စာတန်သည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို မည်သည့်အခါမျှ မကျော်လွန်ဝံ့ပေ၊ ဤအတွက်ကြောင့် အရာအားလုံးသည် စနစ်တကျ အသက်ရှင်နေထိုင်ကြသည်

16.03.2019

ယောဘ ၂:၆ ထိုအခါ ယေဟောဝါက စာတန်အား၊ သူသည် သင့်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့ဟု မိန့်တော်မူ၏။

ဤသည်မှာ ယောဘဝတ္ထုမှ ကောက်နုတ်ချက်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များထဲရှိ “သူသည်” ဆိုသည်မှာ ယောဘကို ရည်ညွှန်းသည်။ ဤစာကြောင်းသည် တိုတောင်းသော်လည်း အကြောင်းအရာများစွာကို ရှင်းလင်းစေသည်။ ယင်းက ဝိညာဉ်ရေးရာနယ်ပယ်တွင် ဘုရားသခင်နှင့် စာတန်ကြားက ခွန်းတုံ့ဖလှယ်မှုတစ်ခုကို ဖော်ပြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဦးတည်ပြောနေသူမှာ စာတန်ဖြစ်သည်ဆိုသည်ကို ပြော၏။ ဘုရားသခင်က သေသေချာချာပြောခဲ့သည့်အရာကိုလည်း မှတ်တမ်းတင်ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က စာတန်အတွက် အမိန့်နှင့် ခိုင်းစေချက် ဖြစ်သည်။ ဤအမိန့်၏ အသေးစိတ်အချက်အလက်က ယောဘ၏အသက်ကို ချမ်းသာပေးရန်အပြင် ယောဘအပေါ်တွင် စာတန်၏ပြုမူပုံနှင့်ပတ်သက်ပြီး ဘုရားသခင်သတ်မှတ်ထားသည့် စည်းတို့နှင့် ဆက်နွှယ်သည်။ စာတန်က ယောဘ၏အသက်ကို ချမ်းသာပေးရပေမည်။ ဤဝါကျမှ သင်ယူလေ့လာရသည့် ပထမဆုံးအရာက ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်က စာတန်ကိုပြောသည့် နှုတ်ကပတ်တော်များဖြစ်ကြောင်းပင် ဖြစ်၏။ ယောဘဝတ္ထု၏ မူရင်းစာသားများအရ ထိုဝါကျက ဤကဲ့သို့သော နှုတ်ကပတ်တော်များ၏ နောက်ခံအား ငါတို့ကိုပြောပြသည်။ စာတန်က ယောဘကို စွပ်စွဲချင်ခဲ့၏။ ထို့ကြောင့် စာတန်က သူ့ကို သွေးမဆောင်မီတွင် ဘုရားသခင်၏ သဘောတူညီမှုကို ရရန်လိုခဲ့သည်။ ယောဘကို သွေးဆောင်ရန် စာတန်၏တောင်းဆိုမှုကို ခွင့်ပြုရာတွင် ဘုရားသခင်က စာတန်အတွက် ဤစည်းကမ်းချက်ကို ပြဋ္ဌာန်းခဲ့သည်။ “ယောဘသည် သင့်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့။” ဤနှုတ်ကပတ်တော်များ၏ သဘာဝက အဘယ်အရာနည်း။ ယင်းတို့က ခိုင်းစေချက်တစ်ခု၊ အမိန့်တစ်ခု ဖြစ်သည်ဆိုခြင်းမှာ ရှင်း၏။ ဤစကားလုံးများ၏ သဘာဝကို နားလည်ပြီးလျှင် ဤအမိန့်ကို ထုတ်သည့်သူသည် ဘုရားသခင်ဖြစ်ပြီး ဤအမိန့်ကိုခံယူကာ နာခံသည့်သူက စာတန်ဖြစ်သည်ကို သင်နားလည်ရမည်။ ဤအမိန့်ထဲရှိ ဘုရားသခင်နှင့် စာတန်တို့၏ ဆက်ဆံရေးမှာ ဤနှုတ်ကပတ်တော်များကို ဖတ်သည့်သူတိုင်းအတွက် သိသာထင်ရှားလှ၏ ဆိုသည်ကို ပြောစရာမလိုပေ။ ဤသည်မှာ ဝိညာဉ်ရေးရာနယ်ပယ်တွင်ရှိသော ဘုရားသခင်နှင့် စာတန်တို့၏ ဆက်ဆံရေးလည်းဖြစ်သည်မှာ အမှန်ပင်ဖြစ်၏။ ဤသည်မှာ ကျမ်းစာထဲရှိ ဘုရားသခင်နှင့် စာတန်ကြားက ခွန်းတုံ့ဖလှယ်ခြင်း၏ မှတ်တမ်းများထဲတွင် ဖော်ပြထားသော ဘုရားသခင်နှင့် စာတန်တို့၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်ကြားရှိ ခြားနားချက်ဖြစ်သည်။ ထို့ပြင် တိကျသည့် ပုံဥပမာနှင့် စာသားမှတ်တမ်းအနေဖြင့် ယခုချိန်အထိ လူသားတို့ သင်ယူနိုင်သော ဘုရားသခင်နှင့် စာတန်တို့၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်ကြားရှိ ထင်ရှားသော ခြားနားချက်ပင် ဖြစ်သည်။ ဤနေရာတွင် ဤနှုတ်ကပတ်တော်များ၏ မှတ်တမ်းက ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်အပေါ် လူသား၏သိမြင်မှုနှင့် ပတ်သက်၍ အရေးကြီးသည့် မှတ်တမ်းတစ်ခုဖြစ်သည်ဟု ငါဆိုရပေမည်။ ထို့အပြင် ဤမှတ်တမ်းက ဘုရားသခင်နှင့်ပတ်သက်သည့် လူသား၏ သိမြင်မှုအတွက် အရေးကြီးသည့် အချက်အလက်ကို ထောက်ပံ့ပေးသည်။ ဝိညာဉ်ရေးရာနယ်ပယ်ရှိ ဖန်ဆင်းရှင်နှင့် စာတန်တို့၏ ဤခွန်းတုံ့ဖလှယ်ခြင်းမှတစ်ဆင့် လူသားသည် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သည့် နောက်ထပ်ရှုထောင့်အတိအကျတစ်ခုကို နားလည်နိုင်လိမ့်မည်။ ဤနှုတ်ကပတ်တော်များသည် ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာအတွက် နောက်ထပ် သက်သေခံချက်တစ်ခုဖြစ်သည်။

အပြင်ပန်းအားဖြင့် ယေဟောဝါဘုရားသခင်က စာတန်နှင့် ခွန်းတုံ့ဖလှယ်နေခြင်းဖြစ်သည်။ အနှစ်သာရအရမူ ယေဟောဝါဘုရားသခင် စကားပြောသည့် သဘောထားနှင့် သူရပ်တည်သည့် အနေအထားက စာတန်ထက် မြင့်၏။ တစ်နည်းအားဖြင့်ဆိုသော် ယေဟောဝါဘုရားသခင်က စာတန်ကို အမိန့်ပေးသည့်လေသံနှင့် ခိုင်းစေနေခြင်းဖြစ်ပြီး၊ စာတန်အား အဘယ်အရာကိုလုပ်ရမည်နှင့် အဘယ်အရာကိုမလုပ်ရမည့်အကြောင်း၊ ယောဘက သူ့လက်ထဲတွင်ရှိနှင့်ပြီးဖြစ်ကြောင်း၊ ယောဘကို သူ့စိတ်ကြိုက် လုပ်၍ရကြောင်း၊ သို့ရာတွင် ယောဘ၏အသက်ကို မနုတ်ယူရမည့်အကြောင်း စသည်တို့ကို ပြောနေခြင်းဖြစ်သည်။ နောက်ခံအကြောင်းရင်းမှာ ယောဘက စာတန်၏လက်ထဲတွင် ရှိသော်လည်း သူ၏အသက်အား စာတန်ကို မပေးထားပေ။ ဘုရားသခင်က ခွင့်မပြုပါက ဘုရားသခင်၏ လက်ထဲမှ ယောဘ၏အသက်ကို မည်သူမျှ မယူနိုင်ပေ။ ဘုရားသခင်၏ သဘောထားကို စာတန်အပေါ် ဤအမိန့်ပေးချက်တွင် ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ ထို့ပြင် ယေဟောဝါဘုရားသခင်က မည်သည့်အဆင့်အနေအထားမှ စာတန်နှင့် စကားစမြည်ပြောသည်ကိုလည်း ဤအမိန့်ပေးချက်က ထုတ်ဖော်ပြသည်။ ဤနေရာတွင် ယေဟာဝါဘုရားသခင်သည် အလင်း၊ လေ၊ အရာအားလုံးနှင့် သက်ရှိသတ္တဝါအားလုံးကို ဖန်ဆင်းသည့် ဘုရားသခင်၏ဂုဏ်ဒြပ်၊ အရာအားလုံးနှင့် သက်ရှိသတ္တဝါအားလုံးတို့အပေါ် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသည့် ဘုရားသခင်၏ဂုဏ်ဒြပ်ကို ကိုင်စွဲထားရုံတင်မကဘဲ လူသားမျိုးနွယ်ကို ကွပ်ကဲအုပ်ချုပ်သည့်၊ မရဏနိုင်ငံကို ကွပ်ကဲအုပ်ချုပ်သည့်၊ သက်ရှိအရာအားလုံး၏ သေခြင်း၊ ရှင်ခြင်းကို ထိန်းချုပ်သည့် ဘုရားသခင်၏ ဂုဏ်ဒြပ်ကိုလည်း ကိုင်စွဲထားသည်။ ဝိညာဉ်ရေးရာနယ်ပယ်တွင် ဘုရားသခင်မှလွဲ၍ မည်သူက စာတန်ကို ဤကဲ့သို့သော အမိန့်မျိုး ပေးရဲသနည်း။ ထို့အပြင် ဘုရားသခင်က စာတန်ထံ သူ့အမိန့်ကို အဘယ်ကြောင့်ကိုယ်တိုင်ထုတ်ခဲ့ခြင်း ဖြစ်သနည်း။ ယောဘ၏ အသက်အပါအဝင် လူသား၏အသက်ကို ဘုရားသခင်က ထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။ ဘုရားသခင်က စာတန်အား ယောဘ၏အသက်ကို ထိခိုက်ရန်၊ သို့မဟုတ် နုတ်ယူရန် ခွင့်မပြုပေ။ ဘုရားသခင်က စာတန်ကို ယောဘအား သွေးဆောင်ရန် ခွင့်ပြုသောအချိန်တွင် ဤကဲ့သို့သောအမိန့်ကို သေချာထုတ်ရန် ဘုရားသခင်က သတိရပြီး ယောဘ၏အသက်ကို မနုတ်ယူရန် စာတန်ကို နောက်တစ်ခါ အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ စာတန်က ဘုရားသခင်၏ သြဇာအာဏာကို မည်သည့်အခါမျှ မကျော်လွန်ရဲသည့်အပြင် ဘုရားသခင်၏ အမိန့်များနှင့် အထူးမိန့်ကြားချက်များကို သေချာနားထောင်ပြီး နာခံခဲ့သည်။ ၎င်းတို့ကို မည်သည့်အခါမျှ သူမဖီဆန်ဝံ့ပေ။ ထို့ပြင် ဘုရားသခင်၏ အမိန့်များကိုလည်း ထင်သလို မပြောင်းလဲဝံ့ပေ။ ဤအရာတို့သည် ဘုရားသခင်က စာတန်အတွက် ချမှတ်ထားသည့် အကန့်အသတ်များဖြစ်သည်။ ထို့ကြောင့် စာတန်က ဤအကန့်အသတ်များကို မည်သည့်အခါမျှ မကျော်ဖြတ်ရဲပေ။ ဤသည်မှာ ဘုရားသခင့်သြဇာအာဏာ၏ တန်ခိုးအစွမ်း မဟုတ်ပေလော။ ဤသည်မှာ ဘုရားသခင့်သြဇာအာဏာ၏ သက်သေခံခြင်းတစ်ခု မဟုတ်ပေလော။ ဘုရားသခင်အပေါ် မည်သို့ပြုမူရမည်၊ ဘုရားသခင်ကို မည်သို့မြင်ရမည်ဆိုသည်နှင့်ပတ်သက်၍ စာတန်၌ လူသားမျိုးနွယ်ထက် ပိုရှင်းလင်းသည့် နားလည်မှုရှိသည်။ ထို့ကြောင့် ဝိညာဉ်ရေးရာနယ်ပယ်တွင် စာတန်က ဘုရားသခင်၏ သြဇာအာဏာနှင့် ဂုဏ်ဒြပ်ကို အလွန်ရှင်းရှင်းလင်းလင်းမြင်ပြီး ဘုရားသခင့်သြဇာအာဏာ၏ တန်ခိုးအစွမ်းနှင့် သူ၏သြဇာအာဏာနောက်က အခြေခံမူများကို လေးလေးနက်နက် စာတန်သဘောပေါက်သည်။ ဤအရာများကို စာတန်သည် လုံဂဝလျစ်လျူမရှုရဲသကဲ့သို့ မည်သည့်နည်းနှင့်မျှ မချိုးဖောက်ရဲပေ၊ သို့မဟုတ် ဘုရားသခင်၏ သြဇာအာဏာကို ကျော်လွန်သည့်အရာ တစ်ခုမျှ မလုပ်ရဲပေ။ ဘုရားသခင်၏ အမျက်ဒေါသကို မည်သည့်နည်းလမ်းနှင့်မျှ သူစိန်မခေါ်ရဲပေ။ စာတန်၏သဘာဝမှာ ဆိုးယုတ်ပြီး မာနထောင်လွှားသော်လည်း သူသည် ဘုရားသခင်က သူ့အတွက် ချမှတ်ထားသည့် နယ်နိမိတ်များနှင့် အကန့်အသတ်များကို တစ်ခါမျှ မဖြတ်ကျော်ရဲပေ။ နှစ်သန်းပေါင်းများစွာအကြာထိ ဤနယ်နိမိတ်များကို တိတိကျကျ သူလိုက်နာခဲ့သည်။ ဘုရားသခင်ပေးအပ်သည့် ခိုင်းစေမှုနှင့် အမိန့်တိုင်းကို သူလိုက်နာပြီး မည်သည့်အခါမျှ ဘောင်မကျော်ဝံ့ခဲ့ပေ။ စာတန်သည် အန္တရာယ်ရှိသော်လည်း ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ထက် သူက ပိုပါးနပ်သည်။ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို သူသိပြီး သူ၏ ကိုယ်ပိုင်နယ်နိမိတ်များကို သူသိသည်။ စာတန်၏ “ကျိုးနွံနာခံသည့်” အပြုအမူများမှတစ်ဆင့် ဘုရားသခင်၏သြဇာအာဏာနှင့် တန်ခိုးတို့သည် စာတန်ကျော်လွန်၍မရနိုင်သည့် ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ထုတ်ပြန်ချက်များဖြစ်ကြောင်းကို မြင်နိုင်ပြီး၊ ဘုရားသခင်၏ အတုမရှိခြင်းနှင့် သြဇာအာဏာ အတိအကျကြောင့်သာ အရာအားလုံးသည် အစီအစဉ်တကျ ပြောင်းလဲပြီး ပွားများခြင်းဖြစ်ကြောင်း၊ ဤအမိန့်ကို နှောင့်ယှက်နိုင်သည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတို့မရှိဘဲ၊ ထို့ပြင် ဤနိယာမကို ပြောင်းလဲနိုင်သည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတို့မရှိဘဲ ဘုရားသခင်တည်ထောင်ထားသည့် လမ်းကြောင်းအတွင်း၌ လူသားတို့ အသက်ရှင်ပြီး မျိုးပွားနိုင်ခြင်းဖြစ်ကြောင်း မြင်နိုင်သည်။ အကြောင်းမှာ သူတို့အားလုံးသည် ဖန်ဆင်းရှင်၏လက်မှလာပြီး ဖန်ဆင်းရှင်၏ စီမံခြင်းနှင့် သြဇာအာဏာမှ လာသည့်အတွက်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်က လူသားနှင့် ပဋိညာဉ်တစ်ခု တည်ဆောက်ရန်အတွက် သူ၏နှုတ်ကပတ်တော်တို့ကို အသုံးပြုသည်

ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။...

လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသော်လည်း ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ အချုပ်အခြာအာဏာအောက်တွင် အသက်ရှင်နေထိုင်ဆဲရှိသည်

စာတန်သည် လူသားမျိုးနွယ်ကို နှစ်ထောင်ပေါင်းများစွာ ကြာအောင် ဖောက်ပြန်ပျက်စီးစေနေသည်။ စာတန်သည် ပြောပြ၍မရနိုင်သည့် မကောင်းမှုများကို...

ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာရှိသည့် ဘုရားသခင်သာလျှင် အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်၏

စာတန်၏ ထူးခြားသည့် ဝိသေသလက္ခဏာသည် အမျိုးမျိုးသော ရှုထောင့်များနှင့်စပ်ဆိုင်သည့် သူ၏ထင်ရှားပြသခြင်းအပေါ်တွင် လူအများကို...

ဖန်ဆင်းရှင်၏ မိန့်မြွက်ချက်များဆိုင်ရာ အတုမရှိသည့် သဘောနှင့် ပင်ကိုလက္ခဏာများသည် ဖန်ဆင်းရှင်၏ အတုမရှိသည့် ဝိသေသလက္ခဏာနှင့် သြဇာအာဏာ၏ သင်္ကေတပင် ဖြစ်သည်

ကမ္ဘာဦးကျမ်း ၁၇:၄-၆ ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။