ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို ဘုရားသခင်မှ အမှန်တကယ် ခန့်ထားခြင်း ဟုတ်မဟုတ်နှင့် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို နာခံခြင်းသည် ဘုရားသခင်အား နာခံခြင်းနှင့် လိုက်လျှောက်ခြင်း ဟုတ် မဟုတ်

22.09.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သူကို အစေခံရန် လူတစ်ဦးကို ရွေးချယ်ရာတွင်၊ ဘုရားသခင်၌ သူ၏ ကိုယ်ပိုင် အခြေခံသဘောတရားများ အမြဲရှိပေသည်။ ဘုရားသခင်အား အစေခံခြင်းသည် လူများစိတ်ကူးသကဲ့သို့ စိတ်အားထက်သန်မှုနှင့် သက်ဆိုင်သော ကိစ္စရပ်တစ်ခုသက်သက် လုံးဝ မဟုတ်ပေ။ ယနေ့တွင်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သူ့ကို အစေခံသူအားလုံးသည် ထိုသို့ လုပ်ဆောင်ကြသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ လမ်းပြမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်တို့ ရှိပြီး ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဖြစ်ကြသောကြောင့် ဖြစ်သည်ကို သင်တို့တွေ့ပေသည်။ ဤအရာများသည် ဘုရားသခင်ကို အစေခံသောသူ အားလုံးအတွက် အနည်းဆုံးသော သတ်မှတ်ချက်များ ဖြစ်သည်။

ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေမခံနိုင်ပေ။ သင်၏ စိတ်သဘောထားသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးပါက၊ သင်၏ စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေဆဲဖြစ်သည်၊ ယင်းက သင်သည် သင်ကိုယ်တိုင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို အစေခံသည်၊ သင်၏ အစေခံခြင်းသည် သင်၏စာတန်ဆန်သော သဘာဝအပေါ် အခြေခံထားသည်ကို သက်သေပြပေသည်။ သင်သည် သင်၏ သဘာဝအလျောက်ဖြစ်သော စရိုက်လက္ခဏာဖြင့်လည်းကောင်း၊ သင်၏ ပုဂ္ဂိုလ်ရေး အကြိုက်များအရလည်းကောင်း ဘုရားသခင်ကို အစေခံသည်။ ထိုထက်ပို၍၊ သင်လုပ်ဆောင်ရန် လိုလားနေသည့် အရာများသည် ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ကောင်းသော အရာများဖြစ်ပြီး၊ သင် လုပ်ဆောင်ရန် ဆန္ဒမရှိသည့် အရာများသည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ရာများ ဖြစ်သည်ဟု သင် အမြဲ တွေးထင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင် အကြိုက်များအတိုင်းသာ လုံးလုံး အလုပ်လုပ်ပေသည်။ ဤအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်ဆိုနိုင်သလော။ နောက်ဆုံးတွင်၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲခြင်း အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းအစား၊ သင်၏ အစေခံခြင်းသည် သင့်ကို သာ၍ပင် ခေါင်းမာစေလိမ့်မည်ဖြစ်သည်၊ ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေကာ၊ ထိုသို့ဖြင့် သင်၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် သင်၏ကိုယ်ပိုင် စိတ်သဘောထား အတိုင်း အစေခံခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အဓိက အခြေခံသည့်၊ ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းများသည် သင်၏အတွင်းတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် လူသား၏ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဖြစ်သည်။ ယင်းသည် လောကထဲ၌ အသက်ရှင်ခြင်းနှင့်ဆိုင်သည့် လူသား၏ အတွေးအခေါ်ဖြစ်သည်။ ဤသို့သော လူတို့ကို ဖာရိရှဲနှင့် ဘာသာရေး အရာရှိများအဖြစ် အမျိုးအစား သတ်မှတ်နိုင်‌ပေသည်။ ၎င်းတို့သည် လုံးဝ မနိုးထသကဲ့သို့ နောင်တမရပါက၊ နောက်ဆုံးသော ကာလတွင် လူတို့ကို လှည့်ဖြားသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားကြလိမ့်မည်။ အဆိုပါ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များသည် ထိုသို့သော လူများကြားမှ ထွက်ပေါ်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော သူတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျင့်စရိုက်နောက်လိုက်ပြီး မိမိတို့ကိုယ်တိုင်၏ အလိုဆန္ဒအတိုင်း ပြုမူကြပါက၊ အချိန်မရွေး စွန့်ပစ်ခြင်းခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ စိတ်နှလုံးများကို သိမ်းသွင်းရန်၊ ၎င်းတို့ကို ဩဝါဒပေးရန်နှင့် ထိန်းချုပ်ရန်၊ ပြီးလျှင် အထက်စီး၌နေရန်၊ ဘုရားသခင်အား အစေခံရာတွင် ရရှိထားသော ၎င်းတို့၏ နှစ်များစွာ အတွေ့အကြုံကို အသုံးချသောသူများ- ပြီးလျှင် မည်သည့်အခါမျှ နောင်တမရသောသူများ၊ မိမိတို့၏ အပြစ်များကို မည်သည့်အခါတွင်မျှ ဝန်မချသောသူများနှင့် ရာထူးနေရာ၏ အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများ- ဤလူများသည် ဘုရားသခင်ရှေ့မှောက်တွင် လဲကျကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ဝါရင့်မှုကြောင့် ရောင့်တက်ကာ၊ ၎င်းတို့၏ အရည်အချင်းများကို ကြွားလုံးထုတ်ရင်း၊ ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။ ဘုရားသခင်သည် ဤသို့သော လူများကို စုံလင်ခြင်းသို့ ရောက်စေလိမ့်မည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အမှုကို ဝင်ရောက်စွက်ဖက်လေသည်။ လူတို့သည် ဟောင်းသောအရာကို အမြဲ ဖက်တွယ်ကြ၏။ ၎င်းတို့သည် အတိတ်၏ အယူအဆများ၊ ကုန်လွန်သွားသော အချိန်ကာလများမှ အရာရာတိုင်းကို ဖက်တွယ်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အစေခံခြင်းအတွက် ကြီးမားသည့် အတားအဆီး ဖြစ်ပေသည်။ သင်သည် ထိုအရာများကို မဖယ်ရှားနိုင်ပါက၊ ဤအရာများသည် သင့်ဘဝတစ်ခုလုံးကို ပိတ်ဆို့လိမ့်မည်။ ဘုရားသခင်သည် သင် ပြေးလွှားနေရင်း သင်၏ ခြေထောက်များ ကျိုးလျှင် သို့မဟုတ် အလုပ်ကြမ်းဖြင့် သင်၏ ကျောရိုး ကျိုးလျှင်ပင်၊ ဘုရားသခင်အား သင်၏အစေခံရာ၌ သင်သည် ညှဉ်းဆဲသတ်ဖြတ်ခံရလျှင်ပင်၊ သင့်ကို အနည်းငယ်မျှပင် ချီးကျူးလိမ့်မည် မဟုတ်ပေ။ အတော်အတန် ဆန့်ကျင်လျက်- သင်သည် မတရားသဖြင့် ကျင့်သောသူတစ်ဦး ဖြစ်သည်ဟု ဘုရားသခင် ပြောလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်

လူ၏စိတ်ထဲရှိအလုပ်သည် ရရှိဖို့ လူသားအတွက် အလွန်လွယ်ကူလွန်းလှ ပေသည်။ ဥပမာအားဖြင့်၊ ဘာသာရေး လောကထဲက သင်းအုပ်များနှင့် ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့၏ ဆုကျေးဇူးများနှင့် ရာထူးများအပေါ် အမှီပြုကြသည်။ အချိန်ကြာမြင့်စွာ ၎င်းတို့နောက်လိုက်သော သူများသည် ၎င်းတို့၏ ဆုကျေးဇူးများဖြင့် ကူးစက်ခံရပြီး ၎င်းတို့၏ဖြစ်တည်မှု အချို့ဖြင့် လွှမ်းမိုးမှုခံရကြလိမ့်မည်။ ၎င်းတို့သည် လူတို့၏ ဆုကျေးဇူးများ၊ အစွမ်းအစများနှင့် အသိပညာတို့အပေါ် အာရုံစိုက်ပြီး၊ သဘာဝလွန်သည့်အရာများနှင့် နက်နဲပြီး လက်တွေ့မကျသော အယူဝါဒများကို (ဟုတ်ပေ၏၊ ဤနက်နဲသော အယူဝါဒများကို မရယူနိုင်ပေ။) အာရုံစိုက်ကြလေသည်။ ၎င်းတို့သည် လူတို့၏ စိတ်သဘောထားများထဲက ပြောင်းလဲမှုများအပေါ် အာရုံမစိုက်ဘဲ၊ ယင်းထက် တရားဟောဖို့နှင့် အလုပ်လုပ်ဖို့ လူတို့ကို လေ့ကျင့်ပေးခြင်း၊ လူတို့၏အသိပညာနှင့် ၎င်းတို့၏ အလျှံပယ်ဖြစ်သော ဘာသာရေး အယူဝါဒများကို တိုးတက်စေခြင်းတို့အပေါ် အာရုံစိုက်ကြလေသည်။ လူတို့၏ စိတ်သဘောထားများ မည်မျှပြောင်းလဲသည်ဆိုသည့်အပေါ် ၎င်းတို့ အာရုံမစိုက်ကြသကဲ့သို့၊ သမ္မာတရားကို လူတို့ မည်မျှနားလည်သည်ဆိုသည့်အပေါ်လည်း အာရုံမစိုက်ပေ။ ၎င်းတို့သည် လူတို့၏သာမန်နှင့် သာမန်မဟုတ်သော အခြေအနေတို့ကို ရရှိဖို့ကြိုးစားရန် မဆိုထားနှင့်၊ လူတို့၏အနှစ်သာရကိုပင် စိတ်ပင်မဝင်စားကြပေ။ ၎င်းတို့သည် လူတို့၏ မပြည့်စုံမှုများ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းများအတွက် လူတို့ကို ပြုပြင်ရန်မဆိုထားနှင့်၊ ၎င်းတို့၏ အယူအဆများကို မဆန့်ကျင်ကြသကဲ့သို့၊ ၎င်းတို့၏အယူအဆများကို ထုတ်ဖော်ပြခြင်းမရှိပေ။ ၎င်းတို့နောက်လိုက်သောသူ အများစုသည် မိမိတို့၏ ဆုကျေးဇူးများဖြင့် အစေခံကြပြီး၊ သူတို့ထုတ်ဖော်ပြသမျှအားလုံးမှာ လက်တွေ့အရှိတရားနှင့် ကင်းကွာပြီး လူတို့အပေါ် အသက်အပ်နှင်းနိုင်ခြင်း လုံးဝမရှိသည့် ဘာသာရေး အယူအဆများနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများဖြစ်သည်။ အမှန်တွင်၊ ၎င်းတို့ အလုပ်၏ အနှစ်သာရသည် ပါရမီကို ပျိုးထောင်ခြင်း၊ ဘာမျှမရှိသည့် လူတစ်ဦးမှ နောက်ပိုင်းတွင် အလုပ်လုပ်ကာ ဦးဆောင်မည့် ပါရမီရှိသော ကျမ်းစာကျောင်း ဘွဲ့ရတစ်ဦးအဖြစ်သို့ ပျိုးထောင်ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

တရားဟောစင်မြင့်တွင် မတ်တပ်ရပ်သည့် ထိုအရေးပါအရာရောက်သူများ အားလုံးတို့သည် ဓမ္မပညာကို လေ့လာထားပြီးဖြစ်ကာ ဓမ္မကျောင်းတွင် လေ့ကျင့်သင်ကြားထားပြီး ၎င်းတို့၌ ဓမ္မပညာဆိုင်ရာ အသိပညာနှင့် သဘောတရားတို့ ရှိကြသည်- ၎င်းတို့သည် အခြေခံအားဖြင့် ခရစ်ယာန်ဘာသာ၏အဓိကမဏ္ဍိုင် ဖြစ်သည်။ တရားဟောစင်မြင့်ပေါ်တွင် တရားဟောကြားဖို့၊ လှည့်ပတ်သွားလာ၍ ဧဝံဂေလိတရားဟောကြားပြီး အလုပ်လုပ်ဖို့ ထိုသို့သောလူများကို ခရစ်ယာန်ဘာသာက လေ့ကျင့်ပေးထားသည်။ ခရစ်ယာန်ဘာသာ၏ တန်ဖိုးသည် ဒေဿနာများကို ဟောကြားသည့် ဤဓမ္မပညာကျောင်းသားများ၊ ဤသင်းအုပ်ဆရာများနှင့် ဓမ္မပညာရှင်များကဲ့သို့ အင်မတန် တတ်နိုင်စွမ်းသည့်လူများ၌ တည်ရှိသည်ဟု တွေးထင်ကြသည်၊ ၎င်းတို့သည် သူတို့၏ အရင်းအနှီးဖြစ်လေသည်။ အသင်းတော်တစ်ပါး၏ သင်းအုပ်ဆရာသည် ဓမ္မကျောင်းတစ်ခုမှ ဘွဲ့ရခဲ့ကာ သမ္မာကျမ်းစာကို အသေးစိတ်ရှင်းပြရာ၌ ကျွမ်းကျင်ပြီး ဝိညာဉ်ရေးရာ စာအုပ်အချို့ကို ဖတ်ရှုပြီးဖြစ်၍ အသိပညာအနည်းငယ်ရှိကာ စကားအရာ၌ ကျွမ်းကျင်ပါက ထိုအသင်းတော်သည် စည်ပင်ဖွံ့ဖြိုးပြီး အခြားအသင်းတော်များထက် သာလွန်ကောင်းမွန်သည့် ဂုဏ်သတင်းရှိသည်။ ခရစ်ယာန်ဘာသာရှိ ဤလူများသည် မည်သည့်အရာကို ထောက်ခံအားပေးသနည်း။ အသိပညာပင်တည်း။ ဤအသိပညာသည် မည်သည့်နေရာမှ လာသနည်း။ ယင်းကို ရှေးကာလများကတည်းက လက်ဆင့်ကမ်းပေးလာခဲ့ကြခြင်းဖြစ်သည်။ ရှေးကာလများတွင် သမ္မာကျမ်းစာရှိခဲ့ပြီး ယင်းကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့ကြကာ မျိုးဆက်တစ်ခုချင်းစီက ယင်းကို ဖတ်ရှုပြီး သင်ယူကြသည်မှာ ယနေ့ခေတ်အထိ ဖြစ်သည်။ လူတို့သည် လူများ လေ့လာပြီး သင်ယူနိုင်ဖို့ သမ္မာကျမ်းစာကို အပိုင်းအမျိုးမျိုးခွဲပြီး ထုတ်ဝေမှုမျိုးစုံ ဖန်တီးခဲ့ကြသည်။ သို့ရာတွင် ၎င်းတို့သင်ယူသည့်အရာမှာ သမ္မာတရားကို မည်သို့နားလည်ဖိုနှင့် ဘုရားသခင်ကို မည်သို့သိကျွမ်းဖို့ မဟုတ်သကဲ့သို့၊ ဘုရားသခင်၏အလိုတော်ကို မည်သို့နားလည်ဖို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းတို့ ကြိုးပမ်းရရှိဖို့ မဟုတ်ပေ။ ထိုအစား ယင်းတို့အတွင်း၌ ရှိသည့် အသိပညာကို ၎င်းတို့က လေ့လာကြသည်။ အလွန်ဆုံးဆိုလျှင် ၎င်းတို့သည် အတွင်း၌ ပါဝင်သည့် နက်နဲရာများကို စုံစမ်းစစ်ဆေးသည်၊ အချို့သောကာလအပိုင်းအခြား၌ ဗျာဒိတ်ကျမ်း၏ မည်သည့်ပရောဖက်ပြုခြင်းများက ပြည့်စုံခဲ့သည်၊ ကြီးစွာသော ဘေးဒုက္ခများက မည်သည့်အချိန်တွင် ကျရောက်မည်၊ ထောင်စုနှစ်သည် မည်သည့်အချိန်တွင် ကျရောက်မည်တို့ကို ၎င်းတို့ရှာကြည့်ကြသည်— ဤသည်တို့မှာ ၎င်းတို့လေ့လာသည့် အရာများဖြစ်သည်။ ၎င်းတို့လေ့လာသည့်အရာသည် သမ္မာတရားနှင့် ဆက်နွှယ်နေသလော။ မဆက်နွှယ်ပေ။ ၎င်းတို့သည် သမ္မာတရားနှင့် ဆက်နွှယ်မှုမရှိသည့် အရာများကို အဘယ့်ကြောင့် လေ့လာသနည်း။ ၎င်းတို့သည် ယင်းတို့ကို သာ၍လေ့လာလေ၊ ၎င်းတို့နားလည်သည်ဟု သာ၍တွေးထင်လေဖြစ်ပြီး မိမိတို့ကိုယ်ကို ကျမ်းဟောင်းတရားများနှင့် အယူဝါဒတို့ဖြင့် သာ၍ ပြင်ဆင်လေဖြစ်သည်။ ၎င်းတို့၏အရင်းအနှီးလည်း ကြီးထွားလာသည်။ ၎င်းတို့၏အရည်အချင်းများ သာ၍ မြင့်မားလေ၊ ၎င်းတို့သည် သာ၍ စွမ်းဆောင်နိုင်သည်ဟု တွေးထင်လေဖြစ်ပြီး ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုသည် သာ၍ ဖြစ်မြောက်သည်ဟု ထင်မြင်ယူဆလေဖြစ်ကာ ၎င်းတို့သည် ကယ်တင်ခြင်းခံရဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ သာ၍ ဖြစ်နိုင်ချေရှိသည်ဟု တွေးထင်လေဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (၃)” မှ

ခရစ်ယာန်ဘာသာထဲရှိ ဓမ္မပညာ၊ ကျမ်းစာနှင့် ဘုရားသခင်၏ အမှုနှင့်ဆိုင်သော သမိုင်းကိုပင် လေ့လာကြသူအားလုံး- ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများ ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်ပြောဆိုသည့် ယုံကြည်သူများ၊ ဘုရားသခင်၏ နောက်လိုက်များနှင့် တစ်ခုတလေ ကွဲပြားကြသလော။ ဘုရားသခင်၏ အမြင်တွင်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) ၎င်းတို့သည် ဓမ္မပညာကို လေ့လာကြသည်၊ ဘုရားသခင်ကို လေ့လာကြသည်။ ဘုရားသခင်ကို လေ့လာသူများနှင့် အခြားအရာများကို လေ့လာသူများကြားတွင် ခြားနားချက်တစ်ခု ရှိသလော။ ခြားနားချက် မရှိပေ။ ၎င်းတို့သည် သမိုင်းကို လေ့လာသူများ၊ ဒဿနိကဗေဒကို လေ့လာသူများ၊ ဥပဒေပညာ လေ့လာသူများ၊ ဇီဝဗေဒလေ့လာသူများ၊ နက္ခတ္တဗေဒ လေ့လာသည့် လူများနှင့် အတူတူသာဖြစ်သည်- ၎င်းတို့သည် သိပ္ပံပညာ၊ သို့မဟုတ် ဇီဝဗေဒ၊ သို့မဟုတ် အခြားဘာသာရပ်တစ်ခုတလေကိုမျှ မနှစ်သက်ကြပေ၊ ၎င်းတို့သည် ဓမ္မပညာကိုသာ နှစ်သက်ကြသည်။ ဤလူများသည် ဘုရားသခင်၏အမှုတွင် သဲလွန်စများနှင့် လျှို့ဝှက်ချက်ကို သိသာစေသည့် အသွင်အပြင်မျိုး၊ စကားမျိုးများကို ရှာဖွေခြင်းအားဖြင့် ဘုရားသခင်ကို လေ့လာကြ၏- ၎င်းတို့၏ သုတေသနမှ မည်သည့်အရာ ထွက်လာသနည်း။ ဘုရားသခင် တည်ရှိသည်၊ မတည်ရှိသည်ကို ၎င်းတို့ဆုံးဖြတ်နိုင်ကြသလော။ မည်သည့်အခါမျှ ဆုံးဖြတ်နိုင်လိမ့်မည်မဟုတ်။ ဘုရားသခင်၏ အလိုကို ၎င်းတို့ဆုံးဖြတ်နိုင်ကြသလော။ (မဆုံးဖြတ်နိုင်ကြပါ။) အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စကားလုံးများနှင့် စကားရပ်များအလယ် အသက်ရှင်ကြသောကြောင့်၊ အသိပညာအလယ်တွင် အသက်ရှင်ကြသောကြောင့်၊ ဒဿနပညာအလယ်တွင် အသက်ရှင်ကြသောကြောင့်၊ လူသားများ၏ စိတ်များနှင့် အတွေးများအလယ်တွင် အသက်ရှင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါတွင်မျှ မြင်နိုင်ကြလိမ့်မည်မဟုတ်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို မည်သည့်အခါတွင်မျှ ၎င်းတို့ရရှိကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့ကို ဘုရားသခင်က မည်သည့်အရာအဖြစ် သတ်မှတ်ထားသနည်း။ ယုံကြည်သူမဟုတ်သူများ၊ မယုံကြည်သူများအဖြစ် ဖြစ်၏။ ဤယုံကြည်သူမဟုတ်သူများနှင့် မယုံကြည်သူများသည် ဘုရားသခင်ကို ယုံကြည်သည့် လူများကဲ့သို့ ပြုမူရင်း၊ ခရစ်ယာန်များကဲ့သို့ပြုမူရင်း၊ ခရစ်ယာန်အဖွဲ့အစည်းဟု ခေါ်ဆိုသော အရာနှင့် ရောနှောကြသည်- သို့သော် စင်စစ်အားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကိုးကွယ်ကြသလော။ သူ့ကို ၎င်းတို့ အမှန်တကယ် နာခံကြသလော။ မနာခံပေ။ အဘယ်ကြောင့်နည်း။ တစ်ခု သေချာ၏။ ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင် တည်ရှိသည်ကို ၎င်းတို့ယုံကြည်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းခဲ့ကြောင်း၊ အရာခပ်သိမ်းကို သူအုပ်စိုးကြောင်း၊ သူ့အနေဖြင့် လူ့ဇာတိခံယူနိုင်ကြောင်းကို မယုံကြည်ကြသောကြောင့် ဖြစ်သည်။ ဤမယုံကြည်မှုက မည်သည့်အရာကို ညွှန်ပြသနည်း။ သံသယ၊ ငြင်းပယ်မှုနှင့် ဘုရားသခင် ပြောဆိုသည့် ပရောဖက်ပြုချက်များ- အထူးသဖြင့် ကပ်ဘေးများနှင့်ပတ်သက်သည့် အရာများ- ဖြစ်မလာဖို့နှင့် မပြည့်စုံဖို့ မျှော်လင့်သည့် သဘောထားများဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်မှုအား ၎င်းတို့ဆက်ဆံကြသည့် သဘောထားဖြစ်ပြီး၊ ယင်းမှာ ၎င်းတို့၏ ယုံကြည်ခြင်းဟု ခေါ်ဆိုသည့်အရာ၏ အနှစ်သာရနှင့် စစ်မှန်သော မျက်နှာလည်း ဖြစ်သည်။ ဤလူများသည် ဓမ္မပညာကို သိကျွမ်းတတ်မြောက်မှုနှင့် အသိပညာတွင် အထူးစိတ်ဝင်စားမှု ရှိကြပြီး၊ ဘုရားသခင့်အမှု၏ သမိုင်းဆိုင်ရာ အချက်အလက်များကို စိတ်ဝင်စားကြသောကြောင့် ဘုရားသခင်ကို လေ့လာကြပေသည်။ ၎င်းတို့သည် ဓမ္မပညာကို လေ့လာနေကြသည့် ပညာတတ်တစ်သိုက်ထက် ဘာမျှမပိုပေ။ ဤ “ပညာတတ်များ” သည် ဘုရားသခင်၏ တည်ရှိခြင်းကို မယုံကြည်ကြပေ၊ ထို့ကြောင့် အမှုပြုဖို့ ဘုရားသခင်ကြွလာပြီး သူ၏နှုတ်ကပတ်တော်များ ပြည့်စုံချိန်တွင် မည်သည့်အရာကို ၎င်းတို့လုပ်ဆောင်ကြသနည်း။ ဘုရားသခင်သည် လူ့ဇာတိခံယူပြီးဖြစ်ကာ အသစ်သောအမှုကို ဆောင်ရွက်နေကြောင်း ၎င်းတို့ကြားချိန်တွင် ၎င်းတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ အဘယ်နည်း။ “မဖြစ်နိုင်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ အသစ်သောအမှုကို ဟောပြောသည့် မည်သူမဆိုကို ၎င်းတို့ရှုတ်ချပြီး ၎င်းတို့ကို သတ်ပင်သတ်ချင်ကြသည်။ ဤသည်မှာ မည်သည့်အရာ၏ သရုပ်သကန်တစ်ခု ဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့ အန္တိခရစ် စစ်စစ်များ ဖြစ်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကို မဆိုထားနှင့်၊ ဘုရားသခင်၏ အမှုနှင့် သူ့နှုတ်ကပတ်တော်များ ပြည့်စုံခြင်းတို့အပေါ် ရန်လို၏- “ကိုယ်တော်သည် လူ့ဇာတိမခံခဲ့သကဲ့သို့ ကိုယ်တော်၏နှုတ်ကပတ်တော်များ မပြည့်စုံသေးပါက၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်၏။ ကိုယ်တော်၏ နှုတ်ကပတ်တော်များ ပြည့်စုံပြီးဖြစ်ကာ ကိုယ်တော်လူ့ဇာတိခံခဲ့ပါက၊ ကိုယ်တော်သည် ဘုရားသခင်မဟုတ်။” ဤအရာတွင် ငုပ်နေသော အကြောင်းအရာမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့တည်ရှိသရွေ့ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို ခွင့်မပြုကြခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်စစ်စစ်တစ်ဦးပင် ဖြစ်သည်မဟုတ်လော။ ဤသည်မှာ စစ်မှန်သော အန္တိခရစ်တစ်ဦး ဖြစ်၏။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (၃)” မှ

ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။...

ဘုရားသခင်ကို လူတို့၏ ယုံကြည်ခြင်းတွင် အခြားသူများနောက် သူတို့ လိုက်ခဲ့ကြသည်ဖြစ်စေ၊ ဘုရားသခင်၏ အလိုတော်ကို သူတို့ မဖြည့်ဆည်းခဲ့ကြသည်ဖြစ်စေ၊ ဤနောက်ဆုံးအဆင့်အတောအတွင်း၌ ဘုရားသခင်၏ရှေ့သို့ နောက်ဆုံးတွင် သူတို့လာကြရမည်ဖြစ်သည်။ အမှုတော်၏ ဤအဆင့်ကို ဖြတ်သန်းပြီးခြင်းတည်းဟူသော အခြေခံအုတ်မြစ် သင်ရှိသော်လည်း၊ အခြားသူများနောက် သင် ဆက်လိုက်လျှင်၊ သင်သည် ခွင့်လွှတ်မရနိုင်သောသူဖြစ်လိမ့်မည်ဖြစ်ပြီး၊ ပေါလုကဲ့သို့ပင် အဆုံးသတ်ရလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ

ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဘုရားသခင်ကို နာခံကာ ကိုးကွယ်သင့်သည်။ မည်သည့်လူကိုမျှ မချီးမြှောက် သို့မဟုတ် မကြည်ညိုနှင့်။ သင်သည် ဘုရားသခင်အား ပထမနေရာ ပေးပြီး သင် ကြည်ညိုသောသူများကို ဒုတိယနေရာ ပေးကာ သင့်ကိုယ်သင် တတိယနေရာ ပေးခြင်း မပြုရ။ မည်သည့်လူမျှ သင်၏ စိတ်နှလုံးတွင် နေရာ မယူသင့်သကဲ့သို့၊ လူတို့ကို- အထူးသဖြင့် သင် ကြည်ညို လေးစားသူများကို- ဘုရားသခင်နှင့် တန်းတူဟု မယူဆသင့်ပေ။ ဤသည်မှာ ဘုရားသခင်ဖို့ သည်းမခံနိုင်ဖွယ်ရာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်

လူအချို့သည် တရားစီရင်မှုကို မဆိုထားနှင့်၊ သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား ၎င်းတို့သည် တန်ခိုးအာဏာနှင့် ကြွယ်ဝမှုများတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သော လူများကို တန်ခိုးအာဏာ ရှာဖွေသူများဟု ခေါ်သည်။ ၎င်းတို့သည် ကမ္ဘာလောကထဲက လွှမ်းမိုးမှုရှိသော ဂိုဏ်းဂဏများကိုသာ ရှာဖွေကြပြီး၊ ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ ရှာဖွေကြသည်။ ၎င်းတို့ သမ္မာတရား၏ လမ်းခရီးကို လက်ခံကြပြီး ဖြစ်သော်လည်း၊ တစ်ဝက်တစ်ပျက်သာ ယုံကြည်နေကြပေသည်။ ၎င်းတို့သည် ၎င်းတို့၏ နှလုံးသားများနှင့် စိတ်များအားလုံးကို ပေးနိုင်စွမ်း မရှိကြချေ၊ ၎င်းတို့၏ နှုတ်များက ဘုရားသခင်အတွက် အသုံးခံခြင်းကို ပြောဆိုကြသော်လည်း၊ ၎င်းတို့မျက်လုံးများသည် ကြီးမြတ်သည့် သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ကာ၊ ခရစ်တော်ကို အာရုံမစိုက်ကြပေ။ သူတို့၏ နှလုံးသားများသည် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် ဂုဏ်အသရေတို့အပေါ်သာ အစွဲအလမ်းကြီးနေသည်။ ထိုသို့သော သေးသိမ်သည့် လူတစ်ဦးသည် အလွန်များစွာသော သူတို့ကို သိမ်းပိုက်နိုင်စွမ်းရှိမည်၊ သိပ်မထူးခြားသော သူတစ်ဦးက လူသားကို စုံလင်စေနိုင်မည်ဆိုသည်တို့မှာ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲက ဤအညတရများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ အကယ်၍ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ ဖြစ်ပါက၊ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်မည် ဖြစ်ပြီး၊ လူအားလုံး ထိန်းမနိုင်သိမ်းမရ ရယ်မောကြမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် ထိုသို့သော အညတရလူများကို စုံလင်စေဖို့ ရွေးချယ်ခဲ့ပါက၊ ထိုကြီးမြတ်သော လူများသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်လာကြလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ ရှုထောင့်များသည် မယုံကြည်မှုဖြင့် စွန်းထင်းသည်။ မယုံကြည်ခြင်းထက်၊ ၎င်းတို့သည် ယုတ္တိမရှိသော သားရဲတိရစ္ဆာန်များ သက်သက် ဖြစ်ကြပေသည်။ အကြောင်းမှာ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် တန်ခိုးအာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများကိုသာ အထင်ကြီးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို စိုးစဉ်းမျှ အလေးမထားကြပေ။ ၎င်းတို့သည် ခရစ်တော်ကို၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းသော သစ္စာဖောက်များ သက်သက် ဖြစ်ကြပေသည်။

သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို သင် လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ရိုသေလေးစားခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ၊ သမ္မာတရားကို တန်ဖိုးမထားသူ အားလုံးသည် မယုံကြည်သူများနှင့် သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ လက်ခံမှုကို မည်သည့်အခါမျှ ရကြမည် မဟုတ်ပေ။ သင်၏ အတွင်းတွင် မယုံကြည်မှု မည်မျှရှိပြီး ခရစ်တော်ကို သစ္စာဖောက်မှု သင် မည်မျှရှိသည်ကို ယခု သင် ပိုင်းခြားသိမြင်ပြီးပြီလော။ ထို့ကြောင့် သင့်ကို ငါတိုက်တွန်းသည်- သင်သည် သမ္မာတရားလမ်းကို ရွေးချယ်ပြီးဖြစ်သည့်အတွက်၊ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်မြှုပ်နှံသင့်သည်။ စိတ်နှစ်ခွမဖြစ်နှင့်၊ သို့မဟုတ် စိတ်မပါ့တပါ မဖြစ်နှင့်။ ဘုရားသခင်သည် လောကကြီးနှင့် မသက်ဆိုင်သကဲ့သို့ မည်သည့် လူတစ်ဦးနှင့်မျှ မသက်ဆိုင်ဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သောသူအားလုံး၊ သူ့ကို ကိုးကွယ်သူအားလုံးနှင့် မိမိကိုယ်ကိုယ် သူ့ထံဆက်ကပ်ပြီး သစ္စာရှိသောသူများအားလုံးနှင့် သက်ဆိုင်သည်ကို သင် နားလည်သင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သခင်ယေရှုသည် ဖာရိရှဲများကို အဘယ်ကြောင့် ကျိန်ဆဲခဲ့သနည်း။ ဖာရိရှဲများ၏ အနှစ်သာရမှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ထိုအခါ ယေရုရှလင်မြို့သားဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင်၊ ရှေးဟောင်းတို့မှဆက်ခံသော...

တရုတ် ကွန်မြူနစ်ပါတီ အစိုးရသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို သွေးရူးသွေးတန်း ဖိနှိပ်ပြီး ညှဉ်းပန်းနှိပ်စက်သည့် အကြောင်းအရင်း အစစ်အမှန်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အဆင်းနီသော နဂါးကြီး၏ သရုပ်သကန်များမှာ ငါ့အားခုခံခြင်း၊ ငါ့နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်တို့ကို...

ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဖာရိရှဲများ၏လမ်းကြောင်းကို လျှောက်နေကြသည်ဟု ပြောရသည့်အကြောင်းအရင်းနှင့် သူတို့၏ အနှစ်သာရ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- လူသားသည် ဖျက်ဆီးခြင်းခံပြီး စာတန်၏ ထောင်ချောက်တွင် အသက်ရှင်နေကြ၏။ လူတို့အားလုံးသည် ဇာတိပကတိ၌...

ဘာသာရေးလောက၏ ဖာရိရှဲများနှင့် အန္တိခရစ်တို့၏ လှည့်ဖြားခြင်းနှင့် ထိန်းချုပ်မှုတို့ကို ခံစားရသူတစ်ဦး၏ အကျိုးဆက်များနှင့် ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ကယ်တင်ခြင်းရရှိဖို့အလို့ငှာ လူတစ်ဦးပြည့်မီရမည့် သတ်မှတ်ချက်များမှာ အဘယ်နည်း။ ပထမဦးစွာ၊ ၎င်းတို့သည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။