ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို သိရှိခြင်းနှင့်သက်ဆိုင်သည့် နှုတ်ကပတ်တော်များ

19.09.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် သူ၏ဖြစ်ခြင်းအတိုင်း သူဖြစ်ပြီး သူ၏ရှိခြင်းအတိုင်း သူရှိပေသည်။ သူဖော်ပြသမျှနှင့် ထုတ်ဖော်သမျှတို့သည် သူ၏အနှစ်သာရနှင့် သူ၏ကိုယ်ပိုင်လက္ခဏာတို့၏ ကိုယ်စားပြုခြင်းများဖြစ်သည်။ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းအပါအဝင် သူ၏အနှစ်သာရနှင့် ကိုယ်ပိုင်လက္ခဏာတို့သည် မည်သည့်လူသားကမျှ အစားထိုး၍မရနိုင်သော အရာများဖြစ်သည်။ သူ၏စိတ်နေသဘောထား၌ လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်း၊ လူသားမျိုးနွယ်ကို နှစ်သိမ့်ပေးမှု၊ လူသားမျိုးနွယ်အပေါ် မုန်းတီးမှု၊ ထိုမျှမက လူသားမျိုးနွယ်အပေါ် အစုံအစေ့ နားလည်မှုတို့ အကျုံးဝင်သည်။ သို့သော်လည်း လူသား၏ပင်ကိုစရိုက်မှာမူ အကောင်းမြင်ခြင်း၊ ထကြွလုံ့လရှိခြင်း၊ သို့မဟုတ် စာနာစိတ်မရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘုရားသခင်၏ စိတ်နေသဘောထားမှာ သက်ရှိသက်မဲ့ အရာအားလုံးတို့ကို အုပ်စိုးသောသူနှင့် သက်ဆိုင်ပြီး ဖန်ဆင်းခြင်းခပ်သိမ်း၏ သခင်နှင့် သက်ဆိုင်သည်။ သူ၏ စိတ်နေသဘောထားသည် ဂုဏ်ပြုခြင်း၊ တန်ခိုး၊ မြင့်မြတ်ခြင်း၊ ကြီးမြတ်ခြင်းကို ကိုယ်စားပြုပြီး အရေးကြီးဆုံးမှာ သာလွန်ကြီးစိုးခြင်းကို ကိုယ်စားပြုသည်။ သူ၏စိတ်နေသဘောထားသည် သြဇာအာဏာ၏ သင်္ကေတဖြစ်ပြီး ဖြောင့်မတ်သောအရာအားလုံး၏ သင်္ကေတဖြစ်ကာ လှပ၍ ကောင်းမွန်သည့်အရာအားလုံး၏ သင်္ကေတလည်း ဖြစ်ပေသည်။ ထိုထက်မက ထိုစိတ်နေသဘောထားသည် အမှောင်ထုနှင့် မည်သည့် ရန်သူအင်အားကမျှ အနိုင်ယူ၍မရနိုင်သောက၊ သို့မဟုတ် ထိပါး၍ မရနိုင်သော သူ၏ သင်္ကေတဖြစ်ပြီး၊ မည်သည့်ဖန်ဆင်းခံ သတ္တဝါကမျှ ပုန်ကန်ပြစ်မှား၍ မရနိုင်သော (ပုန်ကန်ပြစ်မှားခြင်းကိုလည်း သူသည်းခံမည် မဟုတ်ပေ) သူ၏ သင်္ကေတလည်း ဖြစ်သည်။ သူ၏စိတ်နေသဘောထားသည် အမြင့်ဆုံးသောတန်ခိုး၏ သင်္ကေတဖြစ်၏။ မည်သည့်လူကမျှ၊ သို့မဟုတ် မည်သည့်လူအများကမျှ သူ၏အမှု၊ သို့တည်းမဟုတ် သူ၏စိတ်နေသဘောထားကို မနှောင့်ယှက်နိုင်ပေ၊ သို့မဟုတ် နှောင့်ယှက်ခွင့်ရှိမည်လည်း မဟုတ်ပေ။ သို့သော် လူသား၏ ပင်ကိုစရိုက်မှာမူ သားရဲတိရစ္ဆာန်ထက် လူသားက အနည်းငယ် သာလွန်မှု၏ သင်္ကေတမျှသာဖြစ်သည်။ လူသားသည် သူကိုယ်၌က မည်သည့်သြဇာအာဏာမျှမရှိ၊ မည်သည့်လုပ်ပိုင်ခွင့်မျှမရှိ၊ ထို့ပြင် မိမိကိုယ်ကို ကျော်လွန်နိုင်စွမ်းလည်း မရှိပေ၊ သို့သော်လည်း သူ၏အနှစ်သာရ၌မူ သူသည် လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အခြေအနေအမျိုးမျိုးတို့၏ ပြုသမျှ နုရမည့် ကြောက်ဒူးတုန်နေသူဖြစ်သည်။ ဘုရားသခင်၏ ဝမ်းသာခြင်းသည် ဖြောင့်မတ်ခြင်းနှင့် အလင်းတို့၏ တည်ရှိမှုနှင့် ထွက်ပေါ်လာမှုတို့ကြောင့်ဖြစ်သည်၊ အမှောင်ထုနှင့် ဆိုးယုတ်မှုတို့၏ ပျက်စီးမှုကြောင့်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် အလင်းနှင့် ကောင်းမွန်သော အသက်တာကို ယူဆောင်လာပေးခြင်းအပေါ် သူဝမ်းမြောက်သည်၊ သူ၏ဝမ်းသာခြင်းသည် ဖြောင့်မှန်သော ဝမ်းသာခြင်းဖြစ်ပြီး အပြုသဘောဆောင်သော အရာအားလုံးတို့ တည်ရှိမှု၏ သင်္ကေတဖြစ်ကာ ထိုမျှမက မင်္ဂလာရှိခြင်း၏ သင်္ကေတလည်းဖြစ်၏။ ဘုရားသခင်၏ ဒေါသမှာ မတရားမှု၏ တည်ရှိခြင်းနှင့် နှောင့်ယှက်ခြင်းတို့က လူသားမျိုးနွယ်အပေါ် သင့်ရောက်စေသော အန္တရာယ်ကြောင့် ဖြစ်သည်၊ ဆိုးယုတ်မှုနှင့် အမှောင်ထုတို့၏ တည်ရှိမှုကြောင့်ဖြစ်သည်၊ သမ္မာတရားကို နှင်ထုတ်သော အမှုအရာများ၏ တည်ရှိမှုကြောင့်ဖြစ်သည်၊ ထိုမျှမက ကောင်းမွန်ပြီး လှပသောအရာများကို ဆန့်ကျင်သည့် အမှုအရာများ၏ တည်ရှိမှုကြောင့်ဖြစ်သည်။ သူ၏ဒေါသသည် အပျက်သဘောဆောင်သော အရာများအားလုံး မတည်ရှိတော့ခြင်း၏ သင်္ကေတဖြစ်ပြီး ထိုထက်ပို၍ သူ့သန့်ရှင်းခြင်း၏ သင်္ကေတပင်ဖြစ်သည်။ သူ၏ဝမ်းနည်းမှုမှာ မျှော်လင့်ချက်များ သူထားခဲ့သော်ငြားလည်း အမှောင်ထုထဲသို့ ကျဆင်းသွားသော လူသားမျိုးနွယ်ကြောင့်ဖြစ်ပြီး လူသားအပေါ် သူပြုသောအမှုမှာ သူ၏မျှော်မှန်းချက်များအတိုင်း ဖြစ်မလာ သောကြောင့်ဖြစ်ကာ သူချစ်သော လူသားမျိုးနွယ်မှာ အလင်းထဲတွင် အားလုံးမနေနိုင်ကြသောကြောင့်ဖြစ်သည်။ အပြစ်ကင်းမဲ့သော လူသားမျိုးနွယ်အတွက်၊ ရိုးသားသော်လည်း ပညာမဲ့သော လူသားအတွက်၊ ထို့ပြင် လူကောင်းဖြစ်သော်လည်း မိမိကိုယ်ပိုင်အမြင်များ ကင်းမဲ့နေသော လူသားအတွက် သူဝမ်းနည်းရသည်။ သူ၏ဝမ်းနည်းမှုမှာ သူ၏ကောင်းမြတ်ခြင်းနှင့် သူ့ကရုဏာတို့၏ သင်္ကေတဖြစ်ပြီး လှပခြင်းနှင့် ကြင်နာခြင်းတို့၏ သင်္ကေတဖြစ်သည်။ သူ၏ပျော်ရွှင်မှုသည် သူ၏ရန်သူများကို အနိုင်ရခြင်းနှင့် လူသား၏ စိတ်ရင်းကောင်းကို ရရှိခြင်းတို့မှ လာသည်မှာ မှန်ပေ၏။ ထိုမျှမက ထိုပျော်ရွှင်မှုသည် ရန်သူ့အင်အား အားလုံးတို့၏ နှင်ထုတ်ခံရခြင်းနှင့် ပျက်စီးခြင်းတို့မှ ပေါ်ပေါက်လာပြီး ကောင်းမွန်ပြီး ငြိမ်းအေးသော အသက်တာကို လူသားမျိုးနွယ်တို့ ရရှိခြင်းကြောင့် ပေါ်ပေါက်လာသည်။ ဘုရားသခင်၏ ပျော်ရွှင်မှုသည် လူသား၏ ဝမ်းသာမှုနှင့် မတူပေ၊ စင်စစ်အားဖြင့် ထိုပျော်ရွှင်မှုသည် အသီးအပွင့်ကောင်းများကို စုဆောင်းရခြင်း၏ ခံစားချက်ဖြစ်ပြီး ဝမ်းသာမှုထက် ပို၍ကြီးမားသော စိတ်ခံစားချက် ဖြစ်သည်။ သူ၏ပျော်ရွှင်မှုသည် ဤအချိန်မှစ၍ ရှေ့လျှောက်တွင် လူသားမျိုးနွယ်တို့ ဆင်းရဲဒုက္ခမှ လွတ်မြောက်ခြင်း၏ သင်္ကေတဖြစ်ပြီး အလင်းလောကသို့ လူသားမျိုးနွယ်ဝင်ရောက်ခြင်း၏ သင်္ကေတလည်း ဖြစ်၏။ သို့သော်ငြားလည်း လူသားမျိုးနွယ်၏ စိတ်ခံစားမှုများမှာမူ သူ၏ကိုယ်ပိုင်အကျိုးအလို့ငှာသာ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဖြောင့်မြတ်ခြင်း၊ အလင်း၊ သို့မဟုတ် လှပသောအရာအလို့ငှာ ထွက်ပေါ်လာခြင်း မဟုတ်သကဲ့သို့ ယုတ်စွအဆုံး ကောင်းကင်ဘုံက ချပေးသနားသော ကျေးဇူးတော်အလို့ငှာ ထွက်ပေါ်လာခြင်းလည်း မဟုတ်ပေ။ လူသားမျိုးနွယ်၏ စိတ်ခံစားမှုများမှာ တစ်ကိုယ်ကောင်းဆန်ပြီး အမှောင်လောကနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အစီအစဉ်အလို့ငှာ တည်ရှိဖို့ဝေးစွ၊ ဘုရားသခင်၏ အလိုတော်အတွက်ပင် မတည်ရှိပေ၊ ထို့ကြောင့် လူသားနှင့် ဘုရားသခင်ကို တစ်ချိန်တည်းတွင် အတူပြော၍ မရနိုင်ချေ။ ဘုရားသခင်သည် အစဉ်အမြဲ အထွတ်အထိပ်ဖြစ်၍ အမြဲဂုဏ်သရေရှိသည်၊ လူသားမှာမူ အစဉ်အမြဲ ယုတ်ညံ့၍ အစဉ်အမြဲ သုံးမရပေ။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် စွန့်လွှတ်မှုများ အမြဲပြုပေးကာ သူ့ကိုယ်သူ ပေးအပ်မြှုပ်နှံထားသောကြောင့် ဖြစ်သည်၊ သို့သော်လည်း လူသားမှာမူ အစဉ်အမြဲ မိမိအတွက်သာလျှင် ရယူပြီး ကြိုးပမ်းလေ၏။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် အစဉ်အမြဲ အပတ်တကုတ် ကြိုးပမ်းနေသော်လည်း လူသားကမူ အလင်းအတွက်၊ သို့မဟုတ် ဖြောင့်မတ်ခြင်းအတွက် မည်သည့်အရာကိုမျှ လုံးဝမထောက်ကူပေးပေ။ လူသားအနေဖြင့် တစ်ခဏတာမျှ လုံ့လစိုက်ထုတ်လျှင်ပင် ထိုလုံ့လမှာ အားနည်းလွန်း လှသောကြောင့် ထိုးနှက်ချက် တစ်ခုကိုမျှပင် ခံနိုင်မည်မဟုတ်ပေ၊ အကြောင်းမှာ လူသား၏လုံ့လသည် သူ့ကိုယ်ပိုင်အကျိုးအတွက်သာ အစဉ်အမြဲ ဖြစ်နေပြီး အခြားသူများအတွက် မဟုတ်သောကြောင့်ပင် ဖြစ်သည်။ လူသားသည် အစဉ်အမြဲ တစ်ကိုယ်ကောင်းဆန်၏၊ ဘုရားသခင်ကမူ အစဉ်အမြဲ ကိုယ်ကျိုးမငဲ့ပေ။ ဘုရားသခင်သည် တရားမျှတသောအရာ၊ ကောင်းသောအရာနှင့် လှပသောအရာအားလုံး၏ အရင်းအမြစ်ဖြစ်ပြီး လူသားမှာမူ အကျည်းတန်ပြီး ဆိုးယုတ်သော အရာအားလုံးကို ဆက်ခံကာ ထင်ရှားအောင် ပြုလုပ်သူဖြစ်၏။ ဘုရားသခင်သည် သူ၏ဖြောင့်မတ်ပြီး လှပသည့် အနှစ်သာရကို မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ၊ သို့သော် လူသားကမူ အချိန်မရွေး၊ အခြေအနေမရွေး၌ ဖြောင့်မတ်ခြင်းကို သစ္စာဖောက်ကာ ဘုရားသခင်ထံမှ လမ်းလွဲသွားကြရန် ကောင်းကောင်းတတ်နိုင်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏

ငါသည် ဖြောင့်မတ်သည်၊ ငါသည် ယုံကြည်စိတ်ချရပြီး၊ လူသား၏ အတွင်းကျကျ စိတ်နှလုံးကို စစ်ဆေးသော ဘုရားသခင် ဖြစ်၏။ မည်သူ စစ်မှန်ပြီး မည်သူ မှားယွင်းသည်ကို ငါသည် မဆိုင်းမတွ ထုတ်ဖော်မည်။ အထိတ်တလန့် မဖြစ်လေနှင့်။ အရာအားလုံးသည် ငါ၏အချိန်အတိုင်း အလုပ်လုပ်၏။ မည်သူက ငါ့အား စစ်မှန်ရိုးသားစွာ လိုချင်ပြီး မည်သူက ငါ့အား စစ်မှန်ရိုးသားစွာ မလိုချင်သည်ကို ငါသည် သင်တို့အား တစ်ယောက်ပြီး တစ်ယောက် ပြောပြမည်။ သင်တို့အနေဖြင့် ငါ၏ မျက်မှောက်သို့ လာကြသည့်အခါ စားဖို့၊ သောက်ဖို့နှင့် ငါ့ထံ တိုးဝင်ချဉ်းကပ်ဖို့သာ ဂရုစိုက်လော့၊ ပြီးလျှင် ငါ၏အလုပ်ကို ငါကိုယ်တိုင်လုပ်မည်။ မြန်ဆန်သော ရလဒ်များအတွက် အလွန် စိုးရိမ်ကြောင့်ကြခြင်း မရှိလေနှင့်။ ငါ၏အလုပ်သည် အားလုံး ချက်ချင်း ပြီးမြောက်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ထိုအထဲ၌ ငါ၏ခြေလှမ်းများနှင့် ငါ၏ဉာဏ်ပညာတို့ ရှိပြီး ယင်းမှာ ငါ၏ဉာဏ်ပညာကို ထုတ်ဖော်ပြနိုင်ရသည့် အကြောင်းရင်း ဖြစ်သည်။ ဆိုးသောသူကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူကို ဆုလာဘ်ချီးမြှင့်ခြင်း ဖြစ်သည့် ငါ၏လက်များဖြင့် မည်သည့်အရာ လုပ်ဆောင်ထားသည်ကို သင်တို့အား ငါမြင်ခွင့်ပေးမည်။ ငါသည် မည်သူကိုမျှ ဘက်မလိုက်သည်မှာ အသေချာဆုံး ဖြစ်သည်။ ငါ့ကို ရိုးသားစစ်မှန်စွာ ချစ်သော အသင်၊ ငါသည် သင့်ကို ရိုးသားစစ်မှန်စွာ ချစ်မည်ဖြစ်ပြီး၊ ငါ့အား ရိုးသားစစ်မှန်စွာ မချစ်သော သူတို့အတွက်မူ ငါသည် စစ်မှန်သော ဘုရားသခင်၊ လူသား၏ အတွင်းကျကျ စိတ်နှလုံးကို ဆန်းစစ်သော ဘုရားသခင်ဖြစ်သည်ကို ၎င်းတို့ ထာဝရတစ်လျှောက် အမှတ်ရနိုင်ဖို့အလို့ငှာ ငါ၏ အမျက်ဒေါသသည် ၎င်းတို့နှင့်အတူ အမြဲရှိလိမ့်မည်။ အခြားသူများ၏ရှေ့တွင် တစ်မျိုး၊ ၎င်းတို့၏ နောက်ကွယ်၌ တစ်ဖုံ မပြုမူလေနှင့်။ ငါသည် သင်ပြုသမျှ အရာအားလုံးကို ရှင်းလင်းစွာမြင်ပြီး၊ သင်သည် အခြားသူများအား အရူးလုပ်ကောင်း လုပ်နိုင်လိမ့်မည် ဖြစ်သော်လည်း၊ ငါ့အား အရူး လုပ်၍မရနိုင်။ ငါသည် အားလုံးကို ရှင်းလင်းစွာ မြင်၏။ မည်သည့်အရာကိုမျှ ဖုံးကွယ်ရန် သင့်အတွက် မဖြစ်နိုင်။ အရာအားလုံး ငါ့ လက်တွင် ရှိ၏။ သင်၏ အရေးမပါသော သေးငယ်သည့် တွက်ချက်မှုများ ပြုလုပ်ခြင်းက သင့်အတွက် အကျိုးအမြတ် ဖြစ်ပေါ်စေခြင်းကြောင့် သင့်ကိုယ်သင် အလွန်တရာ လိမ္မာပါးနပ်သည်ဟု မထင်လေနှင့်။ ငါ သင့်ကို ပြောသည်- လူသားသည် အစီအစဉ်များစွာ၊ ထောင်ချီ သို့မဟုတ် သောင်းချီဖြစ်စေ၊ လျှို့ဝှက်ကြံစည်ကောင်း ကြံစည်နိုင် သော်လည်း၊ နောက်ဆုံး၌ ၎င်းတို့သည် ငါ၏လက်ဖဝါးမှ မလွတ်မြောက်နိုင်ပေ။ လူတစ်ဦးတစ်ယောက် မဆိုထားနှင့်၊ အရာခပ်သိမ်းနှင့် အရာဝတ္ထု အားလုံးသည် ငါ့လက်များ၏ ထိန်းချုပ်ခြင်းခံရကြ၏။ ငါ့အား ရှောင်ပြေးရန် သို့မဟုတ် ပုန်းကွယ်ရန် မကြိုးစားနှင့်၊ မြှောက်ထိုးပင့်ကော်လုပ်ရန် သို့မဟုတ် ဖုံးကွယ်ရန် မကြိုးစားလေနှင့်။ ငါ၏ဘုန်းအသရေ ရှိသော မျက်နှာထား၊ ငါ၏အမျက်ဒေါသနှင့် ငါ၏ တရားစီရင်ခြင်းတို့သည် လူသိရှင်ကြား ထုတ်ဖော်ပြီးဖြစ်သည်ကို သင် မမြင်သေးသည်မှာ ဖြစ်နိုင်သလော။ ငါ့အား ရိုးသားစစ်မှန်စွာ အလိုမရှိသောသူ မည်သူမဆို၊ ငါသည် ၎င်းတို့ကို သနားညှာတာခြင်း မရှိဘဲ ချက်ချင်း တရားစီရင်မည်။ ငါ၏သနားခြင်းကရုဏာသည် အဆုံးသတ်ပြီဖြစ်၏။ ဘာမျှ မကျန်ကြွင်းတော့ပေ။ သူတော်ကောင်းယောင်ဆောင်သောသူ မဖြစ်တော့ဘဲ၊ သင်၏ အထိန်းအကွပ်မဲ့ပြီး အဆင်အခြင်မဲ့သော နည်းလမ်းများကို ရပ်တန့်လော့။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၄)

ငါသည် ငါပြောသောအရာအပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး၊ ငါ ခိုင်ခိုင်မာမာ ရပ်တည်သောအရာကို ငါ အမြဲစုံလင်စေကာ၊ ဤအရာကို မည်သူမျှ မပြောင်းလဲနိုင်ပေ- ယင်းမှာ အကြွင်းမဲ့ ဖြစ်သည်။ အတိတ်က ငါပြောဆိုပြီးသည့် နှုတ်ကပတ်တော်များဖြစ်စေ၊ အနာဂတ်တွင် ငါပြောဆိုမည့် နှုတ်ကပတ်တော်များ ဖြစ်စေ ၎င်းတို့အားလုံးကို တစ်ခုပြီးတစ်ခု ငါ တကယ်ဖြစ်လာစေမည်ဖြစ်ပြီး ၎င်းတို့အားလုံး တကယ်ဖြစ်လာသည်ကို လူသားမျိုးနွယ်အားလုံးကို မြင်ခွင့်ပေးမည်။ ဤသည်မှာ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ အမှုနောက်ကွယ်က အခြေခံသဘောတရား ဖြစ်သည်။...စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။ ငါပြောသည့်အရာအတိုင်းသည် ဆောင်ရွက်ပြီးကြပြီး၊ လူသားများထဲမှ မည်သူသည် ငါ၏ စိတ်ကို ပြောင်းလဲစေနိုင်သနည်း။ ယင်းသည် ကမ္ဘာမြေပေါ် ငါ ပြုသောပဋိညာဉ် ဖြစ်နိုင်မည်လော။ မည်သည့်အရာမျှ ငါ၏ အစီအစဉ်ကို ရှေ့ဆက်သွားရာမှ မတားဆီးနိုင်ပေ။ ငါသည် ငါ၏အမှုအပြင် ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်တွင် အစဉ် ပါရှိ၏။ လူသားများထဲမှ မည်သူသည် ဝင်စွက်ဖက်နိုင်သနည်း။ ဤအစီအစဉ်များကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခဲ့သူမှာ ငါ ဖြစ်သည် မဟုတ်လော။ ယနေ့ ဤနယ်ပယ်ထဲသို့ ဝင်ရောက်ခြင်းသည် ငါ၏ အစီအစဉ် သို့မဟုတ် ငါ ကြိုမြင်ပြီးဖြစ်သည့်အရာ၏ အပြင်သို့ မသွေဖည်ပေ။ ထိုအရာအားလုံးကို ငါသည် ကာလကြာမြင့်စွာက ချမှတ်ထားခဲ့ပေသည်။ သင်တို့ထဲမှ မည်သူသည် ငါ၏ အစီအစဉ်၏ ဤအဆင့်ကို နားလည်သဘောပေါက်နိုင်သနည်း။ ငါ၏ လူတို့သည် ငါ၏ အသံကို သေချာစွာ နားထောင်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို စစ်မှန်ရိုးသားစွာ ချစ်ကြသူများထဲမှ အယောက်တိုင်းသည် ငါ၏ ပလ္လင်ရှေ့သို့ အသေအချာ ပြန်လာကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)

ငါသည် အလုံးစုံ ကျွမ်းလောင်သောမီးဖြစ်ကာ ပုန်ကန်ပြစ်မှားမှုကို သည်းမခံပေ။ လူသားအားလုံးကို ငါ ဖန်ဆင်း ထားသောကြောင့်၊ ငါမည်သည့်အရာကို ပြောဆိုလုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ နာခံကြရမည် ဖြစ်ကာ မပုန်ကန်ရပေ။ လူတို့သည် ငါ၏ အမှု၌ ၎င်းတို့ ဝင်စွက်ဖက်ပိုင်ခွင့်မရှိပေ၊ ထို့အပြင် ငါ၏အမှုနှင့် ငါ၏ စကားများ၌ မည်သည့်အရာ မှန်သည်၊ မှားသည်ကို စိစစ်ရန် သာ၍ပင် အရည်အချင်းမမီပေ။ ငါသည် ဖန်ဆင်းခြင်း၏ အရှင်သခင်ဖြစ်ပြီး အဖန်ဆင်းခံ သတ္တဝါများအနေဖြင့် ငါ့အား ကြောက်ရွံ့သော စိတ်နှလုံးဖြင့် ငါသတ်မှတ်ထားသော အရာတိုင်းကို ရရှိသင့်ကြ၏။ ၎င်းတို့သည် ငါနှင့်အတူ အကျိုးသင့် အကြောင်းသင့်ပြောဖို့ မကြိုးစားသင့်သကဲ့သို့ အထူးသဖြင့် ငါ့ကို မခုခံသင့်ပေ။ ငါသည် ငါ၏ဩဇာအာဏာဖြင့် ငါ၏လူတို့ကို အုပ်စိုးပြီး ငါ၏ဖန်ဆင်းခြင်းနှင့် သက်ဆိုင်သော သူအားလုံးသည် ငါ၏ သြဇာအာဏာကို ကျိုးနွံနာခံသင့်ကြ၏။ ယနေ့ ငါ၏ရှေ့တွင် သင်တို့သည် ရဲရင့်ကြပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲကြသော်လည်း၊ သင်တို့ကို ငါသင်ပေးသော နှုတ်ကပတ်တော်များကို သင်တို့ မနာခံကြသကဲ့သို့ ကြောက်ရွံ့မှုမရှိကြသော်လည်း၊ ငါသည် သင်တို့၏ ပုန်ကန်မှုကို သည်းခံခြင်းဖြင့်သာ ရင်ဆိုင်၏။ အလွန်သေးငယ်၍ အရေးမပါသော လောက်တို့သည် နောက်ချေးပုံထဲ၌ အညစ်အကြေးကို မွှေနှောက်ကြသောကြောင့် ငါသည် အမျက်ဒေါသထွက်မည် မဟုတ်သကဲ့သို့ ငါ၏အလုပ်အပေါ် သက်ရောက်စေမည် မဟုတ်ပေ။ ခမည်းတော်၏ အလိုတော်အဖို့အလို့ငှာ ငါမနှစ်မြို့သော အရာတိုင်းနှင့် ငါစက်ဆုပ်သောအရာအားလုံး၏ ဆက်လက် တည်ရှိခြင်းကို ငါသည်းခံပြီး၊ ငါ၏ မိန့်မြွက်ချက်များ ပြည့်စုံသည်အထိ၊ ငါ၏ နောက်ဆုံး အခိုက်အတန့်အထိ ငါထိုသို့ လုပ်ဆောင်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့

သင်သည် ငါ့ကို အစေခံရန် စိတ်ပိုင်းဖြတ်နှင့်ပြီး ဖြစ်သည့်အတွက်၊ ငါသည် သင့်ကို အလွတ်ပေးမည် မဟုတ်။ ငါသည် မကောင်းမှုကို မုန်းသော ဘုရားသခင်ဖြစ်ပြီး လူသားမျိုးနွယ်အပေါ် သဝန်တိုတတ်သော ဘုရားသခင် ဖြစ်၏။ သင်သည် သင်၏ စကားများကို ယဇ်ပလ္လင်ထက် ထားရှိနှင့်ပြီးဖြစ်သည့်အတွက်၊ ငါ၏ ပကတိ မျက်စိရှေ့မှ သင် ထွက်ပြေးသည်ကို ငါ သည်းခံမည် မဟုတ်သကဲ့သို့၊ သခင်နှစ်ဦးအား သင်အစေခံနေသည်ကို ငါ သည်းခံမည် မဟုတ်။ ငါ၏ ယဇ်ပလ္လင်ထက်နှင့် ငါ၏ မျက်စိရှေ့တွင် သင်၏ စကားများကို ထားရှိပြီးနောက်၊ သင် ဒုတိယအချစ် ရှိနိုင်မည်ဟု သင် ထင်ခဲ့လေသလော။ ငါသည် လူတို့ကို ထိုပုံစံဖြင့် ငါ့ကို အရူးလုပ်ရန် အဘယ်သို့ အခွင့်ပေးနိုင်မည်နည်း။ သင်သည် ငါ့အား အဓိဌာန်များနှင့် သစ္စာများကို သာမန်ကာလျှံကာ ပြုနိုင်မည်ဟု ထင်ခဲ့သလော။ အမြင့်ဆုံးသော ဘုရားသခင်၊ ငါ၏ပလ္လင်ဖြင့် သင်သည် သစ္စာများကို အဘယ်သို့ ကျိန်ဆိုနိုင် မည်နည်း။ သင်၏ သစ္စာများသည် ဆိတ်သုဉ်းနှင့်ပြီဟု သင် ထင်ခဲ့သလော။ သင်တို့ကို ငါ ပြောမည်- သင်တို့၏ ဇာတိခန္ဓာ ဆိတ်သုဉ်းသွားသော်လည်း၊ သင်တို့၏ သစ္စာများ မဆိတ်သုဉ်းနိုင်။ နောက်ဆုံးတွင် ငါသည် သင်တို့၏ သစ္စာများအပေါ် အခြေခံကာ သင်တို့ကို စီရင်မည်ဖြစ်သည်။ သို့ရာတွင် သင်တို့၏စကားများကို ငါ့ရှေ့တွင် ထားရှိလျက် ငါ့ကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး၊ သင်တို့၏ စိတ်နှလုံးများက ညစ်ညူးသော ဝိညာဉ်များနှင့် နတ်ဆိုးများကို အစေခံနိုင်သည်ဟု သင်တို့ ယုံကြည်ကြသည်။ ငါ၏ အမျက်ဒေါသသည် ငါ့ကို လိမ်လည်လှည့်ဖြားသော ခွေးတူ၊ ဝက်တူ လူများကို အဘယ်သို့ သည်းခံနိုင်မည်နည်း။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ငါဆောင်ရွက်ရမည်ဖြစ်ပြီး၊ ငါ့အား စည်းစနစ်ကျသော ပုံစံဖြင့် “လိုလေသေးမရှိ ပြုစု” နိုင်ကြဖို့၊ ငါ၏နွားထီးများ၊ ငါ၏မြင်းများဖြစ်ကာ ငါ၏ သတ်ဖြတ်ခြင်းမှ ချမ်းသာရာရရှိကြဖို့အလို့ငှာ၊ ငါ၌ ယုံကြည်ခြင်းရှိသော ကိန်းကြီးခန်းကြီးနိုင်သော၊ “ဘာသာတရားကိုင်းရှိုင်းသော” သူများအားလုံးကို ညစ်ညူးသော ဝိညာဉ်များ၏ လက်ထဲမှ ငါ ပြန်ဆွဲလုရမည်။ ငါသည် သင့်အား သင်၏ ယခင်က စိတ်ပိုင်းဖြတ်ချက်ကို ကောက်ယူပြီး ငါ့အား နောက်တစ်ဖန် ပြန်အစေခံစေမည်။ ငါ့ကို လိမ်လည်လှည့်ဖြားသော မည်သည့် ဖန်ဆင်းခြင်းကိုမျှ ငါ သည်းခံမည် မဟုတ်။ သင်သည် ငါ၏ ရှေ့တွင် လက်လွတ်စပယ် တောင်းဆိုမှုများသာ ပြုပြီး လိမ်ညာနိုင်မည်ဟု သင် ထင်ခဲ့သလော။ ငါသည် သင်၏စကားများနှင့် လုပ်ဆောင်ချက်များကို မကြား သို့မဟုတ် မမြင်ခဲ့ဟု သင် ထင်ခဲ့သလော။ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များသည် ငါ၏ မြင်ကွင်းတွင် အဘယ်သို့ မရှိနိုင်မည်နည်း။ ငါသည် လူတို့ကို ထိုသို့ ငါ့ကို လှည့်ဖြားရန် အဘယ်သို့ အခွင့်ပေးနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား

ငါသည် အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည့်အပြင်၊ ငါသည် တစ်ဆူတည်းသော ဘုရားသခင်၏ ဇာတိအဖြစ်တော်လည်း ဖြစ်သည်။ ထို့ထက်ပင်ပို၍၊ ဇာတိပကတိ အလုံးစုံဖြစ်သော ငါသည် ဘုရားသခင်၏ စုံလင်သော သရုပ်သကန်ဖြစ်သည်။ ငါ့ကို မကြည်ညိုဘဲ နေဝံ့သူ၊ မိမိတို့၏ မျက်စိများတွင် ခုခံမှုကို ဖော်ပြဝံ့သူနှင့် ငါ့အား အာခံသော စကားများ ပြောဝံ့သောသူ မည်သူမဆိုတို့သည် ငါ၏ကျိန်ခြင်းများနှင့် အမျက်ကြောင့် ဧကန်မုချ သေကြရမည် (ငါ၏အမျက်ကြောင့် ကျိန်ခြင်း ရှိလိမ့်မည်)။ ထို့အပြင် ငါ့ကို သစ္စာမစောင့်သိဝံ့သူ သို့မဟုတ် ရင်းနှီးကျွမ်းဝင်ခြင်း မရှိဘဲ နေဝံ့သောသူ မည်သူမဆိုနှင့် ငါ့ကို လှည့်ဖြားရန် ကြိုးစားဝံ့သောသူ မည်သူမဆိုသည် ငါ၏ အမုန်းတရားကြောင့် ဧကန်အမှန် သေကြရမည်။ ငါ၏ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းတို့သည် ထာဝရကာလပတ်လုံး တည်တံ့လိမ့်မည်။ ဦးစွာပထမ၊ ငါသည် ချစ်တတ်ပြီး သနားကရုဏာနှင့် ပြည့်သော်ငြားလည်း၊ ဤသည်မှာ ငါ၏ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ၏ စိတ်သဘောထား မဟုတ်ပေ။ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းတို့သည် စုံလင်သော ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည့် ငါ၏ စိတ်သဘောထားတွင် ဖွဲ့စည်းပါဝင်ရုံမျှ ဖြစ်သည်။ ကျေးဇူးတော်ခေတ်အတောအတွင်းတွင်၊ ငါသည် ချစ်တတ်ပြီး ကရုဏာတရား ပြည့်ဝသည်။ ငါပြီးစီးရမည့်အမှုကြောင့် ငါသည် မေတ္တာနှင့် သနားကရုဏာတို့ ပိုင်ဆိုင်ခဲ့သည်။ သို့သော်၊ နောက်ပိုင်းတွင် ထိုသို့သော အရာများ မလိုအပ်တော့ပေ (ထို့အပြင် ထိုအချိန်ကတည်းကစပြီး တစ်ခုမှ မရှိတော့ပေ)။ ယင်းသည် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းသာ ဖြစ်ပြီး၊ ဤသည်မှာ ငါ၏ စုံလင်သော ဘုရားသဘာဝနှင့် ယှဉ်တွဲရှိနေသော ငါ၏ ပုံမှန် လူ့သဘာဝ၏ စုံလင်သော စိတ်သဘောထား ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၉)

ငါသည် မတရားသော သူတို့ကို အပြစ်ပေး၍၊ တရားသောသူတို့ကို ဆုလာဘ်ပေးမည် ဖြစ်ပြီး၊ ငါ၏ ဖြောင့်မတ်ခြင်းတရားကို တည်စေကာ၊ တရားစီရင်ခြင်းကို ငါ ဆောင်ရွက်မည်။ အရာရာကို ပြီးမြောက်အောင်မြင်စေရန် ငါ၏ နှုတ်ကပတ်တော်များကို ငါအသုံးပြုမည်ဖြစ်ပြီး၊ အယောက်တိုင်းနှင့် အရာခပ်သိမ်းတို့အား ငါ၏ ပြစ်တင်ဆုံးမတတ်သော လက်နှင့် တွေ့ကြုံစေကာ၊ လူအပေါင်းတို့အား ငါ၏ ပြည့်ဝသော ဘုန်းအသရေ၊ ငါ၏ ပြည့်ဝသော ဉာဏ်ပညာနှင့် ငါ၏ ပြည့်ဝသော ကြွယ်ဝလျှံပယ်ခြင်းကို ငါမြင်စေမည်။ အရာခပ်သိမ်းသည် ငါ့အထဲ၌ ပြီးမြောက်ကြသည့်အတွက် မည်သူမျှ တရားစီရင်ခြင်း၌ ပုန်ကန်ဝံ့မည် မဟုတ်သကဲ့သို့၊ ခပ်သိမ်းသောအရာတို့သည် ငါနှင့်အတူ ထင်ရှားကြသည့်အတွက် ဤတွင် လူအယောက်တိုင်းသည် ငါ၏ ပြည့်ဝသော ဂုဏ်အသရေကို မြင်ရလိမ့်မည် ဖြစ်ကာ၊ ငါ၏ ပြည့်ဝသော အောင်မြင်ခြင်းကို မြည်းစမ်း ကြရလိမ့်မည်။ ဤအရာမှ ငါ၏ ကြီးမြတ်သော တန်ခိုးနှင့် ငါ၏ သြဇာအာဏာတို့ကို မြင်ရဖို့ ဖြစ်နိုင်သည်။ ငါ့အား မည်သူမျှ ပုန်ကန်ပြစ်မှားဝံ့လိမ့်မည် မဟုတ်သကဲ့သို့၊ ငါ့အား မည်သူမျှ တားဆီးဝံ့လိမ့်မည် မဟုတ်။ ငါ့အထဲတွင် အရာခပ်သိမ်း ဖွင့်ဟခြင်း ခံရလိမ့်မည်။ မည်သူသည် တစ်စုံတစ်ရာကို ကွယ်ဝှက်ဝံ့လိမ့်မည်နည်း။ ငါသည် ထိုသူအား သက်ညှာမည် မဟုတ်သည်မှာ သေချာ၏။ ထိုသို့သော လူယုတ်များသည် ငါ၏ ပြင်းထန်သော အပြစ်ပေးခြင်းကို ခံရကြမည် ဖြစ်ပြီး၊ ထိုသို့သော လူဖျင်းသည် ငါ၏ မြင်ကွင်းမှ ဖယ်ရှားခြင်းကို ခံရမည်။ ငါသည် စိတ်ခံစားချက် မရှိဘဲ၊ ဘုန်းအာနုဘော်ရှိပြီး၊ ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည့်အတွက်၊ ၎င်းတို့ကို သက်ညှာခြင်း အနည်းငယ်မျှ မရှိသကဲ့သို့၊ ၎င်းတို့၏ ခံစားချက်များအပေါ် လုံးဝ ညှာတာခြင်း မရှိဘဲ၊ ၎င်းတို့အား သံလှံတံဖြင့် အုပ်စိုးမည် ဖြစ်ပြီး ၎င်းတို့အား တရားစီရင်ရန်အတွက် ငါ၏ သြဇာအာဏာကို အသုံးပြုမည်။ ငါ၏ လှံတံသည် ငါ့အား ပုန်ကန်ပြစ်မှားသောသူ အားလုံးကို အဆုံးစီရင်မည် ဖြစ်သည့်အတွက်၊ ၎င်းတို့အနေဖြင့် “အကြောင်းတရား သို့မဟုတ် အကြောင်းရင်း မရှိဘဲ” ငါ၏အဆုံးစီရင်ခြင်းနှင့် အမြစ်ဖြတ်သုတ်သင်မှုကို ခံလာရမည် စိုးရ၍ အားလုံးသည် ဤအရာကို နားလည်ကာ မြင်သင့်၏။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ၎င်းတို့ သိ မသိဆိုသည်ကို ငါ ဂရုမစိုက်။ ငါ၏ ဇာတိအဖြစ်သည် မည်သူ၏ ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံနိုင်သည်နှင့်အမျှ ယင်းသည် ငါ့အဖို့ အရေးပါလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ငါသည် ခြင်္သေ့တစ်ကောင် ဖြစ်သည်ဟု ဆိုကြသည့် အကြောင်းအရင်း ဖြစ်သည်၊ ငါ ထိသော မည်သူ့ကိုမဆို၊ ငါ အဆုံးစီရင်သည်။ ယင်းကြောင့် ငါသည် သနားကရုဏာ ပြည့်စုံပြီး မေတ္တာကျေးဇူးတော်ရှိသော ဘုရားသခင် ဖြစ်သည်ဟု ပြောဆိုခြင်းသည် ယခု ငါ့အား ပြစ်မှားစော်ကားခြင်းဖြစ်သည်ဟု ဆိုရသည့်အကြောင်းရင်း ဖြစ်သည်။ အနှစ်သာရအားဖြင့် ငါသည် သိုးသငယ် တစ်ကောင် မဟုတ်၊ ခြင်္သေ့တစ်ကောင် ဖြစ်သည်။ ငါ့အား မည်သူမျှ ပုန်ကန်ပြစ်မှားခြင်း မပြုဝံ့ပေ။ ငါ့ကို ပုန်ကန်ပြစ်မှားသောသူ မည်သူ့ကိုမဆို ငါသည် သက်ညှာခြင်း မရှိဘဲ သေခြင်းဖြင့် ချက်ချင်း အပြစ်ပေးမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၂၀)

ငါ၏ အသံသည် တရားစီရင်ခြင်းနှင့် အမျက်ဒေါသ ဖြစ်သည်။ ငါသည် ဖြောင့်မတ်သော ဘုရားသခင်ကိုယ်တိုင်ဖြစ်ပြီး အမျက်ဒေါသကို ပိုင်ဆိုင်သောကြောင့်၊ မည်သူ့ကိုမျှ နူးညံ့သိမ်မွေ့စွာ ငါမဆက်ဆံသကဲ့သို့ မည်သူ့ကိုမျှ မသက်ညှာပေ။ ငါသည် တောက်လောင်ခြင်း၊ သန့်စင်စေခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ပိုင်ဆိုင်၏။ ငါ့အထဲတွင်၊ မည်သည့်အရာမျှ ကွယ်ဝှက်မထား သို့မဟုတ် စိတ်ခံစားမှုနှင့် ဆိုင်သောအရာ မရှိဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် အရာရာသည် ပွင့်လင်းသည်၊ ဖြောင့်မတ်ပြီး၊ သမာသမတ်ကျလေသည်။ ငါ၏ သားဦးများသည် တိုင်းနိုင်ငံအပေါင်းနှင့် လူမျိုးအပေါင်းတို့အား အုပ်စိုးလျက်၊ ငါနှင့်အတူ ပလ္လင်ပေါ်တွင် ရှိနှင့်ကြပြီး ဖြစ်သောကြောင့်၊ မတရားသကဲ့သို့ မဖြောင့်မတ်သော လူများသည် တရားစီရင်ခြင်း ယခု စတင် ခံရလျက်ရှိသည်။ ငါသည် တစ်စုံတစ်ခုကိုမျှ မလွတ်စေဘဲ ၎င်းတို့ကို အလျှင်း ထုတ်ဖော်လျက်၊ တစ်ယောက်ပြီး တစ်ယောက် ၎င်းတို့ကို စုံစမ်းစစ်ဆေးမည်။ အကြောင်းမူကား ငါ၏ တရားစီရင်ခြင်းကို အပြည့်အဝ ထုတ်ဖော်ကာ ဖွင့်ပြပြီးဖြစ်သောကြောင့် ဖြစ်သည်။ ပြီးလျှင် ငါသည် မည်သည့်အရာကိုမျှ လုံးဝ ထိန်ချန်ခြင်း မရှိလေပြီ။ ငါ၏ အလိုနှင့် မကိုက်ညီသော အရာတိုင်းကို ငါလွှင့်ပစ်မည်ဖြစ်ပြီး၊ အနက်ဆုံးသောတွင်းထဲတွင် ထာဝရ ကာလပတ်လုံး ပျက်စီးဆုံးရှုံးစေမည်။ ထိုနေရာတွင် ယင်းကို ငါ ထာဝရ လောင်ကျွမ်းစေမည်။ ဤသည်မှာ ငါ၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး၊ ဤသည်မှာ ငါ၏ တည်ကြည်မှု ဖြစ်သည်။ ဤ အရာကို မည်သူမျှ မပြောင်းလဲနိုင်ဘဲ၊ အားလုံး ငါ၏ ကွပ်ကဲမှု အောက်တွင်ရှိရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀၃)

ငါသည် နတ်ဆိုးတို့၏ လုပ်ရပ်အမျိုးမျိုးကို ရှင်းလင်းစွာ တွေ့မြင်ခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ နတ်ဆိုးများ (မှားယွင်းသော ရည်ရွယ်ချက်များ ရှိသူများ၊ ဇာတိပကတိနှင့် ကြွယ်ဝမှုတို့ကို လိုချင်တပ်မက်မောသူများ၊ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သောသူများ၊ အသင်းတော်ကို ဖျက်လိုဖျက်ဆီး လုပ်သောသူများ၊ အစရှိသည်ဖြင့်) ၏ အသုံးချခြင်းခံရသော လူတစ်ယောက်ချင်းစီကိုလည်း ငါသည် ထိုးထွင်းမြင်တွေ့ခဲ့လေပြီ။ နတ်ဆိုးများကို နှင်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် အရာရာအားလုံးသည် ပြီးဆုံးသွားသည်ဟု မယူဆလေနှင့်။ သင့်အား ငါ ပြောကြားမည်။ ယခုမှစ၍ ငါသည် ထိုလူတို့အား တစ်ယောက်ပြီးတစ်ယောက် ရှင်းထုတ်ပစ်ကာ၊ ထိုသူတို့အား မည်သည့်အခါမျှ အသုံးပြုလိမ့်မည်မဟုတ်။ ဆိုလိုသည်မှာ နတ်ဆိုးများ၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသူ မည်သူမဆို ငါ၏ အသုံးပြုခြင်း ခံရလိမ့်မည် မဟုတ်ဘဲ၊ နှင်ထုတ်ခြင်း ခံရလိမ့်မည်။ ငါ့တွင် ခံစားချက်များ မရှိဟု မထင်လေနှင့်။ ဤအရာကို သိလော့။ ငါသည် သန့်ရှင်းသော ဘုရားသခင် ဖြစ်ပြီး၊ ညစ်ညမ်းသော ဗိမာန်တော်တွင် နေထိုင်လိမ့်မည် မဟုတ်။ ငါသည် ငါ့အပေါ် အပြည့်အဝ သစ္စာရှိပြီး ငါ၏ဝန်ထုပ်ဝန်ပိုးကို ထောက်ထားနိုင်သော လူများဖြစ်သည့် ရိုးသားဖြောင့်မတ်ပြီး ဉာဏ်ပညာရှိသူများကိုသာ အသုံးပြုသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ငါ၏ ကြိုတင်ခွဲခန့် မှတ်သားထားခြင်းကို ခံခဲ့ရသောသူတို့ ဖြစ်သောကြောင့် ဖြစ်ပြီး ၎င်းတို့အပေါ်တွင် နတ်ဆိုးများ၏ အဘယ်လုပ်ဆောင်မှုမျှ လုံးဝမရှိပေ။ အရာတစ်ခုအား ငါရှင်းလင်းအောင်‌ပြောမည်- ယခုမှစ၍ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှု မရှိသော သူအားလုံးတို့၌ နတ်ဆိုးများ၏လုပ်ဆောင်မှု ရှိကြသည်။ ငါ ထပ်လောင်း ပြောဆိုမည်- နတ်ဆိုးများ လုပ်ဆောင်မှုရှိသည့် မည်သူ တစ်ဉီးတစ်ယောက်ကိုမျှ ငါမလိုလားပေ။ ၎င်းတို့ အားလုံးသည် မရဏနိုင်ငံသို့ ၎င်းတို့၏ ဇာတိပကတိနှင့်အတူ ပစ်ချခြင်းကို ခံရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၆)

ထိပါးစော်ကားခြင်းအပေါ် ဘုရားသခင်၏သည်းမခံခြင်းသည် သူ၏အတုမရှိသော အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏အမျက်ဒေါသသည် သူ၏အတုမရှိသော စိတ်သဘောထားဖြစ်သည်။ ဘုရားသခင်၏ဘုန်းအာနုဘော်သည် သူ၏အတုမရှိသော အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏ ဒေါသနောက်ကွယ်ရှိ နိယာမသည် သူသာလျှင်ပိုင်ဆိုင်သည့် သူ၏ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်တို့၏ ထုတ်ဖော်ချက်ဖြစ်သည်။ ဤနိယာမသည် အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရဆိုင်ရာ သင်္ကေတတစ်ခုလည်းဖြစ်ကြောင်းကို ပြောစရာမလိုပေ။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ကိုယ်ပိုင်ရှိရင်းစွဲအနှစ်သာရဖြစ်ပြီး ယင်းသည် အချိန်ကုန်လွန်သည်နှင့် လိုက်ပြောင်းလဲခြင်းလုံးဝမရှိသကဲ့သို့ တည်နေရာ အပြောင်းအလဲများကိုလိုက်၍လည်း မပြောင်းလဲပေ။ သူ၏ရှိရင်းစွဲစိတ်သဘောထားသည် သူ၏ပင်ကိုအနှစ်သာရဖြစ်သည်။ သူ၏အမှုကို မည်သူ့အပေါ်၌ သူပြုသည်ဖြစ်စေ သူ၏အနှစ်သာရသည် မပြောင်းလဲသကဲ့သို့ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားသည်လည်း မပြောင်းလဲချေ။ လူတစ်ယောက်သည် ဘုရားသခင်ကို ဒေါသထွက်စေသည့်အခါ ဘုရားသခင်ထုတ်လွှတ်သည့်အရာသည် သူ၏ရှိရင်းစွဲစိတ်သဘောထားဖြစ်သည်။ ဤအချိန်၌ သူ့ဒေါသနောက်ကွယ်မှ အခြေခံမူက မပြောင်းလဲသကဲ့သို့ သူ၏အတုမရှိသည့် ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်တို့ကလည်း မပြောင်းလဲပေ။ သူ၏အနှစ်သာရက ပြောင်းလဲသောကြောင့်၊ သို့မဟုတ် သူ၏စိတ်သဘောထားမှ မတူညီသည့် သဘောတရားများ ထွက်ပေါ်လာသောကြောင့် သူဒေါသထွက်လာခြင်း မဟုတ်ဘဲ သူ့အပေါ် လူသား၏ ဆန့်ကျင်မှုသည် သူ၏စိတ်သဘောထားကို ထိပါးစော်ကားသောကြောင့်ဖြစ်၏။ ဘုရားသခင်ကို လူသား၏ ပြောင်ပြောင်တင်းတင်း ရန်စခြင်းက ဘုရားသခင်၏ ကိုယ်ပိုင်ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်အတွက် အလွန်ပြင်းထန်သည့် စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်။ ဘုရားသခင်၏အမြင်တွင် လူသားက သူ့ကို စိန်ခေါ်သည့်အခါ လူသားသည် သူ့ကိုယှဉ်ပြိုင်နေခြင်းဖြစ်ပြီး သူ၏ဒေါသကို အကဲစမ်းနေခြင်းဖြစ်သည်။ လူသားက ဘုရားသခင်ကို ဆန့်ကျင်သည့်အခါ၊ လူသားက ဘုရားသခင်ကို ယှဉ်ပြိုင်သည့်အခါ၊ လူသားက ဘုရားသခင်၏ ဒေါသကို အဆက်မပြတ် အကဲစမ်းသည့်အခါ- ဤကဲ့သို့သောအချိန်မျိုးမှာ အပြစ်တရားထကြွသောင်းကျန်းသည့် အချိန်ဖြစ်သည်- ဘုရားသခင်၏ အမျက်ဒေါသသည် အလိုအလျောက် ထုတ်ဖော်ပြီး ထွက်ပေါ်လာလိမ့်မည်။ ထို့ကြောင့် သူ၏အမျက်ဒေါသကို ဘုရားသခင်၏ဖော်ပြချက်က ဆိုးယုတ်သော စွမ်းအားခပ်သိမ်းသည် မတည်ရှိတော့မည့် သင်္ကေတတစ်ခုဖြစ်ပြီး ရန်လိုသည့် စွမ်းအားခပ်သိမ်းသည် ဖျက်ဆီးခံရမည့် သင်္ကေတတစ်ခုဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အတုမရှိမှုနှင့် ဘုရားသခင့်အမျက်ဒေါသ၏ အတုမရှိမှုဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် သန့်ရှင်းခြင်းတို့ စိန်ခေါ်ခံရသည့်အခါ၊ လူသားက တရားမျှတမှု၏ စွမ်းအားများကို ပိတ်ဆို့ထားပြီး ၎င်းတို့ကို မမြင်သည့်အခါ ဘုရားသခင်သည် သူ၏အမျက်ဒေါသကို စေလွှတ်လိမ့်မည်။ ဘုရားသခင်ကို ယှဉ်ပြိုင်သည့်၊ သူ့ကိုဆန့်ကျင်ပြီး သူ့ကိုရင်ဆိုင်သည့် စွမ်းအားခပ်သိမ်းသည် ဘုရားသခင်၏ အနှစ်သာရကြောင့် ဆိုးယုတ်ကာ ဖောက်ပြန်ပျက်စီးပြီး မတရားကြပေ။ ၎င်းတို့သည် စာတန်ထံမှလာပြီး စာတန်နှင့်သက်ဆိုင်၏။ ဘုရားသခင်သည် တရားမျှတပြီး အလင်းဖြစ်သည့်အပြင် အပြစ်အနာအဆာကင်းမဲ့စွာ သန့်စင်မွန်မြတ်သောကြောင့် ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်လိုက်သောအခါ ဆိုးယုတ်၍ ဖောက်ပြန်ပျက်စီးပြီး စာတန်နှင့်သက်ဆိုင်သည့် အရာအားလုံးသည် ပျောက်ကွယ်သွားလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က သူ၏ရည်ရွယ်ချက်ကို ပြောင်းလဲခြင်း၌ တွန့်ဆုတ်ခြင်း၊ သို့မဟုတ် မပြတ်သားခြင်းတို့ မပါဝင်ပေ။ စင်စစ်အားဖြင့် ဒေါသသက်သက်မှ သည်းခံခြင်းသက်သက်ကို ကူးပြောင်းသွားခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင့်အနှစ်သာရ၏ မှန်ကန်သည့် ထုတ်ဖော်ချက်ဖြစ်၏။ ဘုရားသခင်သည် သူ၏လုပ်ဆောင်ချက်တို့၌ မပြတ်သားခြင်း၊ သို့မဟုတ် တွန့်ဆုတ်ခြင်းတို့ မည်သည့်အခါမျှမရှိပေ။ သူ၏လုပ်ဆောင်ချက်များနောက်က အခြေခံမူများနှင့် ရည်ရွယ်ချက်များအားလုံးသည် ရှင်းလင်းပြီး ပွင့်လင်းမြင်သာ၏၊ သန့်စင်ပြီး ခြောက်ပြစ်ကင်း၏။ အတွင်း၌ လှည့်ကွက်များ၊ သို့မဟုတ် လျှို့ဝှက်အကြံအစည်များ ရောထွေးနေခြင်း လုံးဝမရှိပေ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏အနှစ်သာရထဲ၌ အမှောင်ထုသော်လည်းကောင်း၊ ဆိုးယုတ်ခြင်းသော်လည်းကောင်း မပါဝင်ပေ။ နိနေဝေမြို့သားများ၏ ဆိုးညစ်သည့် လုပ်ရပ်များက သူ့ရှေ့ကို ရောက်လာသည့်အတွက်ကြောင့် ဘုရားသခင်က ဒေါသထွက်ခဲ့သည်။ ထိုအချိန်တုန်းက သူ၏ဒေါသသည် သူ၏အနှစ်သာရမှ ဆင်းသက်သည်။ သို့သော်လည်း ဘုရားသခင်၏ဒေါသသည် ပျောက်ကွယ်သွားပြီး သူ၏သည်းခံခြင်းကို နိနေဝေမြို့သားတို့အပေါ် နောက်တစ်ကြိမ် ချပေးသနားသည့်အခါ သူဖွင့်ပြသည့်အရာအားလုံးက သူ၏ကိုယ်ပိုင်အနှစ်သာရပင် ဖြစ်နေသေး၏။ ဤပြောင်းလဲမှုတစ်ခုလုံးက ဘုရားသခင်အပေါ် လူသား၏သဘောထား ပြောင်းလဲမှုကြောင့်ဖြစ်သည်။ ဤအချိန်ကာလတစ်ခုလုံးအတွင်း၌ ဘုရားသခင်၏ ထိပါးစော်ကား၍မရသည့် စိတ်သဘောထားက ပြောင်းလဲမသွားပေ။ ဘုရားသခင်၏ သည်းခံသည့် အနှစ်သာရက ပြောင်းလဲမသွားပေ။ ထို့ပြင် ဘုရားသခင်၏ မေတ္တာကရုဏာနှင့်ပြည့်စုံသော အနှစ်သာရက ပြောင်းလဲမသွားပေ။ လူတို့က ဆိုးညစ်သည့် လုပ်ရပ်များကို ကျူးလွန်ပြီး ဘုရားသခင်ကို ထိပါးစော်ကားသည့်အခါ သူ့ဒေါသကို သူတို့အပေါ် ကျရောက်စေလိမ့်မည်။ လူတို့က အမှန်တကယ် နောင်တရသည့်အခါ ဘုရားသခင်၏ နှလုံးသားသည် ပြောင်းလဲမည်ဖြစ်ပြီး သူ၏ဒေါသသည် ရပ်တန့်သွားလိမ့်မည်။ လူတို့က ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆက်ပြီးဆန့်ကျင်နေလျှင် သူ၏ဒေါသက ရပ်စဲလိမ့်မည် မဟုတ်ဘဲ သူ၏အမျက်ဒေါသသည် ထိုသူတို့ဖျက်ဆီးခံရသည့်အထိ တစ်စပြီးတစ်စ သူတို့အပေါ် ဖိအားပေးသွားမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင့်စိတ်သဘောထား၏ အနှစ်သာရဖြစ်သည်။ ဘုရားသခင်က အမျက်ဒေါသကို ဖော်ပြနေသည်ဖြစ်စေ၊ သို့မဟုတ် သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုကို ဖော်ပြနေသည်ဖြစ်စေ ဘုရားသခင့်စိတ်သဘောထား၏ ထုတ်ဖော်ချက်မှတစ်ဆင့် ပြသသည့်အရာကို လူသား၏လုပ်ဆောင်ချက်၊ အပြုအမူနှင့် လူသား၏နှလုံးသားအတွင်းရှိ ဘုရားသခင်အပေါ်ထားသော သဘောထားတို့က သတ်မှတ်သည်။ ဘုရားသခင်က သူ၏အမျက်ဒေါသကို လူတစ်ယောက်အပေါ်မှာ အဆက်မပြတ် သက်ရောက်စေလျှင် ဤလူ၏နှလုံးသားသည် ဘုရားသခင်ကို ဆန့်ကျင်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ဤလူ့အနေဖြင့် တစ်ခါမျှ အမှန်တကယ် နောင်တရဖူးခြင်း မရှိသည့်အတွက်ကြောင့်၊ ဘုရားသခင်ရှေ့၌ ဦးညွှတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်မှုကို ပိုင်ဆိုင်ခြင်း မရှိသည့်အတွက်ကြောင့် သူသည် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းကို တစ်ခါမျှ မရရှိခြင်းဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်၏ ဂရုစိုက်မှု၊ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို မကြာခဏလက်ခံရရှိလျှင် ဤလူ၏နှလုံးသား၌ ဘုရားသခင်ကို စစ်မှန်သည့်ယုံကြည်ခြင်းရှိပြီး သူ့နှလုံးသားသည် ဘုရားသခင်အား မဆန့်ကျင်သည်ကို ယုံမှားဖွယ်ရာမရှိပေ။ ဤသူသည် ဘုရားသခင်ရှေ့၌ မကြာခဏ အမှန်တကယ် နောင်တရသည်။ ထို့ကြောင့် ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းက ဤလူအပေါ်သို့ မကြာခဏ သက်ရောက်လျှင်ပင် သူ၏အမျက်ဒေါသက ကျရောက်မည် မဟုတ်ပေ။

ဤမှတ်တမ်းအကျဉ်းက လူတို့အား ဘုရားသခင်၏ နှလုံးသားကို မြင်စေသည်၊ သူ့အနှစ်သာရ၏ စစ်မှန်ခြင်းကို မြင်စေသည်၊ ဘုရားသခင်၏ ဒေါသနှင့် သူ၏နှလုံးသားပြောင်းလဲခြင်းများသည် အကြောင်းမဲ့သက်သက် မဟုတ်ကြောင်းကို လူတို့အား မြင်စေသည်။ ဒေါသနှင့် သည်းခံခြင်းဟူသည့် ဘုရားသခင့်အနှစ်သာရ၏ ဤရှုထောင့်နှစ်ခုကြားတွင် ကြီးမားသည့် ကွာဟမှု၊ သို့မဟုတ် ခြားနားမှုတစ်ခုရှိသည်ဟု လူတို့ကို ယုံကြည်စေသောအရာဖြစ်သည့် စိတ်ဆိုးချိန်နှင့် နှလုံးသားပြောင်းလဲချိန်တွင် ဘုရားသခင်ထုတ်ဖော်ပြသခဲ့သည့် သိသာသော ကွဲပြားမှုရှိသော်လည်း နိနေဝေမြို့သားတို့၏ နောင်တရခြင်းအပေါ် ဘုရားသခင်၏ သဘောထားသည် ဘုရားသခင့်စိတ်သဘောထားအမှန်၏ အခြားတစ်ဖက်ကို လူတို့အား မြင်စေသည်။ ဘုရားသခင်၏ နှလုံးသားပြောင်းလဲခြင်းသည် ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှု၏ အမှန်တရားကို လူသားမျိုးနွယ်အား နောက်တစ်ကြိမ်မြင်စေပြီး ဘုရားသခင့်အနှစ်သာရ၏ ထုတ်ဖော်ချက်အမှန်ကိုလည်း မြင်စေသည်။ ဘုရားသခင်၏သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့သည် ဒဏ္ဍာရီများမဟုတ်သကဲ့သို့ လုပ်ကြံဖန်တီးထားခြင်းများလည်း မဟုတ်ကြောင်းကို လူသားမျိုးနွယ်က အသိအမှတ်ပြုရုံသာရှိသည်။ ဤသို့ဖြစ်ရခြင်းမှာ ထိုအချိန်၌ ဘုရားသခင်၏ ခံစားချက်က မှန်ကန်ပြီး ဘုရားသခင်၏ နှလုံးသားပြောင်းလဲခြင်းက မှန်ကန်သောကြောင့်ဖြစ်သည်- ဘုရားသခင်က လူသားမျိုးနွယ်အပေါ် သူ၏သနားကရုဏာနှင့် သည်းခံမှုကို အမှန်တကယ်ပင် နောက်တစ်ကြိမ် ချပေးသနားခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

အောက်ဖော်ပြပါ ကျမ်းပိုဒ်ကို ယောန၀တ္ထု ၄:၁၀-၁၁ တွင် မှတ်တမ်းတင်ထားသည်- “ယေဟောဝါကလည်း၊ သင်သည် မိမိ၏အားထုတ်ကြိုးပမ်းခြင်းလည်းမပါ၊ ကြီးထွားစေရန်လည်း သင်မလုပ်ခဲ့သည့် တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်းရှိပေ၏။ များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။” ဤသည်တို့မှာ ဘုရားသခင်နှင့် ယောနတို့၏ စကားစမြည်ပြောဆိုခြင်းမှ မှတ်တမ်းတင်ထားသည့် ယေဟောဝါဘုရားသခင်၏ နှုတ်ကပတ်တော်စစ်စစ်များဖြစ်သည်။ ဤခွန်းတုံ့ဖလှယ်ခြင်းမှာ တိုတောင်းလင့်ကစား လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ ပူပန်မှုနှင့် လူသားမျိုးနွယ်အား လက်လျှော့ရန် သူ၏ဝန်လေးမှုတို့နှင့် ပြည့်နေသည်။ သူ၏ဖန်ဆင်းခြင်းအတွက် သူ၏နှလုံးသားထဲတွင် ဘုရားသခင် စွဲကိုင်ထားသည့် စစ်မှန်သော သဘောထားနှင့် ခံစားချက်များကို ဤနှုတ်ကပတ်တော်များက ဖော်ပြသည်။ လူသားကြားဖူးရန် ကြုံခဲလှသည့် ရှင်းလင်းပြတ်သားသော ဤနှုတ်ကပတ်တောများမှတစ်ဆင့် ဘုရားသခင်သည် လူသားတစ်ရပ်လုံးအတွက် သူ၏စစ်မှန်သော ရည်ရွယ်ချက်များကို ထုတ်ပြန်သည်။ ဤအပြန်အလှန် စကားပြောခြင်းက နိနေဝေမြို့သားများအပေါ် ဘုရားသခင်စွဲကိုင်ခဲ့သည့် သဘောထားတစ်ခုကို ကိုယ်စားပြုသည်၊ သို့ရာတွင် ဤသည်မှာ မည်ကဲ့သို့သော သဘောထားမျိုးနည်း။ ယင်းသည် နိနေဝေမြို့သားများ နောင်တမရခင်နှင့် နောင်တရပြီးနောက် သူတို့အပေါ် ဘုရားသခင်စွဲကိုင်ခဲ့သည့် သဘောထားပင်ဖြစ်ဖြစ်ပြီး လူသားမျိုးနွယ်ကို သူဆက်ဆံသည့် သဘောထားဖြစ်သည်။ ဤနှုတ်ကပတ်တော်များထဲတွင် သူ၏အတွေးများနှင့် သူ၏စိတ်သဘောထားတို့ ရှိကြ၏။

............

နိနေဝေမြို့သည် သောဒုံ၌ ရှိသောသူများကဲ့သို့ ဖောက်ပြန်ပျက်စီးသော၊ ဆိုးယုတ်၍ ရုန့်ရင်းကြမ်းကြုတ်သော လူများနှင့် ပြည့်နေခဲ့လင့်ကစား၊ သူတို့၏နောင်တက ဘုရားသခင်၏နှလုံးသားကို ပြောင်းလဲစေခဲ့ပြီး သူတို့ကို မဖျက်ဆီးရန် ဆုံးဖြတ်စေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညွှန်ကြားချက်များကို သူတို့၏သဘောထားပုံက သောဒုံမြို့သားများနှင့် သိသိသာသာ ကွာခြားသော သဘောထားတစ်ခုကို ထင်ထင်ရှားရှား ပြသောကြောင့်လည်းကောင်း၊ ထို့နောက် ဘုရားသခင်ထံ သူတို့၏ ရိုးသားသော နာခံခြင်းနှင့် သူတို့၏အပြစ်များအတွက် ရိုးသားသော နောင်တရခြင်းအပြင်၊ အဖက်ဖက်၌ သူတို့၏ စစ်မှန်၍ လှိုက်လှဲသော အပြုအမူများကြောင့်လည်းကောင်း၊ ဘုရားသခင်သည် သူ၏ လှိုက်လှဲသော သနားခြင်းကို နောက်တစ်ကြိမ် ပြခဲ့ပြီး ယင်းကို သူတို့အပေါ် နှင်းအပ်ခဲ့သည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်နှင်းအပ်ပေးသောအရာနှင့် လူသားမျိုးနွယ်အတွက် သူ၏သနားခြင်းကို အဘယ်သူမျှ တုပရန်မဖြစ်နိုင်ပေ၊ ဘုရားသခင်၏ သနားကရုဏာ၊ သို့မဟုတ် သည်းခံခြင်းကိုဖြစ်စေ၊ လူသားမျိုးနွယ်အပေါ် သူ၏စစ်မှန်သော ခံစားချက်များကိုဖြစ်စေ အဘယ်ပုဂ္ဂိုလ်ကမျှ မပိုင်ဆိုင်နိုင်ချေ။ မြင့်မားသောအဆင့်မှဆိုပါက ကြီးမြတ်သော လူယောက်ျား၊ သို့မဟုတ် လူမိန်းမကဲ့သို့ ပြောဆိုမည့်သူ၊ သို့တည်းမဟုတ် အမြင့်ဆုံးအဆင့်မှဆိုပါက လူသားမျိုးနွယ်၊ သို့မဟုတ် ဖန်ဆင်းရာများအပေါ် ဤကဲ့သို့သော ထုတ်ပြန်ချက်မျိုး ပြုလုပ်မည့် ကြီးမြတ်သော လူယောက်ျား၊ သို့မဟုတ် လူမိန်းမ၊ သို့တည်းမဟုတ် အာဂလူဟုပင် သင်မှတ်ယူသည့်လူ တစ်စုံတစ်ယောက် ရှိသလော။ လူသားမျိုးနွယ်တွင် မည်သူသည် လူ့လောက၏ အသက်ရှင်မှု အနေအထားများကို မိမိလက်ဖဝါးကဲ့သို့ သိနိုင်သနည်း။ လူ့လောက၏ ဖြစ်တည်ခြင်းအတွက် မည်သူသည် ဝန်တာထားကာ တာဝန်ယူနိုင်သနည်း။ မြို့တစ်မြို့ဖျက်ဆီးခြင်းကို ကြေညာရန် မည်သူသည် အရည်အချင်းမီသနည်း။ ထို့ပြင် မြို့တစ်မြို့ကို ခွင့်လွှတ်ရန် မည်သူသည် အရည်အချင်းမီသနည်း။ သူတို့ကိုယ်တိုင်ဖန်ဆင်းရာကို သူတို့ချစ်ခင်မြတ်နိုးသည်ဟု မည်သူဆိုနိုင်သနည်း။ ဖန်ဆင်းရှင်သာလျှင် ဖြစ်၏။ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်အပေါ် ကြင်နာယုယခြင်း ထားသည်။ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်ကို သိမ်မွေ့ခြင်းနှင့် ချစ်ခင်ကြင်နာခြင်းကို ပြသည်။ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်အတွက် စစ်မှန်၍ မချိုးနှိမ်နိုင်သော ချစ်ခင်ကြင်နာခြင်း စွဲကိုင်ထားသည်။ ထိုနည်းတူပင် ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်အပေါ် သနားကရုဏာနှင်းအပ်နိုင်ကာ မိမိ၏ဖန်ဆင်းရာအားလုံးကို ချစ်ခင်မြတ်နိုးနိုင်သည်။ သူ၏နှလုံးသားသည် လူသား၏လုပ်ရပ်တစ်ခုစီတိုင်းတွင် ခုန်ပေါက်၍ နာကျင်သည်၊ လူသား၏ ဆိုးယုတ်မှုနှင့် ဖောက်ပြန်ပျက်စီးမှုအပေါ် သူသည် ဒေါသထွက်ကာ သောကရောက်ပြီး ဝမ်းနည်းကြေကွဲသည်၊ လူသား၏ နောင်တနှင့် ယုံကြည်မှုအတွက် သူသည် ကျေနပ်ကာ ပျော်ရွှင်၍ ခွင့်လွှတ်ပြီး ဂုဏ်ယူဝင့်ကြွားသည်၊ သူ၏အတွေးများနှင့် စိတ်ကူးများ တစ်ခုစီတိုင်းသည် လူသားမျိုးနွယ်အတွက် ဖြစ်တည်နေ၍ လူသားကို ဗဟိုပြုနေသည်၊ သူ၏ ဖြစ်ခြင်းနှင့် အရာအားလုံးကို လူသားမျိုးနွယ်အတွက်သာလျှင် ဖော်ပြထားသည်၊ သူ၏ခံစားချက်တစ်ခုလုံးသည် လူသားမျိုးနွယ်၏ ဖြစ်တည်မှုနှင့်အတူ ရောယှက်နေသည်။ လူသားမျိုးနွယ်အဖို့အလို့ငှာ သူသည်သွားလာပြီး အပူတပြင်းလုပ်ဆောင်သည်၊ သူသည် သူ့အသက်၏ အပိုင်းအစတိုင်းကို တိတ်တိတ်ဆိတ်ဆိတ် ထုတ်လွှတ်ပေးသည်၊ သူသည် သူ့အသက်၏ မိနစ်တိုင်း၊ စက္ကန့်တိုင်းကို ဆက်ကပ်ထားသည်။...သူသည် မိမိကိုယ်တိုင်၏အသက်ကို နှမြောရကောင်းမှန်း လုံးဝမသိခဲ့ပေ၊ သို့သော်လည်း သူသည် သူကိုယ်တိုင်ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်ကို အမြဲချစ်ခင်မြတ်နိုးခဲ့သည်။...သူသည် ဤလူ့လောကအတွက် သူ၌ရှိသမျှအားလုံးကို ပေးအပ်သည်။...သူသည် သူ၏သနားကရုဏာနှင့် သည်းခံခြင်းကို ဆုလာဘ်အတွက် မျှော်လင့်ချက်မပါဘဲ အကြွင်းမဲ့ချပေးသည်။ လူသားမျိုးနွယ်က သူ၏အသက်ထောက်ပံ့ခြင်းကို ရရှိပြီး၊ သူ့မျက်စိရှေ့တွင် ဆက်လက်အသက်ရှင် ရပ်တည်နိုင်ရန်အတွက်သာ သူဤသို့ပြုလုပ်သည်။ လူသားမျိုးနွယ်အနေဖြင့် တစ်နေ့တွင် သူ၏ရှေ့မှောက်၌ ကျိုးနွံနာခံကာ၊ သူသာလျှင် လူသား၏ဖြစ်တည်မှုကို အာဟာရဖြစ်စေပြီး ဖန်ဆင်းရာအားလုံး၏ အသက်ကို ဖြည့်စွမ်းပေးသောသူဖြစ်ကြောင်း သိရန်အလို့ငှာ သူဤသို့ ပြုလုပ်ခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

“ဘုရားသခင်၏ သန့်ရှင်းခြင်း” ဆိုသည်မှာ ဘုရားသခင်၏အနှစ်သာရမှာ အပြစ်အနာအဆာ ကင်းကြောင်း၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာက ကိုယ်ကျိုးငဲ့ခြင်းမရှိ၊ လူသားကို ဘုရားသခင်ပေးသော အရာအားလုံးသည် ကိုယ်ကျိုးငဲ့ခြင်း မရှိကြောင်းကို ဆိုလိုသည်။ ပြီးလျှင် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အပြစ် အနာအဆာကင်းပြီး အပြစ်တင်စရာမရှိပါ။ ဘုရားသခင်၏ ဤအနှစ်သာရနှင့်ဆိုင်သည့် ဤသွင်ပြင် လက္ခဏာများသည် သူ၏ အဆင့်အတန်းကို ကြွားလုံးထုတ်ရန် သူအသုံးပြုသော စကားလုံးများသက်သက်မဟုတ်ဘဲ၊ ယင်းထက် ဘုရားသခင်သည် လူတစ်ဦးတစ်ယောက်စီတိုင်းအား တည်ငြိမ်သော ရိုးသားမှန်ကန်မှုဖြင့် ဆက်ဆံရန် သူ၏အနှစ်သာရကို အသုံးပြုခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ အနှစ်သာရသည် အဓိပ္ပာယ်မဲ့မဟုတ်သကဲ့သို့ အယူအဆရေးရာ သို့မဟုတ် အယူဝါဒဆိုင်ရာလည်း မဟုတ်ပေ၊ ပြီးလျှင် ယင်းသည် အသိပညာတစ်မျိုး မဟုတ်သည်မှာလည်း အသေအချာပင်ဖြစ်၏။ ယင်းသည် လူသားအတွက် ပညာရေးတစ်မျိုးမဟုတ်ပေ။ ထိုအစား၊ ဘုရားသခင်ကိုယ်တိုင်၏ လုပ်ဆောင်ချက်များနှင့်ဆိုင်သော စစ်မှန်သည့် ထုတ်ဖော်ပြခြင်းနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်ဆိုင်သည့် ထုတ်ဖော်ထားသော အနှစ်သာရဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

ဘုရားသခင်၏ ဝိညာဉ် ဝတ်ဆင်ခဲ့သည့် ခန္ဓာသည် ဘုရားသခင်ကိုယ်တိုင်၏ ခန္ဓာဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်သည် အထွတ်အထိပ်ဖြစ်၏။ သူသည် အနန္တတန်ခိုးရှိသည်၊ သန့်ရှင်းပြီး ဖြောင့်မတ်လေသည်။ အလားတူပင်၊ သူ၏ခန္ဓာသည်လည်း အထွတ်အထိပ်ဖြစ်ပြီး၊ အနန္တတန်ခိုးရှိကာ သန့်ရှင်း၍ ဖြောင့်မတ်လေသည်။ ထိုသို့သော ခန္ဓာတစ်ခုသည် ဖြောင့်မတ်ပြီး လူသားမျိုးနွယ်အဖို့ အကျိုးပြုသည့်အရာ၊ သန့်ရှင်းပြီး၊ မွန်မြတ်ကာ အနန္တတန်ခိုးနှင့်ပြည့်စုံသည့် အရာကိုသာ လုပ်ဆောင်နိုင်လေသည်။ သူသည် သမ္မာတရားကို ချိုးဖောက်သည့်၊ ကိုယ်ကျင့်တရားနှင့် တရားမျှတမှုတို့ကို ချိုးဖောက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းမရှိသည့်အပြင် ဘုရားသခင်၏ ဝိညာဉ်ကို သစ္စာဖောက်သည့်အရာ မည်သည့်အရာကိုမဆို သာ၍ပင် လုပ်နိုင်စွမ်းမရှိပေ။ ဘုရားသခင်၏ ဝိညာဉ်သည် သန့်ရှင်း၏၊ ထို့ကြောင့် သူ၏ ခန္ဓာကို စာတန်က မဖျက်ဆီးနိုင်ပေ။ သူ၏ ခန္ဓာသည် လူသား၏ ဇာတိပကတိနှင့် ကွဲပြားသော အနှစ်သာရ ရှိလေသည်။ အကြောင်းမူကား၊ စာတန်၏ ဖျက်ဆီးခြင်းခံရသည်မှာ ဘုရားသခင်မဟုတ်ဘဲ လူဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ဘုရားသခင်၏ ခန္ဓာကို ဖောက်ပြန်ပျက်စီးစေဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့်၊ လူသားနှင့် ခရစ်တော်သည် နေရာတစ်ခုတည်းအတွင်း နေထိုင်ကြသည် ဆိုသည့်အချက် ရှိသော်ငြားလည်း၊ စာတန်၏ ဝင်ပူးခြင်းခံရကာ၊ အသုံးပြုခံရပြီး အမိဖမ်းခံရသည်မှာ လူသားသာ ဖြစ်သည်။ ဆန့်ကျင်ဖက်အနေဖြင့်၊ ခရစ်တော်ကို စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း ထာဝရ မသက်ရောက်နိုင်ပေ၊ အဘယ့်ကြောင့်ဆိုသော် စာတန်သည် အမြင့်ဆုံးသော နေရာသို့ တက်ကြွခြင်းငှာ ဘယ်သောအခါမျှ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်ထံ ဘယ်သောအခါမျှ တိုးဝင်ချဉ်းကပ် နိုင်လိမ့်မည် မဟုတ်သောကြောင့်ဖြစ်သည်။ ယနေ့တွင်၊ စာတန်၏ ဖျက်ဆီးခြင်းခံရသည်နှင့်အမျှ ငါ့ကို သစ္စာဖောက်သည်မှာ လူသားမျိုးနွယ်သာ ဖြစ်သည်ကို သင်တို့အားလုံး သိသင့်၏။ သစ္စာဖောက်ခြင်းသည် ခရစ်တော် နည်းနည်းမျှ ပါဝင်သည့် ကိစ္စရပ် ဘယ်သောအခါမျှ ဖြစ်လိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)

ဘုရားသခင်ကိုယ်တော်တိုင်သည် မနာခံခြင်း၏ အရိပ်လက္ခဏာ မပိုင်ဆိုင်ပေ။ သူ၏ အနှစ်သာရက ကောင်းမွန်သည်။ သူသည် လှပမှုနှင့် ကောင်းမွန်မှုအားလုံးအပြင် ချစ်ခြင်းမေတ္တာ အားလုံး၏ ဖော်ပြချက်ဖြစ်သည်။ ဇာတိခန္ဓာ၌ပင်လျှင် ဘုရားသခင်သည် ခမည်းတော် ဘုရားသခင်ကို မနာခံသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ မိမိအသက်ကို စတေးကာ ဆုံးရှုံးအနစ်နာခံလျက်ပင်၊ သူသည် စိတ်နှလုံးအကြွင်းမဲ့ ထိုသို့ လုပ်ဆောင်ရန် လိုလားနေမည် ဖြစ်ပြီး၊ အခြားရွေးချယ်မှုကို ပြုလုပ်မည်မဟုတ်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်းနှင့် မိမိကိုယ်ကိုယ် ကြီးကျယ်ခြင်းတို့၏ အရိပ်လက္ခဏာများ မရှိပေ၊ သို့မဟုတ် စိတ်ကြီးဝင်ခြင်းနှင့် မာနထောင်လွှားမှုတို့၏ အရိပ်လက္ခဏာများ မရှိပေ။ သူသည် ကောက်ကျစ်မှု အရိပ်လက္ခဏာများ မပိုင်ဆိုင်ပေ။ ဘုရားသခင်ကို မနာခံသည့်အရာ မည်သည့်အရာမဆိုသည် စာတန်ထံမှ လာသည်။ စာတန်သည် အကျည်းတန်မှုနှင့် ဆိုးယုတ်မှု အားလုံး၏ အရင်းအမြစ်ဖြစ်သည်။ လူသားသည် စာတန်၏ အရည်အသွေးများနှင့် တူညီသည့် အရည်အသွေးများ ရှိရသည့်အကြောင်းရင်းမှာ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် စီမံပြုပြင်ခြင်းခံရပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ခရစ်တော်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံရလေပြီ၊ ထို့ကြောင့် သူသည် ဘုရားသခင်၏ ထူးခြားသော လက္ခဏာများကိုသာ ပိုင်ဆိုင်ပြီး၊ စာတန်၏ မည်သည့်လက္ခဏာမျှ မပိုင်ဆိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်

လူသားနှင့်ပတ်သက်၍ အမှုအရာများ ပေါ်တွင် ဘုရားသခင်သည် အလားတူ အမြင်မျိုးများ ကိုင်စွဲထားသည်ကို သင် မည်သည့်အခါတွင်မျှ တွေ့ရ လိမ့်မည်မဟုတ်သည့်အပြင် ကိစ္စရပ်များကို ကိုင်တွယ်ရန် လူသားမျိုးနွယ်၏ ရှုထောင့်အမြင်များ၊ အသိပညာ၊ သိပ္ပံပညာ၊ အတွေးအခေါ် သို့မဟုတ် စိတ်ကူးများကို သူအသုံးပြုသည်ကို တွေ့ရလိမ့်မည်မဟုတ်။ ယင်းထက် ဘုရားသခင် လုပ်ဆောင်သမျှတိုင်းနှင့် သူထုတ်ဖော် ပြသမျှတိုင်းသည် သမ္မာတရားနှင့် ဆက်စပ် နေသည်။ ဆိုလိုသည်မှာ၊ သူပြောခဲ့သော နှုတ်ကပတ်တော်တိုင်းနှင့် သူလုပ်ဆောင်ခဲ့သော လုပ်ဆောင်ချက်တိုင်းသည် သမ္မာတရားနှင့် စပ်ဆိုင်သည်။ ဤသမ္မာတရားသည် အခြေအမြစ်မရှိသော စိတ်ကူးအချို့၏ ရလဒ်မဟုတ်ပေ။ ဤသမ္မာတရားနှင့် ဤနှုတ်ကပတ်တော်များကို ဘုရားသခင်က သူ၏ အနှစ်သာရနှင့် သူ၏ အသက်တို့ကို အကြောင်းပြု၍ ဖော်ပြထားခြင်းဖြစ်သည်။ ဤနှုတ်ကပတ်တော်များနှင့် ဘုရားသခင် လုပ်ဆောင်ခဲ့သမျှ အရာခပ်သိမ်း၏ အနှစ်သာရသည် သမ္မာတရား ဖြစ်သောကြောင့်၊ ဘုရားသခင်၏ အနှစ်သာရသည် သန့်ရှင်းသည်ဟု ငါတို့ပြောနိုင်သည်။ တစ်နည်းအားဖြင့် ဆိုသော်၊ ဘုရားသခင် ပြောဆို၊ လုပ်ဆောင်သမျှ အရာခပ်သိမ်းတို့သည် လူတို့ထံ အသက်ပါခြင်းနှင့် အလင်းကို ယူဆောင်လာပေးသည်၊ လူတို့ကို အပြုသဘောဆောင်သော အရာများနှင့် ထိုအပြုသဘောဆောင်သော အရာများ၏ စစ်မှန်မှုကို မြင်ခွင့်ပေးပြီး ၎င်းတို့အနေဖြင့် မှန်ကန်သော လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့အလို့ငှာ လူသားမျိုးနွယ်အတွက် လမ်းညွှန်ပေးသည်။ ဤအရာအားလုံးကို ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏ သန့်ရှင်းခြင်းနှင့်ဆိုင်သော အနှစ်သာရတို့က သတ်မှတ် ထားခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)

ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့၏။ ၎င်းတို့ ဖောက်ပြန်ဖျက်ဆီးခံရပြီးသည်ဖြစ်စေ သို့မဟုတ် သူ့နောက်လိုက်လျှောက်ကြသည်ဖြစ်စေ ပဓာနမထားဘဲ၊ ဘုရားသခင်သည် လူသားများကို သူ၏ကစားစရာများကဲ့သို့ မဟုတ်ဘဲ၊ သူ အမြတ်နိုးရဆုံး ချစ်ရသူများအဖြစ်- သို့မဟုတ် လူသားများ ပြောသကဲ့သို့ သူ့အဖို့ အချစ်မြတ်နိုးရဆုံးသော လူများအဖြစ်- ဆက်ဆံလေသည်။ ဘုရားသခင်က သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး လူသားသည် သူ၏ဖန်ဆင်းခြင်း ဖြစ်သည်ဟု ပြောသော်လည်း၊ ယင်းသည် အဆင့်အတန်းဖြင့် ကွာခြားမှုအနည်းငယ် ရှိသည်ဟု ထင်ကောင်းထင်ရနိုင်သော်လည်း၊ လက်တွေ့အရှိတရားမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် အရာတိုင်းသည် ဤသဘောသဘာဝနှင့်သက်ဆိုင်သည့် ဆက်နွှယ်မှုကို များစွာကျော်လွန်ပေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ချစ်၏၊ လူသားမျိုးနွယ်ကို ဂရုစိုက်ပြီး၊ လူသားမျိုးနွယ်အတွက် ပူပန်မှုကို ပြသည့်အပြင်၊ လူသားမျိုးနွယ်အတွက် စဉ်ဆက်မပြတ် ရပ်တန့်ခြင်း မရှိဘဲ ထောက်ပံ့ပေးလျက်ရှိသည်။ ဤသည်မှာ အပိုအလုပ်ဖြစ်ပြီး နာမည်ကောင်းများစွာ ရထိုက်သည့်အရာ ဖြစ်သည် သို့မဟုတ် များစွာ ချီးကျူးထိုက်သည့်အရာတစ်ခုဟု သူ၏နှလုံးသားတွင် ဘုရားသခင်သည် လုံးဝ မခံစားရပေ။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် အရာရာ ပေးအပ်ခြင်းသည် လူသားမျိုးနွယ်ကို ဧရာမ အထောက်အကူပြုခြင်းတစ်ခု ဖြစ်သည်ဟုလည်း သူမခံစားရချေ။ သူသည် လူသားမျိုးနွယ်ကို သူ၏ ကိုယ်ပိုင်နည်းလမ်း၊ သူ၏အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့မှတစ်ဆင့် တိတ်ဆိတ်စွာနှင့် ငြိမ်သက်စွာ သက်သက် ထောက်ပံ့ ပေးလေသည်။ လူသားမျိုးနွယ်သည် သူ့ထံမှ မည်မျှထောက်ပံ့မှုနှင့် မည်မျှအကူအညီတို့ကို ရရှိသည် ဖြစ်စေ၊ ဘုရားသခင်သည် ချီးကျူးမှုရဖို့ လုံးဝ မစဉ်းစား သို့မဟုတ် မကြိုးစားပေ။ ဤအရာကို ဘုရားသခင်၏ အနှစ်သာရက သတ်မှတ်ပေးထားပြီး ဘုရားသခင်၏ စိတ်သဘောထား၏ စစ်မှန်သည့် ဖော်ပြချက်လည်း အတိအကျ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

“အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။” ဤအဖြစ်အပျက်တွင် အာဒံနှင့်ဧဝတို့နှင့် အတူရှိချိန်တွင် ဘုရားသခင်သည် မည်သည့်အခန်းကဏ္ဍမျိုး ဆောင်ရွက်သည်ကို ငါတို့ တွေ့ရသနည်း။...ဘုရားသခင်သည် ဤလူနှစ်ဦးကို ဖန်ဆင်းခဲ့ပြီး သူ၏အပေါင်းအဖော်များ အဖြစ် ဆက်ဆံခဲ့သည်။ ၎င်းတို့၏ တစ်ခုတည်းသော မိသားစုအနေနှင့် ဘုရားသခင်သည် ၎င်းတို့၏ ဘဝများကို စောင့်ရှောက်ခဲ့ပြီး ၎င်းတို့၏ အစားအစာ၊ အဝတ်အစားနှင့် အမိုးအကာ လိုအပ်ချက်များကို ဂရုစိုက်ပေးခဲ့သည်။ ဤတွင် ဘုရားသခင်သည် အာဒံနှင့်ဧဝ၏ မိဘအနေနှင့် ပေါ်ထွန်းသည်။ ဤအရာကို ဘုရားသခင် လုပ်ဆောင် နေစဉ်တွင်၊ ဘုရားသခင် မည်မျှမြင့်မြတ်သည်ကို လူသားက မမြင်ပေ။ ဘုရားသခင်၏ ကြီးမြတ်သည့်သာလွန်မှု၊ သူ၏နက်နဲမှုနှင့် အထူးသဖြင့် သူ၏အမျက်ဒေါသ သို့မဟုတ် ဘုန်းအာနုဘော်တို့ကို မမြင်ပေ။ သူမြင်သမျှမှာ ဘုရားသခင်၏ နှိမ့်ချမှု၊ သူ၏ချစ်ခင်မှု၊ လူသားအတွက် သူ၏ပူပန်မှုနှင့် လူသားအတွက် သူ၏တာဝန်ရှိခြင်းနှင့် ဂရုစိုက်မှုတို့ ဖြစ်သည်။ အာဒံနှင့် ဧဝတို့ကို ဘုရားသခင် ဆက်ဆံခဲ့သည့် သဘောထားနှင့် နည်းလမ်းသည် မိဘများက ၎င်းတို့သားသမီးအတွက် ပူပန်မှုကို ပြသပုံနှင့် ဆင်တူသည်။ ယင်းသည် မိဘများသည် မိမိတို့၏ကိုယ်ပိုင် သားသမီးများကို ချစ်သည့်နည်းလမ်း၊ ကြည့်ရှုစောင့်ရှောက်ကာ ဂရုစိုက်သည့် နည်းလမ်းနှင့်လည်း ဆင်တူသည်- စစ်မှန်သည်၊ ထင်သာမြင်သာရှိကာ လက်ဆုပ်လက်ကိုင်ပြ၍ရနိုင်၏။ မိမိကိုယ်ကိုယ် မြင့်မားပြီး တန်ခိုးကြီးမားသည့် နေရာတစ်ခုတွင် ချီးမြှောက်မည့်အစား၊ ဘုရားသခင်သည် လူသားအတွက် အဝတ်အစားပြုလုပ်ရန် သားရေကို ကိုယ်တိုင်ကိုယ်ကျ အသုံးပြုခဲ့သည်။ ဤသားမွေးဝတ်လုံကို ၎င်းတို့၏ အရှက်ကိုကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ၊ သို့မဟုတ် အအေးဒဏ်မှ ၎င်းတို့ကို ကာကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည်မှာ လူ့ကိုယ်ခန္ဓာကို ဖုံးကာဖို့အတွက်ဖြစ်သည့် ဤအဝတ်အစားသည် ဘုရားသခင်က မိမိ၏ ကိုယ်ပိုင်လက်များဖြင့် ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်မည်ဟု လူတို့ စိတ်ကူးသကဲ့သို့ အတွေးသက်သက်ဖြင့် အဝတ်အစားကို ဖြစ်တည်စေခြင်း သို့မဟုတ် အခြား အံ့ဩဖွယ် နည်းလမ်းအချို့ကို အသုံးပြုခြင်းထက် ဘုရားသခင်သည် လူများက ဘုရားသခင်အနေဖြင့် လုပ်မည်မဟုတ်သကဲ့သို့ လုပ်လည်း မလုပ်သင့်ဟု ထင်ထားသည့်အရာတစ်ခုကို တရားဝင် လုပ်ဆောင်ခဲ့သည်။ ဤသည်မှာ အသေးအဖွဲ အရာတစ်ခုကဲ့သို့ ထင်ရသော်လည်း- အချို့က ဖော်ပြန်ရန်ပင် မထိုက်တန်ဟု ထင်ကောင်းထင်ကြမည် ဖြစ်သော်လည်း- ဤအရာက ဘုရားသခင်နှင့် ပတ်သက်၍ မရေရာသည့် ယူဆချက်များနှင့် ပတ်ချာဝိုင်းခံရသည့် ဘုရားသခင်၏ မည်သည့် နောက်လိုက်ကိုမဆို သူ၏ စစ်မှန်မှုနှင့် ချစ်ခင်ဖွယ်ကောင်းခြင်းထဲသို့ ထိုးထွင်းသိမြင်မှုတစ်ခု ရရှိခွင့်ပေးပြီး၊ သူ၏ သစ္စာရှိခြင်းနှင့် နှိမ့်ချမှုတို့ကို မြင်တွေ့ခွင့် ပေးလေသည်။ ယင်းက ၎င်းတို့သည် မြင့်မားပြီး အစွမ်းကြီးမားသည်ဟု ထင်ကြသည့် သည်းမခံနိုင်လောက်အောင် မာနထောင်လွှားသည့် လူတို့ကို ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် နှိမ့်ချခြင်းတို့ရှေ့တွင် အရှက်ဖြင့် မိမိတို့၏ စိတ်ကြီးဝင်သော ဦးခေါင်းများကို ကိုင်းညွတ်စေသည်။ ဤတွင် ဘုရားသခင်၏ စစ်မှန်မှုနှင့် နှိမ့်ချခြင်းတို့က သူ မည်မျှ ချစ်ဖွယ်ဖြစ်သည်ကို လူတို့အား နောက်ထပ် မြင်တွေ့နိုင်စေလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့၏စိတ်နှလုံးများထဲတွင် လူတို့ ကိုင်စွဲထားကြသည့် “အလွန့်အလွန် ကြီးမားသည့်” ဘုရားသခင်၊ “ချစ်ဖွယ်ကောင်းသည့်” ဘုရားသခင်နှင့် “အရာခပ်သိမ်း တတ်နိုင်စွမ်းရှိသည့်” ဘုရားသခင်သည် မဖြစ်စလောက်ဖြစ်ပြီး အကျည်းတန်လာကာ အနည်းငယ်မျှ တို့ထိသည်နှင့် တစ်စစီပျက်စီးသွားသည့်အရာ ဖြစ်လာပြီဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားထဲတွင် အားလုံး သတိမမူမိဖို့ လွယ်ကူလွန်းလှသည့် အရာတစ်ခု၊ အခြားသူများက ကြီးမြတ်သည့်လူများ၊ သူတော်ကောင်းများ၊ သို့မဟုတ် ၎င်းတို့စိတ်ကူးထဲက ဘုရားအဖြစ် တွေးထင်ကြသည့် သူများအပါအဝင်၊ မည်သည့် လူကမျှ မပိုင်ဆိုင်ဘဲ၊ ဘုရားသခင်သာလျှင် ပိုင်ဆိုင်သည့် အရာတစ်ခုရှိပေသည်။ ဤအရာမှာ အဘယ်နည်း။ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့မှု ဖြစ်သည်။ ကိုယ်ကျိုးမငဲ့မှုအကြောင်းဆိုသည့်အခါ၊ သင်သည် သင်၏သားသမီးများနှင့် ပတ်သက်လာသည့်အခါတွင်၊ ၎င်းတို့နှင့် ပတ်သက်၍ မကတ်သတ် သို့မဟုတ် ရက်ရောတတ်သောကြောင့် မိမိမှာလည်း အင်မတန်မှပင် ကိုယ်ကျိုးမငဲ့တတ်သည့်သူ ဖြစ်သည်ဟု သင်တွေးကောင်းတွေးနိုင်သည် သို့မဟုတ် သင်၏ မိဘနှင့် ပတ်သက်လာသည့်အခါ သင်သည်လည်း အလွန်ကိုယ်ကျိုးမငဲ့ဟု သင် ထင်တတ်သည်။ သင် မည်သည့်အရာကို တွေးသည်ဖြစ်စေ၊ အနည်းဆုံးအနေဖြင့် သင်သည် “ကိုယ်ကျိုးမငဲ့” ဟူသည့်စကားလုံးနှင့် သက်ဆိုင်သည့် အယူအဆ တစ်ခုရှိပြီး၊ ယင်းကို အပြုသဘောဆောင်သည့် စကားလုံးတစ်လုံးအဖြစ် တွေးထင်ကာ၊ ကိုယ်ကျိုးမငဲ့သောသူတစ်ဦး ဖြစ်ခြင်းမှာ အင်မတန် မြင့်မြတ်သည်ဟု တွေးထင်လေသည်။ သင်သည် ကိုယ်ကျိုးမငဲ့သည့်အခါတွင်၊ မိမိကိုယ်ကိုယ် မြင့်မြင့်မားမား အထင်ကြီးခြင်း ဖြစ်သည်။ သို့ရာတွင် အရာခပ်သိမ်းတွင်၊ လူများ၊ အဖြစ်အပျက်များ၊ အရာဝတ္ထုများအလယ်နှင့် ဘုရားသခင်၏ အမှုတို့တွင် ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းကို မြင်နိုင်သူ မည်သူမျှ မရှိပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် ငါသည် ထိုသို့ပြောရသနည်း။ လူသားမျိုးနွယ်သည် ရုပ်ဝတ္ထုလောကထဲတွင် အသက်ရှင်၏။ သင်သည် ဘုရားသခင်နောက်ကို လိုက်ကောင်း လိုက်နိုင်သော်လည်း၊ ဘုရားသခင်သည် သင့်ကို မည်သို့ထောက်ပံ့ပေးသည်၊ မည်သို့ချစ်ပြီး မည်သို့ အရေးထားသည်ကို မည်သည့်အခါမျှ သင် မမြင် သို့မဟုတ် နားမလည်ပေ။ သို့ဆိုလျှင် မည်သည့်အရာကို သင်မြင်သနည်း။ သင့်ကို ချစ်မြတ်နိုးသည့် သို့မဟုတ် သင့်ကို တုန်နေအောင်ချစ်ကြသည့် သွေးသားရင်းချာ ဆွေမျိုးများကို သင်မြင်သည်။ သင်၏ အသွေးအသားအတွက် အကျိုးရှိသည့် အရာများကို သင် မြင်သည်၊ သင်ချစ်သည့် လူများနှင့် အမှုအရာများနှင့် ပတ်သက်၍ သင် ဂရုစိုက်သည်။ ဤသည်မှာ လူသားက ကိုယ်ကျိုးမငဲ့ခြင်းဟု ခေါ်သည့်အရာ ဖြစ်တော့သည်။ သို့ရာတွင် ထိုသို့သော “ကိုယ်ကျိုးမငဲ့သည့်” လူများသည် ၎င်းတို့ကိုအသက်ပေးသည့် ဘုရားသခင်ကိုမူ မည်သည့်အခါတွင်မျှ အလေးမထားခဲ့ကြပေ။ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းနှင့် ဆန့်ကျင်စွာ၊ လူသား၏ ကိုယ်ကျိုးမငဲ့မှုသည် တစ်ကိုယ်ကောင်းဆန် လာပြီး စက်ဆုပ်ရွံရှာဖွယ် ဖြစ်လာသည်။ လူသားက ယုံကြည်သည့် ကိုယ်ကျိုးမငဲ့မှုသည် အနှစ်မဲ့ပြီး သဘာဝမကျပေ၊ ဖောက်ပြန်ကာ၊ ဘုရားသခင်နှင့် သဟဇာတမဖြစ်သကဲ့သို့၊ ဘုရားသခင်နှင့် ဆက်နွှယ်ခြင်း မရှိပေ။ လူ၏ ကိုယ်ကျိုးမငဲ့ခြင်းသည် မိမိကိုယ်ကိုယ်အတွက် ဖြစ်သော်လည်း၊ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းသည် သူ၏အနှစ်သာရ၏ စစ်မှန်သည့် ဖော်ပြချက် ဖြစ်ပေသည်။ လူသည် ဘုရားသခင်၏ စဉ်ဆက်မပြတ် ထောက်ပံ့မှုခံရသည်မှာ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့မှုကြောင့် အတိအကျ ဖြစ်ပေသည်။ ယနေ့ငါပြောသည့် ဤအကြောင်းအရာနှင့် ပတ်သက်၍ သင်တို့အနေဖြင့် အလွန် စိတ်ထိခိုက်ခြင်း ရှိကောင်း ရှိမည်မဟုတ်သကဲ့သို့၊ ထောက်ခံမှုဖြင့် ခေါင်းညိတ်ရုံမျှ ညိတ်နေကြသော်လည်း၊ သင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်ဖို့ ကြိုးစားသည့်အခါတွင်၊ သင်သည် ဤအရာကို အမှတ်တမဲ့ သိရလိမ့်မည်- သင့်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည်သာ အခြေအနေပေါ် မမူတည်သကဲ့သို့ ပြစ်မျိုး မှဲ့မထင်သောကြောင့်၊ ဤလောကကြီးထဲ၌ သင်ခံစား သိရှိနိုင်သော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများ အားလုံးအထဲတွင် ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းသည်သာ စစ်မှန်ပြီး ခိုင်မာသည် ဟူ၍ ဖြစ်သည်။ ဘုရားသခင်မှလွဲ၍၊ အခြားမည်သူမဆို၏ ကိုယ်ကျိုးမငဲ့မှုဟုခေါ်သော အရာသည် အယောင်ဆောင်ထားခြင်း ဖြစ်သည်၊ အပေါ်ယံဖြစ်ပြီး အစစ်အမှန်မဟုတ်ပေ။ ယင်းသည် ရည်မှန်းချက်တစ်ခု၊ ရည်ရွယ်ချက်အချို့ရှိသည်၊ အပေးအယူသဘော ပါရှိပြီး၊ စမ်းသပ်ခြင်းကို မခံနိုင်ပေ။ ယင်းသည် ညစ်ညူးကာ စက်ဆုပ်ဖွယ် ဖြစ်သည်ဟုပင် သင်တို့ ပြောနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

လူသား၏အလုပ်အတွက် ဘုရားသခင် ကြံ့ကြံ့ခံခဲ့သည့် အိပ်မပျော်သောညများမှာ များစွာဖြစ်၏။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ ကိုယ်တော်သည် သူ၏နေ့ရက်များကို လူသားနှင့်အတူ ကျော်လွန်ရန်၊ လူသားနေထိုင်သော အသက်ရှင်လျက် ငရဲရောက်နေသကဲ့သို့ ခံစားရသည့်အရပ်သို့ ဆင်းသက်လာခဲ့ကာ ကိုယ်တော်သည် လူသားအကြားယုတ်ညံ့မှုကို မည်သည့်အခါမျှ ညည်းညူခဲ့ဖူးခြင်းမရှိ၊ ထို့အပြင် လူသားအား ၎င်း၏နာခံမှု မရှိခြင်းအတွက် အပြစ်တင်ခဲ့ဖူးခြင်း မရှိဘဲ၊ သူ၏အမှုကို သူကိုယ်တိုင် ထမ်းဆောင်ရင်း အကြီးမားဆုံးသော အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံတော်မူ၏။ ဘုရားသခင်သည် ငရဲနှင့် အဘယ်သို့ သက်ဆိုင်နိုင်အံ့နည်း။ ကိုယ်တော်သည် ကိုယ်တော်၏ အသက်တာကို ငရဲ၌ အဘယ်သို့ ကုန်ဆုံးနိုင်အံ့သနည်း။ သို့သော် လူသားမျိုးနွယ် တစ်ရပ်လုံးသည် သာ၍ဆောလျင်စွာ ချမ်းသာခြင်းသို့ ရောက်ရန် ကိုယ်တော်သည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် ကမ္ဘာမြေကြီးသို့ လာရန် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခဲ့ကာ တရားမျှတမှုမရှိခြင်းကို ခံခဲ့သည့်အပြင်၊ လူသားကို ကယ်တင်ရန် သူကိုယ်တိုင် “ငရဲ” နှင့် “မရဏနိုင်ငံ” အတွင်း၊ ကျားအောင်းဂူအတွင်းသို့ ဝင်ရောက်ခဲ့၏။ လူသားသည် ဘုရားသခင်အား ဆန့်ကျင်ရန် အဘယ်သို့ အရည်အချင်း မီသနည်း။ ဘုရားသခင်အကြောင်း မကျေမနပ်ပြောရန် ၎င်းတွင် မည်သည့်အကြောင်းရင်း ရှိသနည်း။ ဘုရားသခင်ကို ကြည့်ရန် သူသည် အဘယ်သို့ ရဲတင်း၍ အရှက်မရှိ မျက်နှာပြောင်တိုက်နိုင်မည်နည်း။ ကောင်းကင်ဘုံ၏ ဘုရားသခင်သည် အညစ်ပေဆုံးသော ဤဒုစရိုက်ပြည်သို့ လာရောက်ခဲ့ပြီး ကိုယ်တော်၏ မကျေနပ်မှုများကို မည်သည့်အခါမျှ ထွက်ပေါက်ရှာခဲ့ဖူးခြင်း သို့မဟုတ် လူသားအကြောင်း ညည်းညူခဲ့ခြင်း မရှိဘဲ၊ ယင်းအစား လူသား၏ ဒဏ်ရာဒဏ်ချက်များနှင့် ဖိနှိပ်မှုတို့ကို တိတ်ဆိတ်စွာ လက်ခံ၏။ လူသား၏ မလျော်ကန်သော တောင်းဆိုမှုများကို မည်သည့်အခါမျှ တုံ့ပြန်ထိုးနှက်တိုက်ခိုက်ခြင်း မရှိ၊ လူသားအပေါ် လွန်ကဲသော တောင်းဆိုမှုများ မည်သည့်အခါမျှ မပြုခဲ့ဖူးသလို၊ လူသားအပေါ် မလျော်ကန်သော တောင်းဆိုမှုများ မည်သည့်အခါမျှ မပြုလုပ်ခဲ့ဖူးပေ၊ သူသည် သင်ကြားခြင်း၊ အသိဉာဏ် ပွင့်လင်းစေခြင်း၊ အပြစ်တင်ခြင်း၊ နှုတ်ကပတ်တော်များအား စစ်ဆေးခြင်း၊ သတိပေးခြင်း၊ အလေးအနက် တိုက်တွန်းခြင်း၊ နှစ်သိမ့်ခြင်း၊ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းစသည့် လူသား လိုအပ်သည့်အလုပ်ကို ညည်းညူမှုမရှိဘဲ၊ လုပ်ဆောင်ရုံသာ လုပ်ဆောင်၏။ ကိုယ်တော်၏ အဆင့်များအနက် အဘယ်အဆင့်သည် လူသား၏ ဘဝအတွက် မဟုတ်သနည်း။ ကိုယ်တော်သည် လူသား၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာကို ဖယ်ရှားခဲ့သော်လည်း၊ ဘုရားသခင် ဆောင်ရွက်ခဲ့သည့် အဆင့်များအနက် မည်သည့်အဆင့်သည် လူသား၏ကံကြမ္မာအတွက် မဟုတ်ခဲ့သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် လူသား၏ရှင်သန်နိုင်ရေးအတွက် မဟုတ်သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် ဤဒုက္ခဝေဒနာနှင့် ညတမျှ မည်းနက်သော အမှောင်စွမ်းအားများ၏ ဖိနှိပ်ခြင်းတို့မှ လူသားအား လွတ်မြောက်စေရန် မဟုတ်ခဲ့သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် လူသားအတွက် မဟုတ်သနည်း။ ချစ်ခင်ကြင်နာသော မိခင်၏ နှလုံးသားကဲ့သို့ဖြစ်သည့် ဘုရားသခင်၏ နှလုံးသားကို မည်သူ နားလည်နိုင်သနည်း။ ဘုရားသခင်၏ စိတ်အားထက်သန်သော နှလုံးသားကို မည်သူနားလည်နိုင်သနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၉)

ညစ်ညူး၍ ဖောက်ပြန်ပျက်စီးနေသည့် ဤလူတို့အကြားတွင် သူ၏အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာနှင့် ဤလူစုကို စုံလင်စေရန်အလို့ငှာ ဘုရားသခင်သည် မိမိကိုယ်မိမိ ဤအဆင့်အထိ နှိမ့်ချခဲ့သည်။ ဘုရားသခင်သည် လူသားများကြားတွင် နေထိုင်စားသောက်ရန်၊ လူသားများကို လမ်းပြဖို့ရန်နှင့် လူသားများ၏ လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးဖို့ရန်အလို့ငှာ လူ့ဇာတိခံယူခဲ့သည်သာ မဟုတ်ချေ။ သာ၍ အရေးကြီးသည်မှာ သူ၏ကြီးမားသော ကယ်တင်ခြင်းနှင့် သည်းမခံနိုင်လောက်အောင် ဖောက်ပြန်ပျက်စီးနေသည့် လူသားများကို သိမ်းပိုက်ရန်အလုပ်ကို လုပ်ခြင်း ဖြစ်သည်။ လူသားများ အားလုံးအားပြောင်းလဲကာ အသစ်ပြုပြင်ရန်အလို့ငှာ သူသည် ဖောက်ပြန်ပျက်စီးဆုံး ဤလူတို့ကို ကယ်တင်ရေးအတွက် အဆင်းနီသောနဂါးကြီး၏ နှလုံးသားထဲသို့ လာခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင် ခံစားရသည့် ကြီးမားသော အခက်အခဲသည် လူ့ဇာတိခံယူသည့် ဘုရားသခင် ခံစားရသည့် အခက်အခဲမျှသာ မဟုတ်ဘဲ၊ အဓိကအားဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် အဆုံးစွန်သော အရှက်ခွဲခံရခြင်း ဖြစ်သည်၊ ဘုရားသခင်သည် မိမိကိုယ်ကို နှိမ့်ချလွန်းပြီး သိုဝှက်လွန်းသည့်အတွက် သူသည် သာမန်လူတစ်ယောက် ဖြစ်လာခဲ့သည်။ လူသားများသည် သူ့အား သာမန်လူ့ဘ၀ရှိပြီး သာမန်လူသား၏ လိုအပ်ချက်များကို သူလည်းလိုအပ်ကြောင်း မြင်စေရန်အလို့ငှာ ဘုရားသခင်သည် လူ့ဇာတိကိုခံယူခဲ့ပြီး ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်ခဲ့သည်။ ဘုရားသခင်သည် ကြီးမားသော အတိုင်းအတာအထိ နှိမ့်ချခဲ့ကြောင်းကို သက်သေပြရန် ဤအရာက လုံလောက်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကို ဇာတိပကတိ၌ အကောင်အထည် ဖော်ထားသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလွန်တရာ မြင့်မားကာ ကြီးမြတ်သည့်အရာဖြစ်၏၊ သို့သော် သူသည် သူ၏ဝိညာဉ်တော်၏ အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ၊ သာမန်လူတစ်ယောက်၏ သဏ္ဌာန်ကို ခံယူခဲ့သည်။ သင်တို့အသီးသီး၏ အရည်အချင်း၊ ထိုးထွင်းဉာဏ်၊ အာရုံခံစားမှု၊ လူ့သဘာဝနှင့် အသက်တာများတို့သည် ဘုရားသခင်၏ ဤအလုပ်မျိုးကို လက်ခံရန် အကယ်ပင် မထိုက်တန်ကြောင်းကို ပြသည်။ သင်တို့သည် ဘုရားသခင်ကို သင်တို့အတွက် ထိုကဲ့သို့ အခက်အခဲ ကြုံတွေ့စေရန် အကယ်ပင် မထိုက်တန်ပေ။ ဘုရားသခင်သည် အထွတ်အထိပ် ဖြစ်လွန်းလှပြီး၊ သူသည် လူတို့သည် အလွန်နိမ့်ကျသည်၊ သို့သော် သူသည် လူသားများအပေါ် လုပ်ဆောင်မြဲ ဖြစ်သည်။ သူသည် လူသားများအတွက် ထောက်ပံ့ပေးရန်၊ လူတို့နှင့် စကားပြောရန်၊ လူ့ဇာတိခံယူသည်သာမက၊ သူသည် လူသားများနှင့် အတူတကွပင် နေထိုင်ခဲ့သည်။ ဘုရားသခင်သည် အလွန်ပင်နှိမ့်ချကာ ချစ်ဖွယ်ကောင်းသော ဘုရားသခင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် လက်တွေ့ကျသည်။ သူလုပ်ဆောင်သည့် မည်သည့်အရာမျှ အနှစ်မမဲ့သကဲ့သို့၊ အားလုံးကို မိမိဘာသာ တွေ့ကြုံ ခံစားလေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ခရီးပန်းတိုင်တစ်ခုအတွက် ဖလှယ်ရာတွင် သူကိုယ်တိုင်၏ ဆင်းရဲဒုက္ခ အတွေ့အကြုံနှင့်ဆိုင်သည့် အဖိုးအခကို သူပေးလေသည်။ ဤသည်မှာ လက်တွေ့ကျသော အမှုဖြစ်သည် မဟုတ်သလော။ မိဘများသည် ၎င်းတို့ သားသမီးများဖို့အလို့ငှာ လေးနက်သော အဖိုးအခတစ်ခုကို ပေးနိုင်ကြပြီး၊ ဤအရာက ၎င်းတို့၏ စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းကို ကိုယ်စားပြုသည်။ ဟုတ်ပေ၏၊ ဤအရာလုပ်ဆောင်ခြင်းဖြင့်၊ လူ့ဇာတိခံ ဘုရားသခင်သည် လူသားမျိုးနွယ် အဖို့ စိတ်ရင်းအမှန်ဆုံးနှင့် သစ္စာအရှိဆုံး ဖြစ်လေသည်။ ဘုရားသခင်၏ အနှစ်သာရမှာ သစ္စာနှင့်ပြည့်ဝသည်၊ သူပြောသည့်အတိုင်း သူပြုပြီး သူပြုသမျှ ဖြစ်မြောက်သည်။ လူသားများအတွက် သူ လုပ်ဆောင်သမျှတိုင်းသည် စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ မိန့်မြွက်ချက်များ လုပ်ဆောင်ခြင်း သက်သက်ကို သူ မပြုပေ၊ အဖိုးအခ သူပေးမည်ဟု ဆိုသည့်အခါ၊ အဖိုးအခကို သူအမှန်တကယ် ပေး၏။ လူသားမျိုးနွယ်၏ ဆင်းရဲဒုက္ခကို သူတာဝန်ယူပြီး သူတို့ကိုယ်စား ဆင်းရဲဒုက္ခခံမည်ဟု သူ ဆိုသည့်အခါ၊ ဤဆင်းရဲဒုက္ခကို ကိုယ်တိုင်ကိုယ်ကျ ခံစားကာ တွေ့ကြုံရင်း၊ သူတို့ကြားတွင် အသက်ရှင်ဖို့ သူ အမှန်တကယ် ကြွလာလေသည်။ ထို့နောက်တွင်၊ စကြဝဠာထဲရှိ အရာခပ်သိမ်းတို့သည် ဘုရားသခင် လုပ်သမျှတိုင်းက မှန်ကန်ကာ ဖြောင့်မတ်သည်၊ ဘုရားသခင် လုပ်ဆောင်သည့်အရာအားလုံး လက်တွေ့ကျသည်တို့ကို အသိအမှတ်ပြုကြလိမ့်မည်။ ဤသည်မှာ အားကောင်းသော သက်သေတစ်ခု ဖြစ်သည်။ ထို့အပြင်၊ လူသားမျိုးနွယ်သည် အနာဂတ်တွင် လှပသော ခရီးပန်းတိုင်တစ်ခု ရှိလိမ့်မည်ဖြစ်ပြီး၊ ကျန်ရှိသူအားလုံးက ဘုရားသခင်ကို ချီးမွမ်းကြလိမ့်မည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များအား လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းမေတ္တာမှ အမှန်လုပ်ဆောင်သည်ကို သူတို့ ချီးမွမ်းကြလိမ့်မည်။ ဘုရားသခင်သည် သာမန် လူတစ်ဦးအဖြစ် လူသားအလယ် နှိမ့်ချစွာ ကြွလာသည်။ သူသည် အမှုအချို့ကို ဆောင်ရွက်ရုံ၊ နှုတ်ကပတ်တော်အချို့ကို ပြောရုံမျှပြုလျက် ထို့နောက်တွင် ထွက်ခွာသွားခြင်း မဟုတ်ပေ၊ ယင်းအစား သူသည် လူသားအလယ် အမှန်တကယ် ကြွလာပြီး လောက၏ နာကျင်မှုဝေဒနာကို တွေ့ကြုံခံစားလေသည်။ ဤနာကျင်မှု ဝေဒနာကို သူ တွေ့ကြုံခံစားပြီးသည့်နောက်တွင်မှ သူ ထွက်ခွာမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှု စစ်မှန်ပုံနှင့် လက်တွေ့ကျပုံ ဖြစ်သည်။ ကျန်ရှိသူအားလုံးသည် ယင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းကြလိမ့်မည်ဖြစ်ပြီး၊ လူသားအဖို့ ဘုရားသခင်၏ သစ္စာတရားနှင့် သူ၏ ကြင်နာသောစိတ်ရှိခြင်းတို့ကို ၎င်းတို့ မြင်ရကြလိမ့်မည်။ ဘုရားသခင်၏ အလှတရားနှင့် ကောင်းမြတ်မှု အနှစ်သာရကို သူ၏ဇာတိပကတိ၌ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုတွင် တွေ့မြင်နိုင်သည်။ သူ လုပ်ဆောင်သမျှတိုင်းသည် စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်၊ သူ ပြောသမျှတိုင်းသည် လေးနက်ပြီး သစ္စာရှိသည်။ သူ လုပ်ဆောင်ဖို့ ရည်ရွယ်သမျှအားလုံးနှင့်ပတ်သက်၍၊ သူ အမှန်တကယ် လုပ်ဆောင်ပြီး၊ အဖိုးအခတစ်ခုကို ပေးသည့်အခါ၊ သူ အမှန်တကယ် ပေးလေသည်၊ မိန့်မြွက်ချက်များ လုပ်ဆောင်ခြင်း သက်သက်ကို သူ မပြုပေ။ ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်သည်၊ ဘုရားသခင်သည် သစ္စာရှိသော ဘုရားသခင် ဖြစ်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း ရည်ရွယ်ချက်၏ ဒုတိယ ရှုထောင့်” မှ

ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ကြွလာခဲ့ချိန်တွင်၊ သူသည် လောကနှင့် မသက်ဆိုင်ခဲ့သကဲ့သို့၊ လောကကို ပျော်မွေ့ရန် လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ။ အမှုပြုခြင်းက သူ၏ စိတ်သဘောထားကို ထုတ်ဖော်ပြပြီး အဓိပ္ပါယ်အရှိဆုံး ဖြစ်မည့်နေရာမှာ သူမွေးဖွားခဲ့သော နေရာဖြစ်သည်။ ယင်းမှာ သန့်ရှင်းသော တိုင်းပြည်ဖြစ်စေ၊ ညစ်ညူးသော တိုင်းပြည် တစ်ပြည်ဖြစ်စေ၊ မည်သည့်နေရာတွင် သူအမှုပြုပါစေ၊ သူသည် သန့်ရှင်း၏။ အရာအားလုံးသည် စာတန်၏ ဖျက်ဆီးခြင်း ခံရပြီးဖြစ်သော်လည်း၊ လောကထဲရှိ အရာရာတိုင်းကို သူ ဖန်ဆင်းထားခြင်းဖြစ်၏။ သို့သော်လည်း အရာအားလုံးသည် သူနှင့် သက်ဆိုင်ဆဲဖြစ်၏။ ၎င်းတို့ အားလုံးသည် သူ၏ လက်ထဲတွင် ရှိကြသည်။ သူသည် သူ၏ သန့်ရှင်းခြင်းကို ထုတ်ဖော်ပြဖို့အလို့ငှာ ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာပြီး ထိုနေရာတွင် အမှုပြုလေသည်။ သူသည် ဤအရာကို သူ၏အမှုအတွက်သာ ပြုခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ ဤညစ်ညူးသောတိုင်းပြည်မှ လူတို့ကို ကယ်တင်ရန်အလို့ငှာ၊ သူသည် ထိုသို့သော အမှုကိုပြုဖို့ ကြီးစွာသော အရှက်ရခြင်းကို ခံရပ်လေသည်။ ဤသည်မှာ‌ လူသားမျိုးနွယ်အားလုံးအတွက် သက်သေခံဖို့ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့သော အမှုက လူတို့ကို ပြသသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပြီး၊ ယင်းသည် ဘုရားသခင်၏ကြီးစိုးမှုကို ပို၍ကောင်းစွာ ပြသနိုင်သည်။ အခြားသူများက အထင်အမြင်သေးသည့် အောက်တန်းကျသော လူစုတစ်စုကို ကယ်တင်ခြင်းတွင် သူ၏ကြီးမြတ်ခြင်းနှင့် ဖြောင့်မတ်တည်ကြည်ခြင်းတို့ ထင်ရှားပေသည်။ ညစ်ညူးသော တိုင်းပြည်တစ်ခုတွင် မွေးဖွားခြင်းက သူသည် အရေးမပါသည်ကို သက်သေပြခြင်း လုံးဝ မဟုတ်ပေ။ ယင်းက သူ၏ ကြီးမြတ်ခြင်းနှင့် လူသားမျိုးနွယ်အတွက် သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖန်ဆင်းထားသောအရာအားလုံးအား မြင်ခွင့်ပေးခြင်း သက်သက် ဖြစ်သည်။ ထိုသို့ သူလုပ်ဆောင်လေလေ၊ လူသားအတွက် သူ၏ဖြူစင်သော ချစ်ခြင်းမေတ္တာ၊ သူ၏ အပြစ်အနာအဆာ မရှိသော ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြလေလေ ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ်၏။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့ပြီး၊ ညစ်ညူးမှုနှင့် ပြည့်နှက်နေသော လူတို့နှင့်အတူ အသက်ရှင်သော်လည်း၊ ကျေးဇူးတော်ခေတ်တွင် အပြစ်သားများ နှင့်အတူ ယေရှု အသက်ရှင်ခဲ့သည့်အတိုင်း သူ၏အမှုအားလုံးသည် လူသားမျိုးနွယ်အားလုံး၏ ရှင်သန်ရေးအတွက် လုပ်ဆောင်ခြင်း မဟုတ်လော။ လူသားမျိုးနွယ်အနေဖြင့် ကြီးမားသော ကယ်တင်ခြင်းကို ရရှိနိုင်ဖို့အလို့ငှာသာ ဖြစ်သည်မဟုတ်သလော။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က၊ သူသည် အပြစ်သားများ နှင့်အတူ နှစ်အနည်းငယ် အသက်ရှင်ခဲ့သည်။ ယင်းမှာ ရွေးနုတ်ခြင်းအတွက် ဖြစ်ခဲ့သည်။ ယနေ့တွင် သူသည် ညစ်ညူးကာ အရေးမပါသော လူတစ်စုနှင့်အတူ နေထိုင်လျက် ရှိသည်။ ဤသည်မှာ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ သူ၏အမှုအားလုံးသည် သင်တို့လူသားများ အတွက် မဟုတ်လော။ လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက၊ သူသည် နွားစားခွက်ထဲတွင် မွေးဖွားခဲ့ပြီးနောက် အဘယ်ကြောင့် အပြစ်သားများနှင့်အတူ နှစ်ပေါင်းများစွာ အသက်ရှင်ပြီး ဒုက္ခဆင်းရဲခံခဲ့မည်နည်း။ ပြီးလျှင် လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက၊ သူသည် အဘယ်ကြောင့် ဒုတိယအကြိမ် လူ့ဇာတိပြန်လည်ခံယူကာ၊ နတ်ဆိုးများ စုဝေးရာ ဤတိုင်းပြည်တွင် မွေးဖွားပြီး စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသော ဤလူတို့နှင့်အတူ အသက်ရှင်လိမ့်မည်နည်း။ ဘုရားသခင်သည် သစ္စာရှိသည် မဟုတ်လော။ သူ့အမှု၏ မည်သည့်အပိုင်းသည် လူသားမျိုးနွယ်အတွက် မဟုတ်ခဲ့သနည်း။ မည်သည့် အပိုင်းသည် သင်တို့၏ ကံကြမ္မာအတွက် မဟုတ်ခဲ့သနည်း။ ဘုရားသခင်သည် သန့်ရှင်းတော်မူ၏- ဤသည်မှာ ပြောင်းလဲ၍ မရနိုင်ပေ။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာခဲ့သော်လည်း၊ အညစ်အကြေးများဖြင့် ညစ်ညမ်းမသွားခဲ့ပေ။ ဤအရာအားလုံးမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန့်အလွန် ကိုယ်ကျိုးမငဲ့သကဲ့သို့၊ သူခံရပ်သည့် ဒုက္ခဆင်းရဲနှင့် အရှက်ရခြင်းတို့သည် အလွန့်အလွန် ကြီးမားသည်ကိုသာ ဆိုလိုနိုင်ပေသည်။ သင်တို့အားလုံးနှင့် သင်တို့၏ ကံကြမ္မာအတွက် သူ ခံစားသည့် အရှက်ရခြင်း မည်မျှ ကြီးမားသည်ကို သင်တို့ မသိကြသလော။ ကြီးမြတ်သောလူများ သို့မဟုတ် ကြွယ်ဝချမ်းသာပြီး သြဇာကြီးသော မိသားစုများ၏ သားများကို ကယ်တင်ခြင်းထက်၊ အရေးမပါသကဲ့သို့ အထင်အမြင်သေးခြင်း ခံရသောသူများကို ကယ်တင်ခြင်းအား သူ မပျက်မကွက် လုပ်လေသည်။ ဤအရာအားလုံးသည် သူ၏သန့်ရှင်းခြင်း ဖြစ်သည် မဟုတ်လော။ ဤအရာအားလုံးသည် သူ၏ ဖြောင့်မတ်ခြင်း ဖြစ်သည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်

သင်သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည် သဘောပေါက် လာသည့်အခါ ဘုရားသခင်ကို သင် အမှန်တကယ် ယုံကြည်နိုင်လိမ့်မည်။ သင်သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည်သဘောပေါက်လာသည့်အခါ “အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်” ဟူသော စကားလုံးတို့၏ အဓိပ္ပါယ် အစစ်အမှန်ကို အမှန်တကယ် နားလည်နိုင်လိမ့်မည်။ သင့်အနေဖြင့် ဤတစ်လမ်းအပြင် သင်ရွေးလျှောက်နိုင်သည့် အခြားလမ်းကြောင်းများရှိသည်ကို တွေးလျက် သင်သည် စိတ်ကူးယဉ်တော့မည် မဟုတ်သကဲ့သို့၊ သင့်အတွက် ဘုရားသခင် စီစဉ်ထားသော အရာရာတိုင်းကို သစ္စာဖောက်ရန်လည်း လိုလားတော့မည် မဟုတ်ပေ။ ဘုရားသခင်၏ အနှစ်သာရသည် သန့်ရှင်းသောကြောင့် ယင်းသည် ဘုရားသခင် အားဖြင့်သာလျှင် ဖြောင့်မတ်သော အလင်းလမ်းကြောင်းပေါ် အသက်တာတစ်လျှောက် သင်လျှောက်လှမ်းနိုင်သည်ဟု အဓိပ္ပာယ် ရ၏။ ဘုရားသခင်အားဖြင့်သာ ဘဝ၏ အဓိပ္ပာယ်ကို သင်သိနိုင်၏။ ဘုရားသခင်အားဖြင့်သာ စစ်မှန်သော လူ့သဘာဝကို သင် အသက်ရှင်နေထိုင်နိုင်ပြီး သမ္မာတရားကို ပိုင်ဆိုင်နိုင်သကဲ့သို့ သိလည်းသိနိုင်သည်။ ဘုရားသခင်အားဖြင့်သာ သမ္မာတရားမှ အသက်ကို သင်ရရှိနိုင်သည်။ ဘုရားသခင်ကိုယ်တိုင်သာ သင့်အား မကောင်းမှုမှ ရှောင်ကြဉ်ရန် ကူညီပေးနိုင်ပြီး စာတန်၏ အန္တရာယ်နှင့် ထိန်းချုပ်မှုမှ သင့်အား ကယ်တင်ပေးနိုင်၏။ ဆင်းရဲဒုက္ခကို သင် မခံစားရတော့ရန်အလို့ငှာ ဘုရားသခင် မှအပ သင့်အား မည်သူမျှ၊ မည်သည့်အရာကမျှ ဒုက္ခပင်လယ် အတွင်းမှ မကယ်တင်နိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရအားဖြင့် သတ်မှတ်ခြင်း ဖြစ်၏။ ဘုရားသခင် ကိုယ်တိုင်သည်သာ သင့်ကို လုံးဝကိုယ်ကျိုးမငဲ့ဘဲ ကယ်တင်၏၊ ဘုရားသခင်သည်သာ သင်၏အနာဂတ်၊ သင်၏ ကံကြမ္မာနှင့် သင်၏အသက်တာအတွက် အခြေခံအားဖြင့် တာဝန်ရှိပြီး၊ သူသည် သင့်အတွက် အရာခပ်သိမ်းကို စီစဉ်ပေး၏။ ဤသည်မှာ ဖန်ဆင်းခံဖြစ်စေ၊ ဖန်ဆင်းခံ မဟုတ်သည့်အရာဖြစ်စေ မည်သည့် အရာကမျှ မစွမ်းဆောင်နိုင်သည့် အရာတစ်ခုဖြစ်သည်။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်အရာတို့က ဘုရားသခင်၏ အနှစ်သာရကဲ့သို့သော အနှစ်သာရကို မပိုင်ဆိုင်သောကြောင့် မည်သည့်လူ သို့မဟုတ် မည်သည့်အရာကမျှ သင့်အား ကယ်တင်ရန် သို့မဟုတ် သင့်အား ဦးဆောင်လမ်းပြရန် အစွမ်းအစမရှိချေ။ ဤသည်မှာ လူသားအဖို့ ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော အရေးပါမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

အောက်ခြေမှတ်စု(များ)-

၁။ လူသားတို့၏ နာခံမှုမရှိခြင်းကို ဖော်ထုတ်ရန် “ဒဏ်ရာဒဏ်ချက်များ” ကို အသုံးပြုထား၏။

က။ မူရင်းစာသားတွင် “အနိုင်ယူခြင်း မခံရနိုင်သော သင်္ကေတ”။

ခ။ မူရင်းစာသားတွင် “ပုန်ကန်ပြစ်မှားခြင်းကို မခံရနိုင်သော (ထို့ပြင် ပုန်ကန်ပြစ်မှားခံရခြင်းကို သည်းမခံသော) သင်္ကေတ”။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့ကို အဓိကအားဖြင့် ထုတ်ဖော်ပြသည့် ပုံပန်းသွင်ပြင်များ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြကာ...

ဘုရားသခင်သည် လူသားမျိုးနွယ်ထံ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားအား ပြသသည့် နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ခေတ်ကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် သူ၏ နောက်ဆုံး အမှုတွင်၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူအားလုံးကို...

ဘုရားသခင်၏စိတ်သဘောထားကို သူ၏အမှုတော်မှတစ်ဆင့်သိမြင်နိုင်သည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်၏စီမံခန့်ခွဲမှု တည်ရှိကတည်းက၊ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် အမြဲ အပြည့်အဝ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။