စာတန်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို မည်သည့်အခါမျှ မဖန်ဆင်းနိုင်သည့် ကျလာသော ကောင်းကင်တမန် တစ်ပါးဖြစ်ပြီး ဘုရားသခင်၏ ဩဇာအာဏာကို မည်သည့်အခါမျှ မကျော်လွန်နိုင်ပေ

16.06.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ကမ္ဘာမြေကြီး မတည်ရှိမီတွင်၊ ကောင်းကင်တမန်မင်းသည် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များထဲမှ အကြီးမြတ်ဆုံး ဖြစ်ခဲ့သည်။ ၎င်းသည် ကောင်းကင်ဘုံရှိ ကောင်းကင်တမန် အားလုံးအပေါ် တရားစီရင်ပိုင်ခွင့် ရှိခဲ့သည်။ ဤအရာသည် ၎င်းကို ဘုရားသခင် ပေးခဲ့ပြီးဖြစ်သည့် ဩဇာအာဏာ ဖြစ်သည်။ ဘုရားသခင်မှလွဲ၍၊ ၎င်းသည် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များထဲမှ အကြီးမြတ်ဆုံး ဖြစ်သည်။ နောက်ပိုင်းတွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ ပြီးသည့်နောက်၊ ကောင်းကင်တမန်မင်းသည် ကမ္ဘာပေါ်၌ ဘုရားသခင်ကို ဆန့်ကျင်လျက် သာ၍ပင် ကြီးမားသော သစ္စာဖောက်မှုကို ပြုခဲ့သည်။ ၎င်းသည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလိုပြီး ဘုရားသခင်၏ ဩဇာအာဏာထက် သာလွန်လိုခဲ့သောကြောင့်၊ ၎င်းက ဘရားသခင်ကို သစ္စာဖောက်ခဲ့သည်ဟု ငါ ပြောခြင်း ဖြစ်သည်။ ဧဝကို အပြစ်သို့ သွေးဆောင်ခဲ့သည်မှာ ကောင်းကင်တမန်မင်း ဖြစ်ပြီး၊ ၎င်းသည် ၎င်း၏နိုင်ငံကို ကမ္ဘာမြေပေါ် တည်ထောင်လိုပြီး လူသားများအား ဘုရားသခင်ကို ကျောခိုင်းကာ၊ ယင်းအစား ကောင်းကင်တမန်မင်းကို နာခံစေလိုသောကြောင့် ၎င်းက ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ များစွာသော အရာတို့က သူ့ကို နာခံနိုင်သည်ကို ကောင်းကင်တမန်မင်းက တွေ့မြင်ခဲ့သည်- ကမ္ဘာမြေပေါ်ရှိ လူတို့က နာခံနိုင်သကဲ့သို့၊ ကောင်းကင်တမန်များက နာခံနိုင်ပေသည်။ ငှက်များနှင့် သားရဲများ၊ သစ်ပင်များ၊ တောအုပ်များ၊ တောင်များ၊ မြစ်များနှင့် ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းသည်- အာဒံနှင့် ဧဝတို့ဖြစ်သည့်- လူသား၏ စောင့်ရှောက်မှု အောက်တွင် ရှိသော်လည်း၊ အာဒံနှင့်ဧဝတို့က ကောင်းကင်တမန်မင်းကို နာခံခဲ့ကြသည်။ ထို့ကြောင့် ကောင်းကင်တမန်မင်းသည် ဘုရားသခင်၏ ဩဇာအာဏာကို သာလွန်ရန်နှင့် ဘုရားသခင်ကို သစ္စာဖောက်ရန် ဆန္ဒရှိခဲ့သည်။ ထို့နောက်တွင်၊ ၎င်းသည် ဘုရားသခင်ကို ပုန်ကန်ရာတွင် နောက်ပိုင်း၌ ဝိညာဉ်ဆိုး အမျိုးမျိုး ဖြစ်လာခဲ့ကြသည့် ကောင်းကင်တမန် အများအပြားကို ဦးဆောင်ခဲ့သည်။ ဤနေ့ထိ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကောင်းကင်တမန်မင်း၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်သည် မဟုတ်လော။ ကောင်းကင် တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီး လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့သောကြောင့်၊ လူသားများသည် ယနေ့ ၎င်းတို့ ဖြစ်သည့်အကျင့်စရိုက်အတိုင်းသာ ဖြစ်ကြပေသည်။ ဤတစ်ဆင့်ချင်းဖြစ်သည့် အမှုသည် လူများ စိတ်ကူးနိုင်သလောက် လုံးဝ စိတ်ကူးသက်သက် မဟုတ်သကဲ့သို့ မရိုးရှင်းပေ။ စာတန်သည် အကြောင်းရင်း တစ်ခုအတွက် ၎င်း၏ သစ္စာဖောက်ခြင်း အမှုကို ပြုခဲ့ခြင်း ဖြစ်သည်၊ သို့သော် လူများသည် ထိုသို့သော ရိုးရှင်းသည့် အချက်ကို နားမလည်နိုင်ကြချေ။ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် ဘုရားသခင်သည် စာတန်ကိုလည်း အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း။ ဘုရားသခင်သည် စာတန်ကို အလွန် စက်ဆုပ်ရွံရှာပြီး စာတန်သည် သူ၏ရန်သူဖြစ်သည့်အတွက်၊ အဘယ်ကြောင့် စာတန်ကို သူ ဖန်ဆင်းခဲ့သနည်း။ စာတန်ကို ဖန်ဆင်းခြင်းအားဖြင့်၊ သူသည် ရန်သူတစ်ဦးကို ဖန်ဆင်းခဲ့ခြင်း ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် အမှန်တကယ်တွင် ရန်သူတစ်ဦးကို မဖန်ဆင်းခဲ့ပေ။ ထို့ထက် သူသည် ကောင်းကင်တမန်တစ်ပါးကို ဖန်ဆင်းခဲ့ပြီး၊ ထို့နောက် ထိုကောင်းကင်တမန်က သူ့ကို သစ္စာဖောက်ခဲ့ပေသည်။ ၎င်း၏အဆင့်အတန်း တိုး၍ အလွန်ကြီးမြတ်ခဲ့ပြီးဖြစ်သည်မှာ ၎င်းသည် ဘုရားသခင်ကို သစ္စာဖောက်ရန် ဆန္ဒရှိခဲ့သည်။ ဤသည်မှာ တိုက်ဆိုင်မှု တစ်ခုဟု ပြောနိုင်သော်လည်း၊ ရှောင်လွှဲ၍မရသည့်အရာ တစ်ခုလည်း ဖြစ်သည်။ ယင်းမှာ လူသည် အဆင့်တစ်ခုအထိ အရွယ်ရောက် ပြီးသည့်နောက် မလွဲမသွေ သေဆုံးရမည့်ပုံနှင့် တူညီပေသည်။ အမှုအရာများသည် ထိုအဆင့်ထိသာ ဖွံ့ဖြိုးတိုးတက်ပြီး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

ကောင်းကင်တမန်များသည် အထူးသဖြင့် အားနည်းပြီး ပြောစရာ အစွမ်းအစများ မပိုင်ဆိုင်ကြသောကြောင့်၊ ၎င်းတို့ကို ဩဇာအာဏာ ပေးထားခဲ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ တိုး၍ မာနထောင်လွှားလာခဲ့သည်။ ဤသည်မှာ အထူးသဖြင့် အခြား မည်သည့်ကောင်းကင်တမန်မဆိုထက် အဆင့်အတန်း သာ၍မြင့်မားသည့် ကောင်းကင်တမန်မင်းနှင့်ပတ်သက်၍ မှန်ကန်ပေသည်။ ကောင်းကင်တမန်များအလယ်နှင့် ယေဟောဝါအောက်ရှိ ကောင်းကင်တမန် သန်းပေါင်းများစွာကို ဦးဆောင်ခဲ့သည့် မင်းတစ်ပါး၊ ၎င်း၏ဩဇာအာဏာသည် အခြား မည်သည့် ကောင်းကင်တမန်များမဆို၏ ဩဇာအာဏာထက် သာလွန်ခဲ့သည်။ ၎င်းသည် ဟိုဟို၊ သည်သည် လုပ်ဆောင်လိုခဲ့ပြီး ကမ္ဘာလောကကြီးကို ထိန်းချုပ်ဖို့ လူသားများအလယ် ကောင်းကင်တမန်များကို ဦးဆောင်လိုခဲ့သည်။ ဘုရားသခင်က သူသည် စကြဝဠာကို ကွပ်ကဲအုပ်ချုပ်သူ ဖြစ်သည်ဟု ပြောခဲ့သည်။ သို့သော် ကောင်းကင်တမန်မင်းက ၎င်းသည် စကြဝဠာကို ကွပ်ကဲအုပ်ချုပ်ခဲ့သည်ဟု အခိုင်အမာ ဆိုခဲ့သည်- ထိုအချိန်မှစ၍၊ ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ အခြားလောကတစ်ခုကို ဖန်ဆင်းခဲ့ပြီးဖြစ်ကာ ကောင်းကင်တမန်မင်းသည် ဤလောကကို ထိန်းချုပ်ရန် ဆန္ဒရှိခဲ့ပြီး၊ သေမျိုးနယ်ပယ်ကို ဆင်းသက်ရန်လည်း ဆန္ဒရှိခဲ့သည်။ ဘုရားသခင်သည် ယင်းကို ထိုသို့ လုပ်ဆောင်ခွင့်ပြုနိုင်မည်လော။ ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်တမန်မင်းကို ဒဏ်ခတ်ခဲ့ပြီး၊ လေထဲကို ပစ်ချခဲ့သည်။ ၎င်းသည် လူသားများကို ဖောက်ပြန်ပျက်စီးစေခဲ့ကတည်းက၊ ဘုရားသခင်သည် လူသားများကို ကယ်တင်ရန်အလို့ငှာ ကောင်းကင်တမန်မင်းနှင့် စစ်ပွဲဆင်နွှဲပြီး ဖြစ်သည်။ စာတန်၏ ရှုံးနိမ့်ခြင်းအပေါ် ဤထောင်စုနှစ် ခြောက်ခုကို ဘုရားသခင် အသုံးပြုခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်တို့၏ အတွေးအမြင်သည် ဘုရားသခင်က လတ်တလော ဆောင်ရွက်နေသည့် အမှုနှင့် သဟဇာတ မဖြစ်ပေ။ ယင်းသည် လုံးဝ လက်တွေ့မကျသကဲ့သို့ အလွန်များလှသည့် အတွေးမှားတစ်ခု ဖြစ်ပေသည်။ အမှန်တွင်၊ ဘုရားသခင်က ကောင်းကင်တမန်မင်းကို သူ၏ ရန်သူအဖြစ် ကြေညာခဲ့သည်မှာ ကောင်းကင်တမန်မင်း၏ သစ္စာဖောက်ခြင်း နောက်တွင်သာ ဖြစ်သည်။ ကောင်းကင်တမန်မင်းက သေမျိုးနယ်ပယ်ထဲသို့ ရောက်ရှိပြီးနောက် လူသားမျိုးနွယ်အပေါ် နင်းချေခဲ့သည်မှာ ၎င်း၏ သစ္စာဖောက်မှုကြောင့်သာ ဖြစ်ပြီး၊ လူသားမျိုးနွယ်သည် ယခုအခြေအနေသို့ ပြောင်းလဲပြီးဖြစ်သည်မှာ ဤအကြောင်းရင်းကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်ပျက် ပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် စာတန်ကို “ငါသည် သင့်ကို အနိုင်ယူပြီး၊ ငါ ဖန်ဆင်းခဲ့သည့် လူသားများအားလုံးထံ ကယ်တင်ခြင်း ဆောင်ကြဉ်းမည်။” ဟု ကျိန်ဆိုခဲ့သည်။ ပထမတွင် လက်ခံယုံကြည်ခြင်းမရှိဘဲ စာတန်က၊ “ကိုယ်တော်သည် ကျွန်ုပ်အား အကယ်စင်စစ် အဘယ်အရာ ပြုနိုင်သနည်း။ ကိုယ်တော်သည် ကျွန်ုပ်အား လေထဲသို့ နှင်ချနိုင်မည်လော။ ကိုယ်တော်သည် ကျွန်ုပ်အား အမှန်တကယ် အနိုင်ယူနိုင်သလော။” ဟု ပြန်ပြောလေသည်။ ဘုရားသခင်က ၎င်းကို လေထဲသို့ နှင်ချသည့်နောက်တွင်၊ ကောင်းကင်တမန်မင်းကို သူ နောက်ထပ် အာရုံမစိုက်တော့သကဲ့သို့၊ နောက်ပိုင်းတွင် စာတန်၏ ဖြစ်နေဆဲ နှောင့်ယှက်ဟန့်တားမှုများ ရှိလင့်ကစား လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် သူ၏ ကိုင်ပိုင်အမှုကို စတင် ဆောင်ရွက်ခဲ့သည်။ စာတန်သည် ဟိုဟို၊ သည်သည် လုပ်ဆောင် နိုင်ခဲ့သော်လည်း၊ ယင်းမှာ ယခင်က ၎င်းကို ဘုရားသခင် ပေးထားပြီးဖြစ်သည့် တန်ခိုးကြောင့်သာ ဖြစ်သည်။ ၎င်းသည် ဤအရာများကို လေထဲသို့ ၎င်းနှင့်အတူ ယူဆောင်သွားခဲ့ပြီး၊ ဤနေ့အထိ ထိန်းသိမ်းထားခဲ့သည်။ စာတန်ကို လေထဲသို့ နှင်ချပစ်လိုက်သည့်အချိန်တွင်၊ ဘုရားသခင်သည် ၎င်း၏ ဩဇာအာဏာကို ပြန်မယူခဲ့ချေ၊ ထို့ကြောင့် စာတန်သည် လူသားမျိုးနွယ်ကို ဆက်လက်ပြီး ဖောက်ပြန်ပျက်စီးစေခဲ့သည်။ သို့သော်လည်း ဘုရားသခင်သည် ၎င်းတို့၏ ဖန်ဆင်းခြင်းပြီးသည့်နောက် များမကြာမီတွင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရပြီးဖြစ်သည့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း စတင်ခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိနေစဉ်တွင်၊ သူ၏ လုပ်ရပ်များကို ထုတ်ဖော်မပြခဲ့ပေ။ သို့သော် ကမ္ဘာကြီးကို မဖန်ဆင်းမီတွင်၊ သူဖန်ဆင်းခဲ့သည့် လောကကြီးထဲက လူတို့အား ကောင်းကင်ဘုံက သူ၏ လုပ်ရပ်များကို တွေ့မြင်ခွင့်ပေးခဲ့ပြီး၊ ထိုသို့ဖြင့် ထိုလူတို့ကို ကောင်းကင်ဘုံအထက်သို့ လမ်းပြပို့ဆောင်ခဲ့သည်။ သူသည် ၎င်းတို့ကို ဉာဏ်ပညာနှင့် အသိဉာဏ်ကို ပေးခဲ့ပြီး ထိုလူတို့ကို ထိုလောက၌ အသက်ရှင်ဖို့ ဦးဆောင်ခဲ့သည်။ ပင်ကိုအားဖြင့်၊ သင်တို့ထဲမှ မည်သူမျှ ဤအရာနှင့်ပတ်သက်၍ တစ်ကြိမ်တစ်ခါမျှ မကြားဖူးကြပေ။ နောက်တွင် ဘုရားသခင်က လူသားများကို ဖန်ဆင်း ပြီးသည့်နောက်တွင်၊ ကောင်းကင်တမန်မင်းသည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးစေဖို့ စတင်ခဲ့သည်။ ကမ္ဘာပေါ်တွင် လူသားမျိုးနွယ် အားလုံး ဗရမ်းဗတာ ဖြစ်သွားကြသည်။ ဘုရားသခင်သည် စာတန်နှင့်စစ်ပွဲကို စတင်ခဲ့သည်မှာ ထို့နောက်တွင်သာ ဖြစ်ပြီး၊ လူသားများက သူ၏ လုပ်ဆောင်ချက်များကို မြင်ခဲ့သည်မှာ ဤအချိန်တွင်သာ ဖြစ်ခဲ့သည်။ အစတွင် ထိုသို့သော လုပ်ရပ်များကို လူသားမျိုးနွယ်ထံမှ ဖုံးကွယ်ထားခဲ့သည်။ စာတန်သည် လေထဲသို့ နှင်ချခံရပြီးသည့်နောက်၊ ၎င်းသည် ၎င်း၏ အရေးကိစ္စကိုသာ လုပ်ဆောင်ခဲ့ပြီး ဘုရားသခင်သည်လည်း နောက်ဆုံးသော ကာလအထိ စာတန်နှင့် စစ်ပွဲကို အဆက်မပြတ် ဆင်နွှဲရင်း၊ သူ၏ ကိုယ်ပိုင်အမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ယခုသည် စာတန် ဖျက်ဆီးခံရသင့်သည့် အချိန်ကာလ ဖြစ်သည်။ အစအဦး၌ ဘုရားသခင်သည် ၎င်းကို ဩဇာအာဏာပေးခဲ့ပြီး၊ ထို့နောက်တွင် ဘုရားသခင်သည် စာတန်ကို လေထဲသို့ နှင်ချပစ်လိုက်သော်လည်း၊ ၎င်းတို့ ဖီဆန်မြဲဖီဆန်နေခဲ့သည်။ ထို့နောက်တွင်၊ ၎င်းသည် ကမ္ဘာမြေပေါ်ရှိ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီး စေခဲ့သော်လည်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်များကို စီမံခန့်ခွဲလျက် ရှိနေခဲ့သည်။ ဘုရားသခင်သည် စာတန်ကို အနိုင်ယူရန် လူသားများနှင့်ဆိုင်သည့် သူ၏စီမံခန့်ခွဲမှုကို အသုံးပြုသည်။ လူများကို ဖောက်ပြန်ပျက်စီးစေခြင်းအားဖြင့်၊ စာတန်သည် ၎င်းတို့၏ ကံကြမ္မာကို အဆုံးသတ်စေပြီး၊ ဘုရားသခင်၏အမှုကို နှောင့်ယှက်လေသည်။ အခြားတစ်ဖက်တွင် ဘုရားသခင်၏အမှုသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့် အမှု၏ မည်သည့်အဆင့်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် ရည်ရွယ်ထားခြင်း မဟုတ်သနည်း။ မည်သည့်အဆင့်က လူများကို သန့်ရှင်းစေဖို့နှင့် ၎င်းတို့ကို ဖြောင့်မတ်စွာ ပြုမူစေကာ ချစ်ခြင်းကို ခံရနိုင်သည့် သူများ၏ ပုံရိပ်ကို အသက်ရှင်နေထိုင်စေဖို့ မရည်ရွယ်ပါသနည်း။ သို့သော်လည်း စာတန်သည် ဤအရာကို မလုပ်ဆောင်ပေ။ ၎င်းသည် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည်။ ၎င်းသည် စကြဝဠာတစ်လျှောက် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်းနှင့်ဆိုင်သည့် ၎င်း၏အလုပ်ကို အဆက်မပြတ် ဆောင်ရွက်သည်။ ဟုတ်ပေ၏၊ ဘုရားသခင်သည်လည်း စာတန်ကို အာရုံမစိုက်ဘဲ၊ သူကိုယ်တိုင်၏ အမှုကို သူလုပ်နေသည်။ စာတန်၌ ဩဇာအာဏာ မည်မျှရှိသည်ဖြစ်စေ၊ ထိုဩဇာအာဏာကို ဘုရားသခင်က ပေးထားခြင်း ဖြစ်ဆဲဖြစ်သည်။ ဘုရားသခင်သည် အမှန်တကယ်တွင် ၎င်းကို သူ၏ ဩဇာအာဏာအားလုံး ပေးခဲ့သည် မဟုတ်၊ ထို့ကြောင့် စာတန် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ယင်းသည် ဘုရားသခင်ကို လုံးဝ မကျော်လွန်နိုင်သကဲ့သို့၊ ဘုရားသခင်၏ လက်အတွင်းတွင် အမြဲ ရှိလိမ့်မည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိနေစဉ်တွင် သူ၏ မည်သည့်လုပ်ရပ်ကိုမျှ ထုတ်ဖော်မပြခဲ့ပေ။ သူသည် စာတန်အား ဩဇာအာဏာ၏ သေးငယ်သော အစိတ်အပိုင်း တစ်ခုကိုမျှ ပေးခဲ့ပြီး၊ ယင်းကို အခြားကောင်းကင်တမန်များ အပေါ် ဩဇာအာဏာသုံးခွင့်ပေးခဲ့သည်။ ထို့ကြောင့် မူလက ၎င်းကို ဘုရားသခင်ပေးခဲ့သည့် ဩဇာအာဏာသည် ကန့်သတ်ထားခြင်းကြောင့် စာတန်က မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ၎င်းသည် ဘုရားသခင်၏ ဩဇာအာဏာကို မကျော်လွန်နိုင်ချေ။ ဘုရားသခင် အမှုပြုသည်နှင့်အမျှ၊ စာတန်သည် နှောင့်ယှက်၏။ နောက်ဆုံးသောကာလတွင် စာတန်၏ နှောင့်ယှက်မှုများ အဆုံးသတ်လိမ့်မည် ဖြစ်သည်။ ထိုနည်းတူ၊ ဘုရားသခင်၏ အမှုသည်လည်း ပြီးစီးလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင် စုံလင်စေလိုသည့် လူမျိုးများသည်လည်း စုံလင်စေခြင်း ခံရလိမ့်မည်။ ဘုရားသခင်သည် လူများကို ခိုင်မာစွာ ညွှန်ကြားသည်။ သူ၏ အသက်သည် တိုင်းတာ၍မရသကဲ့သို့ အကန့်အသတ်မဲ့ အသက်စမ်းရေ ဖြစ်သည်။ စာတန်က လူသားကို အတိုင်းအတာ တစ်ခုအထိ ဖောက်ပြန်ပျက်စီး စေခဲ့သည်။ အဆုံးတွင် ဘဝ၏ အသက်စမ်းရေသည် လူသားကို စုံလင်စေလိမ့်မည် ဖြစ်ပြီး၊ စာတန်အတွက် ဝင်ရောက်စွက်ဖက်ဖို့ရန်နှင့် ၎င်း၏အလုပ်ကို ဆောင်ရွက်ဖို့ရန် ဖြစ်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ဘုရားသခင်သည် ဤလူများကို လုံးဝ ရယူနိုင်လိမ့်မည် ဖြစ်သည်။ ယခုတွင်ပင် စာတန်သည် ဤအရာကို လက်ခံဖို့ ငြင်းဆဲဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို အဆက်မပြတ် ဖက်ပြိုင်အံတုသော်လည်း၊ ဘုရားသခင်က ၎င်းကို အာရုံမစိုက်ချေ။ ဘုရားသခင်က၊ “ငါသည် စာတန်၏ အမှောင် အင်အားစုများနှင့် အမှောင်စွမ်းအား အားလုံးအပေါ် အောင်နိုင်လိမ့်မည်။” ဟု ပြောခဲ့သည်။ ဤသည်မှာ လူ့ဇာတိ၌ ယခု လုပ်ဆောင်ရမည့် အမှုဖြစ်ပြီး ယင်းမှာ လူ့ဇာတိခံယူခြင်းအား အရေးပါစေသည့်အရာလည်း ဖြစ်သည်။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလတွင် စာတန်ကို အနိုင်ယူခြင်း အမှု၏အဆင့်ကို ပြီးပြည့်စုံစေဖို့နှင့် စာတန်နှင့်သက်ဆိုင်သည့် အရာအားလုံးကို ဖယ်ရှားပစ်ဖို့ ဖြစ်သည်။ စာတန်အပေါ် ဘုရားသခင် အောင်နိုင်ခြင်းသည် ရှောင်လွှဲ၍မရပေ။ အမှန်တွင် စာတန်က အချိန်ကြာမြင့်စွာက ရှုံးနိမ့်နှင့်ပြီးသား ဖြစ်သည်။ လူ့ဇာတိခံယူခြင်း၏ တကယ့် ရည်ရွယ်ချက်မှာ စာတန်ကို ချေမှုန်းဖို့ ဖြစ်သည့်အတွက်၊ အဆင်းနီသည့် နဂါးကြီး၏ နယ်မြေတစ်လျှောက်မှာ ဧဝံဂေလိတရားတော် စတင် ပျံ့နှံ့ခဲ့ချိန်တွင်- ဆိုလိုသည်မှာ၊ လူ့ဇာတိခံ ဘုရားသခင်က သူ၏ အမှုကို စတင်ခဲ့ပြီး ဤအမှု သက်ဝင်လှုပ်ရှားခဲ့ချိန်တွင်- စာတန်သည် လုံးဝ ရှုံးနိမ့်ခဲ့ပေသည်။ ဘုရားသခင်က နောက်တစ်ဖန် လူ့ဇာတိခံယူခဲ့ပြီး မည်သည့် အင်အားစုကမျှ မရပ်တန့်စေနိုင်သည့် သူ၏ အမှုကို စတင်ခဲ့သည်ကို စာတန်က မြင်လျှင်မြင်ချင်း၊ ဤအမှု၏ မြင်ကွင်းတွင် ၎င်းသည် မှင်တက်သွားခဲ့ပြီး နောက်ထပ် မည်သည့်ဒုက္ခပေးခြင်းကိုမျှ မလုပ်ဆောင်ဝံ့ခဲ့ချေ။ ပထမတွင် စာတန်က ၎င်းသည်လည်း များပြားသည့် ဉာဏ်ပညာများကို အပ်နှင်းထားခြင်းခံခဲ့ရသည်ဟု တွေးထင်ခဲ့ပြီး၊ ဘုရားသခင်၏ အမှုကို ကြားဖြတ်ကာ နှောင့်ယှက်ခဲ့သည်။ သို့သော် ဘုရားသခင် နောက်တစ်ဖန် လူ့ဇာတိခံယူလိမ့်မည် သို့မဟုတ် သူ၏ အမှုတွင် ဘုရားသခင်သည် စာတန်၏ ပုန်ကန်မှုကို လူသားမျိုးနွယ်အတွက် ထုတ်ဖော်ပြခြင်းနှင့် တရားစီရင်ခြင်းအဖြစ် အသုံးတော်ခံစေဖို့ အသုံးပြုမည် ဖြစ်ပြီး၊ ထိုသို့ဖြင့် လူသားများကို သိမ်းပိုက်ကာ စာတန်ကို အနိုင်ယူမည်ကို သူ မမျှော်လင့်ထားခဲ့ချေ။ ဘုရားသခင်သည် စာတန်ထက် သာ၍ ဉာဏ်ပညာရှိပြီး သူ၏အမှုသည် ၎င်းထက် များစွာ သာလွန်သည်။ ထို့ကြောင့် “ငါလုပ်သည့် အမှုသည် စာတန်၏ လှည့်ကွက်များကို တုံ့ပြန်ရာတွင် ဆောင်ရွက်သည်။ အဆုံးတွင် ငါသည် ငါ၏ အနန္တတန်ခိုးနှင့် စာတန်၏ တန်ခိုးအစွမ်းမဲ့ခြင်းကို ထုတ်ဖော်ပြမည်။” ဟု ယခင်က ငါ ဖော်ပြပြီးဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်သည် သူ၏အမှုကို ရှေ့တန်းတွင် လုပ်ဆောင်လိမ့်မည် ဖြစ်သော်လည်း၊ အဆုံး၌ စာတန်သည် နောက်ဆုံးတွင် ဖျက်ဆီးခံရသည်အထိ နောက်တွင် တရွတ်တိုက်ဆွဲ လိုက်ပါလိမ့်မည် ဖြစ်သည်- ၎င်းသည် အလွန့်အလွန် ထိတ်လန့်တုန်လှုပ်လိမ့်မည်။ ၎င်းသည် ချေမှုန်းကာ ဖျက်ဆီးခံရနှင့်ပြီးဖြစ်သည်နှင့်တစ်ပြိုင်နက်မှသာ အမှန်တရားကို သဘောပေါက်လိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် ၎င်းသည် မီးအိုင်ထဲတွင် မီးရှို့ဖျက်ဆီးခံရနှင့်ပြီး ဖြစ်လိမ့်မည်။ ထိုအခါ ၎င်းသည် လုံးဝ ယုံကြည်လက်ခံသွားမည် မဟုတ်လော။ ထိုအခါတွင် စာတန်အတွက် အသုံးချစရာ အကြံအစည်များ နောက်ထပ် ရှိတော့မည် မဟုတ်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

စာတန်၏ ထူးခြားသည့် ဝိသေသလက္ခဏာသည် အမျိုးမျိုးသော ရှုထောင့်များနှင့်စပ်ဆိုင်သည့် သူ၏ထင်ရှားပြသခြင်းအပေါ်တွင် လူအများကို အလွန်စိတ်ဝင်စားစေခဲ့သည်။ စာတန်အနေဖြင့် နိမိတ်လက္ခဏာများကို ပြသနိုင်စွမ်းရှိပြီး လူသားတို့အတွက် မဖြစ်နိုင်သည့် အရာများကို လုပ်နိုင်စွမ်းရှိသောကြောင့် ဘုရားသခင်ကဲ့သို့ သြဇာအာဏာကို စာတန်ပိုင်ဆိုင်သည်ဟု ယုံကြည်သည့် မိုက်သောလူ အများအပြားပင်ရှိသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းအပြင် မိမိတို့၏နှလုံးသားထဲတွင် စာတန်အတွက်လည်း နေရာတစ်နေရာ ချန်ထားကာ စာတန်ကို ဘုရားအနေနှင့်ပင် ကိုးကွယ်ကြသည်။ ဤလူများသည် သနားစရာကောင်းသကဲ့သို့ စက်ဆုပ်ရွံ့ရှာဖွယ်လည်း ကောင်း၏။ သူတို့၏ မသိနားမလည်မှုကြောင့် သနားစရာကောင်းပြီး သူတို့၏ မိစ္ဆာဒိဌိအယူနှင့် ပင်ကိုဆိုးယုတ်သည့်အနှစ်သာရကြောင့် စက်ဆုပ်ရွံ့ရှာဖွယ်သည်။ ဤနေရာတွင် သြဇာအာဏာက အဘယ်အရာဖြစ်သည်၊ မည်သည်အရာကို သင်္ကေတပြုသည်၊ အဘယ်အရာကို ကိုယ်စားပြုသည်ဆိုခြင်းအား သင်တို့ကို အသိပေးရန် လိုအပ်သည်ဟု ငါခံစားရသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ဘုရားသခင်ကိုယ်တော်တိုင်က သြဇာအာဏာဖြစ်ပြီး ဘုရားသခင်၏သြဇာအာဏာသည် သူ၏ကြီးစိုးမှုနှင့် အနှစ်သာရကို သင်္ကေတပြုသည်။ ထို့ပြင် ဘုရားသခင်ကိုယ်တော်တိုင်၏ သြဇာအာဏာသည် ဘုရားသခင်၏ ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာကို ကိုယ်စားပြုသည်။ ဤသို့ဖြစ်သောကြောင့် စာတန်အနေဖြင့် သူကိုယ်တိုင်က ဘုရားဖြစ်သည်ဟု ပြောရဲသလော။ အရာအားလုံးကို သူဖန်ဆင်းထားပြီး အရာအားလုံးအပေါ်တွင် အချုပ်အခြာအာဏာကို သူကိုင်ဆောင်ထားသည်ဟု စာတန်ပြောရဲသလော။ မည်သို့လျှင် ပြောရဲမည်နည်း။ အကြောင်းမှာ သူသည် အရာအားလုံးကို ဖန်ဆင်းရန် မတတ်စွမ်းနိုင်ခြင်းကြောင့်ဖြစ်သည်။ ယနေ့အထိ ဘုရားသခင်ဖန်ဆင်းခဲ့သည့်အရာ တစ်ခုကိုမျှ သူမပြုလုပ်ခဲ့ဖူးပေ။ အသက်ရှိသည့်အရာ တစ်ခုကိုမျှ တစ်ခါမျှ သူမဖန်ဆင်းဖူးပေ။ အကြောင်းမှာ သူ့ထံ၌ ဘုရားသခင်၏ သြဇာအာဏာ မရှိသောကြောင့်ဖြစ်သည်။ သူသည် ဘုရားသခင်၏ ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာကို မည်သည့်အခါမျှ ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ ဤသည်ကို သူ၏အနှစ်သာရဖြင့် သတ်မှတ်ထားသည်။ သူသည် ဘုရားသခင်ကဲ့သို့ တန်ခိုးရှိသလော။ မည်သို့ရှိမည်နည်း။ စာတန်၏ လုပ်ရပ်များနှင့် စာတန်ဖော်ပြသည့် နိမိတ်လက္ခဏာများကို မည်သို့ခေါ်ကြသနည်း။ တန်ခိုးလော။ သြဇာအာဏာဟု ခေါ်၍ရနိုင်သလော။ မည်သို့ရနိုင်မည်နည်း။ စာတန်က မကောင်းမှုရေစီးကြောင်းကို ညွှန်ကြားပြီး ဘုရားသခင့်အမှု၏ ရှုထောင့်တိုင်းကို နှောင့်ယှက်ကာ ထိခိုက်စေပြီး ကြားဝင်သည်။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းအချို့တွင် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်းနှင့် အလွဲသုံးစားပြုလုပ်ခြင်း၊ သေမင်းအရိပ်လွှမ်းမိုးသည့် ချိုင့်ဝှမ်းဆီကို လျှောက်သွားစေရန် လူသားကို စာရိတ္တပျက်ပြားအောင်၊ ဘုရားသခင်ကို ငြင်းပယ်အောင် မျှားခေါ်ခြင်းနှင့် လှည့်စားခြင်းတို့မှလွဲ၍ စာတန်သည် လူသား၏ အောက်မေ့မှု၊ ချီးကျူးမှု၊ သို့မဟုတ် ချစ်ခင်မြတ်နိုးမှုတို့နှင့် အနည်းငယ်မျှပင် ထိုက်တန်သည့် အရာတစ်ခုခု လုပ်ခဲ့ဖူးသလော။ စာတန်က သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်သည် ထိုအရာများ၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်မည် မဟုတ်လော။ အကယ်၍ စာတန်သည် သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်သည် ထိုအရာများ၏ အန္တရာယ်ပြုခြင်းကို ခံထားရပြီးဖြစ်မည် မဟုတ်လော။ အကယ်၍ စာတန်အနေဖြင့် တန်ခိုးနှင့် သြဇာအာဏာကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်က ဘုရားသခင်ကို စွန့်ပစ်ပြီး သေခြင်းကို အားထားကြပြီးဖြစ်မည် မဟုတ်လော။ စာတန်၌ သြဇာအာဏာ၊ သို့မဟုတ် တန်ခိုးမရှိသည့်အတွက် သူလုပ်သည့်အရာအားလုံး၏ အနှစ်သာရနှင့် ပတ်သက်၍ ငါတို့အနေဖြင့် မည်သို့ကောက်ချက်ချသင့်သနည်း။ စာတန်လုပ်ဆောင်သည့် အရာအားလုံးက လိမ်လည်လှည့်စားမှုသက်သက်သာ ဖြစ်သည်ဟု အနက်ဖွင့်သည့်သူများရှိသည်။ သို့ရာတွင် ဤကဲ့သို့သော အနက်ဖွင့်ချက်က သိပ်မသင့်တော်ဟု ငါမြင်သည်။ လူသားတို့ကို ဖောက်ပြန်ပျက်စီးစေသည့် သူ၏ဆိုးယုတ်သည့် လုပ်ဆောင်ချက်များက လိမ်လည်လှည့်စားမှုသက်သက်ပင်လော။ စာတန်က ယောဘကို နှိပ်စက်သည့် ဆိုးယုတ်သော အင်အားနှင့် ယောဘကို နှိပ်စက်ပြီး ဝါးမျိုရန် သူ၏ခက်ထန်သောဆန္ဒတို့ကို လိမ်လည်လှည့်စားမှုသက်သက်ဖြင့် ရရှိနိုင်ခြေ မရှိပေ။ အတိတ်ကို ပြန်ကြည့်ပါက တောင်ကုန်းများ၊ တောင်များတွင် ပြန့်ကျဲနေသည့် ယောဘ၏ တိရစ္ဆာန်အုပ်များသည် ချက်ချင်းပင် ကွယ်ပျောက် သွားခဲ့ကြသည်။ ယောဘ၏ ကြီးမားသည့် စည်းစိမ်သည် တစ်မုဟုတ်ချင်းပင် ပျောက်ကွယ်သွားသည်။ ဤအရာတို့ကို လိမ်လည်လှည့်စားမှုသက်သက်နှင့် ရရှိနိုင်မည်လော။ စာတန်လုပ်သည့်အရာအားလုံး၏ သဘာဝသည် ထိခိုက်စေရန်၊ ကြားဝင်နှောင့်ယှက်ရန်၊ ဖျက်ဆီးရန်၊ အန္တရာယ်ပြုရန်၊ ဆိုးယုတ်ခြင်း၊ မလိုမုန်းထားတတ်ခြင်းနှင့် မှောင်မိုက်ခြင်းတို့ကဲ့သို့ အဖျက်သဘောဆောင်သည့် ဝေါဟာရများနှင့် ဆက်နွှယ်ပြီး ကိုက်ညီသည်။ ထို့ကြောင့် မဖြောင့်မတ်ဘဲ ဆိုးယုတ်သည့် အရာအားလုံး ဖြစ်ပေါ်ခြင်းသည် စာတန်၏ လုပ်ရပ်များနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်နေပြီး စာတန်၏ ဆိုးယုတ်သည့် အနှစ်သာရနှင့် ခွဲခြား၍မရပေ။ စာတန်က မည်မျှပင် “အစွမ်းထက်” ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်ရွယ်ချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော သူ၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို သူဖောက်ပြန်ပျက်စီးစေပြီး မျှားခေါ်သည့် နည်းလမ်းများက မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို သူခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ သူဖြစ်တည်နေသည့် ပုံစံက မည်မျှပင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ သူမချပေးနိုင်ခဲ့ပေ။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ သူအုပ်စိုးပြီး ထိန်းချုပ်နိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် သူ့ကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ သူအုပ်စိုးသည့်၊ သို့မဟုတ် သူထိန်းချုပ်သည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို နာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက်၊ သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က ပိုးကောင်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် သူ၏တာဝန်သည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အလုပ်လုပ်ရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ သူ၏သဘာဝက မည်မျှပင် မလိုမုန်းထားတတ်ပါစေ၊ သူ၏အနှစ်သာရက မည်မျှပင် ဆိုးယုတ်ပါစေ၊ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံခြင်းနှင့် ဘုရားသခင်နှင့် ဆန့်ကျင်သည့်အချက်ကို ပံ့ပိုးခြင်းဟူသည့် သူ၏တာဝန်ကို သိတတ်စွာနှင့် လိုက်နာရန်ပင်ဖြစ်သည်။ ယင်းမှာ စာတန်၏ အနှစ်သာရနှင့် အဆင့်နေရာဖြစ်သည်။ သူ၏ အနှစ်သာရသည် အသက်နှင့် ဆက်စပ်မှုမရှိပေ။ တန်ခိုးနှင့် ဆက်စပ်မှုမရှိပေ။ သြဇာအာဏာနှင့် ဆက်စပ်မှုမရှိပေ။ သူသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခုမျှသာဖြစ်သည်။ ဘုရားသခင်ကို အစေခံသည့် စက်တစ်လုံးသာ ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

စာတန်က ဘုရားသခင်၏ သြဇာအာဏာကို မည်သည့်အခါမျှ မကျော်လွန်ရဲသည့်အပြင် ဘုရားသခင်၏ အမိန့်များနှင့် အထူးမိန့်ကြားချက်များကို သေချာနားထောင်ပြီး နာခံခဲ့သည်။ ၎င်းတို့ကို မည်သည့်အခါမျှ သူမဖီဆန်ဝံ့ပေ။ ထို့ပြင် ဘုရားသခင်၏ အမိန့်များကိုလည်း ထင်သလို မပြောင်းလဲဝံ့ပေ။ ဤအရာတို့သည် ဘုရားသခင်က စာတန်အတွက် ချမှတ်ထားသည့် အကန့်အသတ်များဖြစ်သည်။ ထို့ကြောင့် စာတန်က ဤအကန့်အသတ်များကို မည်သည့်အခါမျှ မကျော်ဖြတ်ရဲပေ။ ဤသည်မှာ ဘုရားသခင့်သြဇာအာဏာ၏ တန်ခိုးအစွမ်း မဟုတ်ပေလော။ ဤသည်မှာ ဘုရားသခင့်သြဇာအာဏာ၏ သက်သေခံခြင်းတစ်ခု မဟုတ်ပေလော။ ဘုရားသခင်အပေါ် မည်သို့ပြုမူရမည်၊ ဘုရားသခင်ကို မည်သို့မြင်ရမည်ဆိုသည်နှင့်ပတ်သက်၍ စာတန်၌ လူသားမျိုးနွယ်ထက် ပိုရှင်းလင်းသည့် နားလည်မှုရှိသည်။ ထို့ကြောင့် ဝိညာဉ်လောကတွင် စာတန်က ဘုရားသခင်၏ သြဇာအာဏာနှင့် ဂုဏ်ဒြပ်ကို အလွန်ရှင်းရှင်းလင်းလင်းမြင်ပြီး ဘုရားသခင့်သြဇာအာဏာ၏ တန်ခိုးအစွမ်းနှင့် သူ၏သြဇာအာဏာနောက်က အခြေခံမူများကို လေးလေးနက်နက် စာတန်သဘောပေါက်သည်။ ဤအရာများကို စာတန်သည် လုံဂဝလျစ်လျူမရှုရဲသကဲ့သို့ မည်သည့်နည်းနှင့်မျှ မချိုးဖောက်ရဲပေ၊ သို့မဟုတ် ဘုရားသခင်၏ သြဇာအာဏာကို ကျော်လွန်သည့်အရာ တစ်ခုမျှ မလုပ်ရဲပေ။ ဘုရားသခင်၏ အမျက်ဒေါသကို မည်သည့်နည်းလမ်းနှင့်မျှ သူစိန်မခေါ်ရဲပေ။ စာတန်၏သဘာဝမှာ ဆိုးယုတ်ပြီး မာနထောင်လွှားသော်လည်း သူသည် ဘုရားသခင်က သူ့အတွက် ချမှတ်ထားသည့် နယ်နိမိတ်များနှင့် အကန့်အသတ်များကို တစ်ခါမျှ မဖြတ်ကျော်ရဲပေ။ နှစ်သန်းပေါင်းများစွာအကြာထိ ဤနယ်နိမိတ်များကို တိတိကျကျ သူလိုက်နာခဲ့သည်။ ဘုရားသခင်ပေးအပ်သည့် ခိုင်းစေမှုနှင့် အမိန့်တိုင်းကို သူလိုက်နာပြီး မည်သည့်အခါမျှ ဘောင်မကျော်ဝံ့ခဲ့ပေ။ စာတန်သည် အန္တရာယ်ရှိသော်လည်း ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ထက် သူက ပိုပါးနပ်သည်။ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို သူသိပြီး သူ၏ ကိုယ်ပိုင်နယ်နိမိတ်များကို သူသိသည်။ စာတန်၏ “ကျိုးနွံနာခံသည့်” အပြုအမူများမှတစ်ဆင့် ဘုရားသခင်၏သြဇာအာဏာနှင့် တန်ခိုးတို့သည် စာတန်ကျော်လွန်၍မရနိုင်သည့် ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ထုတ်ပြန်ချက်များဖြစ်ကြောင်းကို မြင်နိုင်ပြီး၊ ဘုရားသခင်၏ အတုမရှိခြင်းနှင့် သြဇာအာဏာ အတိအကျကြောင့်သာ အရာအားလုံးသည် အစီအစဉ်တကျ ပြောင်းလဲပြီး ပွားများခြင်းဖြစ်ကြောင်း၊ ဤအမိန့်ကို နှောင့်ယှက်နိုင်သည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတို့မရှိဘဲ၊ ထို့ပြင် ဤနိယာမကို ပြောင်းလဲနိုင်သည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတို့မရှိဘဲ ဘုရားသခင်တည်ထောင်ထားသည့် လမ်းကြောင်းအတွင်း၌ လူသားတို့ အသက်ရှင်ပြီး မျိုးပွားနိုင်ခြင်းဖြစ်ကြောင်း မြင်နိုင်သည်- အကြောင်းမှာ သူတို့အားလုံးသည် ဖန်ဆင်းရှင်၏လက်မှလာပြီး ဖန်ဆင်းရှင်၏ အမိန့်နှင့် သြဇာအာဏာမှ လာသည့်အတွက်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

စာတန်သည် ယောဘကို တပ်မက်သည့် မျက်လုံးများနှင့် ကြည့်နေသော်လည်း ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲနှင့် သူသည် ယောဘ၏ ကိုယ်ခန္ဓာမှ အမွှေးတစ်မျှင်ကိုပင် မထိရဲပေ။ စာတန်သည် ပင်ကိုသဘောအားဖြင့် ဆိုးယုတ်ပြီး ရက်စက်သော်လည်း ဘုရားသခင်က သူ၏အမိန့်ကို ထုတ်ပြန်ပြီးနောက်တွင် စာတန်သည် ဘုရားသခင်၏အမိန့်ကို လက်ခံရန်မှလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ထို့ကြောင့် စာတန်သည် ယောဘနှင့်ပတ်သက်ပါက သိုးများကြားထဲက ဝံပုလွေကဲ့သို့ ထိန်းမနိုင်သိမ်းမရဖြစ်နေသော်လည်း ဘုရားသခင်က သူ့အတွက် ပြင်ဆင်ထားသည့် အကန့်အသတ်များကို မမေ့ဝံ့ပေ။ ဘုရားသခင်၏ အမိန့်များကို သူမဖောက်ဖျက်ရဲပေ။ ထို့ပြင် သူလုပ်လေသမျှတွင် စာတန်သည် ဘုရားသခင့်နှုတ်ကပတ်တော်၏ အခြေခံမူများနှင့် အကန့်အသတ်များမှ မယိမ်းယိုင်သွားရဲပေ။ ဤသည်မှာ အမှန်တရားပင်ဖြစ်သည် မဟုတ်လော။ ဤအချက်မှ စာတန်သည် ယေဟောဝါဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်ကိုမဆို မချိုးဖောက်ဝံ့သည်ကို မြင်နိုင်သည်။ စာတန်အတွက် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်တိုင်းက အမိန့်ဖြစ်ပြီး၊ ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမနှင့် ဘုရားသခင့်သြဇာအာဏာ၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ အကြောင်းမှာ ဘုရားသခင့်နှုတ်ကပတ်တော်တိုင်း၏ နောက်တွင် ဘုရားသခင်၏ အမိန့်များကို ချိုးဖောက်သူများ၊ ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများကို မနာခံဘဲ ဆန့်ကျင်သည့်သူများအတွက် ဘုရားသခင်၏ အပြစ်ဒဏ်ကို ညွှန်ပြနေသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အမိန့်များကို ချိုးဖောက်လျှင် ဘုရားသခင်၏ သြဇာအာဏာကို ကျော်လွန်ခြင်းနှင့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများကို ဆန့်ကျင်ခြင်း၏ အကျိုးဆက်များအား လက်ခံရမည်ဆိုသည်ကို စာတန်က ရှင်းရှင်းလင်းလင်းသိသည်။ ဤအကျိုးဆက်များက မည်သည့်အရာများနည်း။ ပြောစရာမလိုပေ။ ဤအရာတို့သည် သူ့အတွက် ဘုရားသခင်၏ အပြစ်ဒဏ်ပင်ဖြစ်သည်။ ယောဘအပေါ် စာတန်၏ လုပ်ရပ်များသည် လူသားကို စာတန်ဖောက်ပြန်ပျက်စီးစေခြင်း၏ ပုံစံအသေးစားမျှသာဖြစ်သည်။ စာတန်က ဤလုပ်ရပ်များကို လုပ်ဆောင်နေသည့်အခါတွင် စာတန်အပေါ် ဘုရားသခင် ချမှတ်ထားသည့် အကန့်အသတ်များနှင့် သူထုတ်ထားသည့် အမိန့်များသည် စာတန်လုပ်သည့် အရာတိုင်း၏ နောက်ကွယ်မှ အခြေခံမူများ၏ ပုံစံအသေးစားမျှသာဖြစ်သည်။ ထို့အပြင် ဤကိစ္စတွင် စာတန်၏တာဝန်နှင့် အဆင့်နေရာသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအလုပ်ထဲက သူ၏တာဝန်နှင့် အဆင့်နေရာ၏ ပုံစံအသေးစားမျှသာဖြစ်ပြီး ယောဘကို သွေးဆောင်ရာ၌ စာတန်၏ ဘုရားသခင်အပေါ် အပြည့်အဝနာခံခြင်းက ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအလုပ်တွင် ဘုရားသခင်ကို စာတန်က နည်းနည်းမျှ မဆန့်ကျင်ရဲခြင်း၏ ပုံစံအသေးစားမျှသာဖြစ်သည်။ ဤပုံစံအသေးစားများက သင်တို့ကို မည်သည့်သတိပေးချက်များ ပေးသနည်း။ စာတန်အပါအဝင် အရာအားလုံးထဲတွင် ဖန်ဆင်းရှင်ချမှတ်ထားသည့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ပြန်တမ်းများကို ကျော်လွန်နိုင်သည့် မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုမျှ မရှိပေ။ ထို့ပြင် ဤကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ပြန်တမ်းများကို ချိုးဖောက်ရဲသည့် မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုမျှ မရှိပေ။ အကြောင်းမှာ ဖန်ဆင်းရှင်က မနာခံသည့်သူများအပေါ် ချမှတ်သည့် ပြစ်ဒဏ်ကို မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုကမျှ ပြောင်းလဲနိုင်ခြင်းသော်လည်းကောင်း၊ လွတ်မြောက်နိုင်ခြင်းသော်လည်းကောင်း မရှိသောကြောင့်ဖြစ်သည်။ ဖန်ဆင်းရှင်သာလျှင် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ပြန်တမ်းများကို တည်ထောင်နိုင်သည်။ ဖန်ဆင်းရှင်သာလျှင် ဤအရာတို့ကို အကျိုးသက်ရောက်မှုရှိအောင် ပြုလုပ်ရန် တန်ခိုးရှိသည်။ ဖန်ဆင်းရှင်၏ တန်ခိုးကိုသာ မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုကမျှ မကျော်လွန်နိုင်ခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာဖြစ်ပြီး ဤသြဇာအာဏာသည် အရာအားလုံးထက် သာလွန်သည်။ ထို့ကြောင့် “ဘုရားသခင်က အကြီးမြတ်ဆုံးဖြစ်ပြီး စာတန်က နံပါတ်နှစ်ဖြစ်သည်” ဟု ပြောရန် မဖြစ်နိုင်ပေ။ အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်သည့် ဖန်ဆင်းရှင်မှလွဲပြီး အခြားဘုရားမရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

စာတန်၏ အရည်အချင်းနှင့် အစွမ်းတို့သည် လူသားတို့ထက် ကြီးမားသော်လည်း၊ လူသားက မရရှိနိုင်သည့် အရာများကို သူလုပ်နိုင်သော်လည်း၊ စာတန်လုပ်သည့်အရာကို သင်မနာလိုသည်ဖြစ်စေ၊ အားကျသည်ဖြစ်စေ၊ ထိုအရာများကို သင်မုန်းသည်ဖြစ်စေ၊ ရွံရှာသည်ဖြစ်စေ၊ ထိုအရာများကို သင်မြင်နိုင်စွမ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ထို့ပြင် စာတန်က မည်မျှရရှိနိုင်သည်ဖြစ်စေ၊ သို့မဟုတ် သူ့ကို ကိုးကွယ်ရန်နှင့် ပစားထားရန် လူမည်မျှများများကို သူလှည့်စားနိုင်သည်ဖြစ်စေ၊ ထို့ပြင် သင့်အနေဖြင့် စာတန်ကို မည်သို့သတ်မှတ်သည်ဖြစ်စေ စာတန်၌ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးရှိသည်ဟု သင်ပြော၍မရပေ။ ဘုရားသခင်သည် ဘုရားသခင်သာဖြစ်သည်ကို သင်သိရမည်။ ဘုရားသခင်တစ်ပါးတည်းသာ ရှိ၏။ ထို့အပြင် ဘုရားသခင်သာလျှင် သြဇာအာဏာရှိပြီး အရာအားလုံးကို ထိန်းချုပ်ရန်နှင့် အုပ်စိုးရန် တန်ခိုးရှိသည်ကို သင်သိရမည်။ စာတန်၌ လူတို့ကို လှည့်စားနိုင်သည့် အရည်အချင်းရှိပြီး သူသည် ဘုရားသခင်အသွင် ယောင်ဆောင်နိုင်ကာ ဘုရားသခင်ပြုခဲ့သည့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို တုပနိုင်သည့်အပြင် ဘုရားသခင်ကဲ့သို့ ဆင်တူသည့် အရာများကို သူလုပ်ထားသည်ဆိုရုံနှင့် ဘုရားသခင်က အတုမရှိမဟုတ်ကြောင်း၊ ဘုရားများ အများအပြားရှိကြောင်း၊ သူတို့တွင် ပိုကြီးမားသည့်၊ သို့မဟုတ် သေးငယ်သည့် အစွမ်းများရှိကြခြင်းသာဖြစ်ကြောင်းနှင့် သူတို့ကိုင်ဆောင်သည့် တန်ခိုး၏ အတိုင်းအတာက ကွဲပြားမှုများရှိကြောင်း သင်သည် မှားယွင်းစွာ ယုံကြည်တော့သည်။ သူတို့ရောက်ရှိလာသည့် အစီအစဉ်အတိုင်း၊ သူတို့၏ အသက်အရွယ်တို့နှင့်အညီ သူတို့၏ကြီးမြတ်မှုကို သင်အဆင့်သတ်မှတ်၏။ ထို့ပြင် ဘုရားသခင်အပြင် အခြားဘုရားများရှိသည်ဟု သင်သည် မှားယွင်းစွာ ယုံကြည်ပြီး ဘုရားသခင်၏ တန်ခိုးနှင့် သြဇာအာဏာသည် အတုမရှိမဟုတ်ဟု သင်ထင်မြင်၏။ အကယ်၍ သင့်တွင် ဤကဲ့သို့သော စိတ်ကူးမျိုးရှိပါက၊ ဘုရားသခင်၏ အတုမရှိခြင်းကို သင်မသိမြင်ပါက၊ ဘုရားသခင်သာလျှင် သြဇာအာဏာကို ပိုင်ဆိုင်သည်ဟု သင်မယုံကြည်ပါက၊ ထို့အပြင် သင်သည် ဘုရားအများ ကိုးကွယ်သည့်ဝါဒအတိုင်းသာ လိုက်နာပါက သင်သည် ဖန်ဆင်းခံများ၏ လူညံ့၊ လူဖျင်းတစ်ယောက်ဖြစ်ပြီး စာတန်၏ ပြယုဂ်စစ်စစ်ဖြစ်ကာ လုံးဝဆိုးယုတ်သည့် ပုဂ္ဂိုလ်ဖြစ်သည်ဟု ငါပြောမည်။ ဤနှုတ်ကပတ်တော်များကို ပြောပြီး သင်တို့ကို အဘယ်အရာအား ငါသင်ကြားနေခြင်းဖြစ်သည်ကို သင်တို့နားလည်သလော။ မည်သည့်အချိန်၊ မည်သည့်နေရာဖြစ်စေ၊ သို့မဟုတ် သင်၏နောက်ကြောင်းက မည်သို့ပင်ဖြစ်စေ၊ သင်သည် ဘုရားသခင်ကို အခြားပုဂ္ဂိုလ်၊ အရာဝတ္ထု၊ သို့မဟုတ် ပစ္စည်းများနှင့် မရောထွေးရ။ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရတို့က မသိနိုင်၊ မချဉ်းကပ်နိုင်ဟု မည်မျှပင် သင်ခံစားရသည်ဖြစ်စေ၊ စာတန်၏ စကားလုံးများနှင့် လုပ်ဆောင်ချက်များက သင်၏အယူအဆ၊ စိတ်ကူးထင်မြင်မှုများနှင့် မည်မျှပင် ကိုက်ညီပါစေ၊ ထိုအရာများက သင့်အတွက် မည်မျှပင် ကျေနပ်အားရဖွယ်ရာဖြစ်နေပါစေ၊ မမိုက်မဲနှင့်၊ ဤအယူအဆများကို မရောထွေးနှင့်၊ ဘုရားသခင်၏ တည်ရှိမှုကို မငြင်းပယ်နှင့်၊ ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်ကို မငြင်းပယ်နှင့်၊ ဘုရားသခင်ကို တံခါးအပြင်သို့ တွန်းထုတ်ပြီး သင့်နှလုံးသားထဲတွင် ဘုရားသခင်ကို အစားထိုးရန်နှင့် သင်၏ဘုရားဖြစ်စေရန်အတွက် စာတန်ကို မခေါ်ဆောင်နှင့်။ ဤကဲ့သို့ပြုလုပ်ခြင်း၏ အကျိုးဆက်အား သင်စိတ်ကူးနိုင်စွမ်းရှိသည်ကို ငါသံသယမဝင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်သည် စကြဝဠာ လောကတစ်ခုလုံးကို စီမံပြီး အုပ်စိုးသည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- စကြဝဠာနှင့် အာကာသ၏ ကျယ်ပြောမှုထဲတွင်၊ မရေမတွက်နိုင်သော သတ္တဝါများ နေထိုင်ပြီး မျိုးပွားကြသည်၊...

ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဖန်ဆင်းပြီး အုပ်စိုးနိုင်သည့် သူသာလျှင် စစ်မှန်သော တစ်ပါးတည်းသော ဘုရားသခင်၊ ဖန်ဆင်းခြင်း၏သခင် ဖြစ်လေသည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးပြီး အရာခပ်သိမ်းကို စီမံအုပ်ချုပ်သောသူ ဖြစ်၏။ သူသည်...

ဘုရားသခင်သည် ဖန်ဆင်းခြင်း၏သခင်ဖြစ်သည်၊ သူ၏ဩဇာအာဏာသည် တစ်မူထူးခြားသည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းရန် နှုတ်ကပတ်တော်များကို အသုံးပြုသည် ကမ္ဘာဦးကျမ်း ၁:၃-၅...

ယနေ့အချိန်အထိ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဦးဆောင်၍ ထောက်ပံ့ပေးခဲ့သည့် နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့၊ မည်သူမဆို အလွယ်တကူ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။