ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာသည် အတုမရှိပေ၊ သင်သည် ဘုရားအများကိုးကွယ်သည့်ဝါဒ၏ အယူအတိုင်း မလိုက်နာသင့်

16.03.2019

စာတန်၏ အရည်အချင်းနှင့် အစွမ်းတို့သည် လူသားတို့ထက် ကြီးမားသော်လည်း၊ လူသားက မရရှိနိုင်သည့် အရာများကို သူလုပ်နိုင်သော်လည်း၊ စာတန်လုပ်သည့်အရာကို သင်မနာလိုသည်ဖြစ်စေ၊ အားကျသည်ဖြစ်စေ၊ ထိုအရာများကို သင်မုန်းသည်ဖြစ်စေ၊ ရွံရှာသည်ဖြစ်စေ၊ ထိုအရာများကို သင်မြင်နိုင်စွမ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ထို့ပြင် စာတန်က မည်မျှရရှိနိုင်သည်ဖြစ်စေ၊ သို့မဟုတ် သူ့ကို ကိုးကွယ်ရန်နှင့် ပစားထားရန် လူမည်မျှများများကို သူအထင်အမြင်မှားစေနိုင်သည်ဖြစ်စေ၊ ထို့ပြင် သင့်အနေဖြင့် စာတန်ကို မည်သို့သတ်မှတ်သည်ဖြစ်စေ စာတန်၌ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးရှိသည်ဟု သင်ပြော၍မရပေ။ ဘုရားသခင်သည် ဘုရားသခင်သာဖြစ်သည်ကို သင်သိရမည်။ ဘုရားသခင်တစ်ပါးတည်းသာ ရှိ၏။ ထို့အပြင် ဘုရားသခင်သာလျှင် သြဇာအာဏာရှိပြီး အရာအားလုံးကို ထိန်းချုပ်ရန်နှင့် အုပ်စိုးရန် တန်ခိုးရှိသည်ကို သင်သိရမည်။ စာတန်၌ လူတို့ကို အထင်အမြင်မှားစေနိုင်သည့် အရည်အချင်းရှိပြီး သူသည် ဘုရားသခင်အသွင် ယောင်ဆောင်နိုင်ကာ ဘုရားသခင်ပြုခဲ့သည့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို တုပနိုင်သည့်အပြင် ဘုရားသခင်ကဲ့သို့ ဆင်တူသည့် အရာများကို သူလုပ်ထားသည်ဆိုရုံနှင့် ဘုရားသခင်က အတုမရှိမဟုတ်ကြောင်း၊ ဘုရားများ အများအပြားရှိကြောင်း၊ သူတို့တွင် ပိုကြီးမားသည့်၊ သို့မဟုတ် သေးငယ်သည့် အစွမ်းများရှိကြခြင်းသာဖြစ်ကြောင်းနှင့် သူတို့ကိုင်ဆောင်သည့် တန်ခိုး၏ အတိုင်းအတာက ကွဲပြားမှုများရှိကြောင်း သင်သည် မှားယွင်းစွာ ယုံကြည်တော့သည်။ သူတို့ရောက်ရှိလာသည့် အစီအစဉ်အတိုင်း၊ သူတို့၏ အသက်အရွယ်တို့နှင့်အညီ သူတို့၏ကြီးမြတ်မှုကို သင်အဆင့်သတ်မှတ်၏။ ထို့ပြင် ဘုရားသခင်အပြင် အခြားဘုရားများရှိသည်ဟု သင်သည် မှားယွင်းစွာ ယုံကြည်ပြီး ဘုရားသခင်၏ တန်ခိုးနှင့် သြဇာအာဏာသည် အတုမရှိမဟုတ်ဟု သင်ထင်မြင်၏။ အကယ်၍ သင့်တွင် ဤကဲ့သို့သော စိတ်ကူးမျိုးရှိပါက၊ ဘုရားသခင်၏ အတုမရှိခြင်းကို သင်မသိမြင်ပါက၊ ဘုရားသခင်သာလျှင် သြဇာအာဏာကို ပိုင်ဆိုင်သည်ဟု သင်မယုံကြည်ပါက၊ ထို့အပြင် သင်သည် ဘုရားအများ ကိုးကွယ်သည့်ဝါဒအတိုင်းသာ လိုက်နာပါက သင်သည် ဖန်ဆင်းခံများ၏ လူညံ့၊ လူဖျင်းတစ်ယောက်ဖြစ်ပြီး စာတန်၏ ပြယုဂ်စစ်စစ်ဖြစ်ကာ လုံးဝဆိုးယုတ်သည့် ပုဂ္ဂိုလ်ဖြစ်သည်ဟု ငါပြောမည်။ ဤနှုတ်ကပတ်တော်များကို ပြောပြီး သင်တို့ကို အဘယ်အရာအား ငါသင်ကြားနေခြင်းဖြစ်သည်ကို သင်တို့နားလည်သလော။ မည်သည့်အချိန်၊ မည်သည့်နေရာဖြစ်စေ၊ သို့မဟုတ် သင်၏နောက်ကြောင်းက မည်သို့ပင်ဖြစ်စေ၊ သင်သည် ဘုရားသခင်ကို အခြားပုဂ္ဂိုလ်၊ အရာဝတ္ထု၊ သို့မဟုတ် ပစ္စည်းများနှင့် မရောထွေးရ။ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရတို့က မသိနိုင်၊ မချဉ်းကပ်နိုင်ဟု မည်မျှပင် သင်ခံစားရသည်ဖြစ်စေ၊ စာတန်၏ စကားလုံးများနှင့် လုပ်ဆောင်ချက်များက သင်၏အယူအဆ၊ စိတ်ကူးထင်မြင်မှုများနှင့် မည်မျှပင် ကိုက်ညီပါစေ၊ ထိုအရာများက သင့်အတွက် မည်မျှပင် ကျေနပ်အားရဖွယ်ရာဖြစ်နေပါစေ၊ မမိုက်မဲနှင့်၊ ဤအယူအဆများကို မရောထွေးနှင့်၊ ဘုရားသခင်၏ တည်ရှိမှုကို မငြင်းပယ်နှင့်၊ ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်ကို မငြင်းပယ်နှင့်၊ ဘုရားသခင်ကို တံခါးအပြင်သို့ တွန်းထုတ်ပြီး သင့်နှလုံးသားထဲတွင် ဘုရားသခင်ကို အစားထိုးရန်နှင့် သင်၏ဘုရားဖြစ်စေရန်အတွက် စာတန်ကို မခေါ်ဆောင်နှင့်။ ဤကဲ့သို့ပြုလုပ်ခြင်း၏ အကျိုးဆက်အား သင်စိတ်ကူးနိုင်စွမ်းရှိသည်ကို ငါသံသယမဝင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသော်လည်း ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ အချုပ်အခြာအာဏာအောက်တွင် အသက်ရှင်နေထိုင်ဆဲရှိသည်

စာတန်သည် လူသားမျိုးနွယ်ကို နှစ်ထောင်ပေါင်းများစွာ ကြာအောင် ဖောက်ပြန်ပျက်စီးစေနေသည်။ စာတန်သည် ပြောပြ၍မရနိုင်သည့် မကောင်းမှုများကို...

စာတန်သည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို မည်သည့်အခါမျှ မကျော်လွန်ဝံ့ပေ၊ ဤအတွက်ကြောင့် အရာအားလုံးသည် စနစ်တကျ အသက်ရှင်နေထိုင်ကြသည်

ယောဘ ၂:၆ ထိုအခါ ယေဟောဝါက စာတန်အား၊ သူသည် သင့်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့ဟု မိန့်တော်မူ၏။ ဤသည်မှာ ယောဘဝတ္ထုမှ...

ဘုရားသခင်က လူသားနှင့် ပဋိညာဉ်တစ်ခု တည်ဆောက်ရန်အတွက် သူ၏နှုတ်ကပတ်တော်တို့ကို အသုံးပြုသည်

ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။...

အရာခပ်သိမ်းနှင့် သက်ရှိသတ္တဝါအားလုံးအပေါ် ဖန်ဆင်းရှင်၏ ထိန်းချုပ်ခြင်းနှင့် အုပ်စိုးခြင်းအချက်က ဖန်ဆင်းရှင်၏ သြဇာအာဏာ ၏ စစ်မှန်သော တည်ရှိမှုအကြောင်းကို ပြောဆိုသည်

ထိုနည်းတူစွာ ယောဘနှင့်ဆိုင်သည့် ယေဟောဝါ၏ ကောင်းချီးမင်္ဂလာကို ယောဘဝတ္ထုတွင် မှတ်တမ်းတင်ထားသည်။ ဘုရားသခင်က ယောဘကို အဘယ်အရာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။