ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၌ လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံသဘောတရားများမှာ အဘယ်နည်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။ ငါပြောသောအရာမှာ အလွန် ရိုးရှင်းသော်ငြားလည်း၊ သင်တို့အတွက် နှစ်ဆ ခက်ခဲနေပေလိမ့်မည်။ အများစုမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ စီရင်ခြင်းကိုသာ ခံလိုကြသည်။ မရိုးဖြောင့်သောသူများ အတွက် ငါ၌ ကုစားမှု အခြားတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ်မကောင်းပေ။ သင်တို့သည် ရိုးသားဖို့ မည်မျှ ခက်ခဲသည်ကို ငါကောင်းစွာ သိသည်မှာ မှန်ပေ၏။ သင်တို့အားလုံးသည် အလွန် လိမ္မာပါးနပ်ကာ၊ သင်တို့၏သေးနုပ်သော စံပေတံလေးနှင့် လူများကို တိုင်းတာရာတွင် အလွန် ကျွမ်းကျင်လှသောကြောင့် ငါ့အမှုသည် သာ၍ ရိုးရှင်းသွားသည်။ ထို့အပြင် သင်တို့တစ်ဦးစီသည် သင်တို့၏ လျှို့ဝှက်ချက်များကို သင်တို့၏ရင်ခွင်၌ ပိုက်ထွေးထားသည့်အတွက်၊ သို့ဆိုလျှင် သင်တို့ တစ်ဦးပြီးတစ်ဦးကို မီးဖြင့် “သင်ယူဖို့ရန်” ဒုက္ခဆင်းရဲထဲသို့ စေလွှတ်မည်၊ သို့မှသာ ယင်းနောက်တွင် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ ယုံကြည် လာနိုင်မည်ဖြစ်သည်။ နောက်ဆုံး၌ “ဘုရားသခင်သည် သစ္စာစောင့်သိသော ဘုရားသခင်တစ်ပါး” ဆိုသည့် စကားများကို သင်တို့၏ နှုတ်မှ ငါ ဆွဲနုတ်ယူမည် ဖြစ်ပြီး၊ သို့ဖြစ်၍ သင်တို့သည် ရင်ဘတ်စည်တီး၍ “လှည့်ဖျားတတ်သည်မှာ လူသား၏ နှလုံးသားဖြစ်သည်။” ဟု ငိုချင်းချလိမ့်မည်။ ဤအချိန်တွင် သင်တို့ စိတ်အခြေအနေမှာ အဘယ်သို့ ရှိမည်နည်း။ သင်သည် ယခုကဲ့သို့ အောင်မြင်၍ တက်ကြွပျော်မြူးအားရနေလိမ့်မည် မဟုတ်ဟု ငါထင်သည်။ ထို့အပြင် သင်သည် ယခုကဲ့သို့ “သိမ်မွေ့ပြီးနက်နဲ” ရန်မှာ သာ၍ နည်းပေမည်။ တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန် မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” ရှိရန် အလွန် ကြိုးစားသော်လည်း၊ ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ခြိမ်းခြောက်သည့် ဟန်ပန်များ လှပ်ပြလေသည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော် တစ်ဦးဖြစ်ပြီး “အပြန်အလှန် ဆက်ဆံရေးများ” အထူးကျွမ်းကျင်ပါက၊ သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းခရီးကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျ ကျေနပ်စေသည်ဆိုပါက၊ သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်သိသိ အသိဉာဏ်ရှိရှိ အလုပ်လုပ်လျက်၊ အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန် ဝမ်းမြောက်ပါက၊ သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက် ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကို မမျှော်ကိုးဘဲ၊ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည် နိုင်လျှင်၊ သင်သည် မိမိအတွက် မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

မျက်မှောက်ကာလတွင် လူအများစုသည် သူတို့၏ အပြုအမူများကို ဘုရားသခင်ရှေ့သို့ယူလာရန် အထူး ကြောက်ရွံ့နေကြသည်၊ သင့်အနေဖြင့် သူ၏ ဇာတိပကတိကို လှည့်ဖြားနိုင်သော်လည်း၊ သူ၏ ဝိညာဉ်တော်ကို လှည့်ဖြား၍ မရပေ။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို မခံနိုင်သည့် မည်သည့်အရာ မဆိုသည် သမ္မာတရားနှင့် မကိုက်ညီသည့်အတွက် ဘေးဖယ်ထားသင့်သည်၊ သို့မဟုတ်ပါက ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့် အပြစ်ဖြစ်သည်။ ထိုကြောင့် သင် ဆုတောင်းသည့်အခါ၊ သင်၏ညီအစ်ကို၊ ညီအစ်မများနှင့် မိတ်သဟာယ ပြုသည့်အခါ၊ သို့မဟုတ် သင်၏တာဝန်ကို လုပ်ဆောင်ပြီး သင်၏လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ဆောင်ရွက်သည့်အခါ သင်၏စိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် တစ်ချိန်လုံး ဆက်ကပ်ရမည်။ သင်၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သည့် အခါတွင် ဘုရားသခင်သည် သင်နှင့်အတူ ရှိမည်ဖြစ်ပြီး၊ သင်၏ရည်ရွယ်ချက်သည် မှန်ကန်ပြီး ဘုရားအိမ်တော်၏ အလုပ်အတွက် ဖြစ်နေသမျှ၊ သင်၏ လုပ်ဆောင်ချက် အားလုံးကို ဘုရားသခင်သည် လက်ခံပေမည်၊ သင်သည် သင်၏လုပ်ငန်းဆောင်တာကို ဖြည့်ဆည်းဖို့ရန် သင့်ကိုယ်သင် စိတ်ရင်းမှန်ဖြင့် လုံးလုံးလျားလျား ပေးအပ် မြှုပ်နှံထားသင့်သည်။ သင်ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကိုချစ်ပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်း၊ ကွယ်ကာခြင်းနှင့် စေ့စေ့စပ်စပ် စစ်ဆေးခြင်းတို့ကို ရှာဖွေလျှင်၊ အကယ်၍ ထိုအရာများသည် သင်၏ရည်ရွယ်ချက်ဖြစ်လျှင်၊ သင်၏ ဆုတောင်းချက်များသည် ထိရောက်ပေလိမ့်မည်။ ဥပမာအားဖြင့် အစည်းအဝေးများတွင် သင် ဆုတောင်းသည့်အခါ မုသားမပြောဘဲ သင်၏ စိတ်နှလုံးကိုဖွင့်၍ ဆုတောင်းကာ သင်၏စိတ်ထဲရှိသမျှကို ပြောလျှင် သင်၏ ဆုတောင်းချက်များသည် ဧကန်မုချ ထိရောက်ပေလိမ့်မည်။...

ဘုရားသခင်ကိုယုံကြည်သူတစ်ဦး ဖြစ်ရန် သင်ပြုသမျှသော အခြင်းအရာ အလုံးစုံကို ဘုရားသခင် ရှေ့တော်မှောက်သို့ ယူလာ၍ သူ၏စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ခံရမည်ဖြစ်သည်ဟု ဆိုလိုသည်။ အကယ်၍ သင်ပြုသမျှကို ဘုရားသခင်၏ ဝိညာဉ်တော် ရှေ့သို့ ယူလာနိုင်သော်လည်း၊ ဘုရားသခင်၏ ဇာတိပကတိ ရှေ့သို့ မယူလာနိုင်လျှင် သင်သည် ဘုရားသခင် ဝိညာဉ်တော်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို မခံရသေးကြောင်း ပြပေသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကား မည်သူနည်း။ ဘုရားသခင်၏ သက်သေခံခြင်းကို ခံရသော ပုဂ္ဂိုလ်ကား အဘယ်သူနည်း။ သူတို့နှစ်ဦးသည် တစ်ခုတည်း အတူတူပင် ဖြစ်သည် မဟုတ်လော။ အများစု၏အမြင်တွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်ပြီး၊ ဘုရားသခင်က သက်သေခံသောသူမှာ လူသားတစ်ဦးမျှသာ ဖြစ်သည်ဟု ယုံကြည်ကြပြီး ၎င်းတို့ကို သီးခြားအရာနှစ်ခု အဖြစ် မြင်ကြသည်။ သို့သော် သင် ထိုသို့မြင်ခြင်းသည် မှားယွင်းနေသည် မဟုတ်လော။ ဤပုဂ္ဂိုလ်သည် မည်သူ့ကိုယ်စား လုပ်ဆောင်နေသနည်း။ လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူသည် ဝိညာဉ်ရေးရာကို နားမလည်သောသူပင် ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် သူ၏လူ့ဇာတိခံ ဇာတိပကတိမှာ တစ်ခုတည်းဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိတွင် ပေါ်ပေါက်ခြင်း ဖြစ်၍ဖြစ်သည်။ အကယ်၍ ဤပုဂ္ဂိုလ်သည် သင်၏အပေါ် ကြင်နာမှုမရှိလျှင် ဘုရားသခင်၏ ဝိညာဉ်သည်လည်း ကြင်နာမည်လော။ သင့်စိတ် ရှုပ်ထွေးနေသည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်မခံနိုင်သောသူများသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိနိုင်မည်မဟုတ်ပေ၊ ထို့အပြင် လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူတို့သည် စုံလင်စေခြင်း မခံရနိုင်ပေ။ သင်၏လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ရှေ့တော်သို့ ယူဆောင် လာနိုင်မည်လော ဟူသည်ကို ကြည့်လော့။ သင်၏ လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ ရှေ့တော်သို့ မယူဆောင် လာနိုင်ပါက၊ သင်သည် ဒုစရိုက်ကိုပြုသောသူတစ်ဦး ဖြစ်ကြောင်း ယင်းက ပြနေသည်။ ဒုစရိုက်ကိုပြုသောသူများသည် စုံလင်စေခြင်း ခံရနိုင်မည်လော။ သင်ပြုသမျှအားလုံး၊ လုပ်ရပ်များအားလုံး၊ ရည်ရွယ်ချက် အားလုံးနှင့် တုံ့ပြန်မှုများအားလုံးကို ဘုရားသခင်ရှေ့သို့ ယူဆောင် လာရမည်။ သင်၏ နေ့စဉ် ဝိညာဉ်ရေးရာအသက်တာတွင်ပင်- သင်၏ ဆုတောင်းခြင်းများ၊ ဘုရားသခင်နှင့်နီးကပ်မှုများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုခြင်း၊ ထို့ပြင် အသင်းတော်အတွင်းရှိ သင်၏အသက်တာနှင့် သင်၏ တွဲဖက်ဆောင်ရွက်၍ အစေခံခြင်းတို့ကို ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို ခံရန်အတွက် သူ၏ ရှေ့တော်သို့ ယူဆောင်လာနိုင်သည်။ သင့်အား ဘဝတွင် ရင့်ကျက်သူတစ်ဦး ဖြစ်လာစေရန် ကူညီမည့် အရာသည် ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်ခံခြင်းဖြစ်စဉ်သည် သန့်စင်ခြင်းဖြစ်စဉ် ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံနိုင်လေလေ၊ သင်စင်ကြယ်ခြင်း ခံရလေလေ ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီလေလေ ဖြစ်သဖြင့် ကာမဂုဏ်လွန်ကြူးခြင်းနှင့် အပျော်အပါးလိုက်စားခြင်း၏ ဆွဲဆောင်ခြင်းနောက် မလိုက်ဘဲ၊ သင်၏ စိတ်နှလုံးသည်လည်း ကိုယ်တော်၏မျက်မှောက်တွင် နေထိုင်ပေလိမ့်မည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို သင်လက်ခံလေလေ၊ စာတန် အရှက်ရလေလေဖြစ်ပြီး သင်သည် ဇာတိပကတိကို ပစ်ပယ်နိုင်လေလေ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အကဲခတ်ခြင်းကို လက်ခံခြင်းသည် လူတို့ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ မည်ကဲ့သို့သော အမှုအရာများကို သင်ပြုလုပ်နေပါစေ၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုသည့် အခါ၌ပင်လျှင်၊ သင်သည် သင်၏လုပ်ရပ်များကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍၊ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို တောင်းခံကာ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို နာခံရန် ရည်မှန်းနိုင်သည်၊ ယင်းသည် သင်လက်တွေ့လုပ်ဆောင်သည့် အရာကို ပိုမိုမှန်ကန်စေ ပေလိမ့်မည်။ သင်ဆောင်ရွက်သမျှကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံမှသာလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်၌ အသက်ရှင်နေသူတစ်ဦး ဖြစ်နိုင်ပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်

ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ အရေးကြီးဆုံးသောအပိုင်းမှာ သင်၏စိတ်နှလုံးက ဘုရားသခင်ထံ ပွင့်လင်းရမည့်အကြောင်းပင် ဖြစ်သည်။ ထို့နောက်တွင် သင်သည် အခြားလူတို့ထံ ပွင့်လင်းတတ်ရန်၊ ရိုးသားစွာနှင့် မှန်ကန်စွာ ပြောဆိုရန်၊ သင်၏စိတ်နှလုံးထဲ ရှိသည့်အရာကို ပြောရန်၊ ဂုဏ်သိက္ခာ၊ သမာဓိနှင့် အကျင့်စာရိတ္တတို့ဖြင့် ပြည့်စုံသော လူတစ်ဦးဖြစ်ရန်နှင့် အရည်မရအဖတ်မရ၊ မဟုတ်မမှန် စကားပြောဆိုခြင်းမပြုရန် သို့မဟုတ် သင့်ကိုယ်သင် ဖုံးကွယ်ထားဖို့၊ အခြားသူများကို လှည့်ဖြားဖို့ စကားလုံးများကို အသုံးမပြုရန် သင်ယူနိုင်လာမည် ဖြစ်သည်။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းတွင် ပါဝင်သည့် နောက်ထပ် လက်တွေ့လုပ်ဆောင်ခြင်း သွင်ပြင်လက္ခဏာတစ်ရပ် ရှိသေး၏၊ ယင်းမှာ တစ်ဦးတစ်ယောက်သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် ရိုးသားသော သဘောထားတစ်ခု ခံယူရမည်ဖြစ်ပြီး ယင်းကို ရိုးသားသော စိတ်နှလုံးတစ်ခုဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။ သင်သည် အခြေခံသဘောတရားများနှင့် ကိုက်ညီရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ လက်တွေ့လုပ်ဆောင်မှုတွင် အကောင်အထည်ဖော်ရမည်။ ယင်းသည် စကားပြောဆိုခြင်း ကိစ္စရပ်တစ်ခုမျှ မဟုတ်သကဲ့သို့ သဘောထားတစ်ခုခုရှိပြီး၊ ထို့နောက် သင်အနားယူစဉ် အခြားသူများအား အမှုအရာများကို သွားလုပ်ဆောင်ဖို့ ပြောရန်မျှ မဟုတ်ပေ။ သင်အနားယူနေစဉ်တွင် ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ လက်တွေ့အရှိတရားမှာ အဘယ်နည်း။ မည်သည့်လက်တွေ့အရှိတရားကိုမျှ ပိုင်ဆိုင်ခြင်းမရှိဘဲ ဆောင်ပုဒ်များကို ဟစ်အော်ခြင်းမျှသည် အလုပ်ဖြစ်လိမ့်မည်မဟုတ်။ ဘုရားသခင်သည် လူသားကို စေ့စေ့စပ်စပ် စစ်ဆေးပြီး၊ လူသား၏ အတွင်းကျကျ စိတ်နှလုံးကို စေ့စေ့စပ်စပ် စစ်ဆေးခြင်းနှင့် လူသား၏ အတွင်းစိတ်နှလုံးကို မြင်ခြင်းတို့အပြင် သူသည် လူသား၏ အပြုအမူနှင့် သူ၏လက်တွေ့လုပ်ဆောင်မှုများကိုလည်း တွေ့မြင်၏။ သင်၏ အတွင်းစိတ်နှလုံးတွင် တစ်စုံတစ်ရာကို သင်တွေးမိသော်လည်း ယင်းကို လက်တွေ့မလုပ်ဆောင်ပါက၊ ဤသည်မှာ ရိုးသားသော လူတစ်ဦး၏ အမူအရာ ဖြစ်သလော။ ထိုသို့လုပ်ဆောင်ခြင်းသည် အပြောတစ်မျိုး၊ အတွေးတစ်မျိုးဖြစ်ခြင်း ဖြစ်သည်။ ယင်းမှာ သင့်ကို ကြည့်ကောင်းစေသည့် အရာများကို လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ယင်းသည်- ကျမ်းစာများကို ဖတ်ရှုရာတွင် ပြောင်မြောက်ပြီး ထိုကျမ်းစာများကို အမြီးပြန်ခေါင်းပြန် သိကျွမ်းခဲ့ကြသည့် ဖာရိရှဲများကဲ့သို့- အခြားသူများကို သင်၏စကားများဖြင့် အရူးလုပ်ခြင်းဖြစ်သည်။ သို့သော်၊ လက်တွေ့လုပ်ဆောင်ဖို့ အချိန်ကျလာသည့်အခါ၊ အဖိုးအခတစ်ခုကို ပေးရမည်ဖြစ်ပြီး အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို စွန့်ရမည့်အခါ၊ ၎င်းတို့သည် ထိုသို့မလုပ်ဆောင်ခဲ့ကြပေ၊ ထို့ပြင် ဘုရားသခင်ကို ၎င်းတို့စတင်ဝေဖန်ခဲ့ကြပြီး သူ့ကို ရှုတ်ချခဲ့ကြကာ သူ၏ရာထူးအတွက် တုပြိုင်ခဲ့ကြသည်။ ယင်းကို ဘုရားသခင်က စက်ဆုပ်ဖွယ်အဖြစ် မြင်ခဲ့၏။ ယင်းမှာ လျှောက်ဖို့ ကောင်းမွန်သည့် လမ်းတစ်ခု မဟုတ်ခဲ့ပေ။ အခြားသူများသည် ဤလူစားမျိုးကို ယုံကြည်ကိုးစားနိုင်မည်လော။ (မကိုးစားနိုင်ပါ။)

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်” မှ

ရိုးသားသောလူတစ်ဦးဖြစ်ဖို့ လက်တွေ့လုပ်ဆောင်သည့်အခါ၊ လူတစ်ဦးသည် ၎င်း၏စိတ်နှလုံးထဲတွင် ရှိသည့်အရာကို ဘုရားသခင်အား ပြောပြလျက် ၎င်းတို့၏စိတ်နှလုံးကို ဘုရားသခင်ထံဖွင့်ပြပြီး နေ့စဉ် ဆုတောင်းဖို့ ဦးစွာ သင်ယူရမည် ဖြစ်သည်။ ယနေ့ သင်သည် မဟုတ်မမှန် ပြောဆိုမိခဲ့သည်၊ မည်သူမျှ ယင်းကို မသိကြသေးဘဲ၊ သင်သည် လူတိုင်းကို ပွင့်လင်းစွာပြောပြဖို့လည်း သတ္တိမမွေးနိုင်သေးပေဟု ဆိုပါစို့။ အနည်းဆုံးအနေဖြင့် ယနေ့သင်၏အပြုအမူတွင် သင် စိစစ်ပြီး တွေ့ရှိထားသည့် အမှားများ၊ မုသားများနှင့် အလိမ်အညာများကို ဘုရားသခင်ထံ ချက်ချင်းယူသွားပြီး သင်၏အပြစ်များကို ဝန်ခံရမည်၊ ပြီးလျှင် “အို ဘုရားသခင် ကျွန်ုပ် မုသား တစ်ဖန် ပြောမိခဲ့ပါသည်။ ကျွန်ုပ်သည် တစ်စုံတစ်ရာအတွက် လုပ်ဆောင်ခဲ့မိပါသည်။ ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ဖို့ ကိုယ်တော့်ကို ကျွန်ုပ် အသနားခံတောင်းလျှောက်ပါသည်။” ဟု ပြောလော့။ သင်၌ ထိုသို့သော သဘောထားတစ်ခု ရှိပါက၊ ဘုရားသခင်သည် သင့်ကို လက်ခံလိမ့်မည်ဖြစ်ပြီး၊ သူသည် ဤသည်ကို မှတ်မိလိမ့်မည်။ လိမ်ညာခြင်းနှင့်သက်ဆိုင်သည့် ချွတ်ယွင်းချက် သို့မဟုတ် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖြေရှင်းဖို့ သင့်အတွက် အလွန် အားသွန်ခွန်စိုက်လုပ်ရပြီး ပင်ပန်းခက်ခဲကောင်း ခက်ခဲလိမ့်မည်၊ သို့ရာတွင် စိတ်မပူလေနှင့်၊ ဘုရားသခင်သည် သင်နှင့်အတူရှိသည်၊ ပြီးလျှင် ဘုရားသခင်သည် သင်မုသားများမပြောဖို့ သို့မဟုတ် သင် မုသားများပြောခဲ့သည်ကို အသိအမှတ်ပြုဖို့၊ သင်မည်သည့်မုသားများကို ပြောခဲ့သည်၊ ပြီးလျှင် သင် အဘယ့်ကြောင့် လိမ်ခဲ့သည်၊ ပြီးလျှင် သင်၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များသည် မည်သည့်အရာများ ဖြစ်ခဲ့သည်တို့ကို အသိအမှတ်ပြုဖို့၊ သင်သည် ရိုးသားသည့် သူတစ်ဦး မဟုတ်သည်ကို အသိအမှတ်ပြုဖို့၊ သင်သည် လှည့်စားတတ်သော သူတစ်ဦး ဖြစ်သည်ကို အသိအမှတ်ပြုဖို့၊ သင့်အား သတ္တိပေးလျက်၊ ဤထပ်တလဲလဲ ပေါ်ပေါက်သည့် အခက်အခဲကို သင်ကျော်ဖြတ်ဖို့ သင့်အား လမ်းညွှန်ပြီး ကူညီလိမ့်မည်။ ပြီးလျှင် ဤအဟန့်အတားကို အောင်နိုင်ကျော်လွှားဖို့နှင့် စာတန်၏ လှောင်အိမ်ထဲမှ လွတ်မြောက်ပြီး ၎င်း၏ ထိန်းချုပ်မှုမှ ဝေးရာသို့သွားဖို့ သတ္တိကို သင့်အား သူပေးလိမ့်မည်ဖြစ်သည်။ ဤနည်းဖြင့် သင်သည် အလင်းတွင်၊ ဘုရားသခင်၏ လမ်းပြမှုနှင့် ကောင်းချီးမင်္ဂလာ အောက်တွင် ဖြည်းဖြည်းချင်း ရှင်သန်လာလိမ့်မည်။ ဇာတိခန္ဓာဆိုင်ရာ အကန့်အသတ်များ၏ ဤအဟန့်အတားကို အောင်နိုင်ကျော်လွှားပြီးဖြစ်ကာ သမ္မာတရားကို ကျိုးနွံနာခံနိုင်သည့်အခါ၊ သင်သည် လွတ်လပ်လာပြီး လွတ်မြောက်လာလိမ့်မည်။ ဤနည်းဖြင့် သင်ရှင်သန်သည့်အခါ၊ လူများကသာမက၊ ဘုရားသခင်ကပါ သင့်ကို နှစ်သက်လာလိမ့်မည်။ သင်သည် တစ်ခါတစ်ရံတွင် မှားယွင်းသော အပြုအမူများကို လုပ်နိုင်စွမ်းရှိနေဆဲဖြစ်ပြီး မုသားများကို တစ်ခါတစ်ရံတွင် ပြောနိုင်စွမ်းရှိဆဲဖြစ်ကာ၊ သင်ကိုယ်တိုင်၏ ရည်ရွယ်ချက်များအပြင်၊ တစ်ကိုယ်ကောင်းဆန်သော ကြံရွည်ချက်များနှင့် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်များနှင့် စိတ်ကူးတို့ တစ်ခါတစ်ရံတွင် ရှိဆဲဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် စိစစ်ခြင်းကို လက်ခံနိုင်ပြီး၊ သင်၏စိတ်နှလုံး၊ သင်၏ စစ်မှန်သော အခြေအနေနှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ဘုရားသခင်၏ ရှေ့မှောက်တွင် ထုတ်ဖော်ပြနိုင်မည် ဖြစ်သည်၊ ထို့ကြောင့် သင်၌ မှန်ကန်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းရှိလိမ့်မည်။ သင်၏လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းသည် မှန်ကန်ပြီး၊ သင်၏ ရှေ့ဆက်ဦးတည်ရာက မှန်ကန်ပါက၊ သင်၏အလားအလာများသည် နှစ်သက်ဖွယ်ဖြစ်ပြီး တောက်ပလိမ့်မည်။ ဤနည်းဖြင့် သင်သည် စိတ်အေးသက်သာမှုဖြင့် ရှင်သန်လိမ့်မည်။ သင်၏ ဝိညာဉ်သည် အားဖြစ်စေခြင်းခံရလိမ့်မည်ဖြစ်ပြီး၊ သင်သည် ကြွယ်ဝခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရမည်။ ဇာတိပကတိဆိုင်ရာ အကန့်အသတ်များ၏ ဤအဟန့်အတားကို သင် အောင်နိုင်မကျော်လွှားနိုင်ဘဲ၊ စိတ်ခံစားချက်များနှင့် စာတန်၏ ဒဿနများတွင် အမြဲ နစ်မြုပ်နေပြီး၊ သင်၏ စကားနှင့် လုပ်ဆောင်ချက်များသည် မည်သည့်အခါမျှ လူအများမြင်သာခြင်း မရှိဘဲ၊ အမြဲ ခိုးကြောင်ခိုးဝှက်နှင့် လျှို့ဝှက်ပါက၊ သင်သည် စာတန်၏အုပ်စိုးမှုအောက်တွင် ရှင်သန်နေသူတစ်ဦး ဖြစ်လေသည်။ သင်သည် သမ္မာတရားကို နားလည်ပြီး ဇာတိပကတိဆိုင်ရာ အကန့်အသတ်များ၏ အဟန့်အတားကို အောင်နိုင် ကျော်လွှားနိုင်ပါက၊ သင်သည် လူသားပုံသဏ္ဌာန်တစ်ခု ဖြည်းဖြည်းချင်း ရှိလာပေသည်။ သင်သည် ပွင့်လင်းစွာနှင့် ရိုးရိုးစင်းစင်း စကားပြောပြီး ပြုမူသည်၊ ပြီးလျှင် လူတိုင်းက ရှင်းလင်းစွာ တွေ့မြင်နိုင်ဖို့အလို့ငှာ၊ သင်၌ရှိနိုင်သည့် အမြင်ရှုထောင့် သို့မဟုတ် အတွေးအခေါ် တစ်စုံတစ်ရာ သို့မဟုတ် သင်ပြုခဲ့သည့် အမှားတစ်စုံတစ်ရာ တို့ကို အခြားသူများကို ပြသသည်၊ ပြီးလျှင် နောက်ဆုံးတွင် သင်သည် ရိုးစင်းသူတစ်ဦး ဖြစ်သည်ဟု ၎င်းတို့က ပြောကြလိမ့်မည်။ ရိုးစင်းသူတစ်ဦးဟူသည် အဘယ်နည်း။ ယင်းမှာ မုသားများမပြောသူ၊ စကားတွင် အလွန့်အလွန် ရိုးသားသည့်သူနှင့် သူ၏စကားများကို လူတိုင်းက မှန်သည်ဟု ယုံကြည်ကြသည့် သူတစ်ဦး ဖြစ်သည်။ ၎င်းတို့က မရည်ရွယ်ဘဲ မုသားတစ်ခုပြောလျှင်ပင် သို့မဟုတ် အမှားတစ်ခုခု ပြောလျှင်ပင်၊ ၎င်းတို့သည် မရည်ရွယ်ဘဲ လုပ်ဆောင်ခြင်းဖြစ်သည်ကို သိသဖြင့်၊ လူတိုင်းက ၎င်းတို့ကို ခွင့်လွှတ်ကြသည်။ ၎င်းတို့ ယင်းကို သတိပြုမိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် တောင်းပန်ဖို့နှင့် အမှားပြင်ဖို့ ပြန်လာကြလိမ့်မည်။ ဤသည်မှာ ရိုးစင်းသည့်လူတစ်ဦးဖြစ်သည်။ လူတိုင်းက ဤလူစားမျိုးကို နှစ်သက်ပြီး ယုံကြည်နိုင်ကြသည်။ သင်သည် ဤအဆင့်သို့ရောက်ပြီး၊ ဘုရားသခင်နှင့် အခြားသူများ၏ ယုံကြည်မှုကို ရသည့်အခါ၊ ရိုးရှင်းသည့် အလုပ်တာဝန်တစ်ခုကို ပြီးမြောက်သွားခဲ့ခြင်း ဖြစ်မည် မဟုတ်ချေ၊ ဤသည်မှာ လူတစ်ဦး ရရှိနိုင်သည့် အမြင့်မားဆုံး ဂုဏ်သိက္ခာ ဖြစ်ပြီး ထိုသို့သော လူများသာလျှင် မိမိကိုယ်ကိုယ် လေးစားမှုရှိကြသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်” မှ

ရိုးသားသည့် လူတစ်ဦးအနေဖြင့်၊ သင်၏ စိတ်နှလုံးကို အယောက်တိုင်း တွေ့မြင်နိုင်ဖို့အလို့ငှာ၊ သင် တွေးနေသည့် အရာအားလုံးကို မြင်နိုင်ပြီး၊ သင်၏ သရုပ်မှန်ကို ရိပ်ခနဲ မြင်နိုင်ဖို့အလို့ငှာ၊ ဦးစွာပထမ သင်၏ စိတ်နှလုံးကို ဖွင့်ပြရမည်။ သင်သည် မိမိကိုယ်ကိုယ် ရုပ်ဖျက်ဖို့ သို့မဟုတ် ကြည့်ကောင်းစေရန် ပြရုပ်တင်ဖို့ မကြိုးစားရ။ ထိုအခါမှသာ လူတို့သည် သင့်ကို ယုံကြည်ပြီး ရိုးသားသည်ဟု ယူဆကြလိမ့်မည်။ ဤသည်မှာ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်ဖြစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ သင်သည် အမြဲဟန်ဆောင်လျက်ရှိ၏၊ သန့်ရှင်းခြင်း၊ မွန်မြတ်ခြင်း၊ ကြီးမြတ်ခြင်း ရှိကြောင်း အမြဲအယောင်ဆောင်ပြီး၊ စာရိတ္တမြင့်မားသော အရည်အသွေးများ ရှိကြောင်း အယောင်ဆောင်၏။ သင်သည် လူတို့အား သင်၏ဖောက်ပြန်ပျက်စီးခြင်းနှင့် သင်၏ချွတ်ယွင်းချက်များကို အမြင်မခံပေ။ ၎င်းတို့က သင်သည် ဖြောင့်မတ်ခြင်း၊ ကြီးမြတ်ခြင်း၊ မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံခြင်း၊ ဘက်မလိုက်ခြင်းနှင့် အတ္တကင်းခြင်းရှိသည်ဟု ထင်ကြစေရန် သင်သည် လူတို့အား ဟန်ဆောင်ထားသော ရုပ်သွင်ကို ပြ၏။ ဤသည်မှာ လှည့်ဖြားခြင်း ဖြစ်၏။ အယောင်ဆောင်ခြင်း မပြုနှင့်၊ ပြီးလျှင် သင့်ကိုယ်သင် ပြရုပ်တင်ခြင်းမပြုနှင့်။ ထိုသို့ပြုမည့်အစား အခြားသူများ မြင်ဖို့အတွက် မိမိကိုယ်ကိုယ်နှင့် သင်၏စိတ်နှလုံးကို ဖွင့်ချပြလော့။ သင်သည် အခြားသူများမြင်စေရန် သင်၏စိတ်နှလုံးကို ဖွင့်ဟပြနိုင်ပြီး သင်၏အတွေးများနှင့် အစီအစဉ်များအားလုံး- အပြုသဘောဆောင်သော အရာနှင့် အပျက်သဘောဆောင်သော အရာနှစ်ခုလုံးကို ဖွင့်ဟပြနိုင်ပါက၊ သင်သည် ရိုးသားနေခြင်း မဟုတ်လော။ သင်သည် အခြားသူများ မြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟပြနိုင်ပါက၊ ဘုရားသခင်သည်လည်း သင့်ကို မြင်ပြီး “သင်သည် အခြားသူများမြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟပြသောကြောင့် ငါ့ရှေ့တွင်လည်း သင်သည် ဧကန်အမှန်ပင် ရိုးသား၏” ဟု ဆိုလိမ့်မည်။ အကယ်၍ သင်သည် အခြားသူများ မမြင်သည့်အခါ၊ ဘုရားသခင်ထံ၌သာ သင့်ကိုယ်သင် ဖွင့်ဟပြပြီး၊ ကြီးမြတ်ကာ မွန်မြတ်သကဲ့သို့ သို့မဟုတ် ၎င်းတို့နှင့်အတူတူ ရှိသည့်အချိန်တွင် တရားမျှတပြီး ကိုယ်ကျိုးမငဲ့သကဲ့သို့ အစဉ်သဖြင့် ဟန်ဆောင်ပါက၊ ဘုရားသခင်သည် မည်သည့်အရာကို တွေးပြီး ပြောဆိုလိမ့်မည်နည်း။ သူက၊ “သင်သည် အမှန်ပင် လိမ်လည်လှည့်ဖြားတတ်၏၊ သင်သည် အကယ်စင်စစ် သူတော်ကောင်း ဟန်ဆောင်ပြီး သိမ်ဖျင်း၏၊ ထို့အပြင် သင်သည် ရိုးသားသောလူတစ်ဦး မဟုတ်” ဟု ဆိုလိမ့်မည်။ အကယ်၍ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်လိုပါက၊ ဘုရားသခင်ရှေ့ သို့မဟုတ် အခြားသူတို့ရှေ့တွင် မည်သည့်အရာကို သင်လုပ်ဆောင်ပါစေ၊ သင့်ကိုယ်သင် အခြားသူများအား ဖွင့်ပြပြီး ဖော်ထုတ်ပြနိုင်သင့်ပေသည်။ ဤသည်မှာ စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ ယင်းသည် အချိန် လိုအပ်၏။ အတွင်း ရုန်းကန်မှုလိုအပ်ပြီး ငါတို့ စဉ်ဆက်မပြတ် လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည်။ ငါတို့၏ စိတ်နှလုံးများသည် တဖြည်းဖြည်း ဖွင့်ဟလာလိမ်မည့်ဖြစ်ပြီး ငါတို့သည် မိမိတို့ကိုယ်ကိုယ် ဖော်ထုတ်ပြနိုင်ကြလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

သင်၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင်- အပျက်သဘောဆောင်ခြင်း နှင့် အားနည်းချက်ဖြစ်စေ၊ ကိုင်တွယ်ဖြေရှင်းခံရပြီးနောက် မကောင်းသော စိတ်ခံစားမှု တစ်ခုတွင် ရှိနေခြင်းဖြစ်စေ- သင် မည်သည့်အရာကို ကြုံတွေ့ရပါစေ၊ ယင်းကို သင် သင့်တော်စွာ သဘောထားသင့်ပြီး၊ သင်သည် သမ္မာတရားကိုလည်း ရှာဖွေကာ၊ ဘုရားသခင်၏ အလိုတော်ကိုလည်း နားလည်ရမည်။ ဤအမှုအရာများကို လုပ်ဆောင်ခြင်းအားဖြင့်၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင်၌ရှိလိမ့်မည်။ သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင် ကောင်းမွန်စွာ ဆောင်ရွက်လိုပါက၊ သင်၏ စိတ်ခံစားမှု၏ သက်ရောက်မှုကို ခံ၍ မဖြစ်ပေ။ သင်သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်းတို့ကို မည်မျှခံစားနေရပါစေ၊ သင်လုပ်သမျှတွင် ကိုယ်ကျင့်တရားများကို မြဲမြံစွာ လိုက်နာလျက်၊ လုံးဝ တိကျခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည်။ ဤအရာကို သင်ပြုလုပ်ပါက အခြားသူများက သင့်ကို လက်ခံရုံသာမက၊ ဘုရားသခင်ကလည်း သင့်ကို နှစ်သက်တော်မူလိမ့်မည်။ ဤသို့ဖြစ်သဖြင့် သင်သည် တာဝန်ရှိပြီး ဝန်ထုပ် ထမ်းရွက်သောသူ ဖြစ်လိမ့်မည်။ သင်သည် သင်၏တာဝန်ကို စံချိန်မီ အမှန်တကယ် ဖြည့်ဆည်းပြီး၊ စစ်မှန်သော လူတစ်ယောက်၏ ပုံသဏ္ဌာန်အတိုင်း အပြည့်အဝ အသက်ရှင်နေထိုင်သည့်သူ တကယ့် လူကောင်းတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ လူများသည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းနေသည့်အခါ သန့်စင်ခြင်းခံရပြီး စစ်မှန်သည့် ပြောင်းလဲခြင်းကို ရရှိကြကာ၊ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် ရိုးသားသည်ဟု ခေါ်ဆို၍ ရနိုင်ပေသည်။ ရိုးသားသောလူများသာလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်းခြင်းအား အပတ်တကုတ် လုံ့လထုတ်ပြီး ကိုယ်ကျင့်တရားဖြင့် ပြုမူကျင့်ကြံရာတွင် အောင်မြင်နိုင်သည်၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို စံချိန်မီ ဖြည့်ဆည်းနိုင်ပေသည်။ ကိုယ်ကျင့်တရားဖြင့် ပြုမူသည့်လူများသည် ၎င်းတို့ ကောင်းသော စိတ်ခံစားမှုရှိနေချိန်တွင် ၎င်းတို့၏ တာဝန်များကို စေ့စေ့စပ်စပ် ဖြည့်ဆည်းကြသည်။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့် အလုပ်မလုပ်ဘဲ၊ အခြားသူများက ၎င်းတို့အား အထင်ကြီးစေဖို့ မိမိတို့ကိုယ်ကိုယ် မာနမထောင်လွှားကြသကဲ့သို့၊ ကိုယ်ရည်သွေးလည်းမပြကြပေ။ သို့သော် ၎င်းတို့သည် မကောင်းသော စိတ်ခံစားမှုတစ်ခု ရှိနေသည့် အချိန်၌၊ ၎င်းတို့၏ နေ့စဉ် လုပ်ဆောင်ချက် တာဝန်များကို ဤသို့ပင် စိတ်ပါလက်ပါနှင့် တာဝန်ရှိစွာ ပြီးမြောက်စေပြီး၊ ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းကို ထိခိုက်နစ်နာ စေသည့်အရာ တစ်ခုခုကိုဖြစ်စေ၊ ၎င်းတို့ကို ဖိအားအနည်းငယ် ပေးသည့်အရာတစ်ခုခု သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အနှောင့်အယှက် ဖြစ်ပေါ်စေသည့်အရာတစ်ခုခုကို ၎င်းတို့ ကြုံတွေ့ရလျှင်ပင်၊ ၎င်းတို့သည် “ကျွန်ုပ် မည်မျှ ကြီးမားသည့် ပြဿနာကို ရင်ဆိုင်ရပါစေ— ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလျှင်ပင်ဘု— ရားသခင်သည် ကျွန်ုပ်ကို အသက်ဆက် ရှင်သန်ခွင့်ပေးသမျှ ကာလပတ်လုံး၊ ကျွန်ုပ်သည် မိမိ၏ တာဝန်ကို ဖြည့်ဆည်းဖို့ အစွမ်းကုန်ကြိုးစားရန် သန္နိဌာန်ချထားပါသည်။ ဘုရားသခင် ပေးအပ်သည့် ဤတာဝန်နှင့် ကျွန်ုပ်ထိုက်တန်ဖို့၊ ထို့အပြင် ကျွန်ုပ်၏ ခန္ဓာကိုယ်ထဲ ကိုယ်တော် ထည့်ထားပြီးဖြစ်သည့် ဤထွက်သက်ဝင်သက်နှင့် ကျွန်ုပ်ထိုက်တန်ဖို့အလို့ငှာ၊ ကျွန်ုပ် အသက်ရှင်ခွင့်ရသည့် နေ့တိုင်းသည် ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ဖို့ အလွန်အလုပ်ကြိုးစားမည့် နေ့ရက်တစ်ရက် ဖြစ်ပါသည်။ ကျွန်ုပ်သည် မည်မျှ အခက်အခဲကြုံကောင်း ကြုံနေရသည်ဖြစ်ပါစေ၊ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် အရေးအကြီးဆုံးအရာဖြစ်သည့်အတွက် ယင်းကို ဘေးဖယ်ထားပါမည်။” ဟု ပြောလျက်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး၊ ဆုတောင်းနိုင်ဆဲ ဖြစ်ပေသည်။ မည်သည့် လူ၊ အဖြစ်အပျက်၊ အမှုအရာ သို့မဟုတ် ပတ်ဝန်းကျင်တစ်စုံတစ်ရာအားဖြင့် ထိခိုက်ခြင်းကို မခံရသည့်သူများ၊ မည်သည့်စိတ်ခံစားမှု သို့မဟုတ် အပြင်ပန်းအခြေအနေ တစ်စုံတစ်ရာအားဖြင့် ထိန်းချုပ်ခြင်းကို မခံသူများနှင့် ၎င်းတို့ကို ဘုရားသခင် ယုံကြည်စွာပေးအပ်ထားသည့် ၎င်းတို့၏တာဝန်များနှင့် တာဝန်ပေးစေခိုင်းချက်များကို ရှေ့တန်းတင်ထားသူများ— ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိသူများနှင့် သူ့ကို စစ်မှန်စွာ နာခံသူများဖြစ်သည်။ ဤကဲ့သို့သော လူများသည် အသက်ဝင်ရောက်ခြင်းကို ရရှိပြီးဖြစ်ကာ၊ သမ္မာတရားလက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ပြီးဖြစ်ပေသည်။ ဤသည်မှာ သမ္မာတရားကို အသက်ရှင်နေထိုင်ခြင်းနှင့် သက်ဆိုင်သည့် လက်တွေ့အကျဆုံးနှင့် အစစ်မှန်ဆုံးသော ဖော်ပြချက်များ ပင်တည်း။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“အသက်အတွင်း ဝင်ရောက်ခြင်းသည်မိမိ၏တာဝန်များကို ထမ်းဆောင်ခြင်း အတွေ့အကြုံဖြင့် စတင်ရမည်” မှ

သင်သည် မည်သည့်အရာကို ရင်ဆိုင်ရသည်ဖြစ်စေ၊ ဘုရားသခင်က သင့်ကို တိုက်ရိုက်တာဝန်ပေးစေခိုင်းထားသည့်အရာတစ်ခု၊ သို့မဟုတ် သင်ထမ်းဆောင်သင့်သည့် တာဝန်ကိုဖြစ်စေ၊ သို့မဟုတ် တစ်စုံတစ်ယောက်က သင့်အား ပြောပြခဲ့သည့်အရာကိုဖြစ်စေ၊ သင့်ကိုယ်သင် မည်သို့ပြုမူဆောင်ရွက်သည်၊ သို့မဟုတ် ကိစ္စရပ်များကို သင်မည်သို့ကိုင်တွယ်သည်တို့နှင့် သက်ဆိုင်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည် ရိုးသားသောစိတ်နှလုံးဖြင့် အစဉ်ချဉ်းကပ်ရမည်။ ရိုးသားသောစိတ်နှလုံးဖြင့် အမှုအရာများအား ချဉ်းကပ်ခြင်းကို မည်သို့လက်တွေ့လုပ်ဆောင်ရမည်နည်း။ သင်ထင်မြင်သည့်အရာကို ပြောပြီး ရိုးသားစွာ ပြောဆိုလော့။ ရုံးသုံးစကားများကို မပြောဆိုနှင့်။ နားကြားကောင်းစေသည့်၊ မြှောက်ပင့်သည့်၊ သို့မဟုတ် ကြောင်သူတော်ဆန်သည့် အတုအယောင်များကို မပြောဆိုနှင့်။ သင်၏စိတ်နှလုံးတွင်ရှိသော စကားများကို ပြောဆိုပြီး သင်၏စိတ်နှလုံးတွင်ရှိသော စစ်မှန်သည့် အတွေးအမြင်များကို ဖော်ပြလော့— ဤသည်မှာ ရိုးသားသောသူများ လုပ်ရမည့်အရာဖြစ်သည်။ သင်၏စိတ်နှလုံးတွင် ထင်မြင်သောအရာကို မည်သည့်အခါမျှ မပြောလျှင်၊ သို့မဟုတ် ဖွင့်မပြလျှင် သင်၏နှုတ်ခမ်းတွင်ရှိသော စကားလုံးများသည် သင့်စိတ်နှလုံးတွင် သင်ထင်မြင်သောအရာနှင့် မည်သည့်အခါမျှ မတူညီလျှင် ဤသည်မှာ ရိုးသားသူတစ်ယောက်က ပြုမူနေထိုင်သည့်ပုံစံမဟုတ်ပေ။ ဥပမာ သင်သည် တာဝန်တစ်ခုကို ကောင်းမွန်စွာမထမ်းဆောင်ခဲ့ဟု ဆိုပါစို့။ တစ်စုံတစ်ယောက်က မည်သို့ဖြစ်သွားသည်ကို သင့်အားမေးပြီး သင်က “ကျွန်ုပ်သည် တာဝန်ကို ကောင်းမွန်စွာ လုပ်လိုသော်လည်း ဤအကြောင်း၊ သို့မဟုတ် ထိုအကြောင်းကြောင့် မလုပ်ခဲ့ပါ” ဟု ဆိုသည်။ အမှန်တကယ်တွင် သင်သည် အာရုံစိုက်ခြင်းမရှိခဲ့သည်ကို သင်၏စိတ်နှလုံးတွင် သင်သိ၏။ သို့သော် သင်သည် ပွင့်လင်းစွာ၊ ရိုးသားစွာ မပြောဆို၊ တာဝန်ကို သူတစ်ပါးအပေါ် ပုံချသည်၊ ဤသို့မဟုတ်လျှင် တကယ့်အမှန်တရားကို ဖုန်းကွယ်သည့် အကြောင်းပြချက်မျိုးစုံကို ရှာဖွေသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းလော။ ဤသို့ပြောဆိုခြင်းက သင့်ကို ပြေလည်သွားစေနိုင်သော်လည်း သင်၏အတွင်း၌ရှိသော အရာများ ပြေလည်စေရန် သင်ဖွင့်ပြခြင်းမရှိခဲ့ပေ။ ဤအရာက သင့်စိတ်နှလုံး၌ နာမကျန်းဖြစ်စေလိမ့်မည်။ ဤအရာက သင့်စိတ်နှလုံးတွင် အမြစ်တွယ်လျှင် ဤသည်မှာ စိုးရိမ်ရသည့်ကိစ္စဖြစ်သည်။ သင်က “ဤတာဝန်ကို ထမ်းဆောင်စဉ်တွင် ကျွန်ုပ်သည် အနည်းငယ်ပေါ့ဆခဲ့ပြီး အလေးအနက်မထားခဲ့ပါ။ ကျွန်ုပ်သည် အနည်းငယ် အလုပ်ကြိုးစားခဲ့ပြီးနောက် အနည်းငယ် ပေါ့လျော့ခဲ့သည်။ ကျွန်ုပ်စိတ်ကြည်နေသောအခါတွင် အဖိုးအခအနည်းငယ်ပေးဆပ်နိုင်ပြီး စိတ်အလွန်ကြည်လင်ခြင်း မရှိနေသောအခါတွင် အားထုတ်မှု လျော့လာသည်၊ အဖိုးအခပေးဆပ်ရန် ဆန္ဒမရှိဖြစ်လာသည်၊ အချောင်ခိုလာပြီး ရုပ်ပိုင်းဆိုင်ရာ သက်သာမှုများကို လိုချင်တပ်မက်လာသည်။ ထို့ကြောင့် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်မှုတွင် မည်သည့်အရာကိုမျှ မအောင်မြင်ခဲ့ပါ။ ပြီးခဲ့သည့်ရက်အနည်းငယ်တွင် ကျွန်ုပ်သည် မိမိကိုယ်ကို တိုးတက်အောင်ပြုလုပ်နေပြီး ရှေ့လျှောက် ကျွန်ုပ်၏တာဝန်များ၌ ကောင်းသည်ထက် ကောင်းလာစေရန်၊ ကျွန်ုပ်၏ထိရောက်မှုကို တိုးတက်အောင်လုပ်ပြီး ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်ရန် ကျွန်ုပ်ကြိုးပမ်းနေသည်” ဟု ပွင့်လင်းစွာ၊ ရိုးသားစွာ သင်ပြောဆိုရမည်။ ဤတုံ့ပြန်ချက်နှစ်ခုတွင် မည်သည့်တစ်ခုက ရိုးသားသည်ကို ကြားနိုင်သလော။ သင်တို့ မည်သို့ဆိုမည်နည်း။ ပထမတုံ့ပြန်ချက်မှာ ကိုင်တွယ်ဖြေရှင်းခံရမည်ကို ကြောက်ရွံ့သောကြောင့်၊ ပြဿနာတစ်ခုရှိသည်ကို သူတစ်ပါးတို့က သိရှိသွားမည်ကို ကြောက်ရွံ့သောကြောင့်၊ စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသည်ဟု တွေ့ရှိမည်ကို ကြောက်ရွံ့သောကြောင့် ကိုင်တွယ်ဖြေရှင်းခြင်းမခံရရန်အတွက် တာဝန်ကို သူတစ်ပါးအပေါ် ပုံချလျက် အမှန်တရားကို ဖုံးကွယ်ပြီး စွပ်စွဲမှုများကို ချုပ်ထိန်းရန်အတွက် ဆင်ခြေများကို ကြိုတင်ရှာဖွေသောသူတစ်ယောက်ထံမှ ကြိုတင်ဟန့်တားသည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်မှာ ထင်ရှားသည်။ ဤသည်မှာ ၎င်းတို့လိမ်ညာမှု၏ အရင်းအမြစ်ဖြစ်သည်။ ဒုတိယတုံ့ပြန်ချက်မှာ တစ်ဦးတစ်ယောက်က အမှန်တရားကို ပြောနေခြင်းဖြစ်သည်။ ၎င်းကို ကိုင်တွယ်ဖြေရှင်းပြီး ၎င်းသည် တာဝန်ယူသင့်သည်မှာ ဖြစ်သင့်သော်လည်း ဤသည်မှာ သမ္မာတရားဖြစ်သည်။ ဤသည်မှာ လူတို့၏ သာမန်အခြေအနေမျိုးဖြစ်သည်— သင်က မည်သည့်အရာကိုမျှ မပြောလျှင်ပင် လူတို့က သိရှိဦးမည်ဖြစ်သည်။ စကားမပြောဆိုရန် သင်မရွေးချယ်ခဲ့သကဲ့သို့ သင့်ကိုယ်သင် မှန်ကန်ကြောင်းပြဖို့၊ သို့မဟုတ် ကာကွယ်ခုခံဖို့ မရွေးချယ်ခဲ့ပေ။ ဤအစား တိုက်ရိုက်ပြောဆိုခဲ့သည်။ သင်သည် တကယ့်အမှန်တရားကို ဖုံးကွယ်ရန်၊ သို့မဟုတ် သူတစ်ပါးတို့အား လှည့်စားရန် မိမိ၏ကိုယ်ပိုင်ဆင်ခြေတို့ကို တင်းကျပ်စွာ၊ ခေါင်းမာစွာ ဖက်တွယ်နေခြင်းထက် သင့်တွင် ရိုးသားသော သဘောထားတစ်ခုရှိပြီး အပြောင်းအလဲအတွက် အားထုတ်ကြိုးပမ်းနေသည်ဆိုသည်ကို ဤအရာက သက်သေပြသည်။ မည်သည့်လမ်းကြောင်းက မှန်ကန်သနည်း။ ရိုးသားသောသူတို့ လက်တွေ့လုပ်ဆောင်သော လမ်းမှာ မည်သည့်လမ်းနည်း။ ပွင့်လင်းမှုရှိပြီး မိမိကိုယ်ကို ဖွင့်ပြခြင်း၊ ရိုးသားစွာပြောဆိုခြင်း၊ သင်၏တကယ့်အခြေအနေနှင့် တကယ့်ပြဿနာကို ပြန်လည်ပြောပြခြင်း— ဤသည်တို့မှာ ရိုးသားသောသူတို့ လက်တွေ့လုပ်ဆောင်သည့်ပုံစံဖြစ်ပြီး ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းမှာ မှန်ကန်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်” မှ

သင်သည် အခြားသူများနှင့် အပြန်အလှန် ဆက်ဆံသည့်အခါ သင်၏စစ်မှန်သော စိတ်နှလုံးနှင့် စိတ်ရင်းအမှန်ကို ၎င်းတို့သတိမူမိအောင် ဦးစွာ ပြုရမည်။ အကယ်၍ အခြားသူများနှင့် ဆက်သွယ်ပြောဆိုပြီး အတူတကွ အလုပ်လုပ်ရာ၌ တစ်စုံတစ်ဦး၏ စကားများသည် ဝတ်ကျေတမ်းကျေဖြစ်သည်၊ စကားကြီးစကားကျယ်များ ဖြစ်သည်၊ အာလာပသလ္လာပ ဖြစ်သည်၊ မြှောက်လုံးပင့်လုံးများ ဖြစ်သည်၊ တာဝန်မဲ့ပြီး စိတ်ကူးသက်သက် ဖြစ်သည်ဆိုပါက၊ သို့မဟုတ် ၎င်းတို့သည် အခြားသူများ၏ အခွင့်အရေးပေးခြင်း ရရှိရန် ကြိုးစားဖို့သက်သက်သာ ပြောပါက ၎င်းတို့၏စကားများသည် ယုံကြည်စိတ်ချရမှု ကင်းမဲ့လေသည်၊ ပြီးလျှင် ၎င်းတို့သည် အနည်းငယ်မျှပင် စိတ်ရင်းမမှန်ကြပေ။ အခြားသူများသည် မည်သူဖြစ်ပါစေ ဤသည်မှာ ၎င်းတို့၏ ထိုအခြားသူများနှင့် အပြန်အလှန်ဆက်ဆံသည့် ပုံစံဖြစ်သည်။ ထိုသို့သောသူတစ်ဦး၌ ရိုးသားသော နှလုံးသား ရှိသလော။ ဤသည်မှာ ရိုးသားသော လူတစ်ဦး မဟုတ်ပေ။ တစ်စုံတစ်ဦးတွင် ချို့ယွင်းချက်တစ်ခုခု ရှိပြီး ၎င်းတို့က သင့်ကို “ကျွန်ုပ် အလွန်အပျက်သဘောဆောင်ရသည့် အကြောင်းရင်း အတိအကျကို ပြောပါဦး။ ကျွန်ုပ် သဘောကို မပေါက်နိုင်ပါ” ဟု ရိုးသားစွာနှင့် စိတ်ရင်းအတိုင်း ပြောသည်။ အမှန်တွင် သင်သည် သင်၏စိတ်နှလုံးထဲ၌ ၎င်းတို့၏ပြဿနာကို နားလည်သော်လည်း ၎င်းတို့ကို မပြောဘဲ ထိုအစား “ဘာမျှမဟုတ်ပါ။ ကျွန်ုပ်လည်း မကြာခဏ အပျက်သဘောဆောင်လေ့ရှိသည်” ဟု ပြောသည်ဆိုကြစို့။ ဤစကားများသည် ယင်းတို့ကို ကြားရသူအဖို့ ကြီးစွာနှစ်သိမ့်မှုရစေသော်လည်း သင်၏သဘောထားသည် စိတ်ရင်းအတိုင်း ဖြစ်သလော။ မဟုတ်ပေ၊ စိတ်ရင်းအတိုင်း မဖြစ်ပေ။ သင်သည် အခြားသူနှင့် ဝတ်ကျေတမ်းကျေ ဆက်ဆံနေခြင်းဖြစ်သည်၊ ၎င်းတို့ သာ၍ သက်သောင့်သက်သာရှိပြီး နှစ်သိမ့်ရာ ရစေရန်အလို့ငှာ သင်သည် ၎င်းတို့နှင့် ရိုးသားစွာ စကားပြောခြင်းမှ ရှောင်ကြဉ်နေသည်။ ၎င်းတို့သည် ၎င်းတို့၏အပျက်သဘောဆောင်ခြင်းကို စွန့်ခွာနိုင်ဖို့အလို့ငှာ သင်သည် ၎င်းတို့ကို စိတ်အားထက်သန်စွာ ကူညီနေခြင်း မရှိပေ။ ၎င်းတို့ကို နှစ်သိမ့်ဖို့ကြိုးစားပြီး သင်တို့ကြားတွင် မည်သည့်စိတ်ဝမ်းကွဲခြင်း၊ သို့မဟုတ် ပဋိပက္ခမျှ မရှိစေဖို့ သေချာစေရန်အလို့ငှာ သင်သည် ၎င်းတို့နှင့်ပတ်သက်၍ တာဝန်ကျေရုံသာ လုပ်ထားခြင်း ဖြစ်သည်- ဤသည်မှာ ရိုးသားသည့်လူတစ်ယောက် ဖြစ်ခြင်း မဟုတ်ပေ။ ထို့ကြောင့် သင်သည် ဤအခြေအနေမျိုး ကြုံတွေ့သည့်အခါ ရိုးသားသည့်လူတစ်ယောက်အနေဖြင့် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်တွေ့ထားသည့်အရာနှင့် ဖော်ထုတ်ထားသည့် အရာကို ၎င်းတို့အား ပြောပြလော့— “ကျွန်ုပ်တွေ့ထားသည့်အရာနှင့် တွေ့ကြုံထားသည့်အရာကို သင့်အား ပြောပြမည်။ ကျွန်ုပ်ပြောသည့်အရာက မှားသည်၊ မှန်သည်ကို သင်ဆုံးဖြတ်ပါ။ မှားယွင်းနေပါက ယင်းကို သင်လက်ခံဖို့ မလိုပါ။ မှန်ကန်နေပါက သင်လက်ခံမည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ သင်နားထောင်ရခက်သည့်အရာနှင့် သင့်ကို နာကျင်စေသည့်အရာ တစ်စုံတစ်ခုကို ကျွန်ုပ်ပြောပါက သင်သည် ဘုရားသခင်ထံမှ လက်ခံနိုင်မည်ဟု ကျွန်ုပ်မျှော်လင့်သည်။ ကျွန်ုပ်၏ရည်ရွယ်ချက်နှင့် ရည်မှန်းချက်မှာ သင့်ကိုကူညီဖို့သာ ဖြစ်သည်။ ပြဿနာကို ကျွန်ုပ်ရှင်းရှင်းလင်းလင်း မြင်၏— သင်၏သိက္ခာက အထိခိုက်ခံထားရသည်။ မည်သူမျှ သင့်ကို မြှောက်ပင့်မပေး၊ လူတိုင်းက သင့်ကို အထင်သေးသည်ဟုလည်းကောင်း၊ သင်သည် တိုက်ခိုက်ခြင်း ခံရနေရသည်ဟုလည်းကောင်း၊ သင်သည် တစ်ခါမျှ ထိုသို့မတရားသဖြင့် အပြုမခံရဖူးဟုလည်းကောင်း သင်တွေးထင်သည်။ ယင်းကို သင်သည်းမခံနိုင်ဘဲ အပျက်သဘောဆောင်လာသည်။ သင်မည်သို့သဘောရသနည်း- ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာ ဖြစ်သလော။” ဤအရာကို ကြားလျက် ယင်းမှာ အမှန်ပင်ဖြစ်သည်ဟု ၎င်းတို့က ထင်ကြသည်။ ဤသည်မှာ သင်၏စိတ်နှလုံးထဲ၌ အမှန်တကယ်ရှိသည့်အရာ ဖြစ်သော်လည်း သင်သည် ရိုးသားသည့်သူတစ်ဦး မဟုတ်ပါက ယင်းကို သင်ပြောလိမ့်မည် မဟုတ်ပေ။ “ကျွန်ုပ်လည်း မကြာခဏ အပျက်သဘောဆောင်လေ့ရှိသည်” ဟု သင်ပြောလိမ့်မည်ဖြစ်ပြီး လူတိုင်း အပျက်သဘောဆောင်တတ်သည်ဟု အခြားသူတစ်ဦးက ကြားသည့်အခါ ၎င်းတို့က ဤသည်မှာ ပုံမှန်ပင်ဖြစ်သည်ဟု တွေးထင်ကြပြီးလျှင် အဆုံး၌ ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းကို မစွန့်ခွာကြပေ။ သင်သည် ရိုးသားသည့်လူတစ်ယောက် ဖြစ်ပြီး ၎င်းတို့ကို ရိုးသားသော သဘောထားတစ်ခုနှင့် ရိုးသားသော စိတ်နှလုံး တစ်ခုတို့ဖြင့် ကူညီပါက၊ ၎င်းတို့အား သမ္မာတရားကို နားလည်စေဖို့နှင့် မိမိတို့၏အပျက်သဘောဆောင်ခြင်းများကို ထားရစ်ဖို့ သင်ကူညီနိုင်လိမ့်မည် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်” မှ

လူတို့သည် မည်သည့် အခြေခံသဘောတရားများဖြင့် ခရစ်တော်နှင့် ဆက်ဆံသင့်သနည်း။ မြှောက်ပင့်ခြင်းကို အသုံးပြုခြင်း၊ မျက်နှာလို မျက်နှာရလုပ်ရန် ကြိုးစားခြင်း၊ ကျေနပ်ဖွယ်ကောင်းစေရန် စကားလုံးများကို ရွေးချယ်သုံးနှုန်းခြင်းတို့နှင့် ပတ်သက်၍ လူတို့ထိန်းသိမ်းသင့်သည့် အခြေခံစည်းမျဉ်းများမှာ အဘယ်နည်း။ ဟန်ဆောင်မှုကင်းအောင်နေပြီး မြှောက်ပင့်ခြင်း၊ သို့မဟုတ် မျက်နှာလို မျက်နှာရလုပ်ခြင်းတို့ကို စိတ်မဝင်စားနှင့်။ ကပ်ဖားရပ်ဖား ပြုလုပ်ရန် မလိုအပ်။ ဟန်ဆောင်မှုကင်းစွာသာ နေထိုင်လော့။ ဤအရာကို မည်သို့သတ်သတ်မှတ်မှတ် လက်တွေ့လုပ်ဆောင်ရမည်နည်း။ စစ်မှန်ဖို့ဆိုသည်မှာ၊ သင်သည် သင်၏ကိုယ်ပိုင် လိုအင်ဆန္ဒများကို ဦးစွာ ဘေးဖယ်ရမည်။ ဘုရားသခင်က သင့်အား မည်သို့ဆက်ဆံသည်ကို အာရုံစိုက်မည့်အစား၊ သင့်စိတ်နှလုံးထဲ ရှိသည့်အရာကို ပြောပြီး၊ သင့်စကားများ၏ အကျိုးဆက်များသည် မည်သည့်အရာ ဖြစ်သည်ကို တွေးဆခြင်း သို့မဟုတ် စဉ်းစားဆင်ခြင်ခြင်း မပြုနှင့်။ သင်တွေးသမျှကို ပြောလော့၊ သင်၏ကြံရွယ်ချက်များကို ဘေးဖယ်လော့၊ ပြီးလျှင် ရည်မှန်းချက်အချို့ကို စွမ်းဆောင်ရရှိဖို့ငှာသာ အမှုကိစ္စများကို မပြောနှင့်။ သင်၌ အလွန်များစွာသော ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိသည့်အခါ၊ သင်သည် သင်စကားပြောသည့်ပုံစံတွင် အစဉ် တမင်ပြုနေခြင်းဖြစ်သည်။ “ကျွန်ုပ် ဤသည်ကို ပြောသင့်သည်၊ ထိုအရာကို မပြောသင့်၊ ကျွန်ုပ်ပြောသည့်အရာကို ဂရုစိုက် ရမည်၊ ကျွန်ုပ်၏ရည်မှန်းချက်ကို ကျွန်ုပ် စွမ်းဆောင်ရရှိရမည်။”- ယင်းတွင် ကိုယ်ပိုင် ကြံရွယ်ချက်များ ပါရှိသလော။ သင်၏စိတ်ထဲတွင် သင့်ပါးစပ်များ စကားများမထွက်မီပင် ထပ်တလဲလဲ ပြောနှင့်ပြီးဖြစ်နေသည်၊ သင်ပြောမည့် အရာကို အကြိမ်များစွာ သင် စီမံပြီးဖြစ်သည်၊ ပြီးလျှင် ယင်းကို ၎င်းတို့၏ခေါင်းထဲတွင် တစိမ့်စိမ့် စစ်ဆေးပြီးဖြစ်သည်။ ၎င်းတို့၏နှုတ်များမှ ထွက်လာရာတွင်၊ ဤစကားများသည် စာတန်၏ လှည့်စားတတ်သော အကြံအစည်များ ဆောင်ကြဉ်း လာသည်။ တစ်နည်းအားဖြင့် သင့်ပါးစပ်မှ စကားများသည် ကြံရွယ်ချက်များနှင့် ကိုယ်ပိုင် ရည်မှန်းချက်များကို သိုထားသည်ကို ဆိုလိုသည်။ ထိုသို့သော စကားများသည် မစစ်မှန်ဘဲ၊ စိတ်နှလုံးထဲမှ လာခြင်း မဟုတ်ပေ။ ဤသည်မှာ ရိုးသားစစ်မှန်ခြင်း မဟုတ်ချေ။ ဤအရာကို အဘယ်သို့ ခေါ်ဆိုသနည်း။ ဆိုးယုတ်သော ရည်ရွယ်ချက်များ သိုဝှက်ထားခြင်းဟု ခေါ်သည်။ ဤအရာအပြင် သင်သည် စကားပြောဆိုရာတွင် မျက်နှာနှင့် မျက်လုံးမှ အမူအရာများကို အစဉ်သဖြင့် စောင့်ကြည့်နေနိုင်သည်။ သူ၏အမူအရာက လိုလားသည့်ပုံစံရှိမှသာ ဆက်လက်ပြောဆိုသည်။ မလိုလားသည့် အမူအရာကို သင်သတိပြုမိသောအခါ သင်၏စကားလုံးများကို ချုပ်တည်းထားလိုက်သည်။ သူကြားသည့်အရာအား သူမနှစ်သက်သည်ကို သင်မြင်သည်နှင့် တစ်ပြိုင်နက် စကားပြောခြင်းကို သင်ရပ်တန့်လိုက်သည်။ သူသည် စိတ်မဝင်စားဘဲ သင့်ကို အာရုံစူးစိုက်လိုခြင်းမရှိသည့် ပုံပေါ်သည်နှင့် တစ်ပြိုင်နက် သင်သည် “ကိုယ်တော်စိတ်ဝင်စားပြီး ငါ့ကို အာရုံစိုက်ချင်လာအောင်လုပ်ရန် ငါဘာပြောရမည်နည်း။ ငါ့ကို တော်သည်ဟု ကိုယ်တော်ထင်အောင် မည်ကဲ့သို့လုပ်ရမည်နည်း။ ငါ့ကို ကြိုက်နှစ်သက်အောင် မည်ကဲ့သို့လုပ်ရမည်နည်း။ ငါ့အပေါ် ကိုယ်တော်၏အမြင်ကို ငါမည်ကဲ့သို့ပြောင်းလဲရမည်နည်း။ ငါ့ကို ကိုယ်တော်ကိုင်တွယ်ဖြေရှင်းခြင်း မပြုရန်အလို့ငှာ ကိုယ်တော်ပျော်အောင် ငါဘာပြောရမည်နည်း။ အခြေအနေမှန်ကို ကိုယ်တော်မသိအောင် ငါဘာပြောရမည်နည်း။ ကိုယ်တော်မကြားလိုသည့် အကြောင်းအရာတစ်ခုကို ငါမည်ကဲ့သို့ ရှောင်ကွင်းပြောရမည်နည်း။ ဤအရာအထမြောက်ရန် မည်သည့်အရာကိုပင် ပြောရပြောရ ငါပြောမည်” ဟူ၍ သင်သည် အတွင်းကျိတ်စဉ်းစားလေသည်။ ဤသည်မှာ ဟန်ဆောင်မှုကင်းခြင်းဟု ခေါ်ဆိုသည့်အရာ ဟုတ်သလော။ (မဟုတ်ပါ။) အချို့လူတို့က “ဤကိစ္စကို ကိုယ်တော်သတိမပြုမိလျှင် ငါမတင်ပြတော့။ ထိုအစား အခြားတစ်ယောက်က တင်ပြလာမည်ကို ငါစောင့်နေမည်။ ထို့နောက်မှ ယင်းကိစ္စကို လူတိုင်းက ပြောသည့်နောက် ငါလိုက်ပြောမည်။ ဤသို့ပြုခြင်းဖြင့် ငါ့တင်ပြချက်က မှန်သည်ဟု ကိုယ်တော်သတိပြုမိအောင် ငါလုပ်မည်။ အရင်ဦးဆုံး ငါတင်ပြလိုက်ပါက ကိုင်တွယ်ဖြေရှင်းခံရနိုင်သည်။ ခေါင်းပြူထွက်သည့် ငှက်က အပစ်ခံရသည်။ ထိုငှက်မျိုး ငါမဖြစ်ချင်။ အရင်ဆုံး ရှေ့ထွက်သည့်သူ ငါသေချာပေါက်မလုပ်” ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ ဟန်ဆောင်မှုကင်းခြင်း ဟုတ်သလော။ သင်က လူတစ်ယောက်၏ သတင်းအချက်အလက်အမှန်အချို့ကို သိရှိပြီး သိသည်မှာ သင်တစ်ယောက်တည်းဖြစ်ကာ လူတိုင်းက သတိမပြုမိဘဲ ထိုသူကို လူကောင်းတစ်ယောက်ဖြစ်သည်ဟု ထင်နေကြဆဲဖြစ်သည်ဆိုပါစို့၊ ခရစ်တော်ကလည်း ဤသတင်းအချက်အလက်ကို သတိမပြုမိဟု ဆိုပါစို့။ ဤအခြေအနေများအောက်တွင် မှန်ကန်မှု အပြည့်အဝဖြင့် ထိုအကြောင်းကို ခရစ်တော်အား သင်ပြောပြမည်လော။ သင်သည် ယင်းကို ဖုံးကွယ်သိမ်းဆည်းလိုက်ပြီး ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ လုံးဝ မပြောလျှင်၊ ထုတ်ဖော်မပြလျှင်၊ ထိုသူသည် သူ၏သရုပ်မှန်ကို ထုတ်ဖော်ပြသပြီး သူ၏ရာထူးမှ ရပ်စဲခံရသောအခါမှသာ၊ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်မှ ဖယ်ရှားခံရသောအခါမှသာ သင်က ထုတ်ဖော်ပြောဆိုလျှင် ဤသည်မှာ ဟန်ဆောင်မှုကင်းခြင်း ဟုတ်သလော။ ပြဿနာရှိသည်ဟု မည်သူကပင် ဖော်ထုတ်ခံရသည်ဖြစ်စေ၊ သို့မဟုတ် အခြားသော မည်သည့်ပြဿနာများ တင်ပြခံရသည်ဖြစ်စေ သင်က အစဉ်သဖြင့် နောက်ဆုံးမှ ထုတ်ပြောသည်။ ဤသည်မှာ ဟန်ဆောင်မှုကင်းခြင်း ဟုတ်သလော။ လူတစ်ယောက်ကို သင်ကိုယ်တိုင်က မနှစ်သက်ဟု ဆိုပါစို့၊ သို့မဟုတ် ထိုသူသည် သင့်အပေါ် မကျေနပ်ချက်ရှိသည် ဆိုပါစို့။ ထိုသူသည် ဆိုးယုတ်သောသူတစ်ယောက် သို့မဟုတ် ဆိုးယုတ်သော လုပ်ရပ်တစ်ခုခုကို ကျူးလွန်ထားသောသူတစ်ယောက် သေချာပေါက် ဖြစ်ချင်မှ ဖြစ်နိုင်မည်။ သို့သော် သင်က ထိုသူကို မုန်းတီးပြီး ကျရှုံးစေချင်သည်။ ရူးမိုက်သည့်ပုံစံ ပေါ်စေချင်သည်။ ထို့ကြောင့် သူနှင့်ပတ်သက်ပြီး မကောင်းကြောင်းပြောရန် နည်းလမ်းများကို စဉ်းစားပြီး အခွင့်အလမ်းများကို သင်ရှာသည်။ သင်က ဤလူနှင့် ပတ်သက်ပြီး တိကျသည့် ဖော်ပြချက်များ ပြုလုပ်ခြင်းမရှိဘဲ ပြောဆိုနေခြင်းသာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဤအကြောင်းကိစ္စအပေါ် သင်၏ ဖော်ပြချက်တိုင်းတွင် သင်၏ရည်ရွယ်ချက်များက သိသာလာသည်။ သင်သည် ထိုသူတို့နှင့် ဆက်ဆံရာတွင် အထက်အရပ်မှ လက်ကို အသုံးပြုရန် ကြိုးစားနေခြင်းဖြစ်သည်။ အပေါ်ယံတွင် သင်သည် မှန်ကန်သော အချက်များကို ပြောနေသည်ဟု ထင်ရသော်လည်း ၎င်းတို့၌ သင်၏ကိုယ်ပိုင်ရည်ရွယ်ချက်များ စွန်းထင်းနေသည်။ ဤသည်မှာ ဟန်ဆောင်မှု ကင်းခြင်းမဟုတ်ပေ။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို အလေးမထားပေ (၂)” မှ

တည်ကြည်နိုင်ခြင်းနှင့် ပွင့်လင်းရိုးစင်းနိုင်ခြင်းသည် ရိုးသားသူတစ်ဦး ဖြစ်ခြင်း ဖြစ်သည်။ ယင်းက တစ်စုံတစ်ဦး၌ မည်သည့်အရာမျှ ဖုံးကွယ်စရာ မရှိသကဲ့သို့၊ ပုန်းရှောင်နေရမည့်အရာလည်း မရှိဘဲ၊ ၎င်း၏စိတ်နှလုံးနှင့် ဝိညာဉ်တို့ကို ဘုရားသခင်ထံ လုံးလုံးဖွင့်ဟထားခြင်းကို ဆိုလိုသည်။ ဤလူမျိုးများ၏ စိတ်နှလုံးများသည် ဘုရားသခင်ကို ပေးထားပြီး ဘုရားသခင်ကို လုံးလုံးပြထားသည်။ ဆိုလိုသည်မှာ ၎င်းတို့ဖြစ်သမျှကို ဘုရားသခင်အား ပေးထားသည်။ ၎င်းတို့က ဆိုးသည်ဟု ဘုရားသခင်ပြောပါက ၎င်းတို့အနေဖြင့် ယင်းကို ဝန်ခံကြသည်။ ၎င်းတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူကြောင်း ဘုရားသခင်ပြောပါက ၎င်းတို့အနေဖြင့် ယင်းကို လုံးလုံးဝန်ခံပြီး လက်ခံကြသည်။ ၎င်းတို့က ဝန်သာဝန်ခံပြီး ထားလိုက်၍ ရနိုင်သလော။ ၎င်းတို့က နောင်တရဖို့၊ သမ္မာတရား အခြေခံသဘောတရားကို ရရှိရန် ကြိုးပမ်းဖို့၊ ၎င်းတို့သင်ယူခဲ့သည့် အမှားများကို ပြုပြင်ဖို့နှင့် ၎င်းတို့အမှားများ၏ ရင်းမြစ်ကို လိုက်ရှာဖွေဖို့ လိုအပ်ဆဲဖြစ်လေသည်။ ထို့နောက် ၎င်းတို့မသိလိုက်မီတွင်ပင် ၎င်းတို့၏ မှားယွင်းသော အပြုအမူ မျိုးစုံကို ပြင်ဆင်ပြီးဖြစ်ကာ ၎င်းတို့လှည့်စားသည့်၊ လိမ်ညာသည့်၊ တက်သုတ်ရိုက် လုပ်ဆောင်တတ်သည့် နည်းလမ်းများနှင့် အမှုအရာများတွင် ကရော်ကမည်နိုင်ပုံသည် ပို၍ ပို၍ ယုတ်လျော့လာလေသည်။ ဤနည်းလမ်းဖြင့် ၎င်းတို့ ပို၍ ကြာမြင့်စွာ နေထိုင်လေ ၎င်းတို့သည် ပို၍ ပွင့်လင်းကာ ရိုးစင်းလာလေဖြစ်ပြီး ရိုးသားသူတစ်ဦးဖြစ်ရေး ပန်းတိုင်နှင့် သာ၍ နီးစပ်လာလေဖြစ်သည်။ ဤသည်မှာ အလင်းထဲတွင် နေထိုင်ခြင်း ဖြစ်လေသည်။ ဤဘုန်းကျက်သရေအားလုံးသည် ဘုရားသခင်အဖို့ ဖြစ်ပေ၏။ လူများကို အလင်းထဲတွင် နေထိုင်စေသူမှာ ဘုရားသခင်ဖြစ်သည်— လူတို့၌ ဝါကြွားစရာတစ်ခုမျှ မရှိပေ။ လူများက အလင်းထဲတွင် နေထိုင်သည့်အခါ ၎င်းတို့သည် သမ္မာတရားအားလုံးကို နားလည်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့သည့်စိတ်နှလုံး ရှိသည်၊ ၎င်းတို့ကြုံရသည့် ပြဿနာတိုင်း၌ သမ္မာတရားကို ရှာဖွေဖို့ သိကြပြီး လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင် နေထိုင်ကြသည်။ ၎င်းတို့ကို လူကောင်းတစ်ဦးဟု လုံးလုံးခေါ်ဆို၍ မရနိုင်သော်လည်း၊ ဘုရားသခင်၏အမြင်တွင် ၎င်းတို့၌ လူသားပုံသဏ္ဌာန် အချို့ရှိပြီး ၎င်းတို့၌ ရန်လိုခြင်း၊ သို့မဟုတ် ပဋိပက္ခဆန်ခြင်းတို့ မရှိကြတော့ပေ၊ ပြီးလျှင် ၎င်းတို့၌ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်မည့်၊ သို့မဟုတ် ငြင်းပယ်မည့်အန္တရာယ် မရှိတော့ပေ။ ၎င်းတို့၌ သမ္မာတရားနှင့် ပတ်သက်ပြီး အလွန်နက်ရှိုင်းသော နားလည်မှု မရှိကောင်းမရှိနိုင်သော်လည်း၊ ၎င်းတို့သည် နာခံနိုင်ကြ၏၊ ထို့ပြင် လုပ်ငန်းဆောင်တာတစ်ခု သို့မဟုတ် တာဝန်တစ်ခု ပေးခံရသည့်အခါ၊ ၎င်းတို့၏စိတ်နှလုံးအကြွင်းမဲ့ကို အသုံးပြုနိုင်စွမ်း ရှိသကဲ့သို့၊ အစွမ်းကုန် လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ ၎င်းတို့သည် ယုံကြည်စိတ်ချရပြီး ဘုရားသခင်၌ ၎င်းတို့နှင့်ပတ်သက်၍ စိုးရိမ်မှုများ မရှိပေ— ဤကဲ့သို့သော လူများသည် အလင်းထဲတွင် နေထိုင်ကြသည်။ အလင်းထဲတွင် နေထိုင်သည့် လူများသည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ထံမှ ၎င်းတို့၏စိတ်နှလုံးများကို ဖုံးကွယ်ထားကြဆဲ ဖြစ်မည်လော။ ၎င်းတို့သည် လှည့်ကွက်လေး တစ်ခုတလေကို အသုံးပြုဆဲဖြစ်သလော။ ၎င်းတို့၌ လျှို့ဝှက်ချက်တစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်အတွက် အပြည့်အဝ ဖွင့်ထားသည်။ ဆိုလိုသည်မှာ မည်သည့်အရာ တစ်ခုတလေကိုမျှ ဖုံးကွယ်ထားခြင်း မရှိပေ၊ ၎င်းတို့ပြောဖို့ ရှက်သည့်အရာ တစ်ခုမျှမရှိသကဲ့သို့၊ ၎င်းတို့ခေါင်းငိုက်စိုက်ဖြင့် ရှက်ရမည့်အရာ တစ်ခုမျှမရှိပေ။ ၎င်းတို့က ဘုရားသခင်ကို အားလုံးပေးထား၏— ဘုရားသခင်ကလည်း အားလုံးကို သိသည်။ လူများက ဤအရာကို အောင်မြင်ရရှိသည့်အခါ၊ ၎င်းတို့သည် ပေါ့ပေါ့ပါးပါးနှင့် လွယ်ကူစွာ ရှင်သန်နေထိုင်ကြပြီး လွတ်လပ်စွာ ရှင်သန်ကြလေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ရိုသားသောလူတစ်ဦး ဖြစ်ခြင်းအားဖြင့်သာ လူတစ်ဦးသည် အမှန်တကယ် ပျော်ရွှင်နိုင်၏” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။