ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဖန်ဆင်းပြီး အုပ်စိုးနိုင်သည့် သူသာလျှင် စစ်မှန်သော တစ်ပါးတည်းသော ဘုရားသခင်၊ ဖန်ဆင်းခြင်း၏သခင် ဖြစ်လေသည်

19.09.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးပြီး အရာခပ်သိမ်းကို စီမံအုပ်ချုပ်သောသူ ဖြစ်၏။ သူသည် ရှိသမျှအားလုံးကို ဖန်ဆင်းခဲ့၏။ ရှိသမျှအားလုံးကို စီမံအုပ်ချုပ်ပြီး၊ ရှိသမျှအားလုံးအပေါ် အုပ်စိုးကာ ရှိသမျှအားလုံးအတွက် ထောက်ပံ့ပေး၏။ ဤသည်မှာ ဘုရားသခင်၏ အဆင့်အတန်းဖြစ်ပြီး၊ သူ၏ ပင်ကိုလက္ခဏာဖြစ်၏။ အရာခပ်သိမ်းနှင့် ရှိသမျှအရာ အားလုံးအတွက် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာမှာ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခြင်းအားလုံးကို အုပ်ချုပ်သူ ဖြစ်၏။ ယင်းမှာ ဘုရားသခင် ပိုင်ဆိုင်သော ပင်ကိုလက္ခဏာဖြစ်ပြီး၊ သူသည် အရာခပ်သိမ်းတို့အလယ်တွင် အတုမရှိဖြစ်၏။ လူသားမျိုးနွယ်ထဲတွင် ဖြစ်စေ၊ ဝိညာဉ်လောကတွင်ဖြစ်စေ- ဘုရားသခင်၏ သတ္တဝါများထဲမှ မည်သူကမျှ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို တူအောင်တုရန် သို့မဟုတ် အစားထိုးရန် မည်သည့်နည်းလမ်း သို့မဟုတ် မည်သည့်အခွင့်အလမ်းမျှ အသုံးမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းတို့ အလယ်တွင် ဤပင်ကိုလက္ခဏာ၊ တန်ခိုး၊ သြဇာအာဏာနှင့် ဖန်ဆင်းခြင်းအပေါ် အုပ်ချုပ်နိုင်စွမ်းကို ပိုင်ဆိုင်သောသူ- ငါတို့၏ အတုမရှိသော ဘုရားသခင် ကိုယ်တော်တိုင်- တစ်ဦးတည်းသာ ရှိသောကြောင့် ဖြစ်သည်။ သူသည် အရာခပ်သိမ်းအလယ် နေထိုင်ကာ ရွေ့လျားသွားလာသည်။ သူသည် အရာခပ်သိမ်း၏အထက် အမြင့်ဆုံးသောနေရာသို့ တက်ကြွနိုင်၏။ သူသည် လူသားဖြစ်လာခြင်း၊ အသွေးအသား ရှိသည့် သူတို့ထဲမှ တစ်ဦးဖြစ်လာခြင်း၊ လူတို့နှင့် မျက်နှာချင်းဆိုင်လာခြင်းနှင့် ၎င်းတို့နှင့်အတူ အကောင်းအဆိုးများကို မျှဝေခံစားခြင်းဖြင့် သူ့ကိုယ်သူ နှိမ့်ချနိုင်၏၊ သို့သော် တစ်ချိန်တည်းတွင် သူသည် ရှိသမျှအရာ အားလုံး၏ ကံကြမ္မာနှင့် ယင်းတို့အားလုံး ရွေ့လျားသည့်ဦးတည်ရာကို ဆုံးဖြတ်ရင်း၊ ရှိသမျှအရာအားလုံးကို ကွပ်ကဲအုပ်ချုပ်လေသည်။ ထို့အပြင် သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာကို လမ်းပြပြီး၊ လူသားမျိုးနွယ်၏ ဦးတည်ချက်ကို ထိန်းကျောင်းပေး၏။ ဤကဲ့သို့သော ဘုရားသခင်တစ်ပါးကို သက်ရှိသတ္တဝါအားလုံးက ဝတ်ပြု ကိုးကွယ်သင့်သည်၊ နာခံသင့်ပြီး သိရှိသင့်ပေသည်။ ထို့ကြောင့် သင်သည် လူသားမျိုးနွယ်ထဲမှ မည်သည့်အုပ်စု သို့မဟုတ် မည်သည့် အမျိုးအစားနှင့်သက်ဆိုင်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင် နောက်လိုက်ခြင်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်း၊ ဘုရားသခင်၏ အုပ်ချုပ်မှုကို လက်ခံခြင်းနှင့် သင်၏ကံကြမ္မာအတွက် သူ၏ အစီအစဉ်များကို လက်ခံခြင်းသည်သာ မည်သည့် လူမဆိုနှင့် မည်သည့် သက်ရှိသတ္တဝါအတွက်မဆို တစ်ခုတည်းသော ရွေးချယ်စရာ- လိုအပ်သော ရွေးချယ်စရာ- ဖြစ်၏။ ဘုရားသခင်၏ အတုမရှိမှုတွင်၊ လူတို့က သူ၏သြဇာအာဏာ၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အနှစ်သာရနှင့် အရာခပ်သိမ်းအဖို့ သူထောက်ပံ့ပေးသည့် နည်းလမ်းများ အားလုံး လုံးဝ အတုမရှိသည်ကို တွေ့ကြ၏။ ဤအတုမရှိမှုသည် ဘုရားသခင်ကိုယ်တိုင်၏ စစ်မှန်သော ပင်ကိုလက္ခဏာကို သတ်မှတ်ပြီး သူ၏အဆင့်အတန်းကိုလည်း သတ်မှတ်၏။ ထို့ကြောင့် သတ္တဝါတို့ အားလုံးထဲတွင်၊ ဝိညာဉ်လောကထဲရှိ သို့မဟုတ် လူသားမျိုးနွယ်အလယ်ရှိသည့် မည်သည့် သက်ရှိသတ္တဝါမဆို ဘုရားသခင်၏ကိုယ်စား ရပ်တည်ရန် ဆန္ဒရှိပါက၊ ဘုရားသခင်ကို တုပရန် မည်သည့် ကြိုးပမ်းမှုမဆိုကဲ့သို့ အောင်မြင်ဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ အမှန်တရားဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

ဘုရားသခင်၏ တန်ခိုးက အသက်နှင့် ရှင်သန်တက်ကြွခြင်းရှိသည့် မည်သည့်ပုံစံကိုမဆို ဖန်ဆင်းနိုင်သည်။ ဤသည်ကို ဘုရားသခင်၏ အသက်နှင့် ပိုင်းခြားဆုံးဖြတ်သည်။ ဘုရားသခင်သည် အသက်ဖြစ်၏။ ထို့ကြောင့် သူသည် သက်ရှိသတ္တဝါအားလုံး၏ အရင်းအမြစ် ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ သြဇာအာဏာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းကို သက်ရှိသတ္တဝါအားလုံး နာခံရန် ပြုလုပ်နိုင်သည်။ ဆိုလိုသည်မှာ သက်ရှိသတ္တဝါအားလုံးကို ဘုရားသခင်၏နှုတ်မှလာသည့် နှုတ်ကပတ်တော်တို့နှင့်အညီ သက်ရှိဖြစ်လာရန်နှင့် ဘုရားသခင်၏ ကွပ်ကဲအုပ်ချုပ်မှုအားဖြင့် အသက်ရှင်ပြီး မျိုးပွားကြရန် ပြုလုပ်နိုင်သည်။ ယင်းနောက်တွင် ဘုရားသခင်သည် သက်ရှိသတ္တဝါအားလုံးကို အမိန့်ပေး၍ ကွပ်ကဲအုပ်ချုပ်ကာ ပြောင်းလဲယိမ်းယိုင်ခြင်းဆိုသည်မှာ ထာဝရ မရှိတော့ပေ။ မည်သည့်လူပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထု၌မျှ ဤအရာများ မရှိပေ။ ဖန်ဆင်းရှင်သာလျှင် ဤကဲ့သို့သော တန်ခိုးကို ပိုင်ဆိုင်ပြီး ထိန်းသိမ်းသည်။ ထို့ကြောင့် ၎င်းကို သြဇာအာဏာဟုခေါ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိခြင်းဖြစ်သည်။ ဤအတိုင်းပင်၊ “သြဇာအာဏာ” ဆိုသည့် စကားလုံးကိုယ်၌ဖြစ်စေ၊ သို့မဟုတ် ဤသြဇာအာဏာ၏ အနှစ်သာရဖြစ်စေ၊ တစ်ခုချင်းစီတိုင်းက ဖန်ဆင်းရှင်နှင့်သာ ဆက်စပ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဖန်ဆင်းရှင်၏ အတုမရှိသော ဝိသေသလက္ခဏာနှင့် အနှစ်သာရ၏ သင်္ကေတဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်ကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။ ဖန်ဆင်းရှင်မှလွဲ၍ မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုကိုမျှ “သြဇာအာဏာ” ဟူသည့် စကားလုံးနှင့် ဆက်စပ်၍ မရပေ။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာ၏ အဓိပ္ပာယ်ကောက်ချက်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား အကြီးမားဆုံးသော ကွာခြားချက်မှာ ဘုရားသခင်သည် ဖန်ဆင်းခြင်းအားလုံးအပေါ် အုပ်ချုပ်ကာ ထောက်ပံ့ခြင်းဖြစ်သည်။ ဘုရားသခင်သည် အရာရာ၏ အရင်းအမြစ်ဖြစ်ပြီး၊ အရာခပ်သိမ်းကို ဘုရားသခင်က ထောက်ပံ့ ပေးစဉ် လူသားမျိုးနွယ်က ထိုအရာကို မွေ့လျော်ခံစား၏။ ဆိုလိုသည်မှာ အရာခပ်သိမ်းအပေါ် ဘုရားသခင်ပေးသနားသော အသက်ကို လူသားလက်ခံသောအခါ၊ အရာခပ်သိမ်းကို သူမွေ့လျော် ခံစားရသည်။ ဘုရားသခင်သည် ဆရာသခင်ဖြစ်ပြီး၊ ဘုရားသခင်၏ အရာခပ်သိမ်း ဖန်ဆင်းခြင်း အကျိုးတရားများကို လူသားမျိုးနွယ်က မွေ့လျော်ခံစား၏။ သို့ဆိုလျှင်၊ ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာခပ်သိမ်း ရှုထောင့်မှ၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား ကွာခြားချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် အရာခပ်သိမ်း ဖွံ့ဖြိုးကြီးထွားမှုပုံ နှင့်ဆိုင်သော နိယာမများကို ရှင်းလင်းစွာမြင်နိုင်ပြီး၊ ဤနိယာမများကို ထိန်းချုပ်ကာ စိုးမိုးသည်။ ဆိုလိုသည်မှာ၊ အရာခပ်သိမ်းသည် ဘုရားသခင်၏မြင်ကွင်း အတွင်းနှင့် သူ၏ စစ်ဆေးမှုနယ်ပယ် အတွင်း၌ ရှိကြ၏၊ လူသားမျိုးနွယ်သည် အရာခပ်သိမ်းကို မြင်နိုင်သလော။ လူသားမျိုးနွယ် မြင်နိုင်သည့်အရာမှာ ၎င်းတို့၏ ရှေ့တည့်တည့်တွင် ရှိသည့်အရာ ထိသာ ကန့်သတ်ထား၏။ ထိုတောင်ကို သင်တက်ပါက သင်မြင်သည့်အရာမှာ ထိုတောင်သာ ဖြစ်၏။ ထိုတောင်၏ အခြားတစ်ဘက်တွင် ရှိသည့်အရာကို သင်မမြင်နိုင်ပေ။ သင်သည် ကမ်းခြေသို့ သွားပါက သင် မြင်သည့်အရာမှာ သမုဒ္ဒရာ၏ တစ်ဘက်ခြမ်းသာ ဖြစ်ပြီး သမုဒ္ဒရာ၏ အခြားတစ်ဘက်က အဘယ်အရာနှင့်တူသည်ကို သင် မသိနိုင်ပေ။ သင်သည် သစ်တော တစ်ခုထဲသို့ သွားပါက၊ သင်၏ရှေ့နှင့် သင်၏အနီးတစ်ဝိုက်ရှိ အပင်များကို သင်မြင်နိုင်သော်လည်း၊ သာ၍ဝေးသောအရှေ့နေရာ၌ ရှိသည့်အရာကို သင်မမြင်နိုင်ပေ။ လူသားများသည် သာ၍မြင့်သော၊ သာ၍ဝေးသော၊ သာ၍ နက်ရှိုင်းသော နေရာများကို မမြင်နိုင်ကြပေ။ ၎င်းတို့ မြင်နိုင်သမျှမှာ ၎င်းတို့၏ ရှေ့တည့်တည့်၊ ၎င်းတို့၏ အမြင်အာရုံ နယ်ပယ်အတွင်း ရှိသည့်အရာ ဖြစ်သည်။ လူတို့အနေဖြင့် နှစ်ကာလ၏ လေးရာသီကို ချမှတ်သည့် နိယာမများ သို့မဟုတ် အရာခပ်သိမ်း ကြီးထွားဖွံ့ဖြိုးမှုပုံစံနှင့်ဆိုင်သည့် နိယာမများကို သိလျှင်ပင်၊ ၎င်းတို့သည် အရာခပ်သိမ်းကို စီမံခန့်ခွဲ၍မရနိုင်သေးပေ သို့မဟုတ် စေစား၍ မရနိုင်သေးပေ။ သို့တိုင် အရာခပ်သိမ်းကို ဘုရားသခင် မြင်ပုံမှာမူ သူကိုယ်တိုင် တည်ဆောက်ခဲ့သော စက်တစ်ခုကို မြင်ပုံကဲ့သို့သာ ဖြစ်သည်။ သူသည် ပါဝင်သည့် ပစ္စည်းတိုင်း၊ ဆက်သွယ်မှုတိုင်း၊ ၎င်း၏အခြေခံစည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်၊ ၎င်း၏ပုံစံများက မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် ၎င်း၏ရည်ရွယ်ချက်များက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို အလွန် အကျွမ်းဝင်ပေသည်- ဤအရာ အားလုံးကို ဘုရားသခင်သည် အရှင်းလင်းဆုံး အတိုင်းအတာဖြင့် သိ၏။ ထို့ကြောင့် ဘုရားသခင်သည် ဘုရားသခင်ဖြစ်၍၊ လူသားသည် လူသားဖြစ်၏။ လူသားသည် အရာခပ်သိမ်းတို့ကို အုပ်စိုးသည့် သိပ္ပံပညာနှင့် နိယာမများနှင့်ဆိုင်သော ၎င်း၏ သုတေသနတွင် နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နိုင်သော်လည်း၊ ထိုသုတေသနသည် နယ်ပယ်အရ ကန့်သတ်မှုရှိ၏၊ ဘုရားသခင်ကမူ အရာခပ်သိမ်းကို ထိန်းချုပ်လေသည်။ လူသားအတွက်၊ ဘုရားသခင်၏ ထိန်းချုပ်မှုသည် အနန္တဖြစ်၏။ လူတစ်ဦးသည် ဘုရားသခင်၏ အသေးနုပ်ဆုံးသော လုပ်ဆောင်ချက်တစ်ခုကို စစ်မှန်သည့် ရလာဒ်များတစ်ခုတစ်လေ မရရှိဘဲ သုတေသန ပြုခြင်းဖြင့် သူ၏ ဘဝတစ်ခုလုံး ကုန်ဆုံးသွားနိုင်သည်။ ဤသည်မှာ သင့်အနေဖြင့် ဘုရားသခင်ကို လေ့လာရန် အသိပညာနှင့် သင်ယူထားသည့်အရာကို အသုံးပြုပါက၊ သင်သည် ဘုရားသခင်ကို မည်သည့်အခါမျှ သိနိုင်မည်မဟုတ် သို့မဟုတ် နားလည်နိုင်မည် မဟုတ်သည့် အကြောင်းရင်းဖြစ်သည်။ သို့သော် သင်သည် သမ္မာတရားနှင့် ဘုရားသခင်ကို ရှာဖွေသည့်နည်းလမ်းကို ရွေးချယ်ပြီး ဘုရားသခင်ကို သိကျွမ်းလာရန်ဟူသည့် ရှုထောင့်မှ ဘုရားသခင်ကို ကြည့်ပါက ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် ဉာဏ်ပညာသည် နေရာတိုင်းတွင် တစ်ပြိုင်တည်းရှိသည်ဟု တစ်နေ့တွင် သင် သတိပြုမိလိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို အရာခပ်သိမ်း၏သခင်နှင့် အရာခပ်သိမ်းအတွက် အရင်းအမြစ်ဟု အဘယ်ကြောင့် ခေါ်ဆိုသည်ကိုလည်း သင်သိလိမ့်မည်။ ထိုသို့သော သိနားလည်မှုကို သင်ရလေ၊ ဘုရားသခင်အား အရာခပ်သိမ်း၏ သခင်ဟု အဘယ်ကြောင့်ခေါ်သည်ကို သင်နားလည်လေဖြစ်မည်။ သင် အပါအဝင် အရာခပ်သိမ်းနှင့် အရာရာတိုင်းသည် ဘုရားသခင်၏ ပုံမှန်စီးဆင်းနေသော ထောက်ပံ့မှုကို စဉ်ဆက်မပြတ်ရရှိနေ၏။ ဤလောကထဲနှင့် ဤလူသားမျိုးနွယ်ကြားတွင် ဘုရားသခင်မှလွဲ၍ အရာခပ်သိမ်း၏ ဖြစ်တည်မှုအပေါ် အုပ်စိုးရန်၊ စီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းရန် အစွမ်းအစနှင့် အနှစ်သာရ ရှိနိုင်သူ မရှိသည်ကိုလည်း သင့်အနေဖြင့် ရှင်းလင်းစွာ ခံစားနိုင်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)

ဘုရားသခင်သည် အစဉ်သဖြင့် ဖြောင့်မတ်ခြင်း၏ပြယုဂ် ဖြစ်လိမ့်မည်ဖြစ်ပြီး စာတန်၊ နတ်ဆိုးများနှင့် ကောင်းကင်တမန်မင်းတို့ကမူ မကောင်းမှု၏ပြယုဂ်နှင့် မကောင်းသောအင်အားစုများ၏ ပုံနမူနာများ ဖြစ်လိမ့်မည်။ ဘုရားသခင်သည် အစဉ်သဖြင့် ဖြောင့်မတ်လိမ့်မည်။ ဤသည်မှာ ပြောင်းလဲ၍မရသော အမှန်တရားဖြစ်ပြီး ဘုရားသခင်၏ သာလွန်ထူးကဲမှုနှင့် အံ့မခန်းဖြစ်မှုဆိုင်ရာ အသွင်အပြင်တစ်ခုဖြစ်သည်။ လူသည် ဘုရားသခင်၏အလုံးစုံကို ရယူနိုင်ခဲ့လျှင်ပင် ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ မကျော်လွန်နိုင်ပေ— ဤသည်မှာ လူနှင့် ဘုရားသခင်အကြားရှိ ကွာခြားချက်ဖြစ်သည်။ လူတို့သည် ဘုရားသခင်က စီစဉ်ထားသည့် ဥပဒေများနှင့် စည်းမျဉ်းများအလယ်၌သာ အစီအစဉ်ကျသော ဘဝကို ရှင်သန်နိုင်သည်။ ပြီးလျှင် ဤဥပဒေများ၊ စည်းမျဉ်းများတွင် ဘုရားသခင်ဖန်ဆင်းထားသော အရာများကိုသာ ကိုင်တွယ်စီမံနိုင်သည်။ ၎င်းတို့အနေဖြင့် ဤကမ္ဘာကို ပြောင်းလဲနိုင်ရန် မဆိုထားနှင့်၊ အသစ်သောအရာများကို မဖော်ထုတ်နိုင်၊ သို့မဟုတ် မဖန်တီးနိုင်ပေ— ဤသည်မှာ အမှန်တရားဖြစ်၏။ ဤအမှန်တရားက မည်သည့်အရာကို ပြသနည်း။ လူသားမျိုးနွယ်အား ဘုရားသခင်ပေးသည့် အာဏာ၊ စွမ်းအားနှင့် အရည်အချင်းတို့က မည်မျှပင် ကြီးမားပါစေ အဆုံးတွင် ဘုရားသခင်၏ သြဇာအာဏာကို မည်သူမျှ မကျော်လွန်နိုင်ကြောင်းကို ပြသည်။ နှစ်တို့ မည်မျှများပြားပါစေ၊ မျိုးဆက်တွေ မည်မျှများပြားပါစေ၊ လူအရေအတွက် မည်မျှကြီးမားပါစေ လူသားမျိုးနွယ်သည် ဘုရားသခင်၏ သြဇာအာဏာနှင့် အချုပ်အခြာအာဏာအောက်တွင်သာ အစဉ် ရှင်သန်နိုင်မည်ဖြစ်သည်။ ဤသည်မှာ ပြောင်းလဲ၍မရနိုင်သော အမှန်တရားဖြစ်သည် မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့... ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (၁)” မှ

ကမ္ဘာတွင် အဓိကဘာသာတရား အချို့ရှိပြီး အသီးသီးသည် ၎င်း၏ကိုယ်ပိုင်ဦးသျှောင် သို့မဟုတ် ခေါင်းဆောင် ရှိပြီး၊ နောက်လိုက်များသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကွဲပြားသည့် နိုင်ငံများနှင့် ဒေသများသို့ ပျံ့နှံ့နေကြ၏။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ နိုင်ငံတိုင်းသည် ၎င်း၏ အတွင်း၌ မတူကွဲပြားသည့် ဘာသာများရှိ၏။ သို့ရာတွင် ကမ္ဘာ့အနှံ့တွင် ဘာသာတရား မည်မျှပင်ရှိသည်ဖြစ်စေ၊ စကြဝဠာအတွင်းရှိ လူအားလုံးသည် နောက်ဆုံးတွင် တစ်ဆူတည်းသော ဘုရားသခင်၏ လမ်းပြမှုအောက်၌ တည်ရှိကြပြီး၊ ၎င်းတို့၏ ဖြစ်တည်မှုကို ဘာသာရေးဦးသျှောင်များ၊ သို့မဟုတ် ခေါင်းဆောင်များက လမ်းပြနေသည် မဟုတ်ပေ။ ဆိုလိုသည်မှာ လူသားမျိုးနွယ်ကို သီးသန့် ဘာသာရေးဦးသျှောင် သို့မဟုတ် ခေါင်းဆောင်က လမ်းပြနေခြင်း မဟုတ်ပေ။ ယင်းထက် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကောင်းကင်၊ မြေကြီး၊ အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကိုလည်း ဖန်ဆင်းခဲ့သည့် ဖန်ဆင်းရှင်က ဦးဆောင်လမ်းပြနေခြင်း ဖြစ်၏- ဤသည်မှာ အမှန်တရား ဖြစ်၏။ ကမ္ဘာလောကသည် အဓိက ဘာသာတရားအချို့ ရှိသော်လည်း၊ ၎င်းတို့ မည်မျှကြီးမြတ်စေကာမူ ၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် တည်ရှိပြီး၊ ၎င်းတို့ထဲမှ မည်သည့်ဘာသာကမျှ ဤအုပ်စိုးမှုနယ်ပယ်ကို မကျော်လွန်နိုင်ပေ။ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေးတိုးတက်မှု၊ သဘာဝသိပ္ပံများ၏ တိုးတက်မှု- အသီးသီးသည် ဖန်ဆင်းရှင်၏ အစီအစဉ်များမှ ကင်းကွာ၍မရသကဲ့သို့၊ ဤအမှုသည် သတ်မှတ်ထားသည့် မည်သည့်ဘာသာရေး ဦးသျှောင်တစ်ဦးကမျှ လုပ်ဆောင်၍ရနိုင်သော အရာတစ်ခု မဟုတ်ပေ။ ဘာသာရေး ဦးသျှောင်များသည် သီးသန့်ဘာသာတရား တစ်ခု၏ ခေါင်းဆောင်များမျှသာ ဖြစ်ပြီး၊ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်သကဲ့သို့ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသူအား ကိုယ်စားမပြုနိုင်ပေ။ ဘာသာရေးဦးသျှောင်များသည် ဘာသာတရား တစ်ရပ်လုံးအတွင်း ရှိသူအားလုံးကို ဦးဆောင်နိုင်သော်လည်း၊ ကောင်းကင်အောက်ရှိ သတ္တဝါအားလုံးကို ကွပ်ကဲအုပ်ချုပ်နိုင်ခြင်း မရှိပေ- ဤသည်မှာ စကြဝဠာတစ်ခုလုံးက လူတကာအသိအမှတ်ပြုထားသည့် အချက်ဖြစ်၏။ ဘာသာရေးဦးသျှောင်များသည် ခေါင်းဆောင်များသာ ဖြစ်ပြီး၊ ဘုရားသခင် (ဖန်ဆင်းရှင်) နှင့် တန်းတူ မရပ်တည်နိုင်ပေ။ အရာအားလုံးသည် ဖန်ဆင်းရှင်၏ လက်ထဲတွင် ရှိကြပြီး၊ အဆုံးတွင် ၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ လက်ထဲသို့ ပြန်လာကြလိမ့်မည်။ လူသားမျိုးနွယ်ကို မူလက ဘုရားသခင် ပြုလုပ်ခဲ့ပြီး၊ မည်သည့်ဘာသာဖြစ်စေ၊ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ ပြန်လာကြလိမ့်မည်- ဤသည်ကို ရှောင်လွှဲ၍မရပေ။ ဘုရားသခင်သည်သာ အရာခပ်သိမ်းအလယ် အမြင့်မားဆုံး ဖြစ်ပြီး၊ သတ္တဝါ အားလုံးအလယ် အမြင့်မားဆုံးသော အုပ်စိုးသူသည်လည်း သူ၏အုပ်စိုးမှုအောက်သို့ ပြန်လာရလိမ့်မည်။ လူသား၏ အဆင့်အတန်း မည်မျှမြင့်မားသည်ဖြစ်စေ၊ လူသည် လူသားမျိုးနွယ်ကို သင့်တော်သည့် ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားနိုင်ခြင်း မရှိသကဲ့သို့၊ မည်သူမျှ အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားနိုင်ခြင်း မရှိပေ။ ယေဟောဝါကိုယ်တိုင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး၊ အသီးသီးကို အမျိုးအစားအလိုက် အတန်းစား ခွဲခြားခံရပြီး၊ နောက်ဆုံးအချိန် ရောက်သည့်အခါ၊ သူသည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားလျက် သူ၏ကိုယ်ပိုင်အမှုကို သူကိုယ်တိုင် လုပ်ဆောင်လိမ့်ဦးမည်- ဤအမှုကို ဘုရားသခင်မှလွဲ၍ မည်သူကမျှ မလုပ်ဆောင်နိုင်ပေ။ အစအဦးမှသည် ယနေ့ထိတိုင် ဆောင်ရွက်ခဲ့သည့် အမှု၏အဆင့်သုံးဆင့်ကို ဘုရားသခင်ကိုယ်တော်တိုင်က အားလုံး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ၊ တစ်ဆူတည်းသော ဘုရားသခင်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်၏ အမှန်တရားသည် လူသားမျိုးနွယ်အားလုံးကို ဘုရားသခင်၏ ဦးဆောင်လမ်းပြခြင်း အမှန်တရား၊ မည်သူမျှ မငြင်းနိုင်သော အမှန်တရား ဖြစ်၏။ စကြဝဠာ တစ်ခုလုံးတွင် ဤတစ်ဆူတည်းသော ဘုရားသခင်သာ တည်ရှိပြီး၊ အခြားဘာသာတရားများ မရှိသည့်အတွက်၊ အမှု၏ အဆင့်သုံးဆင့် အဆုံးတွင် အရာခပ်သိမ်းသည် အမျိုးအစားအလိုက် အတန်းစား ခွဲခြားခံရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ အုပ်စိုးမှုအောက် ပြန်လာကြလိမ့်မည်။ ကမ္ဘာလောကကို ဖန်ဆင်းနိုင်စွမ်း မရှိသူသည် ယင်းကို အဆုံးသတ်နိုင်စွမ်းလည်း ရှိလိမ့်မည် မဟုတ်၊ ကမ္ဘာလောကကို ဖန်ဆင်းသူမှာမူ ကမ္ဘာလောကကို ဧကန်မုချ အဆုံးသတ်ပေလိမ့်မည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်သည် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းနိုင်ခြင်း မရှိသကဲ့သို့၊ လူသားကို သူ၏စိတ်အား ပျိုးထောင်ဖို့ အထောက်အကူပြုရုံသာ ပြုနိုင်ပါက၊ သူသည် ဧကန်မုချ ဘုရားသခင် ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏သခင် ဧကန်မုချ ဖြစ်လိမ့်မည် မဟုတ်ပေ။ သူသည် ထိုသို့သော ကြီးမားသည့်အမှုကို လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုသို့သောအမှုကို ဆောင်ရွက်နိုင်သူ တစ်ဦးတည်းသာ ရှိပြီး၊ ဤအမှုကို မလုပ်ဆောင်နိုင်သူ အားလုံးသည် ဧကန်မုချ ရန်သူများဖြစ်ပြီး ဘုရားသခင် မဟုတ်ပေ။ ဆိုးယုတ်သော ဘာသာတရားအားလုံးသည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်သကဲ့သို့၊ ယင်းတို့သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်သည့်အတွက် ဘုရားသခင်၏ရန်သူများ ဖြစ်ကြ၏။ အမှုအားလုံးကို ဤစစ်မှန်သော ဘုရားသခင်တစ်ဆူတည်းက လုပ်ဆောင်ပြီး စကြဝဠာ တစ်ခုလုံးကို ဤဘုရားသခင်တစ်ဆူတည်းက ကွပ်ကဲ၏။ သူ့အနေဖြင့် ဣသရေလနိုင်ငံ သို့မဟုတ် တရုတ်နိုင်ငံတွင် အမှုပြုနေသည်ဖြစ်စေ၊ အမှုကို ဝိညာဉ်တော် သို့မဟုတ် လူ့ဇာတိဖြင့် ဆောင်ရွက်သည်ဖြစ်စေ၊ အားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်က လုပ်ဆောင်ပြီး၊ အခြားမည်သူကမျှ မလုပ်ဆောင်နိုင်ပေ။ မည်သည့် သတ်မှတ်ချက်များ၏ ဘောင်ခတ်ခံရခြင်း မရှိဘဲ၊ လွတ်လပ်စွာ သူ အမှုပြုသည်မှာ အတိအကျအားဖြင့် သူသည် လူသားမျိုးနွယ်အားလုံး၏ ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်- ဤသည်မှာ ရူပါရုံများ အားလုံးအနက် အကြီးမားဆုံး ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်များစွာ ဆောင်ရွက်နိုင်သည်။ သူသည် ကမ္ဘာလောကကို ဖန်ဆင်းနိုင်ပြီး၊ ယင်းကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးနိုင်သည်။ သူသည် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်နိုင်သည့်အပြင်၊ လူသားမျိုးနွယ် အားလုံးကိုလည်း သိမ်းပိုက်ကာ ဖျက်ဆီးနိုင်သည်။ ဤအလုပ်အားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်က ဆောင်ရွက်ပြီး သူ၏ကိုယ်စား ဘုရားသခင်၏ အခြားမည်သည့်ပုဂ္ဂိုလ်ကမျှ လုပ်ဆောင်ရပြီး မဖြစ်နိုင်ပေ။ သူ၏ဝိညာဉ်တော်အား ယေဟောဝါ၊ ယေရှုနှင့် အနန္တတန်ခိုးရှင် ဟူသည့်နာမဖြင့် ခေါ်ဆိုနိုင်သည်။ သူသည် သခင်ဖြစ်ပြီး၊ ခရစ်တော်ဖြစ်သည်။ သူသည် လူသားလည်း ဖြစ်လာနိုင်သည်။ သူသည် ကောင်းကင်ဘုံ၌ရှိပြီး မြေကြီးပေါ်၌လည်း ရှိသည်။ သူသည် စကြဝဠာများအထက်နှင့် လူထုများအလယ်တွင် ရှိသည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်သည်။ ဖန်ဆင်းခြင်းအချိန်မှ ယခုအထိ၊ ဤအမှုကို ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိညာဉ်တော်က ဆောင်ရွက်ပြီးဖြစ်သည်။ ကောင်းကင်ဘုံရှိ အလုပ်ဖြစ်စေ၊ လူ့ဇာတိထဲက အလုပ်ဖြစ်စေ၊ အားလုံးကို သူကိုယ်တိုင်၏ ဝိညာဉ်တော်က ဆောင်ရွက်ပေသည်။ ကောင်းကင်ဘုံတွင် ဖြစ်စေ၊ မြေကြီးပေါ်တွင် ဖြစ်စေ၊ ဖန်ဆင်းခံ သတ္တဝါအားလုံးသည် သူ၏ အနန္တလက်ဝါးတွင် ရှိကြသည်။ ဤအရာအားလုံးသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှု ဖြစ်ပြီး၊ သူ၏ ကိုယ်စား အခြားမည်သူကမျှ လုပ်ဆောင်၍မရနိုင်ပေ။ ကောင်းကင်ဘုံတွင်၊ သူသည် ဝိညာဉ်တော်ဖြစ်ပြီးသော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင်လည်း ဖြစ်သည်။ လူတို့အလယ်တွင် သူသည် လူ့ဇာတိဖြစ်သော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲဖြစ်သည်။ သူ့ကို ရာထောင်ချီသော နာမများဖြင့် ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်သော်လည်း၊ သူသည် သူကိုယ်တိုင် ဖြစ်နေသေးပြီး၊ အမှု အားလုံးသည် သူ၏ ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက် ဖြစ်သည်။ သူ၏ ကားစင်တင်ခံရခြင်းမှတစ်ဆင့် လူသားမျိုးနွယ် အားလုံးနှင့်ဆိုင်သည့် ရွေးနုတ်ခြင်းသည် သူ၏ ဝိညာဉ်တော်၏ တိုက်ရိုက် အလုပ် ဖြစ်ခဲ့ပြီး၊ နောက်ဆုံးသော ကာလအတွင်းတွင် တိုင်းနိုင်ငံအားလုံးနှင့် နယ်မြေအားလုံးထံ ကြွေးကြော်ခြင်းလည်း ဖြစ်သည်။ တစ်ချိန်လုံး၊ ဘုရားသခင်ကို အနန္တတန်ခိုးရှိသကဲ့သို့ စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်၊ အလုံးစုံ လွှမ်းခြုံသော ဘုရားသခင်ဟုသာ ခေါ်ဆို၍ရနိုင်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့နှင့်ဆိုင်သည့် ဤထင်မြင်ယူဆချက်ကို မဆိုထားနှင့်၊ ကွဲပြားသော ပုဂ္ဂိုလ်များ မတည်ရှိပေ။ ကောင်းကင်နှင့် မြေကြီးပေါ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော

သင်ယုံကြည်သည်မှာ အတုမရှိသော ဘုရားသခင် ကိုယ်တော်တိုင်မဟုတ်လျှင်၊ သင်သည် ရုပ်တုတစ်ခု သို့မဟုတ် ကြီးမြတ်သော လူတစ်ဦး သို့မဟုတ် ဘုရားလောင်းတစ်ပါးကို ယုံကြည်သည် သို့မဟုတ် သင်၏နှလုံးသားထဲရှိသည့် ဗုဒ္ဓကို ကိုးကွယ်သည်မှာ ဖြစ်နိုင်၏။ ထို့အပြင် သင်သည် သာမန်လူတစ်ဦးကို ယုံကြည်သည်မှာ ဖြစ်နိုင်၏။ တိုတိုပြောရလျှင် ဘုရားသခင်အပေါ် လူတို့၏ယုံကြည်မှု ပုံစံအမျိုးမျိုးနှင့် သဘောထားများကြောင့်၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် သိမြင်ခြင်းနှင့်ဆိုင်သော ဘုရားသခင်ကို ၎င်းတို့၏နှလုံးသားများတွင် ထားကြသည်၊ ၎င်းတို့၏ စိတ်ကူးစိတ်သန်းကို ဘုရားသခင်အပေါ် သတ်မှတ်ကြသည်၊ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ သဘောထားများနှင့် စိတ်ကူးစိတ်သန်းများကို အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်နှင့် ဘေးချင်းယှဉ်လျက် ထားကြကာ၊ ထို့နောက်တွင် ယင်းတို့ကို အထွတ်အမြတ်ထားခံရစေဖို့ ဆွဲကိုင် ထားကြ၏။ လူတို့သည် ဘုရားသခင်အပေါ် ထိုသို့သော မသင့်တော်သည့် သဘောထားများရှိသောအခါ၊ ယင်းသည် မည်သည့် အဓိပ္ပာယ်နည်း။ ယင်းမှာ ၎င်းတို့သည် စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်ကို ငြင်းပယ်ပြီးဖြစ်ကာ အယောင်ဆောင်သော ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နေကြသည်ဟု ဆိုလိုပေသည်။ ယင်းက ဘုရားသခင်ကို ယုံကြည်နေစဉ်တွင်၊ ၎င်းတို့သည် ဘုရားသခင်ကို ငြင်းပယ်နေကြပြီး သူ့ကို ဆန့်ကျင်နေကြသကဲ့သို့၊ စစ်မှန်သော ဘုရားသခင်၏ တည်ရှိမှုကို ၎င်းတို့ ငြင်းပယ်သည်ကို ညွှန်ပြပေသည်။ လူတို့သည် ထိုသို့သော ယုံကြည်မှုပုံစံများကို ဆက်လက် စွဲကိုင်နေကြပါက၊ မည်သည့်အကျိုးဆက်များကို ၎င်းတို့ ရင်ဆိုင် ရလိမ့်မည်နည်း။ ထိုသို့သော ယုံကြည်မှုပုံစံများကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းခြင်းသို့ တစ်ကြိမ်တစ်ခါမျှ သာ၍ နီးစပ်နိုင်ကြလိမ့်မည်လော။ (၎င်းတို့ နီးစပ်နိုင်ကြလိမ့်မည် မဟုတ်ပါ။) ဆန့်ကျင်ဘက်အနေဖြင့်၊ ၎င်းတို့ရှာဖွေသည့် ဦးတည်ချက်သည် ၎င်းတို့ လျှောက်လှမ်းဖို့ ဘုရားသခင် တောင်းဆိုသည့် ဦးတည်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်သည့်အတွက်၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကြောင့် ၎င်းတို့သည် ဘုရားသခင်၏လမ်းခရီးမှ သာ၍ သွေဖည်သွားကြလိမ်မည် ဖြစ်သည်။ “မြင်းရထားကို မြောက်ဘက်သို့ မောင်းခြင်းအားဖြင့် တောင်ဘက်သို့သွားခြင်း” ဟူသည့် ဇာတ်လမ်းကို သင်တို့ ကြားဖူးသလော။ ဤအရာသည် မြင်းရထားကို မြောက်ဘက်သို့ မောင်းခြင်းအားဖြင့် တောင်ဘက်သို့ သွားခြင်းနှင့်ဆိုင်သည့် ထိုသို့သော ကိစ္စရပ်တစ်ခုသာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ လူတို့သည် ဘုရားသခင်ကို ထိုသို့သော အဓိပ္ပာယ် မရှိသည့်ပုံစံဖြင့် ယုံကြည်ပါက၊ သင် ပို၍ ကြိုးစားလေလေ၊ ဘုရားသခင်ထံမှ သာ၍ ဝေးကွာလေလေ ဖြစ်လိမ့်မည်။ ထိုသို့ဖြင့် ငါသည် သင်တို့အား ဤသို့ဆုံးမ၏- သင်တို့ စတင်ဆောင်ရွက်ခြင်း မပြုမီ၊ သင်သည် မှန်ကန်သည့် လမ်းကြောင်းတွင် အမှန်တကယ် သွားနေခြင်း ရှိမရှိဆိုသည်ကို ဦးစွာ သိမြင်ရမည်။ သင်၏ အားထုတ်မှုများတွင် အာရုံစိုက်ပြီး၊ သင့်ကိုယ်သင် “ငါယုံကြည်သည့် ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးသူလော။ ငါယုံကြည်သည့် ဘုရားသခင်သည် ငါ့အား ဝိညာဉ်ရေး အာဟာရပေးသည့် တစ်စုံတစ်ဦးမျှ ဖြစ်သလော။ သူသည် ငါ၏ ရုပ်တုသက်သက် ဖြစ်သလော။ ငါယုံကြည်သည့် ဤဘုရားသခင်သည် ငါ့အား အဘယ်အရာ တောင်းဆိုသနည်း။ ဘုရားသခင်သည် ငါပြုသမျှတိုင်းကို လက်ခံသလော။ ငါ၏ လုပ်ရပ်များနှင့် လိုက်စားမှု အားလုံးသည် ဘုရားသခင်ကို သိရှိရန် ကြိုးစားခြင်းနှင့် ကိုက်ညီသလော။ ယင်းတို့သည် ငါနှင့်ပတ်သက်၍ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသလော။ ငါလျှောက်သည့် လမ်းကြောင်းကို ဘုရားသခင်က အသိအမှတ်ပြုကာ လက်ခံပါသလော။ ဘုရားသခင်သည် ငါ၏ ယုံကြည်ခြင်းနှင့်ပတ်သက်၍ စိတ်ကျေနပ်သလော” ဟု မေးဖြစ်အောင်မေးလော့။ သင်သည် သင့်ကိုယ်သင် ဤမေးခွန်းများကို မကြာခဏ ထပ်တလဲလဲ မေးသင့်သည်။ သင်သည် ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာကို ရှာဖွေဖို့ ဆန္ဒရှိပါက၊ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရာတွင် မအောင်မြင်နိုင်မီ ရှင်းလင်းသည့် အသိနှင့် ရှင်းလင်းသည့် ရည်ရွယ်ချက်များ ရှိရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်သည် စကြဝဠာ လောကတစ်ခုလုံးကို စီမံပြီး အုပ်စိုးသည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- စကြဝဠာနှင့် အာကာသ၏ ကျယ်ပြောမှုထဲတွင်၊ မရေမတွက်နိုင်သော သတ္တဝါများ နေထိုင်ပြီး မျိုးပွားကြသည်၊...

မည်သည့်ကောင်းကင်တမန်ကိုမျှ မည်သည့်အခါမျှ ဘုရားသခင်ဟု ခေါ်ဆို၍ မရနိုင်ပေ၊ အကြောင်းမှာ ၎င်းတို့သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို မည်သည့်အခါမျှ မဖန်ဆင်းနိုင်သောကြောင့် ဖြစ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြကာ...

ဘုရားသခင်သည် ဖန်ဆင်းခြင်း၏သခင်ဖြစ်သည်၊ သူ၏ဩဇာအာဏာသည် တစ်မူထူးခြားသည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းရန် နှုတ်ကပတ်တော်များကို အသုံးပြုသည် ကမ္ဘာဦးကျမ်း ၁:၃-၅...

ယနေ့အချိန်အထိ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဦးဆောင်၍ ထောက်ပံ့ပေးခဲ့သည့် နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့၊ မည်သူမဆို အလွယ်တကူ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။