲတွင် ထည့်တွက်ခြင်း ခံရလိမ့်မည်- ပြီးလျှင် ၎င်းတို့၏ရလဒ် အဘယ်အရာ ဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာအားလုံးကို သင်တို့အား ငါပြောနှင့်ပြီး ဖြစ်သည်။ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ ရွေးချယ်မှု ချည်းသက်သက်သာ ဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏- ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားညှာတာမှု မပြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်မှာ နောက်ဆုံးသောကာလ၏တရားစီရင်ခြင်းအမှုကို ဘုရားသခင်က မည်သို့ဆောင်ရွက်ကြောင်း သင်တို့အားလုံး ပိုပြီးရှင်းမလာပါလား။ အကယ်၍သာ ဘုရားသခင်က ဤအရာကို မဖော်ပြပဲ၊ ပွင့်ပွင့်လင်းလင်း မပြောခဲ့ပါက၊ ကျွန်မတို့မှာ ထိုးထွင်းသိမြင်မှုမည်သို့ရှိနိုင်ပါမည်နည်း။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရားကို မိန့်ဆိုပြီးသူ့၏ တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်သည်။ ကိုယ်တော့် နှုတ်ကပတ်တော်များက ဆိုးဆိုးဝါးဝါးအကျင့်ပျက်နေသည့် လူသားများ၏ အခြေအနေမှန်နှင့် အနှစ်သာရကို ဖော်ထုတ်ပြသည်။ ဘုရားသခင်အပေါ် လူသား၏ဆန့်ကျင်မှုနှင့် ဆိုးယုတ်သည့် စိတ်သဘောများ စိမ့်ဝင်နေသည့် လူသား၏သရုပ်သကန်တိုင်းကို နှုတ်ကပတ်တော်များက အပြည့်အ၀ ဖော်ထုတ်ပြသည်။ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းများပြည့်ဝသည့်၊ ဘုရားသခင်၏ ချိုးဖျက်မရသည့် စိတ်သဘောထားကိုလည်း လူသားများဆီ ပြသပေးပါသည်။ ထို့ကြောင့် လူများက ဘုရားသခင် ပေါ်ထွန်းခြင်းနှင့်အမှုတော်ကို မြင်လာကြပြီး၊ ဘုရားသခင်ထံကို တစ်ယောက်ပြီးတစ်ယောက် ဦးလှည့်သွားကြသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသွားကြသည်။

...……...

ကျွန်မတို့၏ဘဝင်မြင့်မှု၊ မိမိကိုယ်ကိုယ်အထင်ကြီးမှု၊ လိမ်ညာမှု နှင့် ကျွန်မတို့၏ဆိုးယုတ်သည့်စိတ်သဘောကို နည်းမျိုးစုံနှင့် ထုတ်ပြတတ်ပုံများကို အနန္တတန်ခိုးရှင်ဘုရားသခင် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းက တစ်ဆင့် ကျွန်မတို့ အသိအမှတ်ပြု လိုက်ကြပါပြီ၊ မြင်လိုက်ကြပါပြီ။ ကျွန်မတို့က မိမိကိုယ်ကိုယ်အသုံးချ၊ ဆင်းရဲဒုက္ခကို သည်းခံ၊ ဘုရားသခင်အတွက် ပေးဆပ်သော်လည်း၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှု မရှိသည့်အပြင်၊ သူ့အတွက် စစ်မှန်သည့်မေတ္တာလည်း ကျွန်မတို့မှာ မရှိပါ။ စမ်းသပ်မှုတွေ၊ ဆင်းရဲဒုက္ခများ ရောက်လာသည့်အခါ၊ ဘုရားသခင်ကို မကျေမနပ်ဖြစ်ခြင်း၊ သံသယဝင်ခြင်း၊ ငြင်းဆန်ခြင်းမျိုးပင် လုပ်မိနိုင်ပါသည်။ ဆိုးဆိုးဝါးဝါးပျက်စီးနေသည့် ကျွန်မတို့လူသားများ အားလုံးက စာတန်၏သဘောသဘာ၀ ရှိကြကြောင်း၊ ဤအချက်က သိစေပါသည်။ ကျွန်မတို့၏ စာတန်သဘောသဘာဝ၊ စာတန်စိတ်သဘောထားက သန့်စင်မှုကို မရရှိနိုင်ပါက၊ ဘုရားသခင်ဆီကို စစ်မှန်သည့် ကျိုးနွံနာခံမှု မရရှိနိုင်သည့်အပြင်၊ ဘုရားသခင်အတွက် စစ်မှန်သည့်မေတ္တာလည်း ရှိနိုင်မည်မဟုတ်။ ယခင်က ကျွန်မတို့က ဘုရားသခင်ကို ယုံကြည်ခဲ့ကြခြင်း နှစ်ပေါင်းများစွာရှိပြီဟု ထင်ခဲ့ကြသည်။ ဘုရားသခင်အတွက် စွန့်သင့်ခြင်းများစွန့်ပြီး၊ မိမိကိုယ်ကိုယ် အသုံးချခဲ့၊ ကြိုးစားခဲ့သည့်အတွက်၊ ကျွန်မတို့က ကောင်းမွန်လာ ခဲ့ကြောင်း၊ ဘုရားသခင်ကို ချစ်မြတ်နိုးပြီး၊ ဘုရားသခင်ထံ ယုံကြည်အပ်နှံသူများ ဖြစ်လာခဲ့ကြောင်း စသည်ဖြင့် ထင်ခဲ့ကြသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ရပြီးမှသာ ကျွန်မတို့ သိရှိလာရသည်၊ အပြင်ပန်းမှာ သခင့်အတွက် ပင်ပန်းကြီးစွာနှင့် အားသွန်ခွန်စိုက် လုပ်ဆောင်ပေးနေသော်လည်း၊ ကျွန်မတို့က ဘုရားသခင်ကို မကြာခဏဆိုသကဲ့သို့ လိမ်ညာလှည့်စားနေ ကြဆဲသာ ဖြစ်သည်၊ အလုပ်မပါဘဲ အပြောနှင့်သာ အစေခံနေကြဆဲ ဖြစ်သည် မိမိကိုယ်ကိုယ်သာ အမှန်ထင်ခြင်းများ၊ မိမိကိုယ်ကိုယ်သာ ဂရုစိုက်ခြင်းများ၊ ကြွားဝါခြင်းများ ရှိနေဆဲဖြစ်သည်။ နောက်ဆုံးတွင် ကျွန်မတို့ နားလည်သွားကြသည်။ ကျွန်မတို့အားထုတ်ခြင်းများ၊ ကြိုးစားပေးဆပ်ခြင်းများက တကယ်တော့ ကောင်းချီးမင်္ဂလာ ရဖို့၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ဆုလာဘ်ကို ရဖို့သက်သက်ဖြစ်သည်။ ၎င်းတို့အားလုံးက ဘုရားသခင်နှင့် အပေးအယူ လုပ်ခြင်းသာ ဖြစ်သည်။ ဤအရာက မည်သို့ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုဖြစ် မည်နည်း။ ဘုရားသခင်ကို ချစ်မြတ်နိုးခြင်းကို ထုတ်ဖော်ပြသခြင်း ပို၍ပင်မဖြစ်နိုင်ပါ။ သို့ရာတွင် ကျွန်မတို့က ဘုရားသခင်ကို အချစ်တတ်ဆုံး၊ ကျိုးနွံနာခံမှု အရှိဆုံးဆိုပြီး အရှက်မရှိပဲ ပြောကြသေးသည်။ ဤသည်မှာ အမှန်ကို အဓိပ္ပါယ်ကင်းမဲ့လှသည်၊ ဘုရားသခင်အကြောင်း လုံးဝ မသိခြင်း ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖွင့်ပြခြင်းနှင့် တရားစီခြင်းပြုရာမှာ ဘုရားသခင်က အရာတိုင်းကို ထိုးထွင်းသိမြင်ခြင်းကို ကျွန်မတို့တွေ့ရသည်၊ ဘုရားသခင်၏ အတိုင်းထက်အလွန်မြင့်မြတ်ပြီး ဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်မတို့ခံစားရသည့်အခါ စိတ်နှလုံးထဲမှာ ကြောက်ရွံ့တုန်လှုပ်ပြီး၊ သူ၏ စိတ်သဘောထားက စော်ကားခြင်းမပြုနိုင်ဟု ခံစားရသည်။ ကျွန်မတို့က စာတန်လို ဆိုးရွားကြ သော်လည်း၊ ဘုရားသခင်ကိုမြင်ဖို့ ရှက်ကြပြီး၊ သူ့၏ရှေ့တော်မှာ အသက်ရှင်ဖို့မထိုက်တန်ဟု ခံစားရသည်၊ ပြီးနောက် ကျွန်မတို့မြေကြီးပေါ် ပြုတ်ကျပြီး နောင်တတရားများနေငိုကြွေးလျက်၊ မိမိကိုယ်ကိုယ်ပင် ကျိန်ဆဲကာ ကိုယ့်ပါးကိုပြန်ရိုက်ကြသည်။ ထိုအချိန်ကျမှသာ ကျွန်မတို့က နေ့စဉ်နှင့်အမျှ စာတန်၏ စိတ်သဘောထားနှင့် နေထိုင်နေကြကြောင်း၊ လူသားကဲ့သို့ လုံးဝ မနေထိုင်ခဲ့ရသေးကြောင်း၊ လူသားဆိုသည့် နာမည်နှင့်ပင် မထိုက်တန်ကြောင်းကို မြင်တွေ့လာရသည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှု၊ စစ်ဆေးခြင်းများသာမက ပြုပြင်ခြင်း၊ ရိုက်နှက်ဆုံးမခြင်းများကို ကြုံတွေ့ရမှသာ၊ သမ္မာတရားတချို့ကို တဖြည်းဖြည်းနားလည်လာပြီး၊ ကျွန်မတို့၏ ဖောက်ပြန်ခြင်း အဖြစ်မှန်ကို စစ်မှန်စွာ မြင်လာကြသည်။ ထိုအချိန်ကျမှ ဘုရားသခင်အပေါ် စစ်မှန်သည့် သိနားလည်မှုတချို့ ရှိလာပြီး၊ နောက်ဆုံးမှာ ဘုရားသခင်ကို စပြီးရိုသေလေးစားလာသည်။ ကျွန်မတို့၏စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ကျိုးနွံနာခံလာကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ လမ်းကြောင်းအမှန်ကို ဝင်ရောက်ခြင်းဖြစ်ပါသည်။ ၎င်းတို့အားလုံးက ဘုရားသခင်မှ တရားစီရင်ခြင်းနှင့်ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ရခြင်း၏ရလဒ် ဖြစ်ပါသည်။ ဘုရားသခင်နှုတ်ကပတ်တော်များ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသာ မရှိခဲ့ပါက၊ စာတန်ကြောင့် နက်နက်ရှိုင်းရှိုင်း ပျက်စီးနေသည့် ကျွန်မတို့၏ပုံရိပ်မှန်ကို မည်သည့်အခါမျှ မြင်မိကြမည် မဟုတ်ပါ။ ဘုရားသခင်ကိုတွန်းလှန်သည့် ကျွန်မတို့၏ အပြစ်ရင်းမြစ်ကိုလည်း မည်သည့်အခါမျှ သိနိုင်မည်မဟုတ်ပါ။ ထိုထက်ဆိုးသည်မှာ ဘုရားသခင်ကို စစ်မှန်စွာနာခံလာဖို့အတွက် ကျွန်မတို့ကို ချုပ်နှောင်ထားသည့် အပြစ်တရားများကနေ လွတ်မြောက်အောင် မည်သို့လုပ်ရမည်ကို မသိနိုင်ခြင်း ဖြစ်သည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တင်းကျပ်သည့် တရားစီရင်မှုကြောင့်သာ မဟုတ်ပါက၊ ဖြောင့်မတ်ပြီး၊ တန်ခိုးအာနုဘော် ပြည့်ဝသည့် ချိုးဖျက်မရနိုင်သည့် ကိုယ်တော့် စိတ်သဘောထားကို ကျွန်မတို့ သိနိုင်မည်မဟုတ်ပါ။ ထိုကဲ့သို့ပင် ဘုရားသခင်ကို ကြောက်ရွံ့တတ်သည့် စိတ်နှလုံးကို မွေးမြူနိုင်မည် မဟုတ်သကဲ့သို့၊ မကောင်းမှုကို ရှောင်ကြဉ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့တတ်သူတစ်ဦးလည်း ဖြစ်လာနိုင်မည်မဟုတ်ပါ။ ဤသည်မှာ အမှန်တရားဖြစ်သည်။ ဘုရားသခင်က လူ့ဇာတိကို မခံယူခဲ့ပါက၊ နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်း အမှုတော်ကို မည်သူလုပ်နိုင် မည်နည်း။ ဘုရားသခင်၏ သန့်ရှင်းဖြောင့်မတ်ပြီး ချိုးဖျက်မရနိုင်သည့် စိတ်သဘောထားကို လူများဆီ မည်သူက ပြဆိုနိုင်မည်နည်း။ ဘုရားသခင်က လူ့ဇာတိကိုမခံယူခဲ့ပါက၊ ကျွန်မတို့ကို တရားစီရင်ပြီး သန့်စင်ပေး နိုင်မည့်အပြင်၊ အပြစ်တရားမှာ ဆိုးဆိုးဝါးဝါးပျက်စီးနေသည့် ကျွန်မတို့ကို ကယ်တင်ပေးနိုင်လောက်သည့် ဘုန်းတန်ခိုးနှင့် အာဏာစက်မျိုးက မည်သူ့စကားများမှာ ပါရှိမည်နည်း။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်က ဘုရားသခင်ဖြစ်ခြင်းဆိုသည့် ဂုဏ်ဒြပ်အဆင့်အတန်းနှင့် လက္ခဏာကို ပြပါသည်။ သူက ဖန်ဆင်းရှင် ဖြစ်ကြောင်း၊ တစ်ပါးတည်းသော ဘုရားသခင်၏ ပေါ်ထွန်းခြင်း ဖြစ်ကြောင်း ပြသပါသည်။ ကျွန်မတို့က အနန္တတန်ခိုးရှင်ဘုရားသခင်၏မိန့်ဆိုချက်ထဲမှာ ဘုရားသခင်၏ အသံတော်ကို အသိအမှတ်ပြုခဲ့ကြသကဲ့သို့ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကိုလည်း မြင်လိုက်ကြပါပြီ။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်သည်၊ သူသည် လူကို သန့်စင်စေနိုင်ပြီး ကယ်တင်နိုင်သည့် နှုတ်ကပတ်တော်များကို ဖော်ပြနေသည့် လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ပြီး၊ သူသည် ဘုရားသခင်၏ အိမ်တော်မှစတင်သည့် တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည်ဟု သက်သေခံသည်။ သို့ဆိုလျှင် ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်တို့ မည်သို့ သတိပြုသင့်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု၏ ပြန်ကြွလာခြင်းဖြစ်သည်ဟု သေချာနိုင်ကြမည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ...

သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ဟူ၍ ဖြစ်သည်။ သခင် ပြန်ကြွလာချိန်တွင်၊ သူသည် သူ၏ မိန့်မြွက်ချက်များကို ပြောဆိုပြီး သူ၏ သိုးများကို သွားရှာဖွေလိမ့်မည်ဖြစ်သည်။ သခင်၏ ပြန်ကြွလာခြင်းကို စောင့်ဆိုင်းခြင်းအဖို့ အရေးကြီးသည်မှာ ဘုရားသခင်၏ အသံတော်ကို ရှာဖွေခြင်းဖြစ်သော်လည်း၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်နှင့် လူ၏ အသံတို့ကြား မခွဲခြားနိုင်ကြပါ။ ကျေးဇူးပြုပြီး ဤအရာနှင့်ပတ်သက်၍ ကျွန်ပ်တို့နှင့်အတူ မိတ်သဟာယပြုပါ။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။