မည်သည့်ကောင်းကင်တမန်ကိုမျှ မည်သည့်အခါမျှ ဘုရားသခင်ဟု ခေါ်ဆို၍ မရနိုင်ပေ၊ အကြောင်းမှာ ၎င်းတို့သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို မည်သည့်အခါမျှ မဖန်ဆင်းနိုင်သောကြောင့် ဖြစ်သည်

16.06.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြကာ စတင်ထုတ်ဖော်လာသည်။ အကြောင်းမှာ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းရန် နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည့်အတွက်ကြောင့်ဖြစ်သည်။ သူတို့ကို မည်သို့နည်းလမ်းနှင့် ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အဘယ်ကြောင့်ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဖြစ်ပေါ်လာပြီး ခိုင်မာစွာ ရပ်တည်လျက် တည်ရှိလာခဲ့ကြသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာပင်ဖြစ်သည်။ ကမ္ဘာကြီးတွင် လူသားမျိုးနွယ် မပေါ်ပေါက်လာခင် အချိန်က ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အတွက် အရာအားလုံးကို ဖန်ဆင်းရန် သူ၏တန်ခိုးနှင့် သြဇာအာဏာကို အသုံးပြုခဲ့ပြီး လူသားတို့အတွက် သင့်တော်သည့် သက်ရှိပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ရန် သူ၏ထူးခြားသည့် နည်းလမ်းများကို အသုံးချခဲ့သည်။ သူလုပ်ခဲ့သည့် အရာအားလုံးမှာ မကြာခင်တွင် သူ၏ဇီဝအသက်ကို ရရှိတော့မည့် လူသားမျိုးနွယ်အတွက် ပြင်ဆင်ခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို မဖန်ဆင်းမီအချိန်က ဘုရားသခင်၏ သြဇာအာဏာသည် လူသားမျိုးနွယ်နှင့် ကွဲပြားသည့် သတ္တဝါတို့တွင်၊ မိုးကောင်းကင်၊ အလင်းအိမ်များ၊ ပင်လယ်များနှင့် ကုန်းမြေများကဲ့သို့ ကြီးမြတ်သည့်အရာတို့တွင်၊ တိရစ္ဆာန်များနှင့် ငှက်ကလေးများကဲ့သို့ သေးငယ်သည့်အရာများတွင်၊ ပိုးမွှားများနှင့် အဏုဇီဝရုပ်အမျိုးမျိုးတို့တွင်၊ သာမန်မျက်စိနှင့်မမြင်နိုင်သည့် ဗက်တီးရီးယားအမျိုးမျိုးတို့တွင် ထင်ရှားပြသသည်။ တစ်ကောင်ချင်းစီတိုင်းသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ကိုပေးအပ်ခြင်းခံရပြီး ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကြောင့် တစ်ဟုန်ထိုးပွားများလာခဲ့ကြကာ တစ်ကောင်ချင်းစီသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကြောင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင် ရှင်သန်နေထိုင်ခဲ့ကြသည်။ သူတို့သည် ဖန်ဆင်းရှင်၏ ဇီဝအသက်ကို မရရှိခဲ့သော်လည်း ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့သည့် အသက်နှင့် ရှင်သန်တက်ကြွမှုတို့ကို သူတို့၏မတူညီသည့်ပုံစံများနှင့် တည်ဆောက်ပုံများမှတစ်ဆင့် ထင်ရှားပြသခဲ့ကြသည်။ ဖန်ဆင်းရှင်က လူသားတို့ကို ပေးသည့် စကားပြောဆိုနိုင်စွမ်းကို သူတို့မရရှိသော်လည်း သူတို့အသီးသီးသည် ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့ပြီး လူသား၏ ဘာသာစကားနှင့် ကွဲပြားသည့် သူတို့ဘဝကို ထုတ်ဖော်ပြသခြင်း နည်းလမ်းတို့ကို ရရှိခဲ့သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အမြင်အားဖြင့် လှုပ်ရှားမှုမရှိသည့် ရုပ်ဝတ္ထုပစ္စည်းများကို မည်သည့်အခါမျှ ပျောက်ကွယ်မသွားအောင် အသက်၏ ရှင်သန်တက်ကြွခြင်းကို ပေးခဲ့ရုံသာမက သူတို့ မည်သည့်အခါမျှ မပျောက်ကွယ်သွားအောင်၊ ထို့ပြင် ဖန်ဆင်းရှင်က ပေးအပ်ခဲ့သည့် ရှင်သန်ရပ်တည်ရေး အခြေခံမူများနှင့် နိယာမတရားများကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းပေးနိုင်အောင် သက်ရှိတိုင်းကို မျိုးပွားရန်နှင့် ပွားများရန် အသိစိတ်ကို ပေးအပ်ခဲ့သည်။ ဖန်ဆင်းရှင်က သူ၏သြဇာအာဏာကို အသုံးပြုသည့်ပုံစံက အနုစိတ်၊ သို့မဟုတ် အသေးစိတ် ရှုထောင့်များအပေါ်တွင်သာ တင်းတင်းကျပ်ကျပ်နှင့် စွဲကပ်မထားပေ။ မည်သည့်ပုံစံအပေါ်ကိုမျှ ကန့်သတ်ထားခြင်းမရှိပေ။ သူသည် စကြဝဠာလုပ်ဆောင်မှုများအပေါ်တွင် အုပ်ချုပ်အမိန့်ပေးနိုင်ပြီး အရာအားလုံး၏ သေခြင်းနှင့် ရှင်ခြင်းအပေါ်တွင် အချုပ်အခြာအာဏာကို စွဲကိုင်ထားသည်၊ ထို့အပြင် သူ့ကို အစေခံစေရန် အရာအားလုံးကို သူထိန်းသိမ်းနိုင်သည်။ သူသည် တောင်များ၊ မြစ်များနှင့် အင်းအိုင်များ၏ အလုပ်လုပ်ပုံအားလုံးကို စီမံခန့်ခွဲနိုင်ပြီး သူတို့အထဲတွင်ရှိသည့် အရာအားလုံးကို အုပ်ချုပ်နိုင်သည့်အပြင် အရာအားလုံး၏ လိုအပ်ချက်ကိုလည်း ထောက်ပံ့နိုင်သည်။ ဤသည်မှာ လူသားမျိုးနွယ်အပြင် အခြားအရာအားလုံးအတွင်းတွင် ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာ ထင်ရှားပေါ်လွင်ခြင်းဖြစ်သည်။ ဤကဲ့သို့သောထင်ရှားပေါ်လွင်ခြင်းသည် တစ်သက်တာအချိန်အတွက်တင် မဟုတ်ဘဲ မည်သည့်အခါမျှ ရပ်တန့်မသွားသကဲ့သို့ ပြီးဆုံးမသွားပေ။ ၎င်းကို မည်သည့်အရာ၊ သို့မဟုတ် မည်သူကမျှ ပြောင်းလဲ၍သော်လည်းကောင်း၊ ထိခိုက်၍သော်လည်းကောင်း မရသကဲ့သို့ မည်သည့်အရာ၊ သို့မဟုတ် မည်သူကမျှ ဖြည့်စွက်၍သော်လည်းကောင်း၊ လျှော့ချ၍သော်လည်းကောင်း မရပေ။ အကြောင်းမှာ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို မည်သည့်အရာကမျှ အစားထိုး၍မရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်၏ သြဇာအာဏာကို မည်သည့်ဖန်ဆင်းခံကမျှ အစားထိုး၍ မရနိုင်ပေ။ ဖန်ဆင်းခံမဟုတ်သည့် မည်သည့်အရာကမျှ ရယူနိုင်သည့်အရာ မဟုတ်ပေ။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများနှင့် ကောင်းကင်တမန်တို့ကို ဥပမာအနေနှင့် ကြည့်လော့။ သူတို့သည် ဘုရားသခင်၏ သြဇာအာဏာကို ပိုင်ဆိုင်ရန်ဝေးစွ၊ ဘုရားသခင်၏ တန်ခိုးကိုပင် မပိုင်ဆိုင်ပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို သူတို့မပိုင်ဆိုင်ရသည့် အကြောင်းရင်းမှာ သူတို့သည် ဖန်ဆင်းရှင်၏ အနှစ်သာရကို မပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများနှင့် ကောင်းကင်တမန်တို့ကဲ့သို့ ဖန်ဆင်းခံမဟုတ်သည့်သူများသည် ဘုရားသခင်၏ကိုယ်စား အချို့အရာများကို လုပ်နိုင်သော်လည်း ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပေ။ သူတို့သည် လူသားများမပိုင်ဆိုင်သည့် တန်ခိုးအချို့ကို ပိုင်ဆိုင်သော်လည်း ဘုရားသခင်၏ သြဇာအာဏာကို မပိုင်ဆိုင်ပေ။ အရာအားလုံးကိုဖန်ဆင်းရန်၊ အရာအားလုံးကို အမိန့်ပေးရန်၊ အရာအားလုံးအပေါ်တွင် အချုပ်အခြာအာဏာ ကိုင်စွဲရန် ဘုရားသခင်၏ သြဇာအာဏာကို သူတို့မပိုင်ဆိုင်ကြပေ။ ထို့ကြောင့် ဘုရားသခင်၏ အတုမရှိခြင်းကို မည်သည့်ဖန်ဆင်းခြင်း မခံရသည့်သူကမျှ အစားထိုး၍ မရနိုင်ပေ။ အလားတူပင် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကိုလည်း မည်သည့်ဖန်ဆင်းခြင်းမခံရသည့်သူကမျှ အစားထိုး၍မရနိုင်ပေ။ သမ္မာကျမ်းစာထဲတွင် အရာအားလုံးကို ဖန်ဆင်းခဲ့သည့် ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူအကြောင်းကို သင်ဖတ်ဖူးသလော။ ဘုရားသခင်က သူ၏သတင်းစကားပို့ဆောင်သူများ၊ သို့မဟုတ် ကောင်းကင်တမန်များကို အဘယ်ကြောင့် အရာအားလုံးကို ဖန်ဆင်းရန် မစေလွှတ်ခြင်းဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ သြဇာအာဏာကို မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ သြဇာအာဏာကို အသုံးချရန်အစွမ်း သူတို့တွင် မရှိကြပေ။ အခြားသတ္တဝါများ အားလုံးကဲ့သို့ပင်၊ သူတို့အားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်၊ ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင်ရှိပြီး အလားတူပင် ဖန်ဆင်းရှင်က သူတို့၏ဘုရားသခင်နှင့် သူတို့၏ အချုပ်အခြာအာဏာရှင်လည်းဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီတိုင်းတွင် သူတို့သည် မြင့်မြတ်သည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ၊ တန်ခိုးကြီးသည်ဖြစ်စေ၊ တန်ခိုးသေးသည်ဖြစ်စေ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျော်လွန်နိုင်သည့်သူ တစ်ယောက်မျှမရှိပေ။ ထို့ကြောင့် သူတို့ထဲတွင် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို အစားထိုးနိုင်သည့်သူ တစ်ယောက်မျှမရှိပေ။ သူတို့သည် ဘုရားသခင်ဟု မည်သည့်အခါမျှ အခေါ်ခံရမည်မဟုတ်၊ မည်သည့်အခါမျှ ဖန်ဆင်းရှင် ဖြစ်လာနိုင်မည်မဟုတ်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် သမ္မာတရားများနှင့် အမှန်တရားများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ကောင်းကင်တမန်များသည် အထူးသဖြင့် အားနည်းပြီး ပြောစရာ အစွမ်းအစများ မပိုင်ဆိုင်ကြသောကြောင့်၊ ၎င်းတို့ကို ဩဇာအာဏာ ပေးထားခဲ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ တိုး၍ မာနထောင်လွှားလာခဲ့သည်။ ဤသည်မှာ အထူးသဖြင့် အခြား မည်သည့်ကောင်းကင်တမန်မဆိုထက် အဆင့်အတန်း သာ၍မြင့်မားသည့် ကောင်းကင်တမန်မင်းနှင့်ပတ်သက်၍ မှန်ကန်ပေသည်။ ကောင်းကင်တမန်များအလယ်နှင့် ယေဟောဝါအောက်ရှိ ကောင်းကင်တမန် သန်းပေါင်းများစွာကို ဦးဆောင်ခဲ့သည့် မင်းတစ်ပါး၊ ၎င်း၏ဩဇာအာဏာသည် အခြား မည်သည့် ကောင်းကင်တမန်များမဆို၏ ဩဇာအာဏာထက် သာလွန်ခဲ့သည်။ ၎င်းသည် ဟိုဟို၊ သည်သည် လုပ်ဆောင်လိုခဲ့ပြီး ကမ္ဘာလောကကြီးကို ထိန်းချုပ်ဖို့ လူသားများအလယ် ကောင်းကင်တမန်များကို ဦးဆောင်လိုခဲ့သည်။ ဘုရားသခင်က သူသည် စကြဝဠာကို ကွပ်ကဲအုပ်ချုပ်သူ ဖြစ်သည်ဟု ပြောခဲ့သည်။ သို့သော် ကောင်းကင်တမန်မင်းက ၎င်းသည် စကြဝဠာကို ကွပ်ကဲအုပ်ချုပ်ခဲ့သည်ဟု အခိုင်အမာ ဆိုခဲ့သည်- ထိုအချိန်မှစ၍၊ ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ အခြားလောကတစ်ခုကို ဖန်ဆင်းခဲ့ပြီးဖြစ်ကာ ကောင်းကင်တမန်မင်းသည် ဤလောကကို ထိန်းချုပ်ရန် ဆန္ဒရှိခဲ့ပြီး၊ သေမျိုးနယ်ပယ်ကို ဆင်းသက်ရန်လည်း ဆန္ဒရှိခဲ့သည်။ ဘုရားသခင်သည် ယင်းကို ထိုသို့ လုပ်ဆောင်ခွင့်ပြုနိုင်မည်လော။ ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်တမန်မင်းကို ဒဏ်ခတ်ခဲ့ပြီး၊ လေထဲကို ပစ်ချခဲ့သည်။ ၎င်းသည် လူသားများကို ဖောက်ပြန်ပျက်စီးစေခဲ့ကတည်းက၊ ဘုရားသခင်သည် လူသားများကို ကယ်တင်ရန်အလို့ငှာ ကောင်းကင်တမန်မင်းနှင့် စစ်ပွဲဆင်နွှဲပြီး ဖြစ်သည်။ စာတန်၏ ရှုံးနိမ့်ခြင်းအပေါ် ဤထောင်စုနှစ် ခြောက်ခုကို ဘုရားသခင် အသုံးပြုခဲ့သည်။...

လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ စိတ်နှလုံးကို ပူဆွေးမှုဖြင့် မကြာခဏ ဖိစီးစေသည်မှာ ဤတစ်ဆင့်ချင်းဖြစ်သည့် လက်တွေ့ကျသော အမှု ဖြစ်သည်၊ ထို့ကြောင့် စာတန်နှင့် သူ၏စစ်ပွဲသည် အနှစ်ခြောက်ထောင် ကြာခဲ့ပြီး၊ ဘုရားသခင်က “ငါသည် လူသားမျိုးနွယ်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဖန်ဆင်းလိမ့်မည် မဟုတ်သကဲ့သို့၊ ကောင်းကင်တမန်များအပေါ်၌ ဩဇာအာဏာကို တစ်ဖန် အပ်နှင်းလိမ့်မည် မဟုတ်။” ဟု ပြောထားပြီး ဖြစ်သည်။ ထိုအချိန်မှစ၍၊ ကောင်းကင်တမန်များသည် ကမ္ဘာမြေပေါ်သို့ အလုပ်လုပ်ဖို့ လာခဲ့ကြသည့်အခါ၊ အချို့သော အလုပ်ကို လုပ်ဆောင်ဖို့ ဘုရားသခင်နောက် လိုက်ရုံမျှ လိုက်ကြလေသည်။ သူသည် ၎င်းတို့ကို လုံးဝ တစ်ဖန် ဩဇာအာဏာ မပေးလေပြီ။ ဣသရေလလူမျိုးတို့ မြင်ခဲ့သည့် ကောင်းကင်တမန်များသည် ၎င်းတို့၏ အလုပ်ကို မည်သို့ ဆောင်ရွက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အိပ်မက်များထဲတွင် ထုတ်ဖော်ပြကြပြီး ယေဟောဝါ၏ နှုတ်ကပတ်တော်များကို ပို့ဆောင် ခဲ့ကြသည်။ ယေရှုသည် ကားစင်တင်ခံခဲ့ရပြီးနောက် သုံးရက်အကြာတွင် ရှင်ပြန်ထမြောက် ပြီးသည့်အခါ၊ ကျောက်ကြီးကို ဘေးကိုတွန်းရွှေ့ခဲ့သူများက ကောင်းကင်တမန်များ ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဤအလုပ်ကို ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်ခဲ့ပေ။ ကောင်းကင်တမန်များကသာ ဤအလုပ်မျိုးကို လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်သည် ၎င်းတို့အပေါ် မည်သည့် ဩဇာအာဏာမျှ လုံးဝ တစ်ဖန် အပ်နှင်းမည်မဟုတ်သည့်အတွက်၊ ၎င်းတို့သည် ထောက်ပံ့ပေးသည့် အခန်းကဏ္ဍ၌သာ ပါဝင်ခဲ့ကြသော်လည်း၊ မည်သည့် ဩဇာအာဏာမျှ မရှိခဲ့ကြပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

ဘုရားသခင်က သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သော်လည်း၊ သူ၏သြဇာအာဏာသည် အနှစ်မမဲ့ဘဲ၊ မှန်ကန်ပြီး စစ်မှန်သည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ စစ်မှန်မှုနှင့် လက်တွေ့အရှိတရားသည် သူ၏ အရာခပ်သိမ်းကို ဖန်ဆင်းခြင်း၊ အရာခပ်သိမ်းကို သူ၏ ထိန်းချုပ်ခြင်းနှင့် လူသားမျိုးနွယ်ကို သူဦးဆောင်ပြီး စီမံခန့်ခွဲသည့်ဖြစ်စဉ်တွင် တဖြည်းဖြည်း ထုတ်ဖော်ပြပြီး သရုပ်ထင်လေသည်။ လူသားမျိုးနွယ်နှင့် အရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ နည်းလမ်းတိုင်း၊ ရှုထောင့်တိုင်း၊ အသေးစိတ်အချက်အလက်တိုင်းနှင့် သူပြီးမြောက်ပြီးဖြစ်သည့် အမှုအားလုံးအပြင်၊ အရာအားလုံးအပေါ် သူ၏သိနားလည်ခြင်း- ဤအရာများအားလုံးသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် အနှစ်မဲ့သည့် စကားလုံးများ မဟုတ်သည်ကို အကယ်ပင် သက်သေပြပေသည်။ သူ၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် ပြသခြင်းခံရပြီး စဉ်ဆက်မပြတ် ထုတ်ဖော်ပြထားကာ အရာခပ်သိမ်းတွင် ရှိလေသည်။ သူသည် သူ၏အမှုကို ဆက်လက်လုပ်ဆောင်ရန်၊ အရာအားလုံးကို အမိန့်ပေးရန်နှင့် အချိန်တိုင်းတွင် အရာအားလုံးကို အုပ်စိုးရန်၊ သူ၏ သြဇာအာဏာနှင့် တန်ခိုးကို အသုံးပြုနေသည့်အတွက်၊ ဤသရုပ်သကန်များနှင့် ဖွင့်ပြခြင်းများသည် ဘုရားသခင်၏ သြဇာအာဏာ၏ စစ်မှန်သော တည်ရှိမှုအကြောင်းကို ပြောဆိုလေသည်။ သူ၏တန်ခိုးနှင့် သြဇာအာဏာတို့ကို ကောင်းကင်တမန်များက အစားထိုး၍ မရနိုင်သကဲ့သို့၊ ဘုရားသခင်၏ စေတမန်များကလည်း အစားထိုး၍ မရနိုင်ပေ။ အာဗြဟံနှင့် ယောဘတို့အပေါ် မည်သည့်ကောင်းချီးမင်္ဂလာများ သူ အပ်နှင်းမည်ကို ဘုရားသခင်ဆုံးဖြတ်ခဲ့သည်- ယင်းမှာ ဘုရားသခင် ဆုံးဖြတ်ရမည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ စေတမန်များသည် အာဗြဟံနှင့် ယောဘထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ကြသော်လည်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ ပညတ်ချက်များပေါ် အခြေခံခဲ့ပြီး၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဘုရားသခင်၏ သြဇာအာဏာအောက်တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ၊ ထိုနည်းတူ စေတမန်များသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိခဲ့ကြပေသည်။ ဘုရားသခင်၏ စေတမန်များက အာဗြဟံထံသို့ လည်ပတ်ကြသည်ကို လူက မြင်ရပြီး၊ သမ္မာကျမ်းစာ၏ မှတ်တမ်းများတွင် ယေဟောဝါ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ တစ်ခုတစ်လေ လုပ်ဆောင်ခဲ့သည်ကို မျက်မြင်မကြုံတွေ့ ရသော်လည်း၊ အမှန်တွင်၊ တန်ခိုးနှင့် သြဇာအာဏာကို အမှန်တကယ် အသုံးပြုသူမှာ ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး ဤအရာကို မည်သည့်လူကမျှ သံသယထားခွင့်မရှိပေ။ သင်သည် ကောင်းကင်တမန်များနှင့် စေတမန်များက ကြီးမားသည့် တန်ခိုးကို ပိုင်ဆိုင်ပြီး နိမိတ်လက္ခဏာများကို ပြုဖူးသည်ကို သို့မဟုတ် ဘုရားသခင် တာဝန်ပေးစေခိုင်းသည့် အရာတစ်ချို့ ၎င်းတို့ လုပ်ဆောင်ဖူးသည်ကို သင်မြင်ဖူးသော်လည်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးပြည့်စုံစေရန်အတွက်မျှ ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာကို ပြသခြင်း လုံးဝ မဟုတ်ပေ- အကြောင်းမှာ မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုမျှ အရာအားလုံးကို ဖန်ဆင်းပြီး အရာအားလုံးကိုအုပ်စိုးရန် ဖန်ဆင်းရှင်၏ သြဇာအာဏာ မရှိသည့်အတွက် သို့မဟုတ် မပိုင်ဆိုင်သည့်အတွက် ဖြစ်သည်။ ထို့ကြောင့် မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုကမျှ ဖန်ဆင်းရှင်၏ သြဇာအာဏာကို အသုံးမပြုနိုင်ပေ သို့မဟုတ် ဖော်ထုတ်ပြသခြင်း မပြုနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ယနေ့အချိန်အထိ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဦးဆောင်၍ ထောက်ပံ့ပေးခဲ့သည့် နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့၊ မည်သူမဆို အလွယ်တကူ...

စာတန်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို မည်သည့်အခါမျှ မဖန်ဆင်းနိုင်သည့် ကျလာသော ကောင်းကင်တမန် တစ်ပါးဖြစ်ပြီး ဘုရားသခင်၏ ဩဇာအာဏာကို မည်သည့်အခါမျှ မကျော်လွန်နိုင်ပေ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ကမ္ဘာမြေကြီး မတည်ရှိမီတွင်၊ ကောင်းကင်တမန်မင်းသည် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များထဲမှ အကြီးမြတ်ဆုံး...

ဘုရားသခင်သည် စကြဝဠာ လောကတစ်ခုလုံးကို စီမံပြီး အုပ်စိုးသည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- စကြဝဠာနှင့် အာကာသ၏ ကျယ်ပြောမှုထဲတွင်၊ မရေမတွက်နိုင်သော သတ္တဝါများ နေထိုင်ပြီး မျိုးပွားကြသည်၊...

ဘုရားသခင်သည် ဖန်ဆင်းခြင်း၏သခင်ဖြစ်သည်၊ သူ၏ဩဇာအာဏာသည် တစ်မူထူးခြားသည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းရန် နှုတ်ကပတ်တော်များကို အသုံးပြုသည် ကမ္ဘာဦးကျမ်း ၁:၃-၅...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။