ဘာသာရေးလောက၏ ဖာရိရှဲများနှင့် အန္တိခရစ်တို့၏ လှည့်ဖြားခြင်းနှင့် ထိန်းချုပ်မှုတို့ကို ခံစားရသူတစ်ဦး၏ အကျိုးဆက်များနှင့် ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိ

22.09.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ကယ်တင်ခြင်းရရှိဖို့အလို့ငှာ လူတစ်ဦးပြည့်မီရမည့် သတ်မှတ်ချက်များမှာ အဘယ်နည်း။ ပထမဦးစွာ၊ ၎င်းတို့သည် ဆိုးယုတ်သော အန္တိခရစ်များကို ခွဲခြားရန် အစွမ်းအစကို ပိုင်ဆိုင်ရမည်။ ၎င်းတို့၌ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာ ရှိရမည်။ ဘုရားသခင်ကို ၎င်းတို့ စစ်မှန်စွာ ယုံကြည်နိုင်ပြီး လူကို ကိုးကွယ်ခြင်း၊ သို့မဟုတ် လူနောက်လိုက်ခြင်းအား ရှောင်ကြဉ်နိုင်သည်မှာ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာအား ပိုင်ဆိုင်ခြင်းအားဖြင့်သာ ဖြစ်သည်။ အန္တိခရစ်များကို ခွဲခြားနိုင်သော လူတို့သာ ဘုရားသခင်ကို အမှန်တကယ် ချစ်ဖို့နှင့် သူ့နောက် လိုက်ပြီး သက်သေခံဖို့ အစွမ်းအစ ရှိပေသည်။ အန္တိခရစ်များကို ခွဲခြားဖို့အလို့ငှာ၊ လူတို့သည် ပထမဦးစွာ လူများနှင့် အမှုအရာများကို ပြီးပြည့်စုံသော ရှင်းလင်းမှုနှင့် သိနားလည်မှုတို့ဖြင့် တွေ့မြင်ရန် သင်ယူရမည်။ ၎င်းတို့သည် အန္တိခရစ်များ၏ အနှစ်သာရကို သိမြင်နိုင်ရမည်ဖြစ်ပြီး ၎င်းတို့၏ လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်များ၊ လှည့်စားချက်များ၊ အတွင်း အရင်းခံအကြောင်းများနှင့် ရည်မှန်းချက်များအားလုံးကို ရိပ်စားမိရမည်။ ဤအရာကို သင်လုပ်ဆောင်နိုင်ပါက၊ သင်သည် ခိုင်မာစွာ ရပ်တည်နိုင်ပေသည်။ ကယ်တင်ခြင်းကို သင်ရရှိလိုပါက၊ သင်အောင်မြင်ရမည့် ပထမဆုံးသော စစ်ဆေးမှုမှာ စာတန်ကို မည်သို့ အနိုင်ယူရမည်ဆိုသည်နှင့် ပြင်ပလောကမှ ရန်လိုသော အင်အားစုများနှင့် ဝင်ရောက်စွက်ဖက်ခြင်းတို့ကို မည်သို့အောင်မြင်ကျော်လွှားကာ အောင်နိုင်ရမည်ဆိုသည်တို့ကို သင်ယူဖို့ ဖြစ်သည်။ သင်သည် စာတန်၏ အင်အားစုများကို ဆန့်ကျင်တိုက်ပွဲဝင်ရာတွင် အဆုံးထိ မဆုတ်မနစ် လုံ့လထုတ်ရန် ဝိညာဉ်ရင့်ကျက်မှုနှင့် လုံလောက်သော သမ္မာတရားတို့ကို ပိုင်ဆိုင်ပြီး ၎င်းတို့ကို အနိုင်ယူပြီးသည်နှင့်တစ်ပြိုင်နက်- ထိုအခါတွင်သာ- သင်သည် သမ္မာတရားကို မှန်မှန်လိုက်စားနိုင်ပြီး ထိုအခါမှသာ သင်သည် သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ပေးအပ်ခံရခြင်း လမ်းကြောင်းပေါ် တည်ကြည်ခိုင်မာစွာနှင့် မတော်တဆ ထိခိုက်ခြင်း မရှိဘဲ ခြေလှမ်းနိုင်ပေသည်။ သင်သည် ဤစစ်ဆေးမှုကို မအောင်မြင်နိုင်ပါက၊ သင်သည် ကြီးမားသော အန္တရာယ်တွင်ရှိနေပြီး အန္တိခရစ်၏ ဖမ်းဆီးခံရကာ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်လာရနိုင်ဖွယ်ရှိသည်ဟု ဆိုနိုင်ပေသည်။ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကြားတွင် သမ္မာတရား လိုက်စားနေသည့် လူများကို တားဆီးပြီး ခြေထိုးကြသူအချို့ လတ်တလောတွင် ရှိနိုင်ခြေရှိပြီး ၎င်းတို့သည် လူတို့၏ရန်သူများ ဖြစ်၏။ ဤအရာကို သင်လက်ခံသလော။ ဤအချက်ကို ရင်မဆိုင်ဝံ့သကဲ့သို့ ယင်းကို အမှန်တရားအဖြစ်လည်း လက်မခံဝံ့သည့် အချို့သော ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ ရှိ၏။ လက်တွေ့အရှိတရားတွင်၊ အသင်းတော်ထဲ၌ ဤအရာများ ဧကန်အမှန် တည်ရှိ၏။ လူတို့က ၎င်းတို့ကို မသိမြင်နိုင်ခြင်းသာ ဖြစ်သည်။ အကယ်၍ သင်သည် ဤစစ်ဆေးမှုကို- အန္တိခရစ်များနှင့်ဆိုင်သော စစ်ဆေးမှုကို- မအောင်မြင်နိုင်ပါက၊ သင်သည် အန္တိခရစ်များ၏ လှည့်ဖြားခြင်းနှင့် ထိန်းချုပ်ခြင်း ခံရပေသည်၊ သို့မဟုတ် ၎င်းတို့၏ ဆင်းရဲဒုက္ခခံစေခြင်း၊ ညှဉ်းဆဲခြင်း၊ တွန်းထုတ်ခြင်း၊ ဖိနှိပ်ခြင်းနှင့် စော်ကားခြင်းတို့ကို ခံရပေသည်။ နောက်ဆုံးတွင်၊ သင်၏ အလွန်တန်ဖိုးနည်းသည့် သေးငယ်သောဘဝသည် ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ညှိုးခြောက်သွားလိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိတော့မည် မဟုတ်သကဲ့သို့၊ “ဘုရားသခင်သည် ဖြောင့်ပင်မဖြောင့်မတ်တော်မူပါ။ ဘုရားသခင် အဘယ်မှာနည်း။ ဤလောကတွင် ဖြောင့်မတ်ခြင်းသော်လည်းကောင်း၊ အလင်းသော်လည်းကောင်း မရှိသကဲ့သို့ လူသားမျိုးနွယ်ကို ဘုရားသခင်၏ ကယ်တင်ခြင်းကဲ့သို့သော အရာမျိုး မရှိပါ။ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ နေ့ရက်များကို အလုပ်သွားခြင်းနှင့် ငွေရှာခြင်းဖြင့် ဖြတ်သန်းပါက ပိုကောင်းဦးမည်” ဟု ပြောရင်း သူ့ကို သင်စွန့်ခွာလိမ့်မည်။ သင်သည် ဘုရားသခင်ကို ငြင်းပယ်ပြီး သူတည်ရှိကြောင်း မယုံကြည်တော့ပေ။ သင်ကယ်တင်ခြင်းရမည်ဆိုသည့် မျှော်လင့်ချက်တစ်ခုတလေ လုံးဝ ကုန်ဆုံးသွား၏။ ထို့ကြောင့် သင်သည် ကယ်တင်ခြင်း ရရှိနိုင်သည့် နေရာသို့ ရောက်ရှိလိုပါက၊ သင်အောင်မြင်ရမည့် ပထမဆုံး စစ်ဆေးချက်မှာ စာတန်ကို ရိပ်စားမိနိုင်ခြင်းဟူသော စစ်ဆေးချက်တစ်ခု ဖြစ်ပြီး၊ သင်သည် ထရပ်ကာ စာတန်ကို ဖော်ထုတ်ကာ စွန့်ပစ်ဖို့ သတ္တိလည်း ရှိရမည်။ သို့ဆိုလျှင် စာတန် အဘယ်မှာရှိသနည်း။ စာတန်သည် သင့်နံဘေးနှင့် သင်၏ ဘက်ပေါင်းစုံတွင် ရှိသည်။ သူသည် သင့်စိတ်နှလုံးအတွင်းတွင်ပင် အသက်ရှင်နေနိုင်သည်။ သင်သည် စာတန်၏ စိတ်သဘောထားအတွင်းတွင် အသက်ရှင်နေပါက၊ သင်သည် စာတန်နှင့် သက်ဆိုင်သည်ဟု ဆိုနိုင်၏။ သင်သည် ဝိညာဉ်လောကနှင့်ဆိုင်သည့် စာတန်ကို မမြင်နိုင်၊ သို့မဟုတ် မထိတွေ့နိုင်သော်လည်း လက်တွေ့ဘဝတွင် တည်ရှိသည့် စာတန်သည် နေရာတကာတွင် ရှိ၏။ သမ္မာတရားကို အလွန်မုန်းတီးသည့်လူ မည်သူမဆိုသည် ဆိုးယုတ်ပြီး သမ္မာတရားကို လက်မခံသည့် မည်သည့်ခေါင်းဆောင်၊ သို့မဟုတ် မည်သည့်အမှုတော်ဆောင်မဆိုသည် အန္တိခရစ်နှင့် ဆိုးယုတ်သော လူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ရှင်သန်နေသည့် စာတန်များဖြစ်ကြသည် မဟုတ်လော။ ဤလူများမှာ သင်ကိုးကွယ်ပြီး ကြည်ညိုသည့်သူများစင်စစ် ဖြစ်နေနိုင်၏။ ၎င်းတို့မှာ သင့်ကို ဦးဆောင်သော လူများ၊ သို့မဟုတ် သင်၏စိတ်နှလုံးထဲတွင် သင်ကြာမြင့်စွာ တောင့်တနေခဲ့ရသူများ၊ လေးစားနေခဲ့ရသူများ၊ ယုံကြည်ကိုးစားပြီး အားကိုးနေခဲ့ရသူများ ဖြစ်နိုင်သည်။ သို့သော်၊ စင်စစ်အားဖြင့် ၎င်းတို့သည် သင်၏လမ်းတွင် တားဆီးနေပြီး ကယ်တင်ခြင်းမရအောင် သင့်ကိုဟန့်တားနေသည့် လမ်းဆို့များဖြစ်သည်။ ၎င်းတို့သည် အန္တိခရစ်များဖြစ်ကြ၏။ ၎င်းတို့သည် သင်၏ဘဝနှင့် သင်လျှောက်လှမ်းသည့် လမ်းကြောင်းတို့ကို ထိန်းချုပ်နိုင်ပြီး၊ ကယ်တင်ခြင်း ပေးအပ်ခံရမည့် သင်၏အခွင့်အရေးကို ဖျက်ဆီးနိုင်သည်။ ၎င်းတို့ကို သင်မခွဲခြားနိုင်သကဲ့သို့ မရိပ်စားမိနိုင်ပါက၊ အချိန်မရွေး၊ သင်သည် ၎င်းတို့၏ ထောင်ချောက်များထဲသို့ ထိုးစိုက်ကျနိုင်သည်၊ သို့မဟုတ် ၎င်းတို့၏ ဖမ်းဆီးခြင်းနှင့် ခေါ်ဆောင်သွားခြင်းကို ခံရနိုင်ပေသည်။ ထို့ကြောင့်၊ သင်သည် ကြီးမားသော အန္တရာယ်တွင် ရှိ၏။ ဤအန္တရာယ်ကို လွတ်မြောက်နိုင်သူ များစွာရှိသလော။ ယင်းကို သင်တို့ လွတ်မြောက်ပြီးပြီလော။ မိမိတို့ကိုယ်ကို သမ္မာတရား လိုက်စားသူများဟု ခေါ်ဆိုပြီး၊ အန္တိခရစ်များကို ၎င်းတို့မကြောက်ဟု ပြောသောသူအချို့ ရှိ၏- ဤသည်မှာ သင်္ကြန်အမြောက်မျှသာဖြစ်သည် မဟုတ်လော။ မိမိတို့၏ အစွယ်များကို ဖြဲပြနေပြီး မိမိတို့၏ လက်သည်းများကို ဝှေ့ရမ်းပြလျက်ရှိသည့် လူ့သဘာဝညံ့ဖျင်းပြီး မကောင်းမှုပြုနေသည့် အန္တိခရစ်တစ်ဦးကို သင်ကြုံရပါက၊ ၎င်းတို့ကို သင်သတိပြုမိဖို့ သေချာသည်။ သို့သော် အတော်အတန် ဘုရားတရား ကိုင်းရှိုင်းပုံရပြီး လူတို့၏ အယူအဆများကို လက်ခံသည့်၊ ၎င်း၏လူ့သဘာဝက ထူးကဲ့သည့်၊ ၎င်း၏စကားနှင့် လုပ်ရပ်တို့က အလွန်ပညာသားပါကာ၊ နူးညံ့ပြီး ထောက်ထားတတ်သည့် အန္တိခရစ်တစ်ဦးရှိပါက၊ သင်သည် ထိုသူကို ရိပ်စားမိနိုင်လိမ့်မည် မဟုတ်- သို့သော် ၎င်းတို့၏ အပြုအမူ၊ အတွေးများနှင့် အမြင်များအပြင် အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့် နည်းလမ်းများနှင့် သမ္မာတရားကို ၎င်းတို့သိနားလည်သည့် နည်းလမ်းများသည်ပင်၊ အားလုံးက သင့်ကို ထိခိုက်စေနိုင်လိမ့်မည်။ ယင်းတို့၏ သက်ရောက်မှု အတိုင်းအတာမှာ အဘယ်နည်း။ ယင်းတို့သည် သင်ပြုမူသည့်နည်းလမ်း၊ သင်လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် ဘုရားသခင်အပေါ် သင်၏သဘောထားတို့ကို ထိခိုက်နိုင်၏။ အဆုံးတွင်၊ ၎င်းတို့သည် သင်၏ရုပ်တုဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ သင်၏စိတ်နှလုံးတွင် နေရာတစ်ခု ယူကြလိမ့်မည်ဖြစ်ကာ၊ သင်သည် ၎င်းတို့ကို ဖယ်ရှားနိုင်လိမ့်မည် မဟုတ်ပေ။ ဤအတိုင်းအတာထိ သင်လွှမ်းမိုးခံရသည့်အခါတွင်၊ သင်၏ ကယ်တင်ခြင်း မျှော်လင့်ချက်သည် အတော်အတန် နည်းပါးကောင်း နည်းပါးလာနိုင်သည်။ သင့်ကို ဘုရားသခင်နှင့် သမ္မာတရားက ထိုမျှအတိုင်းအတာတစ်ခုထိ အမှုပြုခဲ့မည်ဆိုပါက၊ ယင်းကို ကြိုဆိုလက်ခံရမည်ဖြစ်ပြီး ကောင်းမွန်သော အရာတစ်ခု ဖြစ်မည်ဖြစ်သော်လည်း၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည့်‌ လူတစ်ဦး၊ သို့မဟုတ် စာတန်အမျိုးတစ်ဦး၏ ထိန်းချုပ်မှုကို ထိုမျှ အတိုင်းအတာတစ်ခုထိ ခံရထားရခြင်းမှာ- ယင်းသည် သင့်အတွက် ကပ်ဆိုက်မှုတစ်ခု ဖြစ်မည်လော၊ သို့မဟုတ် ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်မည်လော။ သင့်အတွက် ကပ်ဆိုက်မှုတစ်ခု ဖြစ်မည်ဖြစ်ပြီး ကောင်းချီးမင်္ဂလာ လုံးဝမဖြစ်နိုင်ပေ။ ၎င်းတို့သည် သင့်ကို ယာယီ လမ်းကြောင်းတစ်ခု ပေးကောင်းပေးနိုင်သော်လည်း၊ သို့မဟုတ် သင့်ကို ယာယီထောက်ပံ့ပေးခြင်း၊ ကူညီပေးခြင်း၊ တည်ဆောက်ပေးခြင်း၊ အစရှိသဖြင့် ပြုကောင်းပြုနိုင်သော်လည်း၊ ထို့ပြင် ဤအရာက သင့်အဖို့ ကြီးမားသော အကျိုးကျေးဇူးရှိပုံ ရမည်ဖြစ်သော်လည်း၊ ၎င်းတို့သည် သင်၏ရှေ့ဆက်ဦးတည်ချက်ကိုပင် စီစဉ်ညွှန်ကြားနိုင်သည်အထိ သင်၏ စိတ်နှလုံးထဲတွင် နေရာတစ်ခုယူပြီး၊ သင်၏အတွေးများနှင့် အမြင်များကို ၎င်းတို့ထိန်းချုပ်ကာ စီစဉ်ညွှန်ကြားနိုင်ကြသည်ဆိုပါက၊ သင်သည် ဒုက္ခရောက်ပေပြီ- ထိုအခါ သင်သည် စာတန်၏ ထိန်းချုပ်မှုအောက်တွင် ရှိလိမ့်မည်ဖြစ်သည်။ အန္တိခရစ်တစ်ဦးနှင့် သက်ဆိုင်၍၊ “သူသည် စာတန်မဟုတ်ပါ။ သူသည် သမ္မာတရားကို လိုက်စားသည့် ဝိညာဉ်ရေးရာပြည့်ဝသော လူတစ်ဦးဖြစ်ပါသည်” ဟု ပြောသောသူများ ရှိသည်။ ယင်းသည် ခိုင်လုံသော ထွက်ဆိုချက် ဟုတ်ပါသလော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ရှာဖွေနိုင်ဖို့နှင့် ဘုရားသခင်ရှေ့မှောက်သို့ သင်လာကာ သူ့အပေါ် မှီခိုရန်နှင့် သူ့ကို ရှာဖွေရန် သင်ယူဖို့အလို့ငှာ၊ ထို့ပြင် သူနှင့် သင်၏ဆက်ဆံရေးက တိုး၍ နီးသည်ထက် နီးစပ်လာဖို့အလို့ငှာ၊ သမ္မာတရားကို အမှန်တကယ် လိုက်စားသူ မည်သူမဆိုက သင့်ကိုပေးသည့် လမ်းပြမှု၊ ကူညီမှုနှင့် ထောက်ပံ့မှုတို့သည်- သင့်ထံ ၎င်းတို့ဆောင်ကြဉ်းပေးသည့် လွှမ်းမိုးမှု၊ သို့မဟုတ် အကျိုးကျေးဇူးသည်- သင့်ကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လာပေသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ တိုး၍ နီးသည်ထက် နီးစပ်သွားသည်မှာ သင်နှင့် ထိုလူ၏ ဆက်ဆံရေးဖြစ်ပါက၊ အဘယ်အရာ ဖြစ်ပျက်နေသနည်း။ ယခု သင်လျှောက်လှမ်းနေသည့် လမ်းကြောင်းသည် ပြောင်းပြန်ဖြစ်သွားပြီး၊ သင်သည် မှားယွင်းသောလမ်းကို ဦးတည်နေပေသည်။ ဤအရာက မည်သည့်အကျိုးဆက်များဆီသို့ ဆိုက်ရောက်စေသနည်း။ လူ့ရှေ့မှောက်သို့ ခေါ်ဆောင်ခံရပြီးနောက်တွင်၊ သင်သည် ဘုရားသခင်ထံမှ အလွန်ဝေးကွာသွားလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်က သင်ကိုးကွယ်သည့် ရုပ်တုကို အကျိုးမပြုသည့် တစ်စုံတစ်ရာကို လုပ်ဆောင်သည်နှင့်တစ်ပြိုင်နက်၊ သင်သည် ချက်ချင်း ပုန်ကန်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဖြစ်နေကျ ဖြစ်ရပ်တစ်ခု ဖြစ်သည်။ အချို့သော ခေါင်းဆောင်များ အစားထိုးခံရသည့်အခါ၊ သို့မဟုတ် အချို့သော ကိစ္စရပ်များတွင် ၎င်းတို့နှင်ထုတ်ခံရသည့်အခါ၊ ၎င်းတို့၏ နောက်လိုက်များသည့် ၎င်းတို့နှင့်အတူ ထွက်ခွာသွားကြပြီး ယုံကြည်ခြင်းကို ရပ်လိုက်ကြသည်။ ဤသည်မှာ ဖြစ်နေကျ ဖြစ်ရပ်တစ်ခု မဟုတ်လော။ အဘယ်သို့ဖြစ်၍ ၎င်းတို့သည် ယုံကြည်ခြင်းကို ရပ်လိုက်ကြသနည်း။ ၎င်းတို့က၊ “ကျွန်ုပ်၏ခေါင်းဆောင်သည် ကယ်တင်မခံရနိုင်ပါက၊ ကျွန်ုပ်သည် မည်သည့်မျော်လင့်ချက် ရှိပါသနည်း” ဟု ပြောကြသည်။ ဤသည်မှာ မရေရာသော စကားဖြစ်သည် မဟုတ်လော။ ထိုသို့သော အရာတစ်ခုကို ၎င်းတို့ အဘယ်သို့ ပြောနိုင်ကြသနည်း။ ၎င်းတို့၏ ခေါင်းဆောင်များက ၎င်းတို့ကို လှည့်ဖြားထားပြီး ဖြစ်သည်။ လှည့်ဖြားခံရခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့ခေါင်းဆောင်၏ ထိန်းချုပ်မှုအောက်တွင် ရောက်နှင့်နေကြခြင်းဖြစ်ပေသည်။ ၎င်းတို့ခေါင်းဆောင်၏ စကားနှင့် လုပ်ရပ်တိုင်း၊ လုပ်ဆောင်ချက်နှင့် လှုပ်ရှားမှုတိုင်း၊ ထို့ပြင် ၎င်းတို့၏ခေါင်းဆောင် စွဲကိုင်သည့် မည်သည့်အမြင်များကိုမဆို၊ ၎င်းတို့သည် အစုလိုက်အပြုံလိုက် လက်ခံပြီး ယင်းတို့ကို စံများနှင့် သာဓကများအဖြစ် အသုံးပြုကာ၊ အမြင့်ဆုံးသော သမ္မာတရားအဖြစ် မှတ်ယူကြလေသည်။ ထို့ကြောင့် တစ်ဦးတလေက ၎င်းတို့ခေါင်းဆောင်များ၏ စကားများ၊ လုပ်ရပ်များ၊ သို့မဟုတ် အမြင်များကို မှားသည်ဟု ပြောခြင်း၊ သို့မဟုတ် ၎င်းတို့၏ ခေါင်းဆောင်များနှင့်ပတ်သက်၍ အပျက်သဘောဆောင်သည့် အရာတစ်ခုတလေ ပြောဆိုခြင်း၊ သို့တည်းမဟုတ် ၎င်းတို့၏ ခေါင်းဆောင်များကို ရှုတ်ချခြင်းနှင့် ကောက်ချက်များ ချခြင်းတို့ကို ၎င်းတို့သည်းမခံကြချေ။ ခေါင်းဆောင်က နှင်ထုတ်ခံလိုက်ရသည်နှင့်၊ သို့မဟုတ် အဖြုတ်ခံလိုက်ရသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ထိန်းချုပ်သောသူများသည် မိမိတို့၏ခံယူချက်တွင် မယိမ်းမယိုင်ဘဲလျက် ၎င်းတို့နှင့်အတူ ထွက်ခွာသွားပြီး၊ မည်မျှပင် ဖျောင်းဖျသည်ဖြစ်စေ ၎င်းတို့ကို ပြန်လည်မခေါ်ဆောင်နိုင်ပေ။ ၎င်းတို့သည် ၎င်းတို့ခေါင်းဆောင်၏ ထိန်းချုပ်မှုအောက်တွင် ရှိကြသည် မဟုတ်လော။ ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင်သာ သင်သည် ၎င်းတို့ကိုယ်စား တရားမျှတမှုအတွက် တိုက်ပွဲဝင်ပေမည်၊ သို့မဟုတ် ၎င်းတို့၏ ပူပန်သောကများ၊ ၎င်းတို့၏ အတွေးများ၊ ၎င်းတို့၏ မျက်ရည်များနှင့် ၎င်းတို့၏ နာကြည်းချက်တို့ကို မျှဝေခံစားမည်၊ ဘုရားသခင်ကို အသိအမှတ်မပြုတော့သည်အထိ ဖြစ်ကြပေမည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ သင်သည် ၎င်းတို့ကို သင့်စိတ်နှလုံး၏ အတွင်းအကျဆုံးသောနေရာက ကျိုးနွံမှုဖြင့် နာခံပြီး ၎င်းတို့နောက် လိုက်ဖို့အလို့ငှာနှင့် ဘုရားသခင်အပေါ် ငြင်းပယ်ခြင်း သဘောထားကို သင်ခံယူဖို့အလို့ငှာ၊ သင်၏သခင်၊ သင်၏ဘုရားသခင်၊ သင်မှီခိုသည့်အရာ ၎င်းတို့ဖြစ်ဖို့ဖြစ်သည်။ သင်သည် အန္တိခရစ်ကို ဘုရားသခင်အဖြစ် မှတ်ယူလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ကို သင်၏သခင်နှင့် ဘုရားသခင် ဖြစ်စေပြီး ဖြစ်လိမ့်မည်။ သင့်အဖို့၊ ဘုရားသခင်သည် အချည်းနှီးဖြစ်လိမ့်မည်- ယင်းမှာ ရလဒ်ဖြစ်၏။ သင်လျှောက်သည့် လမ်းကြောင်း မှားယွင်းပါက၊ ဤသည်မှာ မြေကြီးလက်ခတ်မလွဲသော ရလဒ်ဖြစ်သည့်အတွက်၊ အန္တိခရစ်အားဖြင့် လှည်ဖြားခံရခြင်းနှင့်ပတ်သက်၍ သင်မစိုးရိမ်သကဲ့သို့၊ အန္တိခရစ်တစ်ဦးနောက်ကို လိုက်ခြင်းအား သင်မကြောက်ရွံ့ဟု ပြောခြင်းသည် အသုံးမဝင်ပေ။ ယင်းကို သင်မလွတ်မြောက်နိုင်သကဲ့သို့ ဤအမှန်တရားကို သင်မပြောင်းလဲနိုင်ပေ။ သင်ရွေးချယ်ပြီးဖြစ်သည့် လမ်းကြောင်းတစ်လျှောက် သင်လျှောက်လှမ်းသည်နှင့်အမျှ၊ ဤရလဒ်သည် အပေါ်ယံသို့ တစ်စချင်း ပေါလောပေါ်လာပြီး ၎င်းကိုယ်၎င်း ထင်ရှားပြပေသည်။ ထိုအခါတွင်၊ မရေမရာဖြစ်စရာ တစ်ခုတလေမျှ မရှိ- ရလဒ်သည် မြေကြီးလက်ခတ်မလွဲဖြစ်ပေ၏။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်” မှ

အန္တိခရစ်များကို သင်တို့ပိုင်းခြားသိမြင်ဖို့ လိုအပ်သည်။ ဤအရာကို သင်မည်သည့်အခါမျှ အလေးအနက်မထားလျှင် ၎င်းတို့အားဖြင့် သင်သည် မည်သည့်အခြေအနေမျိုးသို့ လမ်းမှားသွေဖည်သွားနိုင်သည်ကို လုံးဝ သိလိမ့်မည်မဟုတ်၊ ပြီးလျှင် မည်သည့်အရာဖြစ်နေသည်ကိုပင် မသိဘဲ ဇဝေဇဝါ ရှုပ်ထွေးလျက် အန္တိခရစ်များနောက်ကိုပင် သင်လိုက်ကောင်း လိုက်နိုင်ပေသည်။ သင်သည် ၎င်းတို့နောက်ကို စလိုက်သည့်အခါ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သင်သတိမမူမိဘဲ အန္တိခရစ် ပြောသည့်အရာက မှန်ကန်သည်ဟုပင် သင်ခံစားရနိုင်၏။ အမှတ်တမဲ့နှင့်ပင် သင်သည် လမ်းမှားသွေဖည်သွားပြီ ဖြစ်သည်။ သင်လှည့်စားခံရပြီးသည်နှင့် ဘုရားသခင်က သင့်ကို မလိုချင်တော့ချေ။ လူအချို့က ပုံမှန်အားဖြင့် အဆင်ပြေနေပုံရပြီး ၎င်းတို့သည် အန္တိခရစ်တစ်ဦးလှည့်စားသည်ကို ခဏတာ ခံရခြင်းသာ ဖြစ်သောကြောင့် အသင်းတော်က ၎င်းတို့ကို သတိပေးခြင်းနှင့် ၎င်းတို့နှင့် မိတ်သဟာယပြုခြင်းတို့မှတစ်ဆင့် ၎င်းတို့ကို နောက်ဆုံးတွင် ပြန်လည်ရယူနိုင်သည်။ သို့ရာတွင် လူအချို့ကမူ မည်သည့်မိတ်သဟာယမျိုးကို လက်ခံရရှိပါစေ မည်သည့်အခါမျှ ပြန်မလာကြချေ။ ထိုအစား ၎င်းတို့က အန္တိခရစ်နောက်ကို နောက်ပြန်မလှည့်စတမ်း လိုက်နေကြသည်။ ဤသည်မှာ ဖျက်ဆီးခံရခြင်း မဟုတ်လော။ ၎င်းတို့သည် အဘယ့်ကြောင့် ပြန်မလာကြသနည်း။ ထိုသို့ဖြစ်အောင် ဘုရားသခင်မပြုသောကြောင့် ဖြစ်သည်။ လူအချို့က အလွန်ကောင်းသည့် စိတ်ရင်းစေတနာဖြင့် “အို၊ သို့ရာတွင် သူသည် အလွန်ကောင်းသည့်သူတစ်ယောက်ဖြစ်သည်။ သူသည် ဘုရားသခင်ကို ယုံကြည်လာသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး များစွာပေးဆပ်ထားကာ များစွာ အသုံးခံထားသည်။ သူသည် အမှန်တကယ် တည်ကြည်ပြီး သူ၏တာဝန်၌ အလွန်နှစ်မြှုပ်ထားသည်၊ ထို့အပြင် ဘုရားသခင်ကို သူ၏ယုံကြည်မှုကလည်း ကြီးမားသည်။ သူသည် စစ်မှန်သော ယုံကြည်သူတစ်ဦးဖြစ်ပါ၏” ဟု ပြောကြသည်။ ယင်းမှာ လူတို့၏ စိတ်ရင်းစေတနာကောင်းများအရ အပြင်ပန်းတွင် မြင်ရသည့်အရာဖြစ်သည်၊ သို့သော်လည်း ထိုသူ၏ အတွင်းကျကျ စိတ်နှလုံးထဲကို သင်မမြင်နိုင်ပေ။ သင်သည် အမှန်တကယ် မည်သည့်လူစားမျိုးဖြစ်သည်၊ သူ၏အနှစ်သာရသည် မည်သည့်အရာဖြစ်သည်ကို သင်မမြင်တွေ့နိုင်ပေ။ ထို့အပြင် သင်သည် စေတနာအရင်းခံဖြင့် သူ့ကို ကယ်တင်ဖို့ ကြိုးစားနိုင်သော်လည်း သင်မည်သို့ မိတ်သဟာယပြုပါစေ သူ့အနေဖြင့် ပြန်လှည့်လာမည် မဟုတ်၊ ပြီးလျှင် ဤအရာ၏နောက်ကွယ်မှ အကြောင်းအရင်းမှာ အဘယ်အရာဖြစ်သည်ကို သင်မသိချေ။ အမှန်တကယ်တွင် ဘုရားသခင်က သူ့ကို မလိုချင်တော့ခြင်းဖြစ်သည်။ ဘုရားသခင်က သူ့ကို အဘယ့်ကြောင့် မလိုချင်တော့သနည်း။ ဤအရာအတွက် အလွန်အမင်း သိသာထင်ရှားပြီး အလွယ်တကူ မြင်နိုင်သည့် အကြောင်းအရင်း ရှိပေသည်။ အချို့ အန္တိခရစ်များသည် အလွန်သိသာထင်ရှားစွာပင် ဆိုးယုတ်သော ဝိညာဉ်များ ဖြစ်သော်လည်း အချို့အန္တိခရစ်များကမူ မိမိတို့ကိုယ်ကို ဆိုးယုတ်သောဝိညာဉ်များအဖြစ် အသွင်ဆောင်သည်အထိ မပြုကြသောကြောင့် ၎င်းတို့ကို ထိုသို့သတ်မှတ်၍ မရနိုင်ပေ။ ဆိုးယုတ်သော ဝိညာဉ်များ ဖြစ်သည်မှာ သိသာထင်ရှားသည့် ထိုအန္တိခရစ်များအတွက်မူ တစ်စုံတစ်ဦးက ၎င်းတို့နောက်ကို လိုက်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားတို့ကို ထောက်ဆရလျှင် ဘုရားသခင်က ထိုပုဂ္ဂိုလ်ကို အသိအမှတ် ပြုဦးမည်လော။ ဘုရားသခင်သည် သန့်ရှင်းပြီး သူသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်သည်— ဆိုးယုတ်သော ဝိညာဉ်များနောက် လိုက်ပြီးသည့်သူများကို သူငြင်းပယ်သည်။ အပြင်ပန်းတွင် ဤလူက သင့်အဖို့ ကောင်းမြတ်ပုံရလျှင်ပင် ဘုရားသခင်က ထိုရှုထောင့်ကို ကြည့်မနေချေ။ “အပြစ်ရှိသည်ဟု ယုံလွယ်သော” ဟူသည်မှာ အဘယ်နည်း။ ဤနေရာတွင် “အပြစ်ရှိသည်ဟု ယုံလွယ်သော” က အဘယ်အရာကိုဆိုလိုသနည်း။ ထိုစကားကိုယ်နှိုက်မှ မရှင်းလင်းပါက ငါ၏ရှင်းလင်းချက်မှ သင်တို့နားလည်နိုင်ခြင်း ရှိမရှိကို ကြည့်လော။ ၎င်းတို့သည် ဘုရားသခင်၏ ရွေးကောက်သည့်ခံရသည့်အချိန်မှစ၍ ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်း၊ သူသည် ဖြောင့်မတ်ခြင်း၊ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့ ဖြစ်ကြောင်း၊ သူသည် တစ်ပါးတည်းဖြစ်ကြောင်း ၎င်းတို့သတ်မှတ်သည့်အချိန်အထိ— ဤအရာအားလုံးကို ၎င်းတို့နားလည်သွားသည်နှင့် ၎င်းတို့၏ စိတ်နှလုံးအတွင်းနက်ရှိုင်းရာတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရအပြင် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့အပေါ် အခြေခံနားလည်မှုကို ရရှိလေသည်။ ထို့နောက်တွင် ဤအခြေခံနားလည်မှုက ၎င်းတို့၏ယုံကြည်မှု ဖြစ်လာပြီး ဘုရားသခင်နောက်ကို လိုက်ရာ၌၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရာ၌၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ ၎င်းတို့ကို တွန်းအားပေးသည့်အရာ ဖြစ်လာသည်။ ဤသည်မှာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှု ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာများသည် ၎င်းတို့၏ အသက်တာအတွင်းတွင် အမြစ်တွယ်နှင့်ပြီးဖြစ်ကာ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ နောက်တစ်ဖန် ငြင်းပယ်တော့မည် မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့၌ ခရစ်တော်၊ သို့မဟုတ် လက်တွေ့ကျသော ဘုရားသခင်နှင့်သက်ဆိုင်သည့် စစ်မှန်သော အသိပညာ မရှိပါက ၎င်းတို့သည် အန္တိခရစ်တစ်ဦးကို ဝတ်ပြုကိုးကွယ်ပြီး အန္တိခရစ်နောက်ကို လိုက်ဆဲဖြစ်ကောင်း ဖြစ်နိုင်သည်။ ဤကဲ့သို့သောလူမျိုးသည် အန္တရာယ် ရှိနေဆဲဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သည့် အန္တိခရစ် တစ်ဦးနောက်လိုက်ဖို့ လူ့ဇာတိရှိ ခရစ်တော်ကို ကျောခိုင်းနိုင်ဆဲ ဖြစ်သည်။ ဤသည်မှာ ခရစ်တော်ကို အတိအလင်း ငြင်းပယ်ခြင်းနှင့် ဘုရားသခင်နှင့် ဆက်ဆံရေးကို ဖြတ်တောက်ခြင်း ဖြစ်လိမ့်မည်။ ဤအရာ၏ သွယ်ဝိုက် ညွှန်းဆိုချက်မှာ— “ကျွန်ုပ်သည် ကိုယ်တော့်နောက်ကို လိုက်တော့မည် မဟုတ်၊ သို့သော်လည်း စာတန်နောက်ကိုကား လိုက်နေသည်။ စာတန်ကို ကျွန်ုပ်ချစ်ပြီး သူ့ကို အစေခံလိုသည်၊ စာတန်နောက်သို့ ကျွန်ုပ်လိုက်လိုပြီး သူကျွန်ုပ်ကို မည်သို့ ဆက်ဆံပါစေ၊ မည်သို့ဖျက်ဆီးပါစေ၊ မည်သို့နင်းခြေပြီး မည်သို့ဖောက်ပြန်ပျက်စီးအောင် လုပ်ပါစေ ပျော်ပျော်ကြီး ကျွန်ုပ်ခံမည်။ ကိုယ်တော့်အနေဖြင့် မည်မျှဖြောင့်မတ်ပြီး မည်မျှ သန့်ရှင်းပါစေ ကိုယ်တော့်နောက်သို့ ကျွန်ုပ်မလိုက်လိုတော့ပါ။ ကိုယ်တော်သည် ဘုရားသခင်ဖြစ်သော်ငြားလည်း ကိုယ်တော့်နောက်ကို ကျွန်ုပ်မလိုက်ချင်တော့ပါ” ဟူ၍ဖြစ်သည်။ ပြီးလျှင် ၎င်းတို့က ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်သူတစ်ဦး၊ ဘုရားသခင်နှင့် ရန်သူဖြစ်သူတစ်ဦး၊ သို့မဟုတ် ဆိုးယုတ်သော ဝိညာဉ်ပင် ဖြစ်သည့်သူတစ်ဦးနောက်ကို လိုက်ရင်း ထိုအတိုင်းပင် ထွက်သွားကြသည်။ ဘုရားသခင်က ထိုလူစားမျိုးကို လိုချင်ဆဲဖြစ်မည်လော။ ၎င်းတို့ကို ဘုရားသခင်ပစ်ပယ်ခြင်းသည် အကျိုးသင့်အကြောင်းသင့် ဖြစ်မည်လော။ လုံးလုံးပင် အကျိုးသင့်အကြောင်းသင့် ဖြစ်ပေမည်။ ဘုရားသခင်သည် အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရားသခင် ဖြစ်ကြောင်း၊ သူသည် သန့်ရှင်းကြောင်းကို ပကတိအသိဉာဏ်မှနေ၍ လူများအားလုံး သိကြသော်လည်း ဤအရာနောက်ကွယ်တွင် အမှန်တကယ်ရှိနေသည့်အရာ၏ တကယ့်အခြေအနေကို သင်နားလည်သလော။ ဤနေရာတွင် ငါပြောနေသည့်အရာက မမှန်ကန်သလော။ (မှန်ကန်ပါသည်။) မှန်ကန်သည်ဆိုလျှင် ထိုပုဂ္ဂိုလ်ကို ဘုရားသခင်စွန့်လွှတ်ခြင်းက သူ့အနေဖြင့် ရက်စက်ရာကျသည်ဟု ယူမှတ်၍ ရမည်လော။ ဘုရားသခင်က အခြေခံသဘောတရားနှင့် ပြုမူသည်— ဘုရားသခင်၏ဖြစ်ခြင်းကို သင်သိလျက်နှင့် သူ့နောက်ကို မလိုက်လိုပါက၊ ပြီးလျှင် စာတန်၏ဖြစ်ခြင်းကို သင်သိလျက်နှင့် သူ့နောက်ကို လိုက်လိုဆဲဖြစ်ပါက ငါအတင်းတိုက်တွန်းမည် မဟုတ်။ သင့်ကို စာတန်နောက်သို့ ရာသက်ပန်လိုက်ခွင့် ငါပေးမည်ဖြစ်ပြီး သင်ပြန်လာဖို့ ငါတောင်းဆိုမည်မဟုတ်ဘဲ သင့်ကိုငါ လက်လျှော့လိုက်မည်။ ဘုရားသခင်၏အပိုင်းတွင် ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်းက ခေါင်းမာခြင်း ဖြစ်သလော။ စိတ်ခံစားချက်အရ သူပြုမူခြင်းလော၊ သို့မဟုတ် သိက္ခာရှိခြင်း ဖြစ်သလော။ ဤသည်မှာ သိက္ခာရှိခြင်း မဟုတ်သကဲ့သို့ ခေါင်းမာခြင်းလည်း မဟုတ်ဘဲ ဘုရားသခင်၏ “အပြစ်ရှိသည်ဟု ယုံလွယ်ခြင်း” ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ တစ်နည်းဆိုရလျှင် ဖန်ဆင်းခံအနေနှင့် သင်သည် အကျင့်ပျက်လာဖို့ကို လိုလိုချင်ချင်ရှိနေလျှင် ဘုရားသခင်က မည်သည့်အရာကို ဆိုနိုင်မည်နည်း။ သင်သည် အကျင့်ပျက်လာဖို့ ဆန္ဒရှိပါက ယင်းမှာ သင်၏ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သည်— အဆုံး၌ သင်သည် အကျိုးဆက်များကို ခေါင်းခံရလိမ့်မည်ဖြစ်ပြီး မည်သူမပြု မိမိမှုသာဖြစ်လိမ့်မည်။ လူများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ဘုရားသခင်၏ အခြေခံသဘောတရားများမှာ မပြောင်းလဲသောကြောင့် သင်သည် အကျင့်ပျက်ခြင်းကို ကျေနပ်အားရနေပါက ဧကန်ဧက ဖြစ်သော သင်၏အဆုံးသတ်မှာ အပြစ်ဒဏ်ပေးခြင်း ခံရဖို့ဖြစ်သည်။ ယခင်က ဘုရားသခင်နောက်ကို သင်နှစ်ပေါင်း မည်မျှ လိုက်ခဲ့သည်မှာ အရေးမပါချေ။ သင်သည် အကျင့်ပျက်လိုလျှင် ဘုရားသခင်က သင်ရွေးချယ်မှုပြုရာ၌ သင့်ကို ကူညီပေးမည် မဟုတ်သကဲ့သို့ သင့်ကို အတင်းအကျပ်စေခိုင်းမည်လည်း မဟုတ်ပေ။ သင်ကိုယ်နှိုက်က စာတန်နောက်သို့ လိုက်ဖို့၊ စာတန်၏ လှည့်စားခြင်းနှင့် ညစ်ညမ်းစေခြင်းကိုခံဖို့ ဆန္ဒရှိနေခြင်းဖြစ်သောကြောင့် အဆုံး၌ သင်သည် အကျိုးဆက်များကို ခေါင်းခံရမည် ဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (၂)” မှ

လူမည်မျှ ဘုရားသခင်ကို ယုံကြည်ပါစေ၊ ၎င်းတို့၏ယုံကြည်မှုများမှာ ဘာသာရေးတစ်ခု သို့မဟုတ် အဖွဲ့တစ်ခု ဖြစ်သည်ဟု ဘုရားသခင်၏သတ်မှတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့မှာ ကယ်တင်၍မရနိုင်ဟု ဘုရားသခင် သတ်မှတ်ပြီးဖြစ်၏။ ဤအရာကို အဘယ်ကြောင့် ငါဆိုသနည်း။ ဘုရားသခင်၏အမှုနှင့် လမ်းပြခြင်းမရှိသည့်အပြင် ကိုယ်တော့်ကို ကိုးကွယ်ခြင်း လုံးဝမရှိသော လူစု သို့မဟုတ် လူအုပ်တစ်ခုတွင် ၎င်းတို့သည် မည်သူ့ကို ကိုးကွယ်ကြသနည်း။ ၎င်းတို့သည် မည်သူ့နောက်သို့ လိုက်ကြသနည်း။ ပုံစံနှင့် အမည်နာမအရ သူတို့သည် ပုဂ္ဂိုလ်တစ်ဦးနောက် လိုက်ကြသော်လည်း မည်သူ့ကို သူတို့အမှန်တကယ် လိုက်ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို အသိအမှတ်ပြုကြသော်လည်း၊ အမှန်တွင် ၎င်းတို့သည် လူသား၏ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ စီစဉ်ခြင်းများနှင့် ထိန်းချုပ်ခြင်းကို ခံကြရ၏။ ၎င်းတို့သည် စာတန်မာရ်နတ်နောက်သို့ လိုက်ကြခြင်းဖြစ်၏၊ ၎င်းတို့သည် ဘုရားသခင်ကို ရန်လိုသော၊ ဘုရားသခင်၏ရန်သူများဖြစ်ကြသော အင်အားစုများနောက်သို့ လိုက်ကြ၏။ ဘုရားသခင်သည် ယင်းကဲ့သို့သော လူအုပ်တစ်အုပ်ကို ကယ်တင်မည်လော။ (မကယ်တင်ပါ။) အဘယ့်ကြောင့်နည်း။ ၎င်းတို့သည် နောင်တရနိုင်စွမ်း ရှိကြသလော။ (မရှိပါ။) ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လွှင့်ကာ လူသားလုပ်ငန်းများကို လုပ်ဆောင်နေကြပြီး၊ ၎င်းတို့၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို ဆောင်ရွက်နေကြပြီး ၎င်းတို့သည် လူသားမျိုးနွယ် ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဆန့်ကျင်ကြ၏။ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရခြင်း ဖြစ်သည်၊ ဘုရားသခင်သည် ဤလူများကို ကယ်တင်ရန် မဖြစ်ေနိုင်ပေ၊ ၎င်းတို့သည် နောင်တရရန် မဖြစ်နိုင်ပေ၊ ၎င်းတို့သည် စာတန်၏ဖမ်ဆီးချုပ်နှောင်ခြင်းကို ခံရနှင့်ပြီဖြစ်၏၊ ၎င်းတို့သည် စာတန်၏လက်ထဲ၌သာ လုံးလုံးလျားလျား ရှိကြ၏။ သင်၏ ယုံကြည်ခြင်းတွင်၊ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ သင် ယုံကြည်ပြီးဖြစ်သည်ဆိုသည်မှာ သူ၏ ချီးမွမ်းခြင်းကို သင် ခံရခြင်း ရှိမရှိ ဆိုသည့်အရာအဖို့ အရေးကြီးသလော။ သင် လိုက်နာသည့် ဘာသာဓလေ့များနှင့် စည်းကမ်းများသည် အရေးကြီးသလော။ ဘုရားသခင်သည် လူတို့၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များကို ကြည့်သလော။ လူပေါင်း မည်မျှရှိသည်ကို သူ ကြည့်သလော။ သူသည် လူသားမျိုးနွယ်၏ အစိတ်အပိုင်းတစ်ခုကို ရွေးချယ်ပြီးဖြစ်၏။ ၎င်းတို့ ကယ်တင်ခံရနိုင်ပြီး ကယ်တင်ခံရသင့်သည်ကို သူ မည်သို့ တိုင်းတာသနည်း။ သူသည် ဤဆုံးဖြတ်ချက်ကို ဤလူတို့ လျှောက်လှမ်းသည့် လမ်းကြောင်းများအပေါ် အခြေပြု၏။ ကျေးဇူးတော်ခေတ်တွင်၊ လူတို့ကို ဘုရားသခင် ပြောပြခဲ့သည့် သမ္မာတရားများသည် ယနေ့ထက် လျော့နည်းပြီး ယနေ့လောက် မတိကျသော်လည်း၊ သူသည် ထိုအချိန်တွင် လူတို့ကို စုံလင်စေနိုင်ဆဲဖြစ်ကာ ကယ်တင်ခြင်းသည် ဖြစ်နိုင်ဆဲဖြစ်ခဲ့သည်။ ထို့ကြောင့် သမ္မာတရား မြောက်မြားစွာ ကြားဖူးပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်လာပြီဖြစ်သော ဤမျက်မှောက်ခေတ်လူများအနေဖြင့်၊ သူတို့သည် ဘုရားသခင်၏လမ်းနောက်သို့ လိုက်နိုင်စွမ်းမရှိသည့်အပြင် ကယ်တင်ခြင်းလမ်းကြောင်းတွင် မလျှောက်လှမ်းနိုင်ပါက၊ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ အဘယ်သို့ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့၏နောက်ဆုံးရလဒ်မှာ ခရစ်ယာန်ဘာသာနှင့် ယုဒဘာသာကို ယုံကြည်သောသူများနည်းတူ ဖြစ်ကြလိမ့်မည်၊ ကွာခြားမှု ရှိလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားပေတည်း။ တရားဟောချက် မည်မျှကို သင် ကြားဖူးပြီး သမ္မာတရားမည်မျှကို နားလည်ပြီးပါစေ၊ အကယ်၍ သင်သည် အဆုံး၌ လူများနှင့် စာတန်နောက်သို့ ဆက်၍လိုက်နေပြီး အဆုံး၌ သင်သည် ဘုရားသခင်၏လမ်းနောက်သို့ လိုက်နိုင်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခြင်း မရှိပါက၊ ယင်းကဲ့သို့ လူများသည် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံကြရလိမ့်မည်။ ကြည့်ရသည်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရသော ဤလူများသည် စာစောင်များနှင့် သြဝါဒ အကြောင်းများကို များစွာပြောနိုင်ကြကာ၊ သမ္မာတရား မြောက်မြားစွာကို နားလည်လာကြပြီဖြစ်သော်လည်း ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်နိုင်ခြင်း မရှိပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို မရှောင်နိုင်ကြသည့်အပြင်၊ ဘုရားသခင်ကို အကြွင်းမဲ့နာခံနိုင်ခြင်း မရှိကြပေ။ ဘုရားသခင်၏အမြင်တွင် ၎င်းတို့ကို ဘာသာတစ်ခုအဖြစ်၊ လူတစ်စုသာသာအဖြစ်၊ လူအဖွဲ့တစ်ဖွဲ့အဖြစ်နှင့် စာတန်အတွက် ယာယီနေထိုင်ရန် နေရာတစ်ခုအဖြစ် ဘုရားသခင်သတ်မှတ်၏။ ၎င်းတို့ကို ခြုံငုံ၍ စာတန်၏လူစုအဖြစ် ရည်ညွှန်းပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို အလျှင်းခံကြရ၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဖာရိရှဲများ၏လမ်းကြောင်းကို လျှောက်နေကြသည်ဟု ပြောရသည့်အကြောင်းအရင်းနှင့် သူတို့၏ အနှစ်သာရ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- လူသားသည် ဖျက်ဆီးခြင်းခံပြီး စာတန်၏ ထောင်ချောက်တွင် အသက်ရှင်နေကြ၏။ လူတို့အားလုံးသည် ဇာတိပကတိ၌...

တရုတ် ကွန်မြူနစ်ပါတီ အစိုးရသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို သွေးရူးသွေးတန်း ဖိနှိပ်ပြီး ညှဉ်းပန်းနှိပ်စက်သည့် အကြောင်းအရင်း အစစ်အမှန်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အဆင်းနီသော နဂါးကြီး၏ သရုပ်သကန်များမှာ ငါ့အားခုခံခြင်း၊ ငါ့နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်တို့ကို...

သခင်ယေရှုသည် ဖာရိရှဲများကို အဘယ်ကြောင့် ကျိန်ဆဲခဲ့သနည်း။ ဖာရိရှဲများ၏ အနှစ်သာရမှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ထိုအခါ ယေရုရှလင်မြို့သားဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင်၊ ရှေးဟောင်းတို့မှဆက်ခံသော...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။