ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။

ဖန်ဆင်းရှင်သည် အရာအားလုံးကို ပြုလုပ်ပြီးသည့်အခါတွင် သူ၏သြဇာအာဏာသည် အတည်ပြုပြီးဖြစ်ပြီး သက်တံ ပဋိညာဉ်တွင် နောက်တစ်ကြိမ် ထင်ရှားသည်
ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အမြဲတမ်းထင်ရှားပြီး ဖန်ဆင်းခံတို့ထံတွင် အသုံးချသည်၊ သူသည် အရာအားလုံး၏ ကံကြမ္မာကို အုပ်စိုးရုံသာမကဘဲ သူ့လက်နှင့် သူဖန်ဆင်းခဲ့သည့် အထူးဖန်ဆင်းခံများဖြစ်သော မတူညီသည့် ဘဝတည်ဆောက်ပုံကို ပိုင်ဆိုင်ပြီး မတူညီသည့် ကိုယ်ခန္ဓာသဏ္ဌာန်နှင့် တည်ရှိသည့် လူသားတို့ကိုလည်း အုပ်စိုးသည်။ အရာအားလုံးကို ပြုလုပ်ပြီးသည့်အခါတွင် ဖန်ဆင်းရှင်သည် သူ၏သြဇာအာဏာနှင့် တန်ခိုးတို့အား ဖော်ပြခြင်းကို ရပ်တန့်မသွားပေ။ သူ့အတွက်မူ အရာအားလုံးနှင့် လူသားမျိုးနွယ်တစ်ခုလုံး၏ ကံကြမ္မာအား အချုပ်အခြာ အာဏာပိုင်သခြင်းကို ကိုင်ဆောင်ထားသည့် သြဇာအာဏာသည် သူ့လက်မှ လူသားမျိုးနွယ် အမှန်တကယ် ပေါက်ဖွားလာသည့်အချိန်တွင်သာ အမှန်တကယ် အစပြုလာသည်။ သူသည် လူသားမျိုးနွယ်ကို စီမံပြီး လူသားမျိုးနွယ်ကို အုပ်စိုးရန် ရည်ရွယ်ခဲ့သည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် လူသားမျိုးနွယ်ကို အမှန်တကယ် ရရှိရန် သူရည်ရွယ်ခဲ့သည်။ အရာအားလုံးကို အုပ်ချုပ်နိုင်သည့် လူသားမျိုးနွယ်တစ်ရပ်ကို ရရှိရန် သူရည်ရွယ်ခဲ့ပြီး သူ၏သြဇာအာဏာအောက်တွင် အသက်ရှင်နေထိုင်သည့်၊ သူ၏သြဇာအာဏာကိုသိပြီး ကျိုးနွံနာခံသည့် ထိုသို့သောလူသားမျိုးနွယ်ကို ပြုလုပ်ရန် ရည်ရွယ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို အသုံးပြုပြီး လူသားကြားတွင် သူ၏သြဇာအာဏာကို တရားဝင်ဖော်ပြရန် အစပြုခဲ့ကာ သူ၏နှုတ်ကပတ်တော်တို့ကို အကောင်အထည်ဖော်ရန် သူ၏သြဇာအာဏာကို စတင်အသုံးပြုခဲ့သည်။ ဤဖြစ်စဉ်အတောအတွင်း နေရာတိုင်း၌ ဘုရားသခင်၏ သြဇာအာဏာသည် ထင်ရှားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်၏ အတုမရှိခြင်းနှင့် သူ၏အတုမရှိသည့် သြဇာအာဏာကို သင်တို့နားလည်ပြီး သိမြင်နိုင်မည့်၊ လူသိများသည့် သီးသန့်ဥပမာများကို ငါရွေးချယ်ခဲ့ရုံမျှသာဖြစ်သည်။
ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ တွင်ပါသည့် ကျမ်းပိုဒ်နှင့် ကမ္ဘာကို ဘုရားသခင်ဖန်ဆင်းခြင်း၏ မှတ်တမ်းနှင့်ပတ်သက်သည့် အပေါ်က ကျမ်းပိုဒ်များတွင် တူညီမှုတစ်ခုရှိသော်လည်း ကွဲပြားမှုတစ်ခုလည်းရှိသည်။ တူညီမှုက အဘယ်အရာနည်း။ သူရည်ရွယ်ထားသည့်အရာများကို လုပ်ရန်အတွက် နှုတ်ကပတ်တော်တို့ကို ဘုရားသခင်အသုံးပြုခြင်းမှာ တူညီ၏၊ ကွဲပြားချက်ကမူ ဤနေရာ၌ ကိုးကားထားသောကျမ်းပိုဒ်က လူသားနှင့် ပဋိညာဉ်တစ်ခုကို ထူထောင်ကာ ပဋိညာဉ်တွင် ပါသည့်အရာများကို လူသားအား ပြောပြသည့် ဘုရားသခင်နှင့် လူသား၏ အပြန်အလှန် စကားပြောဆိုခြင်းဖြစ်သည်။ ဘုရားသခင်၏ သြဇာအာဏာကို အသုံးပြုခြင်းက လူသားနှင့် သူစကားပြောသည့်အချိန်တွင် ဖြစ်ပေါ်သည်။ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို မဖန်ဆင်းမီတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က သူဖန်ဆင်းရန် ရည်ရွယ်ထားသည့် ဖန်ဆင်းခံများကို ပြောဆိုသည့် ညွှန်ကြားချက်များ၊ အမိန့်များ ဖြစ်သည်။ သို့သော် ယခုတွင်မူ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကြားနာမည့်သူတစ်ယောက်ရှိသည့်အတွက် သူ၏နှုတ်ကပတ်တော်တို့သည် လူသားနှင့် ပြောဆိုချက်ဖြစ်ပြီး လူသားကို တိုက်တွန်းချက်နှင့် သတိပေးချက်များဖြစ်သည်။ ထို့အပြင် သူ၏သြဇာအာဏာကို ခံယူသည့် အရာအားလုံးကို ပေးအပ်သည့် ပညတ်ချက်များလည်း ဖြစ်သည်။
ဘုရားသခင်၏ မည်သည့်လုပ်ဆောင်ချက်ကို ဤကျမ်းပိုဒ်တွင် မှတ်တမ်းတင်ထားသနည်း။ ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် သူဖျက်ဆီးပြီးနောက်တွင် ဘုရားသခင်က လူသားနှင့် တည်ဆောက်ခဲ့သည့် ပဋိညာဉ်ကို ကျမ်းပိုဒ်က မှတ်တမ်းတင်ထားသည်။ ယင်းက ဘုရားသခင်အနေဖြင့် ကမ္ဘာကို ဤကဲ့သို့သော ဖျက်ဆီးခြင်းမျိုး နောက်ထပ်လုပ်တော့မည် မဟုတ်ဆိုသည်ကို လူသားအား ပြောပြထားပြီး အဆုံးတွင် ဘုရားသခင်က သင်္ကေတတစ်ခုကို ဖန်ဆင်းခဲ့သည်။ ဤသင်္ကေတက အဘယ်အရာဖြစ်သနည်း။ ကျမ်းစာထဲတွင် ဤကဲ့သို့ဆိုထားသည်။ “ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသောပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။” ဤသည်မှာ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ပြောခဲ့သည့် မူရင်းနှုတ်ကပတ်တော်များဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို သူပြောလိုက်သည်နှင့် လူသား၏ မျက်စိရှေ့တွင် သက်တံတစ်စင်း ပေါ်ပေါက်လာခဲ့ပြီး ယနေ့အထိတိုင်အောင် တည်ရှိနေခဲ့သည်။ ထိုသို့သောသက်တံကို လူတိုင်းမြင်ဖူးသည်။ ယင်းကို သင်မြင်သည့်အခါတွင် မည်သို့ပေါ်လာသည်ကို သင်သိသလော။ သိပ္ပံပညာက ဤအရာကို သက်သေမပြနိုင်ပေ။ သို့မဟုတ် ယင်း၏အရင်းအမြစ်ကို မရှာဖွေနိုင်ပေ။ သို့မဟုတ် ယင်းသည် ဘယ်ဆီဘယ်ဝယ်တွင်ရှိသည်ကို မသတ်မှတ်နိုင်ပေ။ ဤသည်မှာ သက်တံသည် ဖန်ဆင်းရှင်နှင့် လူသားကြားတွင် ထူထောင်ထားသည့် ပဋိညာဉ်၏ သင်္ကေတဖြစ်၍ဖြစ်သည်။ ယင်းသက်တံက သိပ္ပံအခြေခံအကြောင်းရင်းများ မလိုအပ်ပေ။ ယင်းကို လူသားက ပြုလုပ်ထားခြင်း မဟုတ်သကဲ့သို့ လူသားက ပြောင်းလဲနိုင်စွမ်းလည်း မရှိပေ။ ဤသည်မှာ ဖန်ဆင်းရှင်က သူ၏နှုတ်ကပတ်တော်များကို ပြောပြီးနောက်တွင် သူ၏သြဇာအာဏာ ဆက်လက်ဖြစ်တည်နေခြင်းပင် ဖြစ်သည်။ လူသားနှင့်ပြုလုပ်သည့် ပဋိညာဉ်နှင့် သူ၏ကတိကို လိုက်နာရန်အတွက် ဖန်ဆင်းရှင်က သူ၏သီးသန့်နည်းလမ်းကို အသုံးပြုခဲ့သည်။ ထို့ကြောင့် သူထူထောင်ခဲ့သည့် ပဋိညာဉ်၏ သင်္ကေတအနေနှင့် သက်တံကို သူအသုံးပြုခြင်းသည် ဖန်ဆင်းရှင်နှင့် ဆက်စပ်ပြီးဖြစ်စေ၊ ဖန်ဆင်းခံ လူသားမျိုးနွယ်နှင့် ဆက်စပ်ပြီးဖြစ်စေ ထာဝရ မပြောင်းလဲဘဲ တည်ရှိနေမည့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် အမိန့်ပြန်တမ်းနှင့် နိယာမဖြစ်သည်။ ဤအချက်ကိုပြောရမည်။ မပြောင်းလဲနိုင်သည့် ဤနိယာမသည် အရာအားလုံးကို ဘုရားသခင်ဖန်ဆင်းပြီးနောက်တွင် လိုက်ပါလာသည့် ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ နောက်ထပ်စစ်မှန်သည့် ထင်ရှားပြသခြင်းဖြစ်သည်။ ထို့အပြင် ဤအချက်ကို ပြောရမည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးသည် အကန့်အသတ်မရှိပေ။ သက်တံကို သင်္ကတတစ်ခုအနေနှင့် အသုံးပြုခြင်းက ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ ဆက်လက်တိုးပွားလုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များကို အသုံးပြုပြီး လုပ်ဆောင်သည့် နောက်ထပ်လုပ်ရပ်တစ်ခုဖြစ်ပြီး နှုတ်ကပတ်တော်တို့ကို အသုံးပြု၍ လူသားနှင့်ထူထောင်ခဲ့သည့် ပဋိညာဉ်၏ သင်္ကေတတစ်ခုလည်း ဖြစ်သည်။ သူသည် လုပ်ဆောင်ရန်အတွက် သူဆုံးဖြတ်ထားခဲ့သည့်အရာအပြင် ထိုအရာအား မည်သည့်ပုံစံနှင့် ပြီးမြောက်အောင်မြင်စေမည်ဆိုခြင်းကို လူသားအား ပြောပြခဲ့သည်။ ဤနည်းလမ်းအားဖြင့် ထိုကိစ္စသည် ဘုရားသခင်၏နှုတ်မှလာသည့် နှုတ်ကပတ်တော်များအရ ပြီးမြောက်သည်။ ဘုရားသခင်သာလျှင် ဤကဲ့သို့သော တန်ခိုးကို ပိုင်ဆိုင်သည်။ ဤစကားများကို သူပြောပြီးနောက် နှစ်ထောင်ပေါင်းအချို့ကြာသည့် ယနေ့တွင် ဘုရားသခင်၏ နှုတ်မှပြောဆိုခဲ့သည့် သက်တံကို လူသားတို့ ကြည့်ရှုနိုင်ပါသေးသည်။ ဘုရားသခင်မိန့်မြွက်ခဲ့သည့် ထိုနှုတ်ကပတ်တော်တို့ကြောင့် ယနေ့အထိ ဤအရာက မပြောင်းမလဲဘဲ ကျန်ရှိနေသည်။ မည်သူမျှ ဤသက်တံကို မဖယ်ရှားနိုင်ပေ။ မည်သူမျှ ယင်း၏နိယာမများကို မပြောင်းလဲနိုင်ပေ။ သက်တံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်သာ တည်ရှိနေသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာ အတိအကျပင်ဖြစ်သည်။ “သူပြောဆိုသည့်အရာသည် အတည်ပြောဆိုခြင်းဖြစ်ပြီး သူပြောဆိုသည့်အရာက ပြီးမြောက်လိမ့်မည်။ ပြီးလျှင် သူလုပ်ဆောင်သည့်အရာသည် ထာဝရတည်တံ့မည်။” ဤနှုတ်ကပတ်တော်တို့က ဤနေရာတွင် ရှင်းလင်းစွာ ထင်ရှားပြသသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ရှင်းလင်းသည့် သင်္ကေတနှင့် ပင်ကိုလက္ခဏာများဖြစ်သည်။ ဤကဲ့သို့သော သင်္ကေတ၊ သို့မဟုတ် ပင်ကိုလက္ခဏာကို မည်သည့်ဖန်ဆင်းခံမျှ မပိုင်ဆိုင်၊ သို့မဟုတ် မည်သည့်ဖန်ဆင်းခံများတွင်မျှ မမြင်ရသကဲ့သို့ ဖန်ဆင်းခံမဟုတ်သည့် အရာများတွင်လည်း မတွေ့ရပေ။ ယင်းသည် အတုမရှိသည့် ဘုရားသခင်နှင့်သာ သက်ဆိုင်ပြီး ဖန်ဆင်းရှင်သာလျှင် ပိုင်ဆိုင်သည့် ဝိသေသလက္ခဏာနှင့် အနှစ်သာရကို ဖန်ဆင်းခံများနှင့် ခွဲခြားပေးသည်။ တစ်ချိန်တည်းတွင် ယင်းတို့သည် ဘုရားသခင်မှလွဲ၍ မည်သည့်ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်သူများမျှ ကျော်လွန်၍မရသည့် သင်္ကေတနှင့် ပင်ကိုလက္ခဏာများလည်း ဖြစ်သည်။
လူသားနှင့် သူ၏ပဋိညာဉ်ကို ဘုရားသခင်ထူထောင်မှုသည် အလွန်အရေးကြီးသည့် လုပ်ရပ်တစ်ခုဖြစ်ပြီး လူသားဆီကို အချက်အလက်တစ်ခု ဆက်သွယ်ပြောဆိုခြင်းငှာ အသုံးပြုရန်နှင့် သူ့ရည်ရွယ်ချက်များကို လူသားကို ပြောပြရန်အတွက် ရည်ရွယ်ထားသည့် အရာဖြစ်သည်။ ဤရည်ရွယ်ချက်ဖြင့် လူသားနှင့် တည်ဆောက်ခဲ့သည့် ပဋိညာဉ်၏ ကတိသင်္ကေတဖြစ်သော လူသားနှင့် ပဋိညာဉ်ကို ထူထောင်ရန် အထူးသင်္ကေတကို အသုံးပြုခြင်းအားဖြင့် ထူးခြားသည့် နည်းလမ်းတစ်ခုကို သူအသုံးချခဲ့သည်။ သို့ဆိုလျှင် ဤပဋိညာဉ်ကို ထူထောင်ခြင်းက ကြီးမြတ်သည့် ဖြစ်ရပ်တစ်ခုလော။ ထို့အပြင် မည်မျှကြီးမြတ်သနည်း။ ဤသည်မှာ ပဋိညာဉ်နှင့်ပတ်သက်၍ အလွန်ထူးခြားသည့်အရာ အတိအကျပင်ဖြစ်သည်။ လူတစ်ယောက်နှင့်တစ်ယောက်၊ သို့မဟုတ် အုပ်စုတစ်ခုနှင့်တစ်ခု၊ သို့မဟုတ် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ထူထောင်ခဲ့သည့် ပဋိညာဉ်မဟုတ်ဘဲ ဖန်ဆင်းရှင်နှင့် လူသားမျိုးနွယ်တစ်ရပ်လုံးကြားတွင် ထူထောင်ခဲ့သည့် ပဋိညာဉ်ဖြစ်သည်။ ဤပဋိညာဉ်သည် ဖန်ဆင်းရှင်က အရာအားလုံးကို အဆုံးသတ်သည့်အချိန် မတိုင်ခင်အထိ တည်ရှိနေမည်ဖြစ်သည်။ ဤပဋိညာဉ်ကို အကောင်အထည်ဖော်သူက ဖန်ဆင်းရှင်ဖြစ်ပြီး ထိန်းသိမ်းသူသည်လည်း ဖန်ဆင်းရှင်ပင်ဖြစ်သည်။ အချုပ်ပြောရလျှင် လူသားမျိုးနွယ်နှင့် တည်ဆောက်ခဲ့သည့် သက်တံပဋိညာဉ်တစ်ခုလုံးသည် ဖန်ဆင်းရှင်နှင့် လူသားမျိုးနွယ်အကြားက ပြောစကားတို့နှင့်အညီ ရရှိပြီးမြောက်ပြီး ယနေ့အချိန်အထိ ကျန်ရှိဆဲဖြစ်သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျိုးနွံခြင်း၊ နာခံခြင်း၊ ယုံကြည်ခြင်း၊ တန်ဖိုးထားခြင်း၊ သက်သေခံခြင်းနှင့် ချီးမွမ်းခြင်းတို့မှလွဲ၍ ဖန်ဆင်းခံများက အခြားဘယ်အရာကို လုပ်နိုင်ဦးမည်နည်း။ အကြောင်းမှာ ဤကဲ့သို့သော ပဋိညာဉ်မျိုးကို ထူထောင်ရန် တန်ခိုးကို အတုမရှိ ဘုရားသခင်မှလွဲ၍ မည်သူမျှ မပိုင်ဆိုင်သည့်အတွက်ဖြစ်သည်။ အကြိမ်ကြိမ် သက်တံပေါ်လာခြင်းသည် ဖန်ဆင်းရှင်နှင့် လူသားကြားတွင်ရှိသည့် ပဋိညာဉ်ကို လူသားတို့ အာရုံပြုစေရန် ကြေညာခြင်းဖြစ်သည်။ ဖန်ဆင်းရှင်နှင့် လူသားမျိုးနွယ်ကြားက ပဋိညာဉ် ဆက်လက်ဖြစ်ပေါ်နေခြင်း၌ လူသားမျိုးနွယ်ကို ဖော်ပြသည့်အရာမှာ သက်တံမဟုတ်သကဲ့သို့ ပဋိညာဉ်ကိုယ်၌လည်း မဟုတ်ဘဲ ဖန်ဆင်းရှင်၏ မပြောင်းလဲနိုင်သည့် သြဇာအာဏာပင် ဖြစ်သည်။ တစ်ချိန်ပြီးတစ်ချိန် သက်တံပေါ်လာခြင်းက ဖုံးကွယ်ထားသည့် နေရာများတွင် ဖန်ဆင်းရှင်၏ ကြီးမြတ်ပြီး ထူးဆန်းသည့် လုပ်ဆောင်ချက်ကို ဖော်ပြပြီး တစ်ချိန်တည်းတွင် မည်သည့်အခါမျှ ပျောက်ကွယ်မသွားမည့်၊ မည်သည့်အခါမျှ မပြောင်းလဲမည့် ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ အလွန်အရေးကြီးသည့် ထင်ဟပ်မှုပင်ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာကို နောက်တစ်မျိုး ပြသခြင်း မဟုတ်ပေလော။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)