ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူကို တရားစီရင်ကာ သန့်စင်ဖို့ သမ္မာတရားကို ဖော်ပြသည်ဟု သင် ဆိုသည်။ ဘုရားသခင်သည် ဓမ္မဟောင်းနှင့် ဓမ္မသစ်တွင် လူသားမျိုးနွယ်ကို တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ပြောဆိုသည်- ဘုရားသခင်၏ တရားစီရင်ခြင်းသည် လူကို မည့်သည့်အခါတွင်မျှ မစွန့်ခွာဖူးပေ။ ဤနှုတ်ကပတ်တော်များက လူကို တရားစီရင်နိုင်စွမ်းနှင့် သန့်စင်ပေးနိုင်စွမ်းမရှိဟု သင် ဆိုနေခြင်း ဖြစ်ပါသလား။ နောက်ဆုံးသော ကာလ၌ ဘုရားသခင် ဖော်ပြသည့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များနှင့် သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသကဲ့သို့ လူကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြား ခြားနားချက်မှာ အဘယ်နည်း။

18.11.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

“တရားစီရင်ခြင်း” ဟူသော စကားလုံးကို ဖော်ပြသည်နှင့်၊ နေရာဒေသအားလုံးရှိလူများကို လမ်းပြဖို့ ယေဟောဝါ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် ယေရှုက ဖာရိရှဲတို့ကို ပြစ်တင်မောင်းမဲဖို့ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သင်တို့ စဉ်းစားမိကောင်းစဉ်စားမိနိုင်သည်။ ၎င်းတို့၏ပြင်းထန်မှုများ အားလုံးရှိလင့်ကစား၊ ဤနှုတ်ကပတ်တော်များသည် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှု မဟုတ်ပေ။ ယင်းတို့သည် မတူညီသော နောက်ခံအကြောင်းအရာများ ဖြစ်သည့်၊ မတူညီသော ပတ်ဝန်းကျင်များအတွင်း ဘုရားသခင် ပြောဆိုထားခဲ့သည့် နှုတ်ကပတ်တော်များသာ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလ၏ ခရစ်တော်က လူသားကို တရားစီရင်သည် နှင့်အမျှ သူပြောဆိုထားသော နှုတ်ကပတ်တော်များနှင့် မတူပေ။ နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

ပထမအဆင့်မှာ ယေဟောဝါ၏ အမှုဖြစ်ခဲ့သည်- သူ၏ အမှုမှာ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကို ကိုးကွယ်ရန် လူသားအတွက် လမ်းကြောင်းတစ်ခု ပြင်ဆင်ပေးရန် ဖြစ်ခဲ့သည်။ ယင်းမှာ ကမ္ဘာမြေပေါ်ရှိ အမှုအတွက် မူလနေရာတစ်ခုကို ရှာတွေ့ဖို့ အစပြုခြင်း အမှု ဖြစ်ခဲ့သည်။ ထိုအချိန်တွင် ယေဟောဝါက ဣသရေလ လူမျိုးတို့ကို ဥပုသ်နေ့အား စောင့်ထိန်းရန်၊ ၎င်းတို့၏ မိဘများကို ရိုသေရန်နှင့် အချင်းချင်း ငြိမ်းချမ်းစွာ အသက်ရှင်ရန် သွန်သင်ပေးခဲ့သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က လူတို့သည် လူကို မည်သည့်အရာဖြင့် ဖွဲ့စည်းထားသည်ကို နားမလည်ခဲ့သကဲ့သို့၊ ကမ္ဘာမြေကြီးပေါ်တွင် မည်သို့ အသက်ရှင်ရမည် နားမလည်ခဲ့သောကြောင့် ဖြစ်သည်။ သူ့အတွက် အမှု၏ ပထမအဆင့်အတွင် လူသားမျိုးနွယ်အား ၎င်းတို့၏ အသက်တာများကို အသက်ရှင်နေထိုင်ရာတွင် လမ်းပြရန် လိုအပ်ခဲ့ပေသည်။ ယေဟောဝါက ၎င်းတို့ကို ပြောကြားသည့်အရာအားလုံးအား လူသားမျိုးနွယ်က ယခင်က မသိရှိခဲ့ကြသေးပေ သို့မဟုတ် ၎င်းတို့၏ ပိုင်ဆိုင်မှုတွင် မရှိခဲ့သေးပေ။ ထိုအချိန်က ဘုရားသခင်သည် ပရောဖက်များစွာကို ပရောဖက်ပြုချက်များ ပြောဆိုရန် ပျိုးထောင်ပေးခဲ့ပြီး၊ ၎င်းတို့အားလုံးသည် ယေဟောဝါ၏ လမ်းပြမှုအောက်တွင် ထိုသို့ လုပ်ဆောင်ခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်၏ အမှုထဲက အချက်တစ်ချက်သာ ဖြစ်သည်။ ပထမဆင့်တွင်၊ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့သောကြောင့်၊ သူသည် လူမျိုးနွယ်စုနှင့် တိုင်းနိုင်ငံအားလုံးကို ပရောဖက်များမှ တစ်ဆင့် ညွှန်ကြားခဲ့သည်။ ယေရှုသည် သူ၏ အချိန်ကာလတွင် အမှုပြုခဲ့ချိန်တွင်၊ သူသည် မျက်မှောက်ခေတ်လောက် စကားမပြော ခဲ့ချေ။ နောက်ဆုံးသော ကာလတွင် နှုတ်ကပတ်တော်၏ အမှုနှင့်ဆိုင်သော ဤအဆင့်ကို အတိတ် ခေတ်များနှင့် မျိုးဆက်များတွင် မည်သည့်အခါမျှ မလုပ်ဆောင်ဖူးသေးပေ။ ဟေရှာယ၊ ဒံယေလနှင့် ယောဟန်တို့သည် ပရောဖက်ပြုချက်များစွာ ပြောဆိုခဲ့သော်လည်း၊ ၎င်းတို့၏ ပရောဖက်ပြုချက်များသည် ယခု ပြောဆိုသော နှုတ်ကပတ်တော်များနှင့် လုံးဝ ခြားနားသည်။ ၎င်းတို့ ပြောဆိုခဲ့သည့်အရာများမှာ ပရောဖက်ပြုချက်များသာ ဖြစ်သော်လည်း၊ ယခု ပြောဆိုသော နှုတ်ကပတ်တော်များမှာ ထိုသို့မဟုတ်ပေ။ ငါသည် ယခု ငါ ပြောဆိုသည့်အရာအားလုံးကို ပရောဖက်ပြုချက်များအဖြစ် ပြောင်းလဲခဲ့မည်ဆိုပါက၊ သင်တို့ နားလည်နိုင်မည်လော။ အကယ်၍ ငါပြောဆိုသော အရာသည် ငါမရှိတော့သည့်နောက် ကိစ္စရပ်များ ဖြစ်သည်ဆိုပါက၊ သင် မည်သို့ သိနားလည်မှု ရရှိနိုင်မည်နည်း။ နှုတ်ကပတ်တော်၏ အမှုသည် ယေရှု၏ အချိန် သို့မဟုတ် ပညတ်တော်ခေတ်တွင် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ပေ။ အချို့က “ယေဟောဝါသည်လည်း သူ၏ အမှုနှင့်ဆိုင်သည့် အချိန်ကာလတွင် နှုတ်ကပတ်တော်များ ပြောဆိုခဲ့သည် မဟုတ်လော။ ယေရှုသည် အနာရောဂါ ပျောက်ကင်းစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းနှင့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုခြင်းအပြင် သူအမှုပြုနေခဲ့သည့် ထိုအချိန်တွင် နှုတ်ကပတ်တော်များကိုလည်း ပြောဆိုခဲ့သည် မဟုတ်လော။” ဟု ပြောကောင်းပြောပေမည်။ နှုတ်ကပတ်တော်များကို မည်သို့ ပြောဆိုသည်ဆိုရာတွင် ခြားနားချက်များ ရှိသည်။ ယေဟောဝါ မိန့်မြွက်ခဲ့သည့် နှုတ်ကပတ်တော်များ၏ အနှစ်သာရမှာ အဘယ်နည်း။ သူသည် လူသားမျိုးနွယ်ကို ကမ္ဘာမြေပေါ်၌ ၎င်းတို့၏ အသက်တာများအား နေထိုင်ရာတွင်သာ လမ်းပြနေခဲ့သည်၊ ယင်းသည် အသက်တာထဲက ဝိညာဉ်ရေးရာ ကိစ္စရပ်များ မပါဝင်ခဲ့ပေ။ ယေဟောဝါ စကားပြောဆိုသည့်အခါ၊ ယင်းသည် နေရာတကာရှိ လူတို့ကို ညွှန်ကြားရန် ဖြစ်သည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ “ညွှန်ကြားသည်” ဆိုသည့်စကားမှာ တိကျပြတ်သားစွာနှင့် တိုက်ရိုက် အမိန့်ပေးသည်ကို ဆိုလိုပါသည်။ သူသည် လူကို အသက် မထောက်ပံ့ခဲ့ပေ။ ယင်းထက် သူသည် လူကို လက်ဖြင့် ဆောင်ယူခဲ့ပြီး သူ့ကို မည်သို့ ရိုသေလေးမြတ်ရမည်ကိုသာ ပုံဆောင်ဝတ္ထုနည်းလမ်းသိပ်မပါဘဲ သွန်သင်ခဲ့သည်။ ဣသရေလတွင် ယေဟောဝါပြုခဲ့သည့် အမှုသည် လူသားကို ကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် ပဲ့ပြင်ဆုံးမရန် သို့မဟုတ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ပေးရန် မဟုတ်ခဲ့ပေ၊ ယင်းမှာ လူသားကို လမ်းပြရန် ဖြစ်သည်။ ယေဟောဝါက တောထဲတွင် မန္နမုန့်ကို စုဆောင်းရန် သူ၏ လူတို့ကို ပြောဖို့ မောရှေကို အမိန့်ပေးခဲ့သည်။ နေမထွက်မီ နံနက်တိုင်းတွင်၊ ၎င်းတို့သည် ထိုနေ့ ၎င်းတို့အတွက် စားလောက်ရုံမျှသာ မန္နမုန့်များကို စုကြရသည်။ မန္နမုန့်များသည် မှိုတက်ကုန်မည် ဖြစ်သည်နှင့်အမျှ နောက်နေ့ထိ သိမ်းဆည်းထား၍ မရနိုင်ပေ။ သူသည် လူတို့ကို ဩဝါဒမပေးခဲ့ပေ သို့မဟုတ် ၎င်းတို့၏ သဘာဝများကို မဖော်ထုတ်ခဲ့သကဲ့သို့ ၎င်းတို့၏ စိတ်ကူးများနှင့် အတွေးများကိုလည်း မဖော်ထုတ်ခဲ့ပေ။ သူသည် လူတို့ကို မပြောင်းလဲခဲ့ဘဲ ၎င်းတို့၏ အသက်တာများကို နေထိုင်အသက်ရှင်ရာတွင် ၎င်းလမ်းပြခဲ့သည်။ ထိုအချိန်က လူတို့သည် ကလေးသူငယ်များအလား မည်သည့်အရာကိုမျှ နားလည်ခြင်း မရှိသကဲ့သို့၊ အခြေခံ သဘာဝလှုပ်ရှားမှုနှင့် ကျိုးကြောင်းဆက်စပ်သော အခြေခံ လှုပ်ရှားမှုအချို့ကိုသာ လုပ်နိုင်စွမ်းရှိခဲ့ကြသည်၊ ထို့ကြောင့် ယေဟောဝါသည် လူထုတို့ကို လမ်းပြရန် ပညတ်တရားများကိုသာ ထုတ်ပြန်ကြေငြာခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

နောက်ဆုံးသော ကာလတွင် လူသားနှင့်ဆိုင်သည့် ဘုရားသခင်၏ တရားစီရင်ခြင်းသည် လူတို့ကို ဆုံးမဖို့ သမ္မာတရား သွင်ပြင်လက္ခဏာများစွာကို အဓိကအားဖြင့် အသုံးပြုလေသည်။ ဤသမ္မာတရား သွင်ပြင်လက္ခဏာများစွာ မရှိဘဲနှင့်၊ ယင်းတို့သည် တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ဖြစ်မည် မဟုတ်ပေ။ နေရာအားလုံးဆီသို့ ပြောဆိုသော ယေဟောဝါ၏ စကားများနှင့် ဖာရိရှဲများနှင့်ဆိုင်သည့် သခင်ယေရှု၏ အပြစ်တင်ခြင်းတို့တွင် သမ္မာတရား၏ သွင်ပြင်လက္ခဏာများစွာ ပါရှိခဲ့သလော။ ယင်းတို့သည် လူသားအား လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု ပေးခဲ့သလော။ လူသား၏ သဘာဝ အနှစ်သာရကို ထုတ်ဖော်ပြခဲ့သလော။ ထုတ်ဖော်မပြခဲ့ပေ၊ ထို့ကြောင့် ယင်းတို့သည် လူသားနှင့်ဆိုင်သည့် တရားစီရင်ခြင်း မဟုတ်ပေ။ ယင်းတို့သည် အပြစ်တင်ခြင်းနှင့် ဆိုဆုံးမခြင်း မျှသာ ဖြစ်ခဲ့ပေသည်။ အပြစ်တင်ခြင်းနှင့် ဆိုဆုံးမခြင်းတို့သည် ကျိန်ခြင်းပါလာသည့် တိုက်ရိုက် ရှုတ်ချခြင်းနှင့် ဖယ်ရှင်းသုတ်သင်ခြင်း ဖြစ်သည်။ နိုင်ငံတော်ခေတ်အတွင်း လူသားနှင့်ဆိုင်သည့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ကယ်တင်ခြင်းသည် သမ္မာတရား များစွာ၏ ဖော်ပြချက် အဓိက ဖြစ်ပေသည်။ ယင်းသည် လူတို့ကို ဆုံးမဖို့၊ ၎င်းတို့၏ အနှစ်သာရကို ထုတ်ဖော်ပြပြီး ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များကို စိတ်ဖြာလေ့လာရန် သမ္မာတရားအား အသုံးပြုခြင်း ဖြစ်သည်။ ဤနှုတ်ကပတ်တော်များတွင် သမ္မာတရား၏ ရှုထောင့်များစွာ ပါရှိသည်။ သမ္မာတရား ရှိသည့်အခါမှသာ တရားစီရင်ခြင်း ရှိသည်။ သမ္မာတရား မရှိဘဲနှင့်၊ တရားစီရင်ခြင်းမရှိပေ။ ထို့ကြောင့် နောက်ဆုံးသော ကာလ ခရစ်တော်၏ စကားများ၊ ပညတ်တော်ခေတ်ထဲက နေရာအားလုံးတွင် ပြောဆိုသော ယေဟောဝါ၏ နှုတ်ကပတ်တော်များနှင့် ကျေးဇူးတော်ခေတ် အတွင်းက ဖာရိရှဲအား သခင်ယေရှု၏ ဆုံးမခြင်းတို့ကြားတွင် သိသာထင်ရှားသော ခြားနားချက်တစ်ခု ရှိပေသည်။ ဤခြားနားချက်မှာ အဓိကအားဖြင့် လူတို့ကို ဆုံးမဖို့ နောက်ဆုံးသော ကာလ ခရစ်တော်က သမ္မာတရား သွင်ပြင်လက္ခဏာပေါင်းစုံအသုံးပြုခြင်းတွင် အဓိကအားဖြင့် တည်ပေသည်။ ဘုရားသခင်သည် ပညတ်တော်ခေတ်၊ သို့မဟုတ်‌ ကျေးဇူးတော်ခေတ်တွင် သမ္မာတရား ရှုထောင့်များစွာ မဖော်ပြခဲ့ချေ။ ထို့အပြင်၊ ဘုရားသခင့် အမှုတော်၏ သဘာဝတွင်လည်း ခြားနားချက် တစ်ခု ရှိသည်။ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်းတွင်၊ သူ့ကို ဆန့်ကျင်သူများနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ ဆုံးမခြင်းနှင့် ပြစ်တင်ခြင်းတို့သည် တိုက်ရိုက် ရှုတ်ချခြင်းနှင့် ကျိန်ခြင်း ဖြစ်ခဲ့သည်။ ၎င်းတို့ကို ဘုရားသခင် မကယ်တင်ခဲ့သကဲ့သို့၊ ၎င်းတို့အပေါ် သက်ညှာမှုမထားခဲ့ပေ။ နောက်ဆုံးသော ကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်သည် လူသားကို ကယ်တင်၊ သန့်စင်စေကာ စုံလင်စေရန်အလို့ငှာ ဖြစ်သည်။ ကျေးဇူးတော်ခေတ် အတွင်းတွင်၊ သခင်ယေရှုသည် ရွေးနုတ်ခြင်း အမှုကို လုပ်ဆောင်ခဲ့သည်။ သူသည် နောင်တလမ်းကို ဟောကြေားခဲ့ပြီး နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာအချို့ကို ဆောင်ရွက်ခဲ့ကာ သူ့ကို ဖာရိရှဲတို့က တရားစီရင်၊ ရှုတ်ချကာ ဆန့်ကျင်ခဲ့ကြသည်။ ဤနောက်ခံအကြောင်းအရာနှင့် ယှဉ်၍၊ သခင်ယေရှုသည် ဖာရိရှဲတို့၏ လုပ်ရပ်များနှင့် အပြုအမူတို့၏ အနှစ်သာရကို ဖော်ထုတ်ရုံမျှ ဖော်ထုတ်သည့် စကားများဖြစ်သည့်၊ ဖာရိရှဲတို့အပေါ် အပြစ်တင်ကာ ကျိန်ဆဲသည့် စကားအချို့ကို ပြောဆိုခဲ့သည်။ ဤစကားများက ဘုရားသခင်ကို ၎င်းတို့၏ ဆန့်ကျင်ခြင်း အရင်းအမြစ်အား မဖော်ထုတ်ခဲ့သကဲ့သို့ ၎င်းတို့၏ သဘာဝ အနှစ်သာရကိုလည်း မဖော်ထုတ်ခဲ့ပေ။ ဆီလျော်သည့် သမ္မာတရား တစ်ခုတစ်လေမျှ သူ မဖော်ပြခဲ့ပေ။ လူသားက ဘုရားသခင်ကို မည်သို့ နာခံသင့်သည်၊ လူသား၏ တာဝန်က မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်ကို လူသားက မည်သို့ သစ္စာရှိသင့်သည် အစရှိသည့် မည်သည့်အရာကိုမျှ သူ မပြောခဲ့ပေ၊ ထို့ကြောင့် ထိုစကားများကို တရားစီရင်ခြင်းဟု ခေါ်၍မရနိုင်ပေ။ ဖာရိရှဲတို့က ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ခဲ့ကြပေ။ သမ္မာတရားကို ၎င်းတို့ စက်ဆုပ်ခဲ့ကြသည်၊ ယင်းကို လုံးဝ လက်မခံခဲ့ကြသကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်းကို လက်ခံရရှိဖို့ လုံးဝ မသင့်တော်ခဲ့ကြပေ။ ၎င်းတို့အပေါ် တရားစီရင်ခြင်း အမှုတော်ကို ဘုရားသခင် မဆောင်ရွက်ခဲ့ပေ၊ ထို့ကြောင့် သခင်ယေရှုက ၎င်းတို့ကို အပြစ်စီရင်ရုံသာ ပြုခဲ့သည်- ၎င်းတို့ကို သူ မကယ်တင်ခဲ့ပေ။ လူအချို့က၊ “ဖာရိရှဲတို့၏ လုပ်ရပ်များနှင့် အပြုအမူများအား ဖော်ထုတ်ခဲ့သည့် စကားများမှာ သမ္မာတရား မဟုတ်ပါလား” ဟု ပြောကြသည်။ ဤစကားများသည်လည်း သမ္မာတရား ဖြစ်ပြီး လူသား၏ မည်သည့်ပြစ်မှားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ စိတ်သဘောထားကိုလည်း ယင်းတို့က ထုတ်ဖော်ပြကြသည်။ သို့သော် တရားစီရင်ခြင်းသည် ရိုးရှင်းသည့် ဆုံးမခြင်းနှင့် ရှုတ်ခြင်းတို့နှင့် မတူပေ။ နောက်ဆုံးသော ကာလတွင်၊ ဘုရားသခင်သည် လူသားကို ဆုံးမဖို့ သမ္မာတရား ရှုထောင့်များစွာကို အသုံးပြုသည်။ သမ္မာတရား၏ ရှုထောင့် တစ်ခုကို သူ ဖော်ပြသည့် အကြိမ်တိုင်းတွင်၊ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သရုပ်သကန်အချို့ ထုတ်ဖော်ပြခြင်း ခံရလေသည်။ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြဖို့ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် စစ်မှန်သော သဘောသဘာဝ ထုတ်ဖော်ပြချက်နှင့် လူသား၏ စကားများနှင့် လုပ်ရပ်များအား စိတ်ဖြာလေ့လာခြင်းတို့အား အသုံးပြုလေသည်။ လူတို့အား နားလည်စေလျက်၊ တွေ့ကြုံစေလျက်၊ သိရှိကာ သန့်စင်ခံရစေလျက်၊ လူသား၏ ကယ်တင်ခြင်းအတွက် လိုအပ်သည့် သမ္မာတရားအားလုံးအား တိုက်ရိုက် ဖော်ပြပြီးသည့်အချိန်တွင်သာ- ထိုသို့သော အကျိုးတစ်ခုကို စွမ်းဆောင်ရရှိသည့် နှုတ်ကပတ်တော်များသည်သာ စစ်မှန်သော တရားစီရင်ခြင်းဖြစ်ပြီး ဤအရာများသည်သာ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ဖြစ်သည်။ ထိုသို့မဟုတ်ပါက၊ ယင်းတို့သည် တရားစီရင်ခြင်း နှုတ်ကပတ်တော်များ မဟုတ်၊ ထိုအချိန်က ဘုရားသခင်၏ အမှုတော်အရ အချို့လူတို့အပေါ် မိန့်မြွက်ခဲ့သည့် နှုတ်ကပတ်တော်များမျှသာ ဖြစ်ပေသည်။

—အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ

နောက်တစ်ခုသို့- သင်က သခင်သည် နောက်ဆုံး‌သော ကာလ၏ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ဖို့ ပြန်ကြွလာပြီးဖြစ်သည်ဟု သက်သေခံသည်၊ သို့သော် သခင်ယေရှုက၊ “ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။” (ယော ၁၆:၇-၈) ဟု ဆိုခဲ့သည်။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းနှင့် တက်ကြွခြင်းနောက်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အပြစ်တရားလောကနှင့် ဖြောင့်မတ်ခြင်းနှင့် တရားစီရင်ခြင်းလောကကို ပြစ်တင်ရှုတ်ချရင်း၊ ပင်တေကုတ္တေနေ့အတွင်းတွင် အမှုပြုဖို့ လူသားအပေါ် ကြွဆင်းလာခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။ ကျွန်ုပ်တို့၏ အပြစ်များကို ကျွန်ုပ်တို့ ဝန်ချပြီး သခင့်ထံ နောင်တရသရွေ့၊ ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြစ်တင်ခြင်းနှင့် ပဲ့ပြင်ဆုံးမမှုတို့ကို ခံရလိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ သခင်အားဖြင့် ကျွန်ုပ်တို့၏ တရားစီရင်ခံရခြင်း ဖြစ်သည်။ သင် ပြောဆိုသည့် နောက်ဆုံးသော ကာလ တရားစီရင်ခြင်းနှင့် သခင်ယေရှု၏ အမှုတော်တို့ကြား ခြားနားချက်မှာ မည်သည့်အရာသာ ဖြစ်ပါသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။