သမ္မာကျမ်းစာကို ဖတ်ရှုရာတွင်၊ ပညာသတိရှိသော သတို့သမီးများ၏ ဆီပြင်ဆင်ခြင်းသည် ဆုတောင်းခြင်း၌ စွဲမြဲခြင်းနှင့် အစည်းအဝေးများ တက်ရောက်ရာတွင်၊ သခင့်အတွက် လုံ့လရှိစွာ အလုပ်လုပ်ခြင်း၊ ပြီးလျှင် သခင်၏ ပြန်ကြွလာခြင်းကို နိုးနိုးကြားကြား စောင့်ဆိုင်းခြင်းတို့ကို ရည်ညွှန်းသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ဤသည်မှာ ပညာရှိ သတို့သမီး ဖြစ်ခြင်းကို ဆိုလိုသည့်အရာဖြစ်ပြီး သခင် ပြန်ကြွလာသည့်အခါ၊ ကျွန်ုပ်တို့သည် မင်္ဂလာဆောင်လုလင်ကို ကြိုဆိုကာ သိုးသငယ်၏ ပွဲတော်ကို တက်ရောက်ရကြပါလိမ့်မည်။

07.12.2021

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊ ထိုသတို့သမီးအပေါင်းတို့သည် ထ၍ မီးခွက်များကို ပြင်ဆင်ကြ၏။ မိုက်သောသူတို့က ငါတို့ဆီမီးသေပါပြီ။ သင်တို့ဆီကို အနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ၏။ ပညာရှိသောသူတို့ကလည်း သင်တို့အဖို့နှင့် ငါတို့အဖို့ ဆီမလောက်။ ထို့ကြောင့် ဆီရောင်းသောသူ ရှိရာသို့သွား၍ ကိုယ်သုံးဖို့ဝယ်လျှင် သာ၍ကောင်းသည်ဟု ပြန်ပြောကြ၏။ ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည်လာ၍၊ အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။” (ရှင်မဿဲခရစ်ဝင် ၂၅:၆-၁၀)

“ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)

“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇)

“ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)

“သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။” (ဗျာဒိတ်ကျမ်း ၁၄:၄)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို နီးကပ်စွာ တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်ရမည်။ သူသည် “သိုးသငယ်သွားလေရာရာ အရပ်သို့ လိုက်” သင့်သည်။ ဤလူများသည်သာ မှန်သော လမ်းခရီးကို ရှာဖွေသည့် လူများဖြစ်သည်၊ ၎င်းတို့သာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိသောသူများ ဖြစ်ကြလေသည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို မျက်စိစုံမှိတ် လိုက်လျှောက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အားဖြင့် ပယ်ရှားခြင်းကို ခံရသည့် သူများဖြစ်ကြသည်။ အချိန်ကာလအသီးသီးတွင်၊ ဘုရားသခင်သည် အမှုသစ်ကို စတင်လိမ့်မည် ဖြစ်ပြီး၊ အချိန်ကာလ အသီးသီးတွင်၊ လူသားအလယ် အသစ်သော စတင်မှု တစ်ခု ရှိလိမ့်မည်။ ၎င်းတို့နှင့် သက်ဆိုင်ရာ ခေတ်များကိုသာ အကျိုးသက်ရောက်မှု ရှိသည့် “ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်” နှင့် “ယေရှုသည် ခရစ်တော်ဖြစ်သည်” ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင် မည်သို့ အမှုပြုသည်ဖြစ်စေ၊ လူသားသည် သံသယ စိုးစဉ်းမျှမရှိဘဲ လိုက်လျှောက်ပြီး၊ နီးကပ်စွာ လိုက်လျှောက်လေသည်။ ဤနည်းဖြင့် လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖယ်ရှားခြင်းကို မည်သို့ ခံရနိုင်မည်နည်း။ ဘုရားသခင် မည်သည့် အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ကို လူသားက သေချာပြီး၊ မည်သည့်သံသယမျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပူးပေါင်းဆောင်ရွက်ကာ၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီအောင် ကြိုးစားသရွေ့၊ သူသည် အဘယ်သို့ အပြစ်ဒဏ်ပေး ခံရနိုင်မည်နည်း။ ဘုရားသခင်၏ အမှုသည် ဘယ်သောအခါမျှ ရပ်တန့်သွားခြင်းမရှိ၊ သူ၏ ခြေလှမ်းများသည် ဘယ်သောအခါမျှ ရပ်နားခြင်း မရှိသကဲ့သို့၊ သူ၏ စီမံခန့်ခွဲခြင်း အမှု ပြီးပြည့်စုံခြင်း မတိုင်မီတွင်၊ သူသည် အမြဲ အလုပ်များကာ ဘယ်သောအခါမျှ မရပ်တန့်ချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ “ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။” ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို လူတို့၏ အယူအဆများနှင့် ချိန်ညှိ၍ မရနိုင်ချေ၊ လူသား၏ စေခိုင်းချက်ကြောင့် ပေါ်ထွန်းသည့် ဘုရားသခင် လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌၊ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင် နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည့်အပြင် လူတိုင်း အသိအမှတ်ပြုသင့်သည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်၏ ကိုယ်ပိုင် အယူအဆများကို ထားခဲ့ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ ကိုယ်ပိုင် အကန့်အသတ်များထဲတွင် ထားပြီး သင်၏ကိုယ်ပိုင် အယူအဆများအတွင်း သူ့ကို ကန့်သတ် ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ရှာဖွေရမည်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ လက်ခံရမည်၊ ပြီးလျှင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့ နာခံရမည်တို့ကို သင့်ကိုယ်သင် တောင်းဆိုသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး နာခံသင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

သခင့်ကို ကြိုဆိုနေသည့် ပညာသတိရှိသော သတို့သမီးများက ၎င်းတို့၏ ဉာဏ်ပညာသည် အဓိကအားဖြင့် သခင်၏အသံကို သတိပြုမိခြင်းတွင် တည်ရှိသည်ကို ပြသ၏၊ ယင်းသည် မိုက်မဲသော သတို့သမီးများက မပိုင်ဆိုင်ခဲ့ကြသည့် ဉာဏ်ပညာတစ်ခု ဖြစ်သည်။ သခင်၏အသံကို သတိပြုမိခြင်းသည် ရိုးရှင်းသော ကိစ္စတစ်ခုလော။ အကယ်၍ လူတို့သည် အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများဖြင့် ပြည့်လျှံနေပါက၊ သခင့်အသံကို ၎င်းတို့ကြားသည့်အခါ ချုပ်ချယ်ခံရာကာ ဘောင်ခတ်ခံရလိမ်မည်ဖြစ်ပြီး၊ သခင့်အသံကို သံသယဝင်နိုင်ခြေ ရှိလိမ့်မည်။ ပညာသတိရှိသော သတို့သမီးများသည် သခင်၏အသံကို ကြားကြသည့်အခါ၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများကို ဘေးဖယ်ထားနိုင်ကြ၏။ ဤသည်မှာ သခင်စကားပြောနေခြင်းဖြစ်သည်ကို ၎င်းတို့ သံသယမဝင်ကြ၊ ထို့ကြောင့် သခင့်ကို ၎င်းတို့ကြိုဆိုကြ၏။ ထို့ကြောင့် သခင့်အသံကို သတိပြုနိုင်သောသူတို့သည် ဝိညာဉ်ရေးရာ အမှုအရာများကို နားလည်ကြ၏- ဤအသံ၏ အရင်းအမြစ်က ၎င်းတို့အဖို့ ရှင်းလင်းပြီး၊ ယင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်က စကားပြောနေခြင်းဖြစ်သည်ကို ၎င်းတို့မြင်နိုင်သည်။ ယင်းသည် လုံလောက်ပြီး၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများက ကြီးမားသော ပြဿနာတစ်ခု မဟုတ်တော့ပေ။ ထိုအတောအတွင်းတွင်၊ မိုက်မဲသော သတို့သမီးများမှာ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများကို ၎င်းတို့၏ ဆုံးဖြတ်ချက်များအတွက် အခြေခံတစ်ခုအဖြစ် မှတ်ယူကြပြီး၊ ယင်းတို့ကို သမ္မာတရားအဖြစ် ၎င်းတို့မှတ်ယူကြ၏။ သခင့်အသံကို ၎င်းတို့ကြားသော်လည်း၊ ယင်းကို ငြင်းပယ်ကြသည်၊ ပစ်ပယ်ကြသည်၊ ထို့ကြောင့် သခင့်ကို ကြိုဆိုရန် အခွင့်အရေး ၎င်းတို့ လွဲချော်ကြလေသည်။ ဤသည်မှာ မိုက်မဲသော သတို့သမီးများ ကျရှုံးကြသည့် နေရာဖြစ်သည်။ သို့ဆိုလျှင် ပညာသတိရှိသော သတို့သမီးများက ဆီကို ပြင်ဆင်ခြင်းသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းသည် အဓိကအားဖြင့် အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများဖြင့် ဘောင်ခတ်ခံရခြင်းမရှိဘဲ၊ သခင့်အသံကို အာရုံစိုက်စွာ နားထောင်ခြင်းနှင့် ဤသည်မှာ သခင့်အသံဖြစ်သည်ကို သေချာအောင် လေ့လာစိစစ်ပြီးနောက် မည်သည့်သံသယတို့မျှ မရှိဘဲ သခင့်ကို ကြိုဆိုခြင်းနှင့် လက်ခံခြင်းတို့ကို ရည်ညွှန်းပေသည်- ဤသည်မှာ အရေးအကြီးဆုံး ဖြစ်၏။ သခင့်ကို ကြိုဆိုရာတွင်၊ လူများစွာတို့သည် ဘာသာရေးအယူအဆများဖြင့် ဘောင်ခတ်ခံရ၏။ ယင်းမှာ ၎င်းတို့သည် သခင်၏ ပြန်ကြွလာခြင်းအတွက် စံပုံစံတစ်ခုကို တည်ထောင်နှင့်ပြီးဖြစ်ကာ သေချာအောင် လေ့လာစိစစ်နှင့်ပြီးဖြစ်သည့်အလားဖြစ်ပြီး၊ ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးထင်မြင်မှုများနှင့် သဘောကွဲလွဲသော မည်သည့်အရာကိုမျှ ၎င်းတို့ အရေးမထားကြချေ။ ထိုသို့သော လူများသည် မိုက်မဲလိုက်လေစွတကား။ မှန်သော လမ်းခရီးကို စုံစမ်းစစ်ဆေးပြီးသူ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးဖြစ်ကာ ယင်းတို့သည် သမ္မာတရားဖြစ်သည်ဟု အသိအမှတ်ပြုသော်လည်း ဤပုဂ္ဂိုလ်မှာ လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို လက်မခံသောသူများစွာ ရှိ၏။ ၎င်းတို့သည် သခင့်အပေါ် ဖာရိရှဲတို့ လုပ်ဆောင်ခဲ့ကြသည်ပုံအတိုင်း အတိအကျ ပြုမူကြ၏- ၎င်းတို့သည် အမိုက်မဲဆုံးသော လူများ ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်၊ ဤနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု အသိအမှတ်ပြုသောသူများ၊ ဤသည်မှာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုဖြစ်သည်ဟု သေချာသူများနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်မှာ ကယ်တင်ရှင်ဖြစ်သည်ဟု လက်ခံသောသူများသည် ပညာသတိအရှိဆုံး ဖြစ်၏။ ၎င်းတို့ကို မည်သည့်အရာက ပညာသတိရှိစေသနည်း။ ပထမဦးစွာ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးကို သမ္မာတရားနှင့် ဘုရားသခင်၏ အသံအဖြစ် သိမြင်နိုင်ကြ၏။ ဒုတိယအနေဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားနှင့် ဘုရားသခင်၏အသံဖြစ်သည်ကို ဆုံးဖြတ်ပြီးနောက်တွင်၊ ၎င်းတို့သည် စာတန်ပြောဆိုသည့် အရာအား ဘုရားသခင်ကို ရှုတ်ချပြီး ဆန့်ကျင်သည့် ကောလာဟလများနှင့် ဆိုးယုတ်သော စကားများအဖြစ် ခွဲခြားနိုင်ကာ စာတန်ထံမှလာသော စကားအားလုံးကို အလုံးစုံ ငြင်းပယ်နိုင်ပြီး၊ ဘုရားသခင်တစ်ပါးတည်းသာ သမ္မာတရားဖြစ်သည်ကို ယုံကြည်ကိုးစားနိုင်ကြ၏။ ဤသည်တို့မှာ ပညာသတိရှိသော သတို့သမီးများနှင့်ပတ်သက်သည့် အမြော်အမြင်အရှိဆုံးသော အရာများ ဖြစ်သည်။ သခင့်ကို ၎င်းတို့ ကြိုဆိုကြပြီးနောက်တွင်၊ စာတန်၏ မည်သည့်မုသားများနှင့် မည်သည့်လုပ်ကြံပြောဆိုမှုများကမျှ ၎င်းတို့ကို မလှည့်ဖြားနိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်ကိုသာ ယုံကြည်ကိုးစားကြပြီး ဘုရားသခင်နောက်လိုက်ဖို့ အရာရာတိုင်းကို လိုလိုလားလား ဘေးဖယ်ထားကြကာ၊ ထိုသို့ဖြင့် သခင်ယေရှု၏ နှုတ်ကပတ်တော်များကို အပြည့်အဝ ဖြည့်ဆည်းကြလေသည်- ပညာသတိရှိသော သတို့သမီးများသည် သခင့်ကို ကြိုဆိုခဲ့ကြပြီးဖြစ်၏၊ ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ ပလ္လင်ရှေ့မှောက်သို့ ချီမခံရကြပြီး ဖြစ်သည်။

—အထက်အရပ်မှ မိတ်သဟာယပြုခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။