ကျွန်ုပ်တို့ ယုံကြည်သည့် ကာသိုလိတ် အယူဝါဒကို တမန်တော်များထံမှ လက်ဆင့်ကမ်းလာကြပြီးဖြစ်ကာ ယင်းသည် ဘာသာတရားအားလုံးထဲမှ ရှေးရိုးအစွဲဆုံး ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် ခရစ်ယာန်ဘာသာနှင့် သက်ဆိုင်ပြီး ခရစ်ယာန်ဘာသာသည် ကာသိုလိတ် အယူဝါဒ၏ အတက်အလက် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်ပါက၊ ကျွန်ုပ်တို့သည် ခရစ်ယာန်ဘာသာသို့ ပြောင်းလဲလိမ့်မည် မဟုတ်ပါလား။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဘုရားသခင်ကို ကျောခိုင်းနေခြင်း ဖြစ်လိမ့်မည်မဟုတ်ပါလား။

07.12.2021

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ဤသိုးခြံသို့မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့ သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတခု သိုးထိန်းတပါးတည်းရှိရလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၁၆)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ကမ္ဘာတွင် အဓိကဘာသာတရား အချို့ရှိပြီး အသီးသီးသည် ၎င်း၏ကိုယ်ပိုင်ဦးသျှောင် သို့မဟုတ် ခေါင်းဆောင် ရှိပြီး၊ နောက်လိုက်များသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကွဲပြားသည့် နိုင်ငံများနှင့် ဒေသများသို့ ပျံ့နှံ့နေကြ၏။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ နိုင်ငံတိုင်းနီးပါးသည် ၎င်း၏ အတွင်း၌ မတူကွဲပြားသည့် ဘာသာတရားများရှိ၏။ သို့ရာတွင် ကမ္ဘာ့အနှံ့တွင် ဘာသာတရား မည်မျှပင်ရှိသည်ဖြစ်စေ၊ စကြဝဠာအတွင်းရှိ လူအားလုံးသည် နောက်ဆုံးတွင် တစ်ဆူတည်းသော ဘုရားသခင်၏ လမ်းပြမှုအောက်၌ တည်ရှိကြပြီး၊ ၎င်းတို့၏ ဖြစ်တည်မှုကို ဘာသာရေးဦးသျှောင်များ၊ သို့မဟုတ် ခေါင်းဆောင်များက လမ်းပြနေသည် မဟုတ်ပေ။ ဆိုလိုသည်မှာ လူသားမျိုးနွယ်ကို သီးသန့် ဘာသာရေးဦးသျှောင် သို့မဟုတ် ခေါင်းဆောင်က လမ်းပြနေခြင်း မဟုတ်ပေ။ ယင်းထက် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကောင်းကင်၊ မြေကြီး၊ အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကိုလည်း ဖန်ဆင်းခဲ့သည့် ဖန်ဆင်းရှင်က ဦးဆောင်လမ်းပြနေခြင်း ဖြစ်၏- ဤသည်မှာ အမှန်တရား ဖြစ်၏။ ကမ္ဘာလောကသည် အဓိက ဘာသာတရားအချို့ ရှိသော်လည်း၊ ၎င်းတို့ မည်မျှကြီးမြတ်စေကာမူ ၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် တည်ရှိပြီး၊ ၎င်းတို့ထဲမှ မည်သည့်ဘာသာကမျှ ဤအုပ်စိုးမှုနယ်ပယ်ကို မကျော်လွန်နိုင်ပေ။ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အဖွဲ့အစည်း၏ အစားဝင်နေရာယူခြင်း၊ သဘာဝသိပ္ပံများ၏ တိုးတက်မှု- အသီးသီးသည် ဖန်ဆင်းရှင်၏ အစီအစဉ်များမှ ကင်းကွာ၍မရသကဲ့သို့၊ ဤအမှုသည် သတ်မှတ်ထားသည့် မည်သည့်ဘာသာရေး ဦးသျှောင်တစ်ဦးကမျှ လုပ်ဆောင်၍ရနိုင်သော အရာတစ်ခု မဟုတ်ပေ။ ဘာသာရေး ဦးသျှောင်တစ်ဦးသည် သီးသန့်ဘာသာတရား တစ်ခု၏ ခေါင်းဆောင်များမျှသာ ဖြစ်ပြီး၊ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်သကဲ့သို့ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသူအား ကိုယ်စားမပြုနိုင်ပေ။ ဘာသာရေးဦးသျှောင်တစ်ဦးသည် ဘာသာတရား တစ်ရပ်လုံးအတွင်း ရှိသူအားလုံးကို ဦးဆောင်နိုင်သော်လည်း၊ ကောင်းကင်အောက်ရှိ သတ္တဝါအားလုံးကို ကွပ်ကဲအုပ်ချုပ်နိုင်ခြင်း မရှိပေ- ဤသည်မှာ စကြဝဠာတစ်ခုလုံးက လူတကာအသိအမှတ်ပြုထားသည့် အချက်ဖြစ်၏။ ဘာသာရေးဦးသျှောင်တစ်ဦးသည် ခေါင်းဆောင်တစ်ဦးသာ ဖြစ်ပြီး၊ ဘုရားသခင် (ဖန်ဆင်းရှင်) နှင့် တန်းတူ မရပ်တည်နိုင်ပေ။ အရာအားလုံးသည် ဖန်ဆင်းရှင်၏ လက်ထဲတွင် ရှိကြပြီး၊ အဆုံးတွင် ၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ လက်ထဲသို့ ပြန်လာကြလိမ့်မည်။ လူသားမျိုးနွယ်ကို ဘုရားသခင် ပြုလုပ်ခဲ့ပြီး၊ မည်သည့်ဘာသာဖြစ်စေ၊ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ ပြန်လာကြလိမ့်မည်- ဤသည်ကို ရှောင်လွှဲ၍မရပေ။ ဘုရားသခင်သည်သာ အရာခပ်သိမ်းအလယ် အမြင့်မားဆုံး ဖြစ်ပြီး၊ သတ္တဝါ အားလုံးအလယ် အမြင့်မားဆုံးသော အုပ်စိုးသူသည်လည်း သူ၏အုပ်စိုးမှုအောက်သို့ ပြန်လာရလိမ့်မည်။ လူသား၏ အဆင့်အတန်း မည်မျှမြင့်မားသည်ဖြစ်စေ၊ လူသည် လူသားမျိုးနွယ်ကို သင့်တော်သည့် ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားနိုင်ခြင်း မရှိသကဲ့သို့၊ မည်သူမျှ အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားနိုင်ခြင်း မရှိပေ။ ယေဟောဝါကိုယ်တိုင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး၊ အသီးသီးကို အမျိုးအစားအလိုက် အတန်းစား ခွဲခြားခံရပြီး၊ နောက်ဆုံးအချိန် ရောက်သည့်အခါ၊ သူသည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားလျက် သူ၏ကိုယ်ပိုင်အမှုကို သူကိုယ်တိုင် လုပ်ဆောင်လိမ့်ဦးမည်- ဤအမှုကို ဘုရားသခင်မှလွဲ၍ မည်သူကမျှ မလုပ်ဆောင်နိုင်ပေ။ အစအဦးမှသည် ယနေ့ထိတိုင် ဆောင်ရွက်ခဲ့သည့် အမှု၏အဆင့်သုံးဆင့်ကို ဘုရားသခင်ကိုယ်တော်တိုင်က အားလုံး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ၊ တစ်ဆူတည်းသော ဘုရားသခင်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်၏ အမှန်တရားသည် လူသားမျိုးနွယ်အားလုံးကို ဘုရားသခင်၏ ဦးဆောင်လမ်းပြခြင်း အမှန်တရား၊ မည်သူမျှ မငြင်းနိုင်သော အမှန်တရား ဖြစ်၏။ စကြဝဠာ တစ်ခုလုံးတွင် ဤတစ်ဆူတည်းသော ဘုရားသခင်သာ တည်ရှိပြီး၊ အခြားဘာသာတရားများ မရှိသည့်အတွက်၊ အမှု၏ အဆင့်သုံးဆင့် အဆုံးတွင် အရာခပ်သိမ်းသည် အမျိုးအစားအလိုက် အတန်းစား ခွဲခြားခံရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ အုပ်စိုးမှုအောက် ပြန်လာကြလိမ့်မည်။ ကမ္ဘာလောကကို ဖန်ဆင်းနိုင်စွမ်း မရှိသူသည် ယင်းကို အဆုံးသတ်နိုင်စွမ်းလည်း ရှိလိမ့်မည် မဟုတ်၊ ကမ္ဘာလောကကို ဖန်ဆင်းသူမှာမူ ကမ္ဘာလောကကို ဧကန်မုချ အဆုံးသတ်နိုင်စွမ်း ရှိပေလိမ့်မည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်သည် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းနိုင်ခြင်း မရှိသကဲ့သို့၊ လူသားကို သူ၏စိတ်အား ပျိုးထောင်ဖို့ အထောက်အကူပြုရုံသာ ပြုနိုင်ပါက၊ သူသည် ဧကန်မုချ ဘုရားသခင် ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏သခင် ဧကန်မုချ ဖြစ်လိမ့်မည် မဟုတ်ပေ။ သူသည် ထိုသို့သော ကြီးမားသည့်အမှုကို လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုသို့သောအမှုကို ဆောင်ရွက်နိုင်သူ တစ်ဦးတည်းသာ ရှိပြီး၊ ဤအမှုကို မလုပ်ဆောင်နိုင်သူ အားလုံးသည် ဧကန်မုချ ရန်သူများဖြစ်ပြီး ဘုရားသခင် မဟုတ်ပေ။ ဆိုးယုတ်သော ဘာသာတရားအားလုံးသည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်သကဲ့သို့၊ ယင်းတို့သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်သည့်အတွက် ဘုရားသခင်၏ရန်သူများ ဖြစ်ကြ၏။ အမှုအားလုံးကို ဤစစ်မှန်သော ဘုရားသခင်တစ်ဆူတည်းက လုပ်ဆောင်ပြီး စကြဝဠာ တစ်ခုလုံးကို ဤဘုရားသခင်တစ်ဆူတည်းက ကွပ်ကဲ၏။ ယင်းမှာ ဣသရေလနိုင်ငံရှိ သူ၏အမှုဖြစ်စေ၊ တရုတ်နိုင်ငံရှိ သူ၏အမှုဖြစ်စေ၊ အမှုကို ဝိညာဉ်တော် သို့မဟုတ် လူ့ဇာတိဖြင့် ဆောင်ရွက်သည်ဖြစ်စေ၊ အားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်က လုပ်ဆောင်ပြီး၊ အခြားမည်သူကမျှ မလုပ်ဆောင်နိုင်ပေ။ မည်သည့် သတ်မှတ်ချက်များ၏ ဘောင်ခတ်ခံရခြင်း မရှိဘဲ၊ လွတ်လပ်စွာ သူ အမှုပြုသည်မှာ အတိအကျအားဖြင့် သူသည် လူသားမျိုးနွယ်အားလုံး၏ ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်- ဤသည်မှာ ရူပါရုံများ အားလုံးအနက် အကြီးမားဆုံး ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

ယေဟောဝါ၏ အမှုမှသည် ယေရှု၏အမှုထိတိုင်၊ ပြီးလျှင် ယေရှု၏အမှုမှသည် ဤလတ်တလော အဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံး တစ်ခုလုံးကို အလျဉ်မပြတ် အကျုံးဝင်ပြီး၊ ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှု ဖြစ်သည်။ ကမ္ဘာကြီး၏ ဖန်ဆင်းခြင်းကတည်းက၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလျက် အမြဲ အမှုပြုနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ ဖြစ်ပြီး၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူ ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများတွင် အမှု၏ အဆင့်သုံးဆင့်သည် သိသိသာသာ ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်ချက်ဖြစ်ပေသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူ အပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရပ်တည်သူများ ဖြစ်သည်။ ယခုတွင် ပထမအဆင့်မှ ယနေ့တိုင် အမှုများ အားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်၏အမှု၊ တစ်ပါးတည်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်ကို သင် နားလည်အပ်ပေသည်။ ဤအရာနှင့် သက်ဆိုင်၍ သံသယ မရှိနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင်၊ ယေရှုသည် လူတို့အလယ် သူ၏အမှုကို လုပ်ဆောင်ရန် လူ့ဇာတိခံခဲ့သည်။ သူ၏အမှုကို သီးခြား မဆောင်ရွက်ခဲ့ဘဲ၊ ယေဟောဝါ၏ အမှုပေါ်တွင် အခြေခံ၍ ဆက်လက် အကောင် အထည်ဖော်သည်။ ယင်းမှာ ပညတ်တော်ခေတ်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက် ခေတ်သစ်တစ်ခုအတွက် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှု ဖြစ်သည်။ ထိုနည်းတူ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးသည် အမြဲ ရှေ့ဆက် တိုးတက်နေသောကြောင့်၊ ယေရှု၏အမှု အဆုံးသတ်ပြီးနောက် ဘုရားသခင်သည် နောက်ခေတ်အတွက် သူ၏အမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ခေတ်ဟောင်း ကုန်လွန်သည့်အချိန်တွင်၊ ယင်းကို ခေတ်သစ်တစ်ခုဖြင့် အစားထိုးလိမ့်မည် ဖြစ်ပြီး၊ အမှုဟောင်း ပြည့်စုံသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်မည့် အမှုသစ် ရှိလိမ့်မည်။ ဤလူ့ဇာတိခံယူခြင်းသည် ယေရှု၏အမှုနောက်လိုက်လာသည့် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ ဟုတ်ပေ၏၊ ဤလူ့ဇာတိခံယူခြင်းသည် သီးခြား မဖြစ်ပေါ်ပေ။ ယင်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် နောက်ပိုင်း အမှု၏ တတိယအဆင့် ဖြစ်သည်။ အမှု၏ အဆင့်သစ်တစ်ခုကို ဘုရားသခင် အစပြုသည့် အချိန်တိုင်းတွင်၊ အသစ်သော အစပြုခြင်း ရှိရမည်ဖြစ်ပြီး ယင်းက ခေတ်သစ်တစ်ခုကို အမြဲ ဆောင်ကြဉ်းရမည် ဖြစ်သည်။ ထိုနည်းတူ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အလုပ်လုပ်ပုံ၊ သူ၏အမှု တည်နေရာနှင့် သူ၏ နာမတော်တို့တွင်လည်း လိုက်လျောညီထွေသော အပြောင်းအလဲများ ရှိပေသည်။ သို့ဆိုလျှင်၊ လူသားအနေဖြင့် ခေတ်သစ်ထဲတွင် ဘုရားသခင်၏အမှုကို လက်ခံရန် ခက်ခဲသည်မှာ အံ့ဩဖွယ်မရှိပေ။ သို့သော် ဘုရားသခင်သည် လူသား၏ ဆန့်ကျင်မှုကို မည်သို့ ခံရသည်ဖြစ်စေ၊ သူသည် မိမိ၏အမှုကို အမြဲ လုပ်ဆောင်နေပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို အမြဲ ရှေ့သို့ ဦးဆောင်နေပေသည်။ ယေရှုသည် လူ့လောကထဲသို့ ကြွလာခဲ့သောအချိန်တွင်၊ သူသည် ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်။ နောက်ဆုံးသော ကာလအတွင်းတွင်၊ ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး၊ ဤလူ့ဇာတိခံယူခြင်းဖြင့် သူသည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ကာ နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ခဲ့သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံနိုင်သောသူ အားလုံးသည် နိုင်ငံတော်ခေတ်ထဲသို့ ဦးဆောင်ခြင်းခံရမည် ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ လမ်းပြမှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံလာနိုင်လိမ့်မည်။ ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

ယနေ့ကာလ၏ အမှုသည် ကျေးဇူးတော်ခေတ်၏အမှုကို ရှေ့သို့တွန်းပို့ပေးသည်၊ ဆိုလိုသည်မှာ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်တစ်ရပ်လုံးအောက်၌ပြုသော အမှုသည် ရှေ့သို့တိုးလာခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်သည် အဆုံးသတ်သွားပြီဖြစ်သော်လည်း ဘုရားသခင်၏အမှု၌ တိုးတက်မှုရှိသည်။ အမှု၏ ဤအဆင့်သည် ကျေးဇူးတော်ခေတ်နှင့် ပညတ်တော်ခေတ်တို့အပေါ်တွင် အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟု အဘယ့်ကြောင့် ငါသည် ထပ်တလဲလဲ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ယနေ့၏အမှုသည် ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှု၏အဆက်ဖြစ်ပြီး ပညတ်တော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှုအပေါ် တိုးတက်လာမှုလည်း ဖြစ်သောကြောင့်ဖြစ်သည်။ ထိုအဆင့်သုံးခုမှာ တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ဆက်နွှယ်လျက်ရှိနေပြီး ကွင်းဆက်တစ်ခုနှင့်တစ်ခု နီးကပ်စွာ ချိတ်ဆက်နေသည်။ အမှု၏ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေခံထားသည်ဟု အဘယ်ကြောင့် ငါပြောသနည်း။ အကယ်၍သာ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေမခံထားလျှင် ဤအဆင့်တွင် နောက်ထပ်တစ်ကြိမ် ကားစင်တင်သတ်ခြင်း တစ်ခု ဖြစ်ပျက်ရန် လိုလိမ့်မည်ဖြစ်ကာ၊ ပြီးခဲ့သောအဆင့်၏ ရွေးနုတ်ခြင်းအမှုကိုလည်း နောက်ထပ်ပြန်၍ လုပ်ဆောင်ရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် အမှုသည် လုံးဝပြီးဆုံးသွားခြင်း မဟုတ်ဘဲ ခေတ်သည် ရှေ့သို့တိုးလာခြင်းဖြစ်ပြီး အမှု၏အဆင့်အတန်းသည် ယခင်ကထက် သာ၍မြင့်မားလာခြင်း ဖြစ်သည်။ အမှု၏ ဤအဆင့်သည် ပညတ်တော်ခေတ်၏ အုတ်မြစ်ပေါ်တွင်နှင့် ယေရှုအမှု၏ ကျောက်ပေါ်တွင် တည်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အမှုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုအဆင့်သည် အသစ်သော အစပြုခြင်းမဟုတ်ပေ။ အမှု၏ အဆင့်သုံးဆင့်စလုံး ပေါင်းစည်းခြင်းကိုသာလျှင် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ဟု မှတ်ယူနိုင်မည် ဖြစ်သည်။ ယခုအဆင့်၏ အမှုကို ကျေးဇူးတော်ခေတ်အမှု၏ အုတ်မြစ်ပေါ်တွင် အခြေခံလုပ်ဆောင်ထားခြင်း ဖြစ်သည်။ အကယ်၍ အမှု၏ ဤအဆင့်နှစ်ခုသည် ဆက်စပ်မှုမရှိလျှင် ကားတိုင်ပေါ်၌ အသေခံခြင်းသည် ယခုအဆင့်တွင် အဘယ်ကြောင့် ပြန်လည်၍ မဖြစ်လာသနည်း။ ငါသည် လူသား၏အပြစ်များကို သယ်ဆောင်ခြင်းမပြုဘဲ၊ ထိုအစား လူသားကို တိုက်ရိုက်တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန် ငါကြွလာသည်မှာ အဘယ်ကြောင့်နည်း။ အကယ်၍ ယခု ငါ၏ ကြွလာခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေစွဲယူခြင်း မဟုတ်သည့်အတွက်၊ လူသားများကို တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်ဖြစ်သည့် ငါ၏အမှုသည် ကားတိုင်ပေါ်တွင် အသေခံခြင်းကို ခြေရာခံမလိုက်ပါက၊ ငါသည် လူသားကို ပြစ်တင်ဆုံးမရန် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။ ငါသည် ယေရှုနှင့် တစ်ကိုယ်တည်းဖြစ်သောကြောင့်သာလျှင် လူသားများကို ပြစ်တင်ဆုံးမဖို့ရန်နှင့် တရားစီရင်ရန်အလို့ငှာ ငါသည် တိုက်ရိုက်ကြွလာခြင်းဖြစ်သည်။ ဤအဆင့်၏အမှုကို ယခင်အဆင့်၏ အမှုအပေါ်တွင် လုံးလုံးလျားလျားတည်ဆောက်ထားသည်။ ထို့အတွက်ကြောင့် ဤအမှုမျိုးကသာလျှင် လူသားများကို ကယ်တင်ခြင်းသို့ တစ်ဆင့်ပြီးတစ်ဆင့် ပို့ဆောင်နိုင်ခြင်းဖြစ်သည်။ ယေရှုနှင့် ငါသည် ဝိညာဉ်တော် တစ်ပါးတည်းမှလာသည်။ ငါတို့နှစ်ဦးသည် ဇာတိခန္ဓာအားဖြင့် ဆက်စပ်မှုမရှိသော်လည်း ငါတို့၏ဝိညာဉ်များမှာမူ တစ်လုံးတစ်ဝတည်းပင်ဖြစ်သည်။ ငါတို့လုပ်ဆောင်သည့် အကြောင်းအရာနှင့် ငါတို့လုပ်ဆောင်သော အမှုသည် တူညီမှုမရှိသော်လည်း ငါတို့၏ အနှစ်သာရသည် အတူတူပင်ဖြစ်သည်။ ငါတို့၏ ဇာတိခန္ဓာတို့သည် ခြားနားသော ပုံသဏ္ဌာန်များကို ဆောင်သော်လည်း ထိုအရာသည် ခေတ်ကာလ၏ အပြောင်းအလဲနှင့် ငါတို့အမှု၏ တောင်းဆိုမှုတို့ မတူညီခြင်းကြောင့်ဖြစ်သည်။ ငါတို့၏ အမှုတော်များသည် တူညီမှုမရှိပေ၊ ထို့ကြောင့် ငါတို့ဖော်ဆောင်လာသော အမှုနှင့် လူသားကို ငါတို့ထုတ်ဖော်ပြသသော စိတ်သဘောထားသည်လည်း ခြားနားလေသည်။ ထိုအကြောင်းကြောင့် ယနေ့ လူသားများမြင်သောအရာနှင့် နားလည်သောအရာသည် အတိတ်ကကဲ့သို့ မဟုတ်တော့ချေ၊ ယင်းသို့ဖြစ်ရခြင်းမှာ ခေတ်ကာလ အပြောင်းအလဲကြောင့်ဖြစ်သည်။ သူတို့၏ လိင်အမျိုးအစားနှင့် သူတို့ဇာတိခန္ဓာများ၏ ပုံသဏ္ဌာန်သည် ကွဲပြားလျက်ရှိကာ သူတို့သည် မိသားစုတစ်ခုတည်းတွင် သာမက၊ အချိန်ကာလတစ်ခုတည်းတွင် မွေးဖွားလာခြင်း မဟုတ်လင့်ကစား သူတို့၏ဝိညာဉ်များသည် တစ်ပါးတည်းပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်

လူသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို နီးကပ်စွာ တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်ရမည်။ သူသည် “သိုးသငယ်သွားလေရာရာ အရပ်သို့ လိုက်” သင့်သည်။ ဤလူများသည်သာ မှန်သော လမ်းခရီးကို ရှာဖွေသည့် လူများဖြစ်သည်၊ ၎င်းတို့သာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိသောသူများ ဖြစ်ကြလေသည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို မျက်စိစုံမှိတ် လိုက်လျှောက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အားဖြင့် ပယ်ရှားခြင်းကို ခံရသည့် သူများဖြစ်ကြသည်။ အချိန်ကာလအသီးသီးတွင်၊ ဘုရားသခင်သည် အမှုသစ်ကို စတင်လိမ့်မည် ဖြစ်ပြီး၊ အချိန်ကာလ အသီးသီးတွင်၊ လူသားအလယ် အသစ်သော စတင်မှု တစ်ခု ရှိလိမ့်မည်။ ၎င်းတို့နှင့် သက်ဆိုင်ရာ ခေတ်များကိုသာ အကျိုးသက်ရောက်မှု ရှိသည့် “ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်” နှင့် “ယေရှုသည် ခရစ်တော်ဖြစ်သည်” ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင် မည်သို့ အမှုပြုသည်ဖြစ်စေ၊ လူသားသည် သံသယ စိုးစဉ်းမျှမရှိဘဲ လိုက်လျှောက်ပြီး၊ နီးကပ်စွာ လိုက်လျှောက်လေသည်။ ဤနည်းဖြင့် လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖယ်ရှားခြင်းကို မည်သို့ ခံရနိုင်မည်နည်း။ ဘုရားသခင် မည်သည့် အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ကို လူသားက သေချာပြီး၊ မည်သည့်သံသယမျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပူးပေါင်းဆောင်ရွက်ကာ၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီအောင် ကြိုးစားသရွေ့၊ သူသည် အဘယ်သို့ အပြစ်ဒဏ်ပေး ခံရနိုင်မည်နည်း။ ဘုရားသခင်၏ အမှုသည် ဘယ်သောအခါမျှ ရပ်တန့်သွားခြင်းမရှိ၊ သူ၏ ခြေလှမ်းများသည် ဘယ်သောအခါမျှ ရပ်နားခြင်း မရှိသကဲ့သို့၊ သူ၏ စီမံခန့်ခွဲခြင်း အမှု ပြီးပြည့်စုံခြင်း မတိုင်မီတွင်၊ သူသည် အမြဲ အလုပ်များကာ ဘယ်သောအခါမျှ မရပ်တန့်ချေ။ သို့သော် လူသားက ကွဲပြား၏- သန့်ရှင်းသော ဝိညာဉ်တော်၏ အနည်းငယ်သော အလုပ်ကိုသာ ရရှိပြီးဖြစ်လျက်၊ သူသည် ယင်းကို ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်သည့်အလား သဘောထားလေသည်။ အသိပညာ အနည်းငယ် ရရှိပြီးဖြစ်လျက်၊ သူသည် ရှေ့ထွက်ကာ ဘုရားသခင်၏ သာ၍သစ်လွင်သော အမှု၏ ခြေလှမ်းများနောက် မလိုက်ပေ။ ဘုရားသခင်၏ အမှုအနည်းငယ်ကိုသာ မြင်ရပြီးဖြစ်လျက်၊ သူသည် ဘုရားသခင်ကို သီးသန့် သစ်သားရုပ်ပုံတစ်ခုအဖြစ် ချက်ချင်းသရုပ်ဖော်ပြီး၊ သူ့ရှေ့တွင် သူမြင်ရသည့် ဤပုံသဏ္ဌာန်ဖြင့် ဘုရားသခင်သည် အမြဲ ရှိနေလိမ့်မည်၊ အတိတ်က ဤကဲ့သို့ ဖြစ်ခဲ့ပြီး၊ အနာဂတ်တွင်လည်း ထိုသို့ အမြဲ ဖြစ်နေလိမ့်မည်ဟု သူ ယုံကြည်လေသည်။ အပေါ်ယံ အသိပညာ တစ်ခုကိုသာ ရရှိပြီးဖြစ်လျက်၊ လူသည် အလွန် မာနထောင်လွှားသည်မှာ သူ့ကိုယ်သူ မေ့လျော့ပြီး တကယ်ကို မတည်ရှိသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဖြစ်တည်ခြင်းတို့ကို လက်လွတ်စပယ် စတင် ကြေညာလေသည်၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အဆင့်တစ်ခုနှင့်ပတ်သက်၍ သေချာလာလျက်၊ ဘုရားသခင်၏ အမှုသစ်ကို ကြေညာသည်မှာ မည်သည့်လူစားမျိုးဖြစ်စေ၊ လူသည် ယင်းကို လက်မခံပေ။ ဤသည်တို့မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို လက်မခံနိုင်သည့် လူများ ဖြစ်ကြသည်။ ၎င်းတို့သည် အလွန် ရှေးရိုးစွဲကြပြီး၊ အသစ်သော အရာများကို လက်ခံနိုင်စွမ်း မရှိကြချေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ ငြင်းပယ်ကြသူများလည်း ဖြစ်သည်။ ဣသရေလလူမျိုးတို့သည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို မယုံကြည်ကြ” သည်မှာ မှားယွင်းခဲ့ကြသည်ဟု လူတို့က ယုံကြည်ကြသည်၊ သို့သော် လူအများစုသည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို ငြင်းပယ်” သကဲ့သို့၊ “မေရှိယ၏ ပြန်ကြွလာခြင်းကို တောင့်တသော်လည်း၊ ယေရှုဟုခေါ်သည့် မေရှိယကို ဆန့်ကျင်သည့်” အခန်းကဏ္ဍကို ဆောင်ရွက်နေကြလေသည်။ ထိုအခါ ထိုလူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်တစ်ဆင့်တစ်ခုကို လက်ခံပြီးသည့်နောက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကြဆဲ ဖြစ်ပြီး၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မရရှိကြသေးသည်မှာ မထူးဆန်းပေ။ ဤသည်ကား လူသား၏ ပုန်ကန်မှု ရလဒ် ဖြစ်သည် မဟုတ်ပေလော။ ယနေ့၏ အမှုသစ်ကို အမီမလိုက်ကြသည့် ကမ္ဘာတစ်လွှားရှိ ခရစ်ယာန်များအားလုံးသည် ၎င်းတို့၏ ဆန္ဒအသီးသီးကို ဘုရားသခင်က ဖြည့်ဆည်း ပေးလိမ့်မည်ဟု ယူဆလျက် ၎င်းတို့မှာ ကံကောင်းသောသူများဖြစ်သည်ဟူသည့် ယုံကြည်မှုကို ဆုပ်ကိုင်ထားကြလေသည်။ သို့တိုင် သူတို့စိတ်ကူးထားသည့် နေ့ရက်တွင် ယေရှုသည် ဖြူသောမိုးတိမ်ကို စီးပြီး ဧကန်အမှန် ရောက်လာမည် မရောက်လာမည်ကို လုံးဝ သေချာမှုဖြင့် ၎င်းတို့ ပြောနိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်က ၎င်းတို့ကို အဘယ်ကြောင့် တတိယကောင်းကင်သို့ ခေါ်ဆောင်သွားမည်ကို ၎င်းတို့ သေချာ မပြောနိုင်သကဲ့သို့၊ ဘုရားသခင်က ဖြူသောမိုးတိမ်ကို စီးလျက် ၎င်းတို့ကို လက်ခံဖို့ မည်သို့ ကြွလာမည်ဆိုသည်ကိုလည်း မသေချာကြပေ။ ၎င်းတို့အားလုံးသည် သောကရောက်ပြီး ဘာလုပ်ရမည်မှန်းမသိ ဖြစ်နေကြသည်။ ဘုရားသခင်သည် ဂိုဏ်းဂဏ အသီးသီးမှဖြစ်ကြသည့် ကွဲပြားသော နည်းပါးသည့် လက်တစ်ဆုပ်စာ ဖြစ်သည့် ၎င်းတို့ အသီးသီးကို ခေါ်ဆောင်မည် မခေါ်ဆောင်မည်ကိုပင် ၎င်းတို့ကိုယ်တိုင် မသိရှိကြပေ။ ယခုအချိန် မျက်မှောက်ခေတ်တွင် ဘုရားသခင်ပြုသည့် အမှု၊ ဘုရားသခင်၏ အလို- ဤအရာများထဲမှ မည်သည့်အရာကိုမျှ ၎င်းတို့ သဘောမပေါက်ကြသကဲ့သို့၊ ၎င်းတို့၏လက်ချောင်းများဖြင့် နေ့ရက်များကို ရေတွက်ရုံသာ တတ်နိုင်ကြသည်။ သိုးသငယ်၏ ခြေလှမ်းများကို အဆုံးတိုင် လိုက်လျှောက်သူများသာ နောက်ဆုံး ကောင်းချီးမင်္ဂလာကို ရရှိနိုင်သည်၊ အဆုံးထိ လိုက်မလျှောက်နိုင်သော်လည်း ၎င်းတို့ အလုံးစုံကို ရရှိပြီးဖြစ်သည်ဟု ယုံကြည်ကြသည့် ထို“လူတော်များ” များမှာမူ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သက်သေခံနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အတော်ဆုံးလူများဖြစ်ကြသည်ဟု ၎င်းတို့ အသီးသီးက ယုံကြည်ကြပြီး၊ မည်သည့်အကြောင်းပြချက်မျှ မရှိဘဲ ဘုရားသခင် အမှု၏ ဆက်လက်တိုးတက်ဖွံ့ဖြိုးမှုကို ဖြတ်တောက်ကြကာ၊ “ဘုရားသခင်ကို အဆုံးစွန်သစ္စာရှိသူ၊ ဘုရားသခင်နောက်လိုက်သူနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာသူ” များဖြစ်သည့် ၎င်းတို့ကို ဘုရားသခင်က ကောင်းကင်ဘုံသို့ ခေါ်ဆောင်သွားလိမ့်မည်ဟု မုချသေချာစွာဖြင့် ယုံကြည်ကြပုံရလေသည်။ ၎င်းတို့သည် ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်များကို “အဆုံးစွန်သစ္စာစောင့်သိမှု” ရှိသော်လည်း၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ဆန့်ကျင်ပြီး၊ ဆိုးယုတ်မှုနှင့် လှည့်ဖြားမှုများကို ကျူးလွန်ကြသည့်အတွက်၊ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် အလွန် ရွံရှာစက်ဆုပ်ဖွယ် ဖြစ်နေဆဲ ဖြစ်သည်။ အဆုံးထိတိုင် မလိုက်လျှောက်သော သူများ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အမီမလိုက်သောသူများနှင့်၊ ဟောင်းသော အမှုကိုသာ ဖက်တွယ်သူတို့သည် ဘုရားသခင်အား သစ္စာစောင့်သိခြင်း မရှိကြသည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်လာကြပြီးဖြစ်သည်၊ ခေတ်သစ်၏ ငြင်းပယ်ခြင်းကို ခံရသည့်သူများနှင့် အပြစ်ပေးခံရမည့်သူများ ဖြစ်လာကြပြီးဖြစ်သည်။ ၎င်းတို့ထက်သာ၍ သနားစဖွယ်ကောင်းသည့်အရာ တစ်ခုတစ်လေ ရှိသလော။ ပညတ်တရားဟောင်းကို ပယ်ဖျက်ပြီး အမှုသစ်ကို လက်ခံသူတို့သည် အသိစိတ်မရှိသူများဖြစ်သည်ဟု များစွာသော လူတို့က ယုံကြည်ကြသည်။ “အသိစိတ်” ကိုသာ ပြောဆိုကြပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မသိကြသည့် ဤလူတို့သည် နောက်ဆုံးတွင် ၎င်းတို့ကိုယ်တိုင်၏ အသိစိတ်များက ၎င်းတို့၏ မျှော်လင့်ချက်များ ဖြတ်တောက်သည်ကို ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုသည် အယူဝါဒကို လိုက်နာခြင်းမရှိသကဲ့သို့၊ ယင်းသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှု ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ ဘုရားသခင်က မဖက်တွယ်သေးပေ။ ငြင်းပယ်ခံရသင့်သည့်အရာသည် ငြင်းပယ်ခံရပြီး၊ ဖယ်ထုတ်ခံရသင့်သည့်အရာသည် ဖယ်ထုတ်ခြင်း ခံရပေသည်။ လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ သေးငယ်သည့် အစိတ်အပိုင်းတစ်ခုကိုသာ ဆုပ်ကိုင်ခြင်းအားဖြင့် မိမိကိုယ်ကိုယ် ဘုရားသခင်အား ရန်လိုမှုတွင် ရှိစေကြသည်။ ဤသည်မှာ လူသား၏ ရယ်ဖွယ်ကောင်းခြင်းတစ်ခု မဟုတ်လော။ ဤသည်မှာ လူသား၏ မသိနားမလည်မှု မဟုတ်လော။ လူသားများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ မရရှိမည်ကို ကြောက်ရွံ့သောကြောင့်၊ ၎င်းတို့သည် တွန့်ဆုတ်ပြီး လိုသည်ထက် ပိုသတိရှိလေလေ၊ ၎င်းတို့သည် သာ၍ ကြီးမားသော ကောင်းချီးမင်္ဂလာများနှင့် နောက်ဆုံး ကောင်းချီးမင်္ဂလာများကို သာ၍ ရရှိနိုင်စွမ်း မရှိလေ ဖြစ်သည်။ ပညတ်တော်ကို စုံမှိတ်ပြီး လိုက်နာသည့် သူအားလုံးသည် ပညတ်တော်အပေါ် အဆုံးစွန် သစ္စာစောင့်သိမှုကို ပြသကြပြီး ၎င်းတို့သည် ပညတ်တော်အပေါ် ထိုသို့သော သစ္စာစောင့်သိမှုကို ပြသလေလေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် ပုန်ကန်သူများ သာ၍ဖြစ်လေလေ ဖြစ်သည်။ အကြောင်းမှာ ယခုသည် နိုင်ငံတော်ခေတ် ဖြစ်ပြီး ပညတ်တော်ခေတ် မဟုတ်သကဲ့သို့၊ ယနေ့အမှုနှင့် အတိတ်က အမှုတို့ကို တစ်ချိန်တည်းတွင် ဖော်ပြ၍ မရနိုင်သကဲ့သို့၊ အတိတ်က အမှုကိုလည်း ယနေ့အမှုနှင့် နှိုင်းယှဉ်၍ မရသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် ပြောင်းလဲပြီးဖြစ်ကာ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည်လည်း ပြောင်းလဲပြီး ဖြစ်သည်။ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည် ပညတ်တော်ကို ကိုင်စွဲထားရန် သို့မဟုတ် လက်ဝါးကပ်တိုင်ကို ထမ်းထားရန် မဟုတ်တော့ပေ၊ ထို့ကြောင့် ပညတ်တော်နှင့် လက်ဝါးကပ်တိုင်အပေါ် လူတို့၏ သစ္စာစောင့်သိမှုသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိမည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး ပြီးဆုံးခါနီးအချိန်တွင်၊ ဘုရားသခင်သည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားလိမ့်မည်။ လူသားကို ဖန်ဆင်းရှင်၏ လက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆုံးတွင် သူသည် လူသားကို သူ၏ အုပ်စိုးမှုအောက် လုံးဝ ပြန်ပို့ရမည် ဖြစ်သည်။ ဤသည်မှာ အမှု၏ အဆင့်သုံးဆင့် အဆုံးသတ် ဖြစ်သည်။ နောက်ဆုံးသောကာလ အမှု၏ အဆင့်နှင့် ဣသရေလနှင့် ယုဒပြည်တို့ရှိ ယခင်အမှု၏ အဆင့် နှစ်ဆင့်တို့သည် စကြဝဠာ တစ်ခုလုံးရှိ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် ဖြစ်သည်။ ဤအရာကို မည်သူမျှ မငြင်းနိုင်သကဲ့သို့ ယင်းသည် ဘုရားသခင့် အမှု၏ အမှန်တရား ဖြစ်သည်။ လူတို့သည် ဤအမှုကို များစွာ တွေ့ကြုံခြင်း၊ သို့မဟုတ် မျက်မြင်တွေ့ခြင်း မရှိသော်လည်း၊ အမှန်တရားများသည် အမှန်တရားများသာ ဖြစ်ဆဲဖြစ်ပြီး၊ ဤသည်ကို မည်သည့်လူသားကမျှ ငြင်းဆို၍မရနိုင်ပေ။ စကြဝဠာ၏ တိုင်းပြည်တိုင်း၌ ရှိကြကုန်သော ဘုရားသခင်ကို ယုံကြည်သူ အားလုံးတို့သည် အမှု၏အဆင့်သုံးဆင့်ကို လက်ခံကြလိမ့်မည်။ သင်သည် အမှု၏ သီးသန့်အဆင့် တစ်ဆင့်ကိုသာသိပြီး အမှု၏အခြားအဆင့် နှစ်ဆင့်ကို နားမလည်ပါက၊ အတိတ်အချိန်ကာလများရှိ ဘုရားသခင်၏အမှုကို နားမလည်ပါက၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းတွင် သင်သည် သူ့ကို မသိ သို့မဟုတ် နားမလည်သောကြောင့်၊ သင်သည် ဘုရားသခင်ကို သက်သေခံဖို့ မသင့်တော်သည့်အတွက်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်တစ်ရပ်လုံး၏ သမ္မာတရား တစ်ရပ်လုံးကို ပြောနိုင်ခြင်း မရှိသကဲ့သို့ ဘုရားသခင်နှင့်ဆိုင်သည့် သင်၏ အသိပညာသည် တစ်ဖက်သတ် ဖြစ်လေသည်။ ဤအရာများနှင့်ဆိုင်သည့် သင်၏ လတ်တလော အသိပညာသည် နက်နဲသည်ဖြစ်စေ၊ အပေါ်ယံဖြစ်စေ၊ အဆုံးတွင် သင်တို့သည် အသိပညာရှိရမည် ဖြစ်ပြီး၊ သင်တို့အနေဖြင့် လုံးလုံးလျားလျား လက်ခံယုံကြည်ရမည် ဖြစ်ကာ၊ လူအားလုံးသည် ဘုရားသခင်၏ အမှု အလုံးစုံကို မြင်တွေ့ပြီး၊ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံကြလိမ့်မည်။ ဤအမှု၏ အဆုံးတွင် ဘာသာတရား အားလုံးသည် တစ်ခုတည်းဖြစ်လာလိမ့်မည် ဖြစ်ပြီး၊ သတ္တဝါ အားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ ပြန်လာကြလိမ့်မည်။ သတ္တဝါအားလုံးသည် စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ကို ကိုးကွယ်ကြလိမ့်မည် ဖြစ်ပြီး၊ ဆိုးယုတ်သော ဘာသာတရားအားလုံးသည် မည်သည့်အခါမျှ တစ်ဖန် ပေါ်မလာဘဲ အချည်းနှီး ဖြစ်လာလိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။