သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ

  • 1
  • 2

၉။ အဘယ်ကြောင့် စစ်မှန်သည့်လမ်းခရီး နှိပ်ကွပ်ခံရသည့် အကြောင်းရင်းနှင့် ပတ်သက်သော အမေးအဖြေများ

1မေးခွန်း (၁)- ကျမ်းစာထဲမှာ အစိုးရရဲ့အုပ်စိုးခြင်းကို ဝန်ခံရမယ်လို့ ရှင်ပေါလုက ပြောထားတယ်လေ ရှင်ပေါလုပြောတဲ့အတိုင်းကျွန်တော်တို့လိုက်လျှောက်မယ်ဆိုရင် လက်ရှိအစိုးရရဲ့ပြောစကားတွေကို အမြဲနားထောင်ရတော့မှာပေါ့ ဒါပေမဲ့ ဘုရားမဲ့ဝါဒီ စီစီပီက ဘုရားသခင်ရဲ့ ရန်သူ တစ်ယောက်လို ဘုရားတရား ကိုင်းရှိုင်းတဲ့ သူတွေကို ညှဥ်းပန်းနှိပ်စက်နေတာ စီစီပီက ကျွန်တော်တို့ကို သခင့်ကို ယုံကြည်တဲ့ အမှုကနေ တားဆီးနေရုံတင် မကဘူး ဘုရားသခင်ရဲ့ သတင်းကောင်းကို ဖြန့်ဝေနေတဲ့သူတွေကိုလည်း ဖမ်းဆီးပြီး ညှဥ်းပန်းနှိပ်စက်နေတာ ဒါကို ကျွန်တော်တို့တွေ လိုက်နာပြီး ဘုရားသခင်ကို မယုံကြည်ဘူး ဒါမှမဟုတ် သတင်းကောင်းကို မဖြန့်ဝေဘူးဆိုရင် စာတန်နဲ့ ဘက်ပေါင်းပြီး သခင့်ကို ဆန့်ကျင်ရာ သစ္စာဖောက်ရာ မကျဘူးလား ဒါဆိုကျွန်တော်တို့တွေက ပျက်စီးမှုဆီ ဦးတည်နေတဲ့သူတွေလို ဖြစ်လာမနေဘူးလား ကျွန်တော် ဒါကိုသဘောမပေါက်ဘူး အစိုးရရဲ့အုပ်စိုးမှုကို ဘယ်လိုသဘောထားရမလဲ ဆိုတာနဲ့ ပတ်သက်လာရင် ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ ကျွန်တော်တို့ ဘာတွေလုပ်ရမှာလဲ။
2မေးခွန်း (၂)- ကျန်ခဲ့တဲ့ရက်ပိုင်းတွေက အစ်ကိုယုကျွန်မတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်အကြောင်း သက်သေခံခဲ့တာကို သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေသိသွားကြပြီ အခုသူတို့တွေက ရူးမိုက်တဲ့သူတွေလို ပြုမူနေကြပြီ သူတို့တွေက မိစ္ဆာဒိဌိအယူနဲ့ အလိမ်အညာတွေကို လိုက်လံဖြန့်ဝေနေပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို ရှုတ်ချနေကြတယ် သူတို့တွေကဘုရားကျောင်းကိုပိတ်ထားလိုက်ပြီး စပြီးလိုက်လံနှောင့်ယှက်နေတယ် ပြီးတော့ အစ်ကိုယုရဲ့ဒေသနာကိုနားထောင်ဖို့ကြိုးစားနေတဲ့ ညီအစ်ကိုမောင်နှမတွေကို လည်း တားဆီးနေတယ် ကျွန်မတို့ကို သူတို့မျက်လုံးထဲမှာ ဆူးတွေလို့ပဲမြင်နေကြတာ မုန်းစရာအကောင်းဆုံးပဲ ပြီးတော့သူတို့ကပြောသေးတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်လက်ခံတဲ့သူအားလုံးကို ဘုရားကျောင်းကနေနှင်ထုတ်မယ်တဲ့ အသင်းတော်ကတော့ ဂိုဏ်းနှစ်ဂိုဏ်းကွဲနေပြီ တစ်ချို့ညီအစ်ကိုတွေညီအစ်မတွေက ကျွန်မတို့နဲ့အတူ စစ်မှန်တဲ့လမ်းကို လေ့လာဆည်းပူးချင်ကြတယ် တခြားသူတွေကတော့ သင်းအုပ်ဆရာတွေနဲ့အကြီးအကဲတွေနောက်လိုက်ပြီး အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို ဆန့်ကျင်ရှုတ်ချနေကြတယ် ပြီးတော့သူတို့တွေက ကျွန်မတို့ကို သူတို့ရဲ့ရန်သူတွေလိုဆက်ဆံကြတယ် အသင်းတော်က ရက်အနည်းငယ်လောက်အတွင်း ဘာလို့ဒီလောက်တောင် ပြောင်းလဲသွားတာလဲ။

၁၁။ စီစီပီ၏ ကောလာဟလများနှင့် မုသားများကို ဖော်ထုတ်ခြင်းနှင့် ချေပခြင်း

1မေးခွန်း (၁) ဒါပေမဲ့ ခင်ဗျားက ယုံကြည်တာ ဆယ်နှစ်ပဲရှိသေးတယ်။ ခင်ဗျားက လူသစ်ပဲရှိသေးတယ်။ ကျုပ် အသက်ရှင်တာ အတော်ကြာပြီဖြစ်ပြီး ဘာသာတရားတွေကို လေ့လာတာ ဆယ်စုနှစ်ပေါင်းများပြီ။ ကျုပ် ခင်ဗျားကို ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ ပြောနိုင်တယ်။ ကျုပ်တို့ဒီကမ္ဘာမှာ ဘုရားရှိကိုမရှိတာပါ။ ဘယ်ကယ်တင်ရှင်မှလည်း မရှိဘူး။ ဘုရားသခင်ကို ယုံကြည်မှုက အတော်ကို မရေရာပါဘူး။ လက်တွေ့မကျတာသက်သက်ပါပဲ။ ကျုပ်တို့နှစ်ယောက်လုံးက ပညာတတ်တွေပဲ အချက်အလက်တွေနဲ့ သိပ္ပံနဲ့အညီ ဒီပြဿနာတွေကို ကြည့်သင့်ပြီး ဒါဝင်ရဲ့ သီအိုရီကို ဒါမှမဟုတ် ရုပ်ဝါဒကိုတောင် ယုံကြည်သင့်တယ်။ ခင်ဗျားက ဘုရားသခင်ကို ယုံကြည်မှရမယ်လို့ ဘာလို့ ခံစားရတာလဲ။ ကျုပ်တို့ ကွန်မြူနစ်တွေက ဘုရားမဲ့ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီကို ယုံကြည်တယ်။ ဒါဝင်ရဲ့ဆင့်ကဲဖြစ်စဉ်သီအိုရီက သိပ္ပံရဲ့သမိုင်းမှာ အရေးကြီးဆုံးသီအိုရီတစ်ခုဆိုတာ ခင်ဗျားသိမှာပါ။ ဒါဝင်အရ ကမ္ဘာပေါ်မှာရှိတဲ့အရာတိုင်းကို သဘာဝရဲ့ဖြစ်စဉ်က ဖန်တီးခဲ့တယ်ဆိုတာ မြင်သာပါတယ်။ လူဟာ ဇီဝဆိုင်ရာဆင့်ကဲဖြစ်ခြင်းရဲ့ သဘာဝဖြစ်စဉ်ရဲ့ တိုက်ဆိုင်ပြီးဖြစ်လာတဲ့ ထုတ်ကုန်တစ်ခုဖြစ်တယ်။ အတိုပြောရရင် လူက မျောက်ဝံကနေ ဆင့်ကဲပြောင်းလဲလာတယ်။ လုံလောက်တဲ့ သီအိုရီပိုင်းဆိုင်ရာ အထောက်အထားတစ်ခုရှိပါတယ်။ အဲဒါကဘုရားသခင်ဟာ လူကို မဖန်ဆင်းခဲ့ဘူးလို့ပြတယ်။ သမ္မာကျမ်းစာမှာရေးထားတာက အလေးအနက်ခံယူဖို့မဟုတ်တဲ့ ဒဏ္ဍာရီနဲ့ ရိုးရာပုံပြင်တွေသက်သက်ပါ။ ရမယ်ဆိုရင် ခင်ဗျားကို ရုပ်ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကို လေ့လာဖို့အကြံပေးချင်တယ်။ အဲဒါတွေက တကယ်ကို လက်တွေ့ကျပြီး ခင်ဗျားရဲ့ သံသယတွေကို ဖယ်ရှားပေးလိမ့်မယ်။ ခင်ဗျားဒါကို ရှင်းရှင်းလင်းလင်းမြင်နိုင်လာရင် ဘာသာရေးယုံကြည်မှုတွေကို မှန်မှန်ကန်ကန်နားလည်လာမှာဖြစ်ပြီး နောက်ဆုံးမှာ မျက်စိစုံမှိတ်ယုံကြည်ခြင်းရဲ့ အမြင်မှားမှုကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်စေလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။ တရုတ်ကွန်မြူနစ်ပါတီနောက်ကိုလိုက်မှသာ ခင်ဗျားမှာ အနာဂတ်ရှိလိမ့်မယ်။
2မေးခွန်း (၂) ဒါပေမဲ့ ကျုပ်က ဘုရားကို တစ်ခါမှမမြင်ဖူးဘူး။ ဘုရားသခင်က ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ကမ္ဘာကို ဘယ်လိုအုပ်စိုးတယ်ဆိုတာ ကျုပ် တစ်ခါမှ မမြင်ဖူးဘူး။ ဘုရားကိုသိပြီး သူ့ကိုလက်ခံဖို့ ကျုပ်အတွက် ခက်ခဲတယ်။ ဘာသာရေးယုံကြည်မှုကို နှစ်တော်တော်များများလေ့လာပြီးနောက်မှာ ဘာသာရေးယုံကြည်မှုက ဝိညာဉ်ဆိုင်ရာအာဟာရကိုပေးတယ်လို့ ကျုပ်ထင်တယ်။ ဒါက လူသားမျိုးနွယ်ရဲ့ ဝိညာဉ်ဆိုင်ရာလစ်ဟာမှုကို ဖြည့်ဆည်းဖို့ နည်းတစ်ခုသက်သက်ပဲ။ ဘုရားသခင်ကို ယုံကြည်သူတွေက နောက်ဆုံးမှာကျုပ်တို့လိုပဲ သေတာပဲမဟုတ်လား။ ဘယ်သူက ကောင်းကင်ဘုံပေါ်တက်ပြီး ဘယ်သူက ငရဲသွားတယ်ဆိုတာ ဘယ်သူကမှ အတည်မပြုနိုင်ဘူး။ ကျုပ်အတွက်က ဘာသာရေးယုံကြည်မှုက လက်တွေ့မကျဘဲ အတော်ကို မသေချာပါဘူး။ သိပ္ပံရဲ့ဖွံ့ဖြိုးမှု၊ လူရဲ့တိုးတက်မှုနဲ့ ဘာသာရေးယုံကြည်မှုဟာ စွန့်ပစ်ပြီး ဖယ်ရှားခံရဖို့ အလားအလာသိပ်များတယ်။ ကျုပ်တို့အားလုံးက သိပ္ပံကို ယုံကြည်ဖို့လိုတယ်။ သိပ္ပံသာ ဘယ်သူကမှ မငြင်းနိုင်တဲ့ သမ္မာတရားနဲ့ စစ်မှန်မှုကို ဖော်ထုတ်နိုင်တယ်။ သိပ္ပံက ဘုရားကို မငြင်းပေမဲ့ ဘုရားရဲ့တည်ရှိမှုကို မမြင်တွေ့ရသေးဘူး။ သိပ္ပံက ဘုရားသခင်တည်ရှိပြီး အရာအားလုံးကို အုပ်စိုးတယ်ဆိုတဲ့ သက်သေတွေ့ရင် ကျုပ်တို့လည်း ဘုရားကို ယုံမှာပဲ။ ကျုပ်တို့ကွန်မြူနစ်အားလုံးက သိပ္ပံကို ယုံကြည်တယ်။ သိပ္ပံအပေါ် ယုံကြည်မှုနဲ့ တိုးတက်မှုကနေတစ်ဆင့်ကသာ လူမှုအဖွဲ့အစည်းက တိုးတက်မယ်။ သိပ္ပံက လူ့အဖွဲ့အစည်းတွေရဲ့ တကယ့်ပြဿနာတော်တော်များများကို ဖြေရှင်းနိုင်တယ်။ ဘုရားသခင်ကို ယုံကြည်ခြင်းက လူတွေကို ဘာပေးလဲ။ ယာယီ ဝိညာဉ်ဆိုင်ရာသက်သာမှုကလွဲပြီး တခြားဘာကောင်းလဲ။ တကယ့်ပြဿနာတွေကို မဖြေရှင်းပေးဘူး။ ကျုပ်ဆိုလိုတာက သိပ္ပံကို ယုံကြည်မှုက ဘုရားသခင်ကို ယုံကြည်မှုထက် ပိုပြီး လက်တွေ့ကျတယ်။ ကျုပ်တို့အားလုံး သိပ္ပံကို ယုံကြည်မှရမယ်။
3မေးခွန်း (၃) ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာနဲ့အကြီးအကဲတွေက မင်းတို့က ယေရှုခရစ်တော်အပေါ်မဟုတ်ပဲ လူတစ်ယောက်အပေါ်မှာ ယုံကြည်တယ်လို့ ပြောကြတယ် ဒီလူက တကယ်ပဲ ပြန်ကြွလာတဲ့သခင်ယေရှု ဒါမှမဟုတ် အလုပ်လုပ်ဖို့အတွက် ပေါ်ထွန်းလာတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်လို့ မင်းတို့သက်သေခံကြတယ်။ ကွန်မြူနစ်ပါတီက ခရစ်ယာန်ဝါဒနဲ့ ကက်သလစ်ဝါဒကို အယူအစွဲဂိုဏ်းတွေအဖြစ် ရှုတ်ချထားတယ်ဆိုတာ မင်းတို့ သိလား။ ဒါတောင်မှ သခင်ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာခဲ့ပြီလို့ မင်းတို့ သက်သေခံကြတယ်။ ဒါ မိုက်မဲခြင်းပဲ မဟုတ်ဘူးလား။ ကွန်မြူနစ်ပါတီက မင်းတို့ကို ဘယ်လို လွှတ်ထားနိုင်မှာလဲ။ တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်ဝါဒနဲ့ ကက်သလစ်ဝါဒကို အစွန်းရောက်ဝါဒတွေအဖြစ်၊ သမ္မာကျမ်းစာကို အစွန်းရောက်စာအုပ်အဖြစ် သတ်မှတ်တယ်။ ဒါဟာ လူတိုင်းသိကြတဲ့အချက်ပဲ။ မင်းတို့ သတိထားမိမှာပါ။ တရုတ်ကွန်မြူနစ်ပါတီက အများလက်ခံထားတဲ့ ကမ္ဘာ့ဘာသာရေးတွေကို ရှုတ်ချပြီး ငြင်းပယ်ရဲရင် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ဘာလို့ မရှုတ်ချနိုင်ရမှာလဲ။ တရုတ်ကွန်မြူနစ်ပါတီက သမ္မာကျမ်းစာကို အစွန်းရောက်စာအုပ်အဖြစ် ကြေညာရင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏ကို ဘာလို့ သည်းခံဖို့ စဉ်းစားနေမှာလဲ။ ပြည့်သူ့လုံခြုံရေးအေဂျင်စီတွေက ဒီစာအုပ်ရဲ့ ကော်ပီတော်တော်များများကို သိမ်းပြီးပြီ။ လူတွေအများကြီးက လေ့လာနေကြတယ်။ ငါ နားမလည်ဘူး။ မင်းတို့လူတွေက ဘာလို့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ရတာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလရဲ့ခရစ်တော်လို့ ဘာကြောင့် ဆက်ပြီး သက်သေခံရတာလဲ။ သူ့မိသားစုနောက်ခံနဲ့ပတ်သက်ပြီး ငါတို့အကုန်နားလည်သွားပြီ။ သူက သာမန်လူတစ်ယောက်ပဲ ခရစ်ယာန်ဘာသာရဲ့ ယေရှုလိုပဲ။ ယေရှုက လက်သမားတစ်ယောက်ရဲ့သား၊ မိဘနဲ့ မွေးချင်းတွေလည်းရှိတယ်။ သူက သာမန်လူတစ်ယောက်ပဲဖြစ်ခဲ့တယ်။ ဒါတောင်မှ ခရစ်ယာန်လောကတစ်ခုလုံးက သူ့ကို ဘုရားလို ကိုးကွယ်ကြတယ်။ မင်းတို့လူတွေ ယုံကြည်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကလည်း ယေရှုလို လူသားတစ်ယောက်ပဲ။ ဒါတောင်မှ သူက ဘုရားသခင်ဖြစ်တယ်လို့ သေချာပြောနေတယ်။ ဒါအတော်လေး နားလည်ရခက်တယ် မင်းတို့နှစ်ယောက်လုံးက သာမန်လူတစ်ယောက်ကို ယုံတာကြောင့် နာကျင်မှုတွေ အများကြီး ခံယူကြတယ်။ ဒီတော့ ဒါ တန်ရဲ့လား။ နောက်လိုက်တော်တော်များများက အနန္တတန်ခိုးရှင်ဘုရားသခင်အတွက် မိသားစုတွေနဲ့ အလုပ်တွေကို စွန့်လွှတ်ကြတယ်လို့ ငါကြားတယ်။ ဘုရားကို ဒီလိုယုံကြည်လို့ ဘာရစရာရှိလို့လဲဆိုတာ ငါသိချင်မိတယ်။ သူက ဘုရားပါလို့ ယုံကြည်ဖို့ မင်းအတွက် ဘာအထောက်အထားရှိလဲ။
4မေးခွန်း (၄) မင်းတို့ယုံကြည်တာက အနန္တတန်ခိုးရှင်ဘုရားသခင်၊ ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မင်းတို့ဖတ်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမည်နဲ့ဆုတောင်းတယ်။ ဒါပေမဲ့ ငါတို့သိထားချက်အရ မင်းတို့ရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို လူတစ်ယောက်က တည်ထောင်ခဲ့တယ်။ အကြောင်းကိစ္စအားလုံးမှာ မင်းတို့ သူ့ကို နာခံတယ်။ မင်းတို့ရဲ့ ထွက်ဆိုချက်တွေအရ ဒီလူက ဘုန်းကြီး ဘုရားသခင်အသုံးပြုတဲ့ လူတစ်ယောက်၊ အုပ်ချုပ်ရေးကိစ္စတွေမှာ ခေါင်းဆောင်ဖြစ်တယ်။ ဒါက ငါ့အတွက် ရှုပ်ထွေးနေတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို တည်ထောင်ခဲ့တာက ဘယ်သူလဲ ဘယ်လိုဖြစ်လာတာလဲ။ ကဲ ဒါကို ရှင်းပြနိုင်မလား။
5မေးခွန်း (၅) သမ္မာကျမ်းစာမှာပြောထားတယ်။ “အစိုရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာဖြစ်သတည်း။ ထိုကြောင့်၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။” (ရောမသြဝါဒစာ ၁၃:၁-၂) နှစ်ပေါင်းများစွာယုံကြည်ပြီးတဲ့အတွက် ဒါ ဘာကိုဆိုလိုတယ်ဆိုတာ မင်း သိသင့်ပါတယ်။ တကယ်တော့လည်း သမ္မာကျမ်းစာကို ဘုရားသခင်က မှုတ်သွင်းခဲ့တာလေ ကျုပ်တို့ ယုံကြည်သူတွေက အာဏာရှိသူတွေကို နာခံသင့်တယ်လို့ ကျုပ်ယုံကြည်တယ်။ ဒါ ကျုပ်မြင်တဲ့ ပုံစံပဲ။ မင်းက အာဏာပိုင်တွေကို အာခံရင် ဒါ တရုတ်ပြည်မှာ အလုပ်မဖြစ်ဘူး။ ကွန်မြူနစ်ပါတီက တော်လှန်ရေးပါတီတစ်ခုပါ။ မင်း မနာခံရင် မင်းရဲ့ဘဝကို အဆုံးသတ်ပစ်လိုက်လိမ့်မယ်။ ဒီ တရုတ်ပြည်မှာ မင်းက ဘုရားသခင်ကို ယုံကြည်ဖို့အတွက် ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်မှာ ပါဝင်ဖို့ ဆန္ဒရှိရမယ်။ တခြားနည်းလမ်း ရှိကိုမရှိတာပါ။ ကျုပ်တို့ယုံကြည်မှုမှာ ရှာဖွေတဲ့အရာနဲ့ပတ်သက်တဲ့အခါမှာ ကျုပ်တို့အားလုံးက ငြိမ်းချမ်းပြီးကောင်းမွန်တဲ့ဘဝကို လိုချင်ကြတယ်မဟုတ်လား။ ကျုပ်တို့ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်က ချင့်ချိန်စဉ်းစားတတ်တယ်။ ကျုပ်တို့ဟာ ဘုရားသခင်ကို ချီးမြှောက်ပြီး နိုင်ငံချစ်စိတ်ရှိသူတွေဖြစ်ပါတယ်။ အာဏာပိုင်တွေကို မစော်ကားဘူး ဒါမှမဟုတ် သမ္မာကျမ်းစာကို သစ္စာမဖောက်ဘူး။ ကျုပ်တို့က အသင်းတော်မှာ သခင့်ကို ပွင့်ပွင့်လင်းလင်း ကိုးကွယ်တယ်။ တစ်ခါမှ ပုန်းစရာမလိုဘူး ဒါမှမဟုတ် ကြောက်ရွံ့ပြီး မနေရဘူး။ ဒါ နှစ်ဘက်စလုံးအတွက် အကောင်းဆုံးပဲလေ ဟုတ်တယ်မို့လား။
6မေးခွန်း (၆) မေ ၂၈ ရက် ရှန်တုန်းမှာ ဖြစ်ခဲ့တဲ့ ကျောင်းယွမ်အမှုကို ရှင်းစမ်းပါဦး။ ဘာပဲဖြစ်ဖြစ် ရုံးတံခါးဖွင့် စစ်ဆေးခဲ့တာပဲလေ။ ကျောင်းယွမ်အမှုပြီးတော့ အိမ်တွင်း အသင်းတော်တွေကို အစိုးရက ဝင်စီးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖြိုခွင်းဖို့ ရဲအင်အားကို သုံးခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းသားတွေကို သဲသဲမဲမဲ ရှာဖွေဖမ်းဆီးတယ်။ ရှန်တုန်းမှာဖြစ်ခဲ့တဲ့အမှုကို လူတွေက မှားတယ်လို့ ယုံကြည်ကြပြီး၊ သံသယဖြစ်ကြတယ်ဆိုပေမဲ့ လူထုထောက်ခံမှုရအောင် လုပ်ဇာတ်ခင်းပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ဖြိုခွဲခဲ့ကြတယ်။ အချက်အလက်တွေက မှားမှားမှန်မှန် တရုတ်မီဒီယာတွေက ဝိုင်းတင်ကြတယ်။ အဲဒါက ကမ္ဘာပေါ်က တခြားနိုင်ငံတွေအပေါ် သက်ရောက်မှုရှိသွားတယ်။ ကျောင်းယွမ်အမှုကို မင်းတို့ ဘယ်လိုပဲ လက်မခံသည်ဖြစ်စေ၊ လူတွေအများကြီးက ကွန်မြူနစ်ပါတီကို ယုံနေကြတုန်းပဲ။ ဒီတော့ ရှန်တုန်းမှာဖြစ်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ။
7မေးခွန်း (၇) သူတို့က တော်လှန်ရေးသမားတွေ။ သူတို့ယုံကြည်တာ အကြမ်းဖက်မယ်၊ မုသားသုံးမယ်၊ အာဏာကို အကြမ်းနည်းနဲ့ရယူမယ်။ “မုသားတစ်ခွန်းကို အကြိမ်တစ်သောင်း လောက် ထပ်တလဲလဲဆိုလိုက်ရင် အမှန်ဖြစ်လာတယ်” လို့ ယူဆထားကြတာ။ လူတွေက သူတို့စကားတွေကို ဘယ်လိုပဲ မယုံမယုံ၊ ငြင်းပဲ ငြင်းငြင်း ပါတီက ဂရုမစိုက်ဘူး။ ဆက်ပြီးလိမ်မြဲ လိမ်နေမှာပဲ။ လက်ငင်းမှာ ထိရောက်မှုတွေ ရှိနေသရွေ့ သူတို့ ဂရုမစိုက်ဘူး။ လူတွေ ဆန့်ကျင်ဆန္ဒပြပြီဆိုရင်၊ တင့်ကားတွေ စက်သေနတ်တွေ သုံးပြီး ဖြေရှင်းလိုက်မှာပဲ။ သူတို့ လိုအပ်တာတွေ ရဖို့ လိုအပ်ရင် အဏုမြူဗုံးတောင် သုံးကြမယ့်သူတွေ၊ အာဏာ တည်မြဲဖို့ ပါတီကတော့ ဘာမဆိုလုပ်မှာပဲ။ အဲဒီအမှုကို ထုတ်ပြန် လိုက်ပြီးတာနဲ့ ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် ခရစ်ယာန်တွေကို ဖမ်းဆီး၊ နှိပ်ကွပ်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေ အများကြီးတပ်ဖြန့် လိုက်ကြတယ်လေ။ သူတို့ကို ဘယ်သူက တားနိုင်ခဲ့လို့လဲ။ ဘယ်သူ အာခံရဲခဲ့လဲ။ ပါတီကလိမ်ကကျစ်လုပ်တာတွေကို နိုင်ငံခြားသားတွေ မြင်တော့ သူတို့ဘာလုပ်နိုင်ခဲ့လဲ။ အနောက်တိုင်း ဒီမိုကရေစီ အင်အားစုတွေကို တန်ပြန်တဲ့နည်းတွေ ပါတီမှာ အများကြီးပဲ။ အားလုံးကို ပိုက်ဆံသုံးပြီး ဖြေရှင်းလိုက်တာပဲ။ လူဟာ လက်ဆောင် ပဏ္ဏာကို လွတ်လပ်မှုနဲ့ လဲကြတာပဲ။ ဒီနေ့ခေတ်မှာ တရုတ် ကွန်မြူနစ်ပါတီကို ဆန့်ကျင်တဲ့နိုင်ငံ ပိုနည်းသွားပြီ။ အင်အားစုတွေ ကလည်း ခုဆို သူတို့ကို ရန်လိုရမှာတောင် ကြောက်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် စီစီပီက အာဏာကို ထိန်းထားနိုင်တုန်းပဲလေ။ အာဏာရှိနေသရွေ့ မင်းတို့လို ဘုရားသခင် ယုံကြည်တဲ့သူတွေ လွတ်လပ်မှာမဟုတ်ဘူး။ တရုတ်ပြည်ထဲက ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို စီစီပီက မုန်းတီးပြီး ပိတ်ပင်နေဦး မှာပဲ။ ဘုရားမဲ့ အုပ်စိုးမှုတစ်ခုကို ဖန်တီးဖို့ဆိုတဲ့ သူတို့ရဲ့ ပန်းတိုင်ကို သူတို့မရရင်တောင်၊ မင်းတို့ကိုဖမ်းဆီးနှိပ်ကွပ်တာတွေ လုံးဝ ရပ်မှာ မဟုတ်ဘူး။ ငါ ဒါတွေကို မြင်တွေ့နေတာကြာခဲ့ပြီ။ အဲဒါကြောင့် လည်း မင်းတို့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်မှုကို ငါ ဆန့်ကျင်နေရတာပေါ့။ အားလုံးက မင်းတို့ရဲ့ လုံခြံမှုအတွက်ပါ နားမလည်ဘူးလား။
8မေးခွန်း (၈) မင်းပြောတဲ့ ဘုရားသခင်ကိုဆန့်ကျင်ရင် ငရဲကျမယ်ဆိုတာတော့ ငါ မယုံဘူး။ ငရဲဘယ်မှာရှိလဲ၊ ဘယ်လိုမျိုး လဲဆိုတာ ဘယ်သူက မြင်ဖူးလို့လဲ။ ဘုရားသခင်ရှိမရှိ ငါလည်း မသိဘူး။ ရှိတယ်လို့လည်း မသေချာဘူး။ ဘုရားသခင်ဆိုတာ ဘယ်မှာလဲ။ ဘယ်သူတွေ့ဖူးလို့လဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် သာ စစ်မှန်တဲ့ဘုရားသခင်ဆိုရင်၊ စီစီပီက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ရှုတ်ချ တိုက်ခိုက်မှုတွေ လုပ်နေချိန်မှာ၊ ဘုရားသခင်က ဘာလို့မတားရတာလဲ။ ဘုရားသခင် ဆင်းသက် လာပြီး တရုတ်ကွန်မြူနစ်ပါတီကို ဖျက်ဆီးတယ်ဆိုရင်တော့၊ စစ်မှန်တယ်လို့ ပြောရမှာပဲ။ ဒါဆိုရင် လူသားတွေလည်း အနန္တတန်ခိုးရှင် ဘုရားသခင်က စစ်မှန်တဲ့ဘုရားသခင်ဆိုတာကို သိမှတ်သွားကြမယ်၊ စီစီပီကတောင် စစ်မှန်တဲ့ ဘုရားကို ဝပ်စင်း ကိုးကွယ်မှာပဲ။ ဘယ်သူမှ ဆန့်ကျင်ရဲမှာမဟုတ်ဘူး။ ဒါပေမဲ့ တကယ် ဘာဖြစ်ခဲ့လဲ။ စီစီပီရဲ့ရဲတွေက ဘုရားသခင် ယုံကြည်သူ တွေကို နေရာအနှံ့အပြားမှာ ဖမ်းတာကို မြင်ခဲ့ရတယ်လေ။ ယုံကြည်သူတွေက ထောင်ထဲရောက်လို့ရောက်၊ အနှိပ်စက်ခံရ လို့ခံရနဲ့၊ တော်တော် များများလည်း အသတ်ခံရတယ်။ ဒါပေမဲ့ မင်းတို့ဘုရားသခင်က ကယ်ခဲ့လို့လား။ မင်းတို့ယုံကြည်တဲ့ ဘုရားသခင်က စစ်မှန်ပါတယ်ဆိုတာကို လူတွေ ယုံအောင် ဘယ်လိုသွားပြောမလဲ။ ငါတော့ နားမလည်ဘူး။ မင်းတို့ယုံကြည် နေတဲ့ ဘုရားသခင်က မှန်လား၊ မှားလား။ မင်းတို့တောင် မသိကြဘူးထင်တယ်နော်။ ဒါဆိုရင် မင်းတို့က မိုက်မဲနေတာ မဟုတ်ဘူးလား။ မင်းတို့ဘုရားသခင်က စစ်မှန်ပါတယ်ဆိုတာ ဘာကို အခြေခံပြီးပြောတာလဲ။ ရှင်းပြပေးနိုင်မလား။
9မေးခွန်း (၉) ဒါပေမဲ့ အစိုးရမှတ်တမ်းတွေကို ဖတ်ကြည့်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတချို့ဟာ ဧဝံဂေလိတရားဟောဖို့ သူတို့မိသားစုကို စွန့်လွှတ်ကြလိမ့်မယ်တဲ့။ တချို့ဆို အိမ်ထောင်မပြုဘဲ တစ်သက်လုံးနေသွားကြတယ် ပြောတယ်။ ထပ်ပြီးပြောထားတာက အစိုးရက အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် ယုံကြည်တဲ့တစ်ဖွဲ့ကို ဖမ်းပြီးရင်၊ နောက်တစ်ဖွဲ့ကို သတ်ဖြတ်ဖို့ ကြိုးစားတယ်တဲ့။ ပြီးတော့ “ပိတ်ပင်မှု မအောင်မြင်သရွေ့ တပ်ဖွဲ့တွေကို မရုပ်သိမ်းဘူး” ဆိုလားပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်သူတော်တော်များများ အဖမ်းခံရ၊ ထောင်ချခံရ၊ ဒဏ်ရာရကြပြီး၊ ဒုက္ခိတတောင် ဖြစ်ကြရတယ်။ တချို့ဆိုရင် သူတို့အလုပ်ပါဆုံးရှုံးပြီး၊ မိသားစုတွေ ပြိုကွဲကုန်တယ်ပြောတယ်။ အဲဒီလိုဖြစ်ရတာ ယုံကြည်သူတွေက သူတို့မိသားစုကို ဂရုမစိုက်ကြလို့ပဲတဲ့။ မင်းတို့ ဒါတွေကို တကယ်လို့ထင်လား။ အိမ်ထောင်မပြုဘဲနေတာတို့၊ မိသားစုကို စွန့်လွှတ်တာတို့ မလုပ်ရဘူးနော်။ မင်းတို့ယုံကြည်ခြင်းက ဒီလိုမျိုးဆိုရင်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံဖို့ အမေ တောင်းပန်ချင်တယ်။ ဒီဆန္ဒကိုတော့ ကျေးဇူးပြုပြီး အရေးစိုက်ပေးကြပါ။
10မေးခွန်း (၁၀) ငါက ညွှန့်ပေါင်းတပ်ဦးမှာ နှစ်ပေါင်းများစွာ လုပ်လာတာ၊ ဘာသာတရားတွေအများကြီးကို လေ့လာထားတယ်။ ခရစ်ယာန်၊ ကက်သလစ်၊ အော်သိုဒေါ့စ်၊ ဒီဘာသာတွေအားလုံးက ယေရှုကို ယုံကြည်တာချည်းပဲ။ ဒါပေမဲ့ မင်းတို့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယုံကြည်မှုက မတူဘူး။ ပါတီမှတ်တမ်းတွေမှာ ဖော်ပြတာတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဟာ ခရစ်ယာန်ဘာသာ မဟုတ်ဘူးတဲ့။ မင်းတို့ကို ဂိုဏ်းခွဲတစ်ခုအဖြစ် အသိအမှတ်မပြုတဲ့ ခရစ်ယာန်ဂိုဏ်းခွဲ အမျိုးမျိုးဆီကို မင်းတို့က ခရစ်ယာန်အလံတော်အောက်ကနေ ဧဝံဂေလိတရား ဟောနေကြတာပဲ။ ငါကတော့ ဘယ်တော့မှ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခွင့်ပေးမှာ မဟုတ်ဘူး။ ခရစ်ယာန်ဘာသာပဲရမယ်။ အစိုးရရဲ့ နှိပ်ကွပ်မှုလည်း နည်းလိမ့်မယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယုံမိလို့ ထောင်ကျတယ်ဆိုရင်တော့ မင်းဘဝ ဒုက္ခရောက်ပြီပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံတဲ့သူတွေ က နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်တယ်။ ခရစ်တော်ရဲ့တပည့်တော်တွေ တမန်တော်တွေ မှန်းလည်း ပါတီက သိတယ်။ ပါတီ အကြောက်ဆုံး ဖြစ်နေတာက နောက်ဆုံးသောကာလ ခရစ်တော်အားဖြင့် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်ရယ်၊ နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်တဲ့ အမာခံအုပ်စုရယ်ပဲ။ ခရစ်ယာန်သာသနာရဲ့ သမိုင်းကြောင်းကို ငါတို့လေ့လာပြီးပြီ။ ဂျူးတွေနဲ့ ရောမအင်ပါယာ အကြောက်ဆုံးဖြစ်ခဲ့တာလည်း ယေရှုရဲ့ တပည့်တော်တွေနဲ့ တမန်တော်တွေကိုပဲ။ ဒါကြောင့် အဲဒီလူတွေကို ဖမ်းမိတာနဲ့ ချက်ချင်း သတ်ပစ်ခဲ့တာလေ။ ဒီနေ့လို ခေတ်မျိုးမှာ နောက်ဆုံးသောကာလ ခရစ်တော် နောက်ကိုလိုက်တဲ့ ဒီအုပ်စုကို လုံးဝပိတ်ပင်ဖို့ အရေးယူ ဆောင်ရွက်တာတွေ မလုပ်ဘူးဆိုရင်၊ နှစ်အနည်းငယ် အတွင်းမှာ ဘာသာရေး အသိုင်းအဝိုင်း တစ်ခုလုံးကို သူတို့လက်အောက် သွတ်သွင်း လာလိမ့်မယ်။ တရုတ်ပြည်မှာရှိတဲ့ ခရစ်ယာန်ဂိုဏ်း တော်တော်များများလည်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် လက်အောက်ကို ရောက်ကုန်ကြပြီ။ ဇောင်ယွမ်အမှုမှာ စီစီပီကသာ ကြံဖန်မကြိုးစားခဲ့ဘူးဆိုရင်၊ ကမ္ဘာပေါ်က ဘာသာရေး အသိုက်အဝန်းအားလုံး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အောက်ကို သွတ်သွင်းခံရတဲ့နေ့မျိုးက ရောက်ပြီးနေလောက်ပြီ။ ဘာသာရေးအသိုက်အဝန်းက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်လက်အောက်ကို ရောက်မယ်ဆိုရင်၊ စီစီပီအစိုးရအတွက် သဘောတွေ့စရာ ဖြစ်လာမှာမဟုတ်ဘူး။ အဲဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို မြန်မြန်ဆန်ဆန်ပိတ်ပင်ဖို့အတွက် ဗဟိုကော်မတီက ရှိသမျှအင်အားကို တပ်ဖြန့်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်း ပေါ်ပေါက်မှုက တရုတ်ပြည် တင်မကဘူး။ တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားတယ်ဆိုတာ မင်းတို့ သိဖို့လိုတယ်။ ဒီလိုဖြစ်လာမှတော့ စီစီပီက မင်းတို့တွေကို ဆန့်ကျင်တဲ့ ဖိနှိပ်မှုတိုက်ပွဲကြီးကို မလုပ်ဘဲ နေနိုင်ပါ့မလား။ ဘုရားသခင်ကို ယုံမှဖြစ်မယ် ဆိုလည်း၊ ခရစ်ယာန်ဘာသာပဲဖြစ်ရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံနဲ့တော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဆိုတာ ခရစ်ယာန်နဲ့မဆိုင်ဘူး။
11မေးခွန်း (၁၁) စစ်ဝေခူ (မြူနီစပယ်ယူနိုက်တက်ရှေ့တန်းတာဝန်ဌာန၏ ဝန်ကြီး)- ယေရှုနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် နှစ်ပါးလုံးက ခရစ်တော်ဖြစ်တယ်။ တစ်ပါးက အရင်ဖြစ်ပြီး နောက်တစ်ပါးက နောက်ဆုံးခရစ်တော်လို့ ပြောတယ်။ ငါတို့ပါတီက လက်မခံဘူး။ ကြွေးကြော်သံမှာလည်း ‘လောကရဲ့ကယ်တင်သူဆိုတာ မရှိခဲ့ဘူး’ လို့ပြောထားတယ်။ မင်းတို့က ကယ်တင်ရှင်ခရစ်တော် ကြွရောက်လာတာကို သက်သေခံကြတယ်။ ဒီတော့ ပါတီက မင်းတို့ကို မရှုတ်ချဘဲနေမလား။ ငါတို့အမြင်မှာတော့ ခရစ်ယာန်တွေယုံကြည်တဲ့ ယေရှုဆိုတာ သာမန်လူပဲ။ လက်ဝါးကပ်တိုင်ပေါ်မှာ သံနဲ့တောင်အရိုက်ခံရတယ်။ ဂျူးတွေကလည်း သူ့ကို ခရစ်တော်လို့ လက်မခံခဲ့ကြဘူး။ ဒါ အမှန်ပဲမဟုတ်လား။ မင်းတို့ သက်သေခံကြတဲ့ နောက်ဆုံးသောကာလရဲ့ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ကလည်း သာမန်လူပဲ။ သူ့မှာ မျိုးရိုးနာမည်နဲ့ ကိုယ်ပိုင်နာမည်ရှိတယ်လို့ ပါတီမှတ်တမ်းတွေမှာ ဖော်ပြတယ်။ ဒါလည်း အမှန်ပဲလေ။ ဒီလိုသာမန်လူက ခရစ်တော်ပါ။ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းပါဆိုပြီး မင်းတို့က ဘာကြောင့် သက်သေခံကြတာလဲ။ ယုံစရာကိုမရှိဘူး။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ဆောင်ရွက်ထားတဲ့ တရားစီရင်ခြင်းအမှုနဲ့ ဖော်ပြထားတဲ့ သမ္မာတရားကို မင်းတို့ ဘယ်လိုပဲ သက်သေခံနေပါစေ၊ ဒီလူက ဘုရားသခင်ဆိုတာကို ငါတို့ပါတီက လက်ခံမှာမဟုတ်ဘူး။ မင်းတို့လည်း ယေရှုကို ယုံကြတဲ့ ခရစ်ယာန်တွေ ကက်သလစ်တွေ အရှေ့ပိုင်းအော်သိုဒေါ့စ်တွေလိုပဲ လူကို ဘုရားသခင်ဆိုပြီး ယုံနေကြတယ်။ ဒါက တကယ်ကို ပညာမဲ့တာ မဟုတ်ဘူးလား။ ဘုရားသခင်ဆိုတာရယ်၊ ဘုရားရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်ဆိုတာတွေ ရယ်က အတိအကျအားဖြင့် ဘာလဲ။ သမ္မာတရားကို ဖော်ပြပြီး ဘုရားသခင်ရဲ့အမှုကို လုပ်ဆောင်ရုံလောက်နဲ့ စစ်မှန်တဲ့ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းပါလို့ ဆိုလိုတာလား။ ငါတို့တော့ ဘယ်တော့မှလက်မခံဘူး။ ဘုရားသခင်သာ တရုတ်ကွန်မြူနစ်ပါတီနဲ့ သူ့ကိုဆန့်ကျင်သူတွေကို ပျက်စီးခြင်းရောက်စေတာမျိုး အံ့ဖွယ်တွေလုပ်ပြ နိုင်ရင်တော့၊ ငါတို့ကလည်း သူ့ကိုစစ်မှန်တဲ့ ဘုရားသခင်လို့ သတ်မှတ်လိုက်မယ်။ တကယ်လို့ ဘုရားသခင်က ကောင်းကင်မှာ ပေါ်လာမယ်။ ပြီးတော့ လူသားမျိုးနွယ်တစ်ခုလုံး ထိတ်လန့်စေမဲ့ မိုးခြိမ်းသံလို မြည်ဟည်းသံကြီး လုပ်ပြတယ်ဆိုရင်တော့၊ အဲဒါက ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်း ဖြစ်လိမ့်မယ်။ ဒါဆို စီစီပီကလည်း သူ့ကိုအသိအမှတ်ပြုမှာပဲ။ အဲဒီလိုမှမဟုတ်ရင်တော့ ဘုရားသခင်ရှိတယ် ဆိုတာကို ပါတီက ဘယ်တော့မှလက်ခံမှာမဟုတ်ဘူး။
12မေးခွန်း (၁၂) အစိုးရဝါဒဖြန့်ချိရေး အချက်အလက်တွေအရတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ကျောင်းဆိုသူက တရုတ်ပြည်အရှေ့မြောက်ပိုင်းမှာ တည်ထောင်ခဲ့တယ်။ အသင်းတော်ကို သူက ဦးဆောင်တယ်။ ဒီလူက အသင်းတော်ရဲ့ယဇ်ပုရောဟိတ်ပဲ။ အသင်းတော်အဖွဲ့ဝင်တွေပြောတာတော့ သူ့ကို သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခဲ့တယ်တဲ့။ သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုတဲ့ ဒီလူရဲ့ဟောပြောမှုကို အသင်းဝင်တွေက ကြားနာကြတယ်။ အသင်းတော်ရဲ့အုပ်ချုပ်ရေးပိုင်းမှာလည်း သူ့စကားကို နားထောင်ကြတယ်။ မင်းတို့လို ယုံကြည်သူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဖတ်တယ်။ သူ့နာမတော်ကို တိုင်တည်ပြီး၊ ဆုတောင်းတယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို ကျမ်းရင်းဩဝါဒအဖြစ် မှတ်ယူတယ်။ ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖြန့်ဝေကြတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှာ နောက်ဆုံးအဆုံးအဖြတ်ပေးနိုင်တဲ့သူက ဒီလူပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို တကယ်တမ်း ဖန်တီးခဲ့တာက ဒီလူပဲဆိုတာ သေချာတယ်။ ဘာသာရေးအသိုင်းအဝိုင်းနဲ့ ပါတီရဲ့အဆိုအရတော့ ဒါက အဲဒီလူရဲ့အဖွဲ့ပဲတဲ့ ငါလည်း မှန်တယ်လို့ထင်တယ်။ နားလည်ကြလား။
13မေးခွန်း (၁၃) ခင်ဗျားတို့အားလုံးက ဘုရားသခင်ကိုယုံကြည်တယ်။ ကျွန်တော်ကတော့ မာ့က်စ်နဲ့ လီနင်ကို ယုံတယ်။ ဘာသာရေးယုံကြည်ချက်ပေါင်းစုံကို ကျွန်တော် လေ့လာခဲ့ပြီးပြီ၊ လေ့လာခဲ့တဲ့နှစ်ပေါင်းများစွာအတွင်း ကျွန်တော့်အနေနဲ့ ပြဿနာတစ်ခုကို ရှာတွေ့ခဲ့တယ်။ ဘာသာရေးအားလုံးဟာ ဘုရားတစ်ဆူဆူကိုတော့ ယုံကြည်ကြတာပဲ။ ဒါပေမဲ့ ဘယ်ယုံကြည်သူမှတော့ ဘုရားဆိုတာကို မမြင်ဖူးကြဘူး။ သူတို့ရဲ့ယုံကြည်ချက်က စိတ်ခံစားမှုသက်သက်ပေါ် အခြေခံထားတဲ့ ယုံကြည်မှုပဲ။ ဒါကြောင့် ဘာသာရေးယုံကြည်ချက်နဲ့ပတ်သက်ပြီး ကျွန်တော် ကောက်ချက်ချလိုက်တယ်။ ဘာသာရေးဆိုတာ စိတ်ကူးယဉ်မှုသက်သက်ပဲ။ သိပ္ပံနည်းလမ်းလုံးဝမကျတဲ့ အယူသည်းမှုတစ်ခုပဲ။ ဒီနေ့ခေတ်လူ့အဖွဲ့အစည်းမှာ သိပ္ပံပညာဟာ အရမ်းတိုးတက်နေပြီ။ အမှားတွေမလုပ်မိအောင်အတွက် အရာရာတိုင်းဟာ သိပ္ပံပညာကို အခြေခံရမယ်။ ကွန်မြူနစ်ပါတီက သိပ္ပံပညာကိုယုံကြည်တယ်။ ဘုရားသခင်ကို မယုံကြည်ဘူး။ ခေတ်ပြောင်းတော်လှန်ရေး သီချင်းထဲမှာ ‘အားကိုးလောက်စရာ လောက ကယ်တင်ရှင်၊ နတ်ဘုရား...အရှင်သခင်ရယ်လို့ မရှိပြီ။ လူသားမျိုးနွယ် ပျော်ရွှင်ဖို့အတွက် မိမိကိုယ်ကိုသာ အားကိုးကြရမည်’ သီချင်းထဲမှာ ‘လောကကယ်တင်ရှင်ရယ်လို့ မရှိပြီ’ ဆိုပြီး ကြွေးကြော်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ ဘုရားသခင်ကိုယုံကြည်ခဲ့ရတဲ့ အကြောင်းရင်းက၊ သူတို့ခေတ်မှာ နေတို့၊ လတို့၊ ကြယ်တို့လို အထူးအဆန်းကိစ္စတွေကို သိပ္ပံနည်းကျ ဖြေရှင်းနိုင်စွမ်း မရှိခဲ့ကြသေးလို့ပဲ။ ဒါကြောင့် သဘာဝလွန်အစွမ်းတွေကို ကြောက်လန့်တာတို့၊ သိချင်တာတို့ ဖြစ်လာတာပေါ့။ အဲဒီကနေ ရှေးအကျဆုံးဘာသာရေးအတွေးအခေါ်တွေ စပေါ်လာတာပဲ။ ဒါ့အပြင် သဘာဝဘေးအန္တရာယ်တွေ ရောဂါဘယတွေလို အခက်အခဲမျိုးတွေကို လူသားတွေအနေနဲ့ မဖြေရှင်းနိုင်တဲ့အခါ၊ ဘုရားသခင်ကို ကိုးကွယ်ပြီး စိတ်သက်သာရာရှာကြတာပဲ။ ဘာသာရေးရဲ့ မူလအစက ဒါပဲ။ အတွေးအခေါ်နည်းလမ်းလည်းမကျ၊ သိပ္ပံနည်းလည်းမကျမှန်း မြင်နိုင်တယ်။ ကျွန်တော်တို့ခေတ်ကတော့ အများကြီးပိုတိုးတက်နေပြီ။ သိပ္ပံပညာလည်း ထွန်းကားလာပြီ။ အာကာသလေကြောင်းသိပ္ပံ၊ ဇီဝသိပ္ပံနည်းပညာ၊ မျိုးရိုးဗီဇပြောင်းလဲခြင်းနည်းပညာ၊ ဆေးပညာ အစရှိတဲ့ ပညာရပ်တွေမှာ လူသားမျိုးနွယ်ဟာ အများကြီး တိုးတက်လာခဲ့ပြီ။ အရင်တုန်းက ပြဿနာတွေကြုံ လာတဲ့အခါ ကျွန်တော်တို့က နားလည်းမလည်ဘူး။ ဖြေရှင်းနိုင်တဲ့နည်းလမ်းလည်း မရှိဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ သိပ္ပံပညာကိုသုံးပြီး အရာအားလုံးကိုရှင်းပြနိုင်ပြီ။ သိပ္ပံပညာကိုအားကိုးပြီး ပြဿနာတွေအတွက် အဖြေရှာနိုင်ပြီ။ ဒီလို သိပ္ပံနဲ့နည်းပညာခေတ်ကြီးထဲမှာ ဘုရားကိုယုံကြည်တယ်ဆိုတာ တုံးအသလို ဖြစ်မနေဘူးလား။ နောက်ကောက်ကျကျန်ခဲ့လိမ့်မယ်လို့ မထင်မိဘူးလား။ ကျွန်တော်တို့ယုံကြည်နိုင်တာ သိပ္ပံပညာပဲရှိတယ်။
14မေးခွန်း (၁၄) ဘုရားသခင်ကိုယုံကြည်တယ်ဆိုတဲ့နေရာမှာ ခင်ဗျားတို့ အားလုံး ကိုယ်ပိုင်အတွေးအမြင်နဲ့ ယုံကြည်ချက်တွေ ရှိကြမှာပဲ။ အဲဒီအတွေးအမြင်တွေနဲ့ ယူဆချက်တွေက ခင်ဗျားတို့ရဲ့ ပုဂ္ဂလိကအမြင်တွေဖြစ်လို့ ခပ်ရှင်းရှင်း ပြောရရင် ထင်ယောင်မှားမှုတွေသက်သက်ပဲ။ ကျွန်တော်တို့ကွန်မြူနစ်တွေအတွက်ကတော့ သိပ္ပံ နည်းကျတဲ့ ရုပ်ဝတ္ထုဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကိုပဲ အမှန်တရားလို့ ယုံကြည်တယ်။ ကျွန်တော်တို့နိုင်ငံမှာ မူလတန်းကနေ တက္ကသိုလ်အထိ သင့်လျော်တဲ့ ပညာရေးကို သင်ပေးတယ်။ ဘာဖြစ်လို့လဲသိလား။ ကလေးတွေကို ငယ်ငယ်လေးကတည်းကစပြီး ဘာသာမဲ့ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကို သင်ပေးခြင်းအားဖြင့် ဘာသာရေးနဲ့ အယူသည်းမှုတွေကို ရှောင်နိုင်အောင် လို့ပဲ။ အမေးရှိသမျှကို နည်းလမ်းတကျနဲ့ ဖြေရှင်းပြနိုင်အောင်လို့ပဲ။ ဥပမာပြောရမယ်ဆိုရင် ဇီဝအသက်ဘယ်ကစလဲဆိုတဲ့ မေးခွန်းမျိုးပေါ့။ ကျွန်တော်တို့တွေ အတိတ်တုန်းက ဘာမှမသိခဲ့တော့ ကောင်းကင်နဲ့မြေကြီး ကွဲပြားသွားတာတို့၊ နုဝါက လူတွေကိုဖန်ဆင်းတာတို့လို ပုံပြင်တွေကို ယုံကြည်ခဲ့ကြတယ်။ အနောက်တိုင်းသားတွေကတော့ လူသားအားလုံးကို ဘုရားသခင်ကဖန်ဆင်းတယ်လို့ ယုံကြတယ်။ တကယ်တမ်းကျတော့ အဲဒါတွေအကုန်လုံးက ပုံပြင်နဲ့ဒဏ္ဍာရီတွေချည်းပဲ သိပ္ပံနည်းလမ်းလည်း မကျဘူး။ မျောက်ဝံတွေကနေ လူတွေအဖြစ် ဆင့်ကဲပြောင်းလဲလာတယ်ဆိုတဲ့ လူသားမျိုးနွယ်ရဲ့အစကို ရှင်းပြတဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီ စပေါ်လာတဲ့အချိန်ကစပြီး လူတွေကို ဘုရားသခင်ကဖန်ဆင်းတယ်ဆိုတဲ့ ယုံတမ်းစကားဟာ လုံးလုံးလျားလျားကို ချေဖျက်ခံလိုက်ရတာပဲ။ အရာရာတိုင်းဟာ သဘာဝအရ ဆင့်ကဲပြောင်းလဲလာတာပဲ။ ဒါအမှန်တရား။ ဒါကြောင့်မို့ သိပ္ပံနဲ့ ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်ရမယ်။ ခင်ဗျားတို့ အားလုံးက ပညာတတ်တွေ အသိဉာဏ်ကြွယ်တဲ့ သူတွေချည်းပါပဲ။ ဘယ်လိုအကြောင်းကြောင့်များ ဘုရားသခင်ကိုယုံရတာလဲ။ ကျွန်တော် နားမလည်နိုင်ဘူး။ ကျွန်တော်တို့ကို ခင်ဗျားတို့ရဲ့အမြင်တွေ မျှဝေပေးလို့ရမလား။
15မေးခွန်း (၁၅) နိုင်ငံ့ခေါင်းဆောင်တွေက ခရစ်ယာန်ဘာသာနဲ့ ကတ်သလစ်ဘာသာကို အစွန်းရောက်ဝါဒအဖြစ် သတ်မှတ်ပြီး သမ္မာကျမ်းစာကို အစွန်းရောက်စာအုပ်အဖြစ် သတ်မှတ်လိုက်ပြီ။ ဒါအများအားဖြင့် လက်ခံထားကြတဲ့ အချက်တွေပဲ။ ဗဟိုအစိုးရက ခရစ်ယာန်အိမ်တွင်းအသင်းတော်တွေကို အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အစွန်းရောက်ဝါဒအဖြစ် ဘာကြောင့်သတ်မှတ်လိုက်သလဲ ဆိုတာကို ကျွန်တော် သုတေသနလုပ်ထားတဲ့အဖြေကတော့ ဘုရားသခင်က အရာအားလုံးကိုဖန်ဆင်းတယ်လို့ သက်သေခံတဲ့သူတွေ၊ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ပြီး လူသားမျိုးနွယ်ကို ဖန်ဆင်းတယ်လို့ သက်သေခံတဲ့သူတွေ၊ ဘုရားသခင်က အရာအားလုံးအပေါ်အစိုးရပြီး စကြဝဠာအရှင်သခင်အဖြစ် အရာအားလုံးကို ထိန်းချုပ်တယ်လို့ သက်သေခံတဲ့သူတွေ၊ ကျွန်တော်တို့ကို ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကိုးကွယ်စေချင်တဲ့သူတွေအားလုံးဟာ အစွန်းရောက်ဝါဒီတွေဖြစ်တယ်လို့ သတ်မှတ်လိုက်လို့ပဲ။ ဘုရားသခင်ရဲ့ သန့်ရှင်းခြင်း ဖြောင့်မတ်ခြင်း မေတ္တာတော်နဲ့ ကယ်တင်ခြင်းကို သက်သေခံတဲ့သူတွေ စာတန်ကို လူသားမျိုးနွယ်ကို ဖျက်ဆီးနေသူအဖြစ် ကျိန်ဆဲတဲ့သူတွေ၊ အထူးသဖြင့် ကွန်မြူနစ်ပါတီကို တိုက်ရိုက်တိုက်ခိုက်ပြီး ကျိန်ဆဲတဲ့သူတွေအားလုံးကို အစွန်းရောက်ဝါဒီတွေအဖြစ် သတ်မှတ်တယ်။ သခင်ယေရှုပြန်လာပြီလို့ သက်သေခံတဲ့သူတွေ၊ လူ့ဇာတိခံယူတဲ့ ခရစ်တော်အကြောင်း သက်သေခံတဲ့သူတွေ၊ သာမန်လူသားတစ်ယောက်ရဲ့ ဆောင်ရွက်ချက်တွေကို ကယ်တင်ရှင်ရဲ့ အမှုတော်အဖြစ် ချဲ့ကားပြောဆိုနေတဲ့သူတွေ၊ ခရစ်တော်ရဲ့စကားတွေဟာ ပကတိအမှန်တရားပါလို့ လူသိရှင်ကြား ကြေညာပြီး သက်သေခံတဲ့သူတွေ၊ ကွန်မြူနစ်ပါတီကို ယုံကြည်မယ့်အစား ဘုရားသခင်ကို လက်ခံဖို့ ကိုးကွယ်ယုံကြည်ဖို့ သူများတွေကို အားပေးအားမြှောက် လုပ်တဲ့သူတွေအားလုံးကို အစွန်းရောက်ဝါဒီတွေလို့ သတ်မှတ်တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ အရာအားလုံးရဲ့အထက်က အမှန်တရားဖြစ်တယ်၊ သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်ပြီး "နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏" ဆိုတာဟာ သမ္မာတရားလို့ သက်သေခံပြီး ကွန်မြူနစ်ပါတီရဲ့ ယုံကြည်ချက်ဖြစ်တဲ့ မာ့က်စ်-လီနင်ဝါဒကို ကျိန်ဆဲတဲ့သူတွေ အားလုံးကို အစွန်းရောက်ဝါဒီအဖြစ် သတ်မှတ်တယ်။ ဘုရားသခင် ပြန်လာပြီလို့ တရားဟောပြီး နောက်ဆုံးသောကာလခရစ်တော်ကို သက်သေခံသူတွေ ဘုရားသခင်ရဲ့ ကယ်နုတ်ခြင်းကို လူသားတွေလက်ခံနိုင်ပြီး၊ ကောင်းကင်နိုင်ငံတော်ကိုဝင်ဖို့ တစ်ခုတည်းသောလမ်းဖြစ်တဲ့ ဘုရားသခင်နောက်လိုက်ဖို့ ပန်ကြားတဲ့သူတွေကို အစွန်းရောက်ဝါဒီအဖြစ် သတ်မှတ်တယ်။ ကျွန်တော်သိသလောက်တော့ ဒီအချက်တွေကြောင့် အစိုးရက ခရစ်ယာန်အသင်းတော်တွေ အားလုံးကို အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အစွန်းရောက်ဝါဒ အဖြစ် သတ်မှတ်လိုက်တာပဲ။ တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီက အာဏာရပါတီဖြစ်တယ်။ ကွန်မြူနစ်ပါတီဆိုတာ ဘုရားရှိဝါဒ အားလုံးကို ဆန့်ကျင်တဲ့ မာ့က်စ်-လီနင် ဘုရားမဲ့ဝါဒီပါတီပဲ။ ဘုရားသခင်ကို ယုံကြည်တဲ့ အသင်းအဖွဲ့မှန်သမျှကို အစွန်းရောက်ဝါဒီတွေအဖြစ် အပြစ်ရှိတယ်လို့ ကွန်မြူနစ်ပါတီက ကြေညာတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ရဲ့အကြွင်းမဲ့ အာဏာကို ပြသတာပဲ ကွန်မြူနစ်ပါတီကသာ ကြီးမြတ်ခမ်းနားပြီး မှန်ကန်တယ်၊ မာ့က်စ်-လီနင်ဝါဒနဲ့ ဆန့်ကျင်တာမှန်သမျှ မှားတယ်။ ကွန်မြူနစ်ပါတီအနေနဲ့ အတိုက်အခံအားလုံးကို ရှင်းလင်းပစ်ချင်တယ်။ တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီကို ကြီးမြတ်တဲ့ပါတီအဖြစ် မြင်ကြရမယ်။ ခင်ဗျားတို့အသင်းတော်က ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လာပြီး နောက်ဆုံးသောကာလရဲ့ ခရစ်တော်ဖြစ်တယ်လို့ ဟောတယ်၊ အနန္တတန်ခိုးရှင်ဘုရားသခင်က အမှန်တရားကိုဖော်ပြပြီး လူသားတွေကို သန့်စင်ရွေးနုတ်တယ်၊ ဘုရားသခင်ရဲ့နိုင်ငံတော် တည်ပြီလို့လည်း ဟောတယ်။ ဒါကြောင့် ဘာသာရေးအဝန်းအဝိုင်းတွေကွဲထွက်ကုန်ပြီး သန်းနဲ့ချီတဲ့လူတွေဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကိုးကွယ်လာကြတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်ပြည်အပေါ်ရိုက်ခတ်မှုရှိပြီး လူ့အဖွဲ့အစည်းအတွင်း မငြိမ်မသက်ဖြစ်လာတယ်။ ခင်ဗျားတို့တွေက တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးကို ခြိမ်းခြောက်နေတာပဲ။ ဒါကြောင့် အစိုးရက အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အစွန်းရောက်ဝါဒအဖြစ်ကြေညာပြီး၊ နှိမ်နင်းတာပဲ။ ခင်ဗျားတို့အားလုံး အလိမ်ခံရပြီး လမ်းလွဲနေကြပြီ။ ခင်ဗျားတို့ မြန်မြန်နောင်တရပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို စွန့်ခွာပြီး၊ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်ရဲ့ အသင်းသားအဖြစ် ခံယူပါ။ ဒါဆိုရင်တော့ ရာဇဝတ်မှုမမြောက်တော့ဘူး။
16မေးခွန်း (၁၆) အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလမှာ ပေါ်ထွန်းတဲ့ ဘုရားသခင်ဖြစ်တယ်၊ သမ္မာတရားဖြစ်တယ်လို့ ပြောတယ်နော်။ ဘုရားသခင်က ဒီလောကကိုဖန်ဆင်းပြီး စိုးပိုင်တယ်လို့လည်း ပြောတယ်။ သမိုင်းတလျှောက်မှာ လူသားတွေကို လမ်းပြကယ်တင်ခဲ့တယ်လို့လည်း ပြောတယ်။ ခင်ဗျားရဲ့ယုံကြည်မှုတွေကို ချက်ကျလက်ကျ သက်သေပြလို့ ရလား။ ကွန်မြူနစ်ပါတီဝင်ကျွန်တော်တို့တွေက ဘာသာမဲ့တွေ ဘုရားသခင်ရဲ့ပညတ်တော်ကိုရော ဘုရားသခင်ရှိတယ်ဆိုတာကိုပါ နည်းနည်းလေးမှ လက်မခံဘူး။ ခင်ဗျားတို့ယုံကြည်တဲ့ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကိုဆို ပိုတောင်လက်မခံဘူး။ ခရစ်ယာန်တွေယုံကြည်တဲ့ ယေရှုဆိုတာ လူသားဖြစ်ကြောင်း ရှင်းနေတာပဲ။ သူ့မှာ မိဘတွေ၊ မွေးချင်းတွေရှိတယ်။ ခရစ်ယာန်ဘာသာကတော့ သူ့ကို တစ်ဆူတည်းသောဘုရားအဖြစ် ကိုးကွယ်ဖို့ နားချကြတယ်။ တော်တော်အဓိပ္ပါယ်မရှိတာပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ယေရှုလိုပဲ၊ ခင်ဗျားတို့ ကျွန်တော်တို့လို သာမန်လူပဲ။ သူက လူ့ဇာတိခံယူတဲ့ဘုရားသခင်ပါလို့ ခင်ဗျားတို့က ဘာကြောင့်ယုံရတာလဲ။ ပြီးတော့ နောက်ဆုံးသောကာလရဲ့ ကယ်တင်ရှင် ခရစ်တော်အဖြစ် ဘာကြောင့်လက်ခံရတာလဲ။ ဒါ ရူးမိုက်တာပဲ။ ဒါတွေအကုန်လုံး စိတ်ကူးယဉ် သက်သက်ပဲ။ ဘုရားသခင်ဆိုတာမရှိဘူး။ နောက်ပြီး လူ့ဇာတိခံယူတဲ့ဘုရားသခင်ဆိုတာ မရှိဘူး။ ကျွန်တော်ထပ်ပြောမယ် ဘုရားသခင်က လူအဖြစ်ကြွဆင်းလာတယ်လို့ ခင်ဗျားပြော တယ်နော်။ ခင်ဗျား ဘာနဲ့သက်သေပြ မလဲ။ ခင်ဗျားတို့ယုံကြည်မှုက ဘာအပေါ်မှာအခြေခံထားတာလဲဆိုတာ ကျွန်တော့်ကိုရှင်းပြနိုင်ကြရဲ့လား။
17မေးခွန်း (၁၇) အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတာ နောက်ဆုံးသောကာလမှာ ကမ္ဘာပေါ်ကြွဆင်းလာတဲ့ ဘုရားသခင်ပဲလို့ ရှင်တို့ပြောတယ်။ ရှင်တို့ရဲ့ယုံကြည်မှုကလည်း ဘဝမှာ သမ္မာတရားကိုရှာဖွေလိုမှု မှန်ကန်တဲ့လမ်းကို ရှာဖွေလိုမှုကနေ မြစ်ဖျားခံလာတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မရဲ့အတွေ့အကြုံအရတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တပည့်တော် အတော်များများဟာ ယေရှုရဲ့ သာသနာပြုတွေလိုပဲ၊ မိသားစုတွေ ဘဝတက်လမ်းတွေကိုစွန့်လွှတ်ဖို့၊ မတွေဝေဘဲ ဧဝံဂေလိသတင်းကောင်းဟောကြားဖို့၊ ဘုရားသခင်ကို သက်သေခံဖို့အတွက် သူတို့ရဲ့ ကိုယ်ရော၊ ဝိညာဉ်ကိုပါ ဘုရားသခင်ဆီ အပ်နှင်းထားတာပဲ။ အဲဒီလူတွေထဲမှာ နောက်ဆုံးသောကာလရဲ့ခရစ်တော်နောက်ကို လိုက်ဖို့အတွက်၊ လက်ထပ်ထိမ်းမြားခြင်း မပြုဖို့ရွေးချယ်လိုက်တဲ့ လူငယ်လေးတွေလည်း အများကြီးပါတယ်။ ရှင်တို့တွေ ဧဝံဂေလိသတင်းကောင်း ဖြန့်ဝေဖို့ အရာအားလုံးကို စွန့်လွှတ်ခဲ့တဲ့အတွက်၊ ဘုရားသခင်ကိုယုံကြည်သူတွေဟာ များသထက် ပိုများလာတယ်။ ကမ္ဘာပေါ်က လူတိုင်းသာ ဘုရားသခင်ကိုယုံကြည်ကြရင်၊ ကွန်မြူနစ်ပါတီ ထဲကို ဘယ်သူကဝင်ဦးမှာလဲ။ ပါတီကိုရော ဘယ်သူကယုံကြည်ဦးမှာလဲ။ ဒါကြောင့် အစိုးရက ယုံကြည်သူတွေကို ဖိနှိပ်ဖမ်းဆီးရတာဖြစ်တယ်။ ပြဿနာကို မြင်ပြီလား။ ရှင်တို့တွေရဲ့ အဲဒီလိုယုံကြည်ချက်ကြောင့် လူတွေအများကြီး အဖမ်းခံရ၊ ထောင်အချခံရ၊ အိုးပစ်အိမ်ပစ်ထွက် ပြေးရတွေ ဖြစ်ကြရတာ။ လင်မယားတွေအများကြီး ကွာရှင်းကုန်ကြပြီး၊ ကလေးတွေအများကြီး မိဘမဲ့ဖြစ်ကြရတယ်။ သက်ကြီးရွယ်အိုတွေအများကြီးလည်း ပြုစုမယ့်သူ မရှိရှာတော့ဘူး။ ရှင်တို့တွေ ဘုရားသခင် အပေါ်ထားတဲ့ ဒီလိုယုံကြည်ချက်ကြောင့် ရှင်တို့ရဲ့မိသားစုတွေပဲ စိတ်ဆင်းရဲခံစားကြရတာ။ ရှင်တို့ရဲ့ ပန်းတိုင်ကဘာလဲ။ ဒီလမ်းက ရှင်တို့ပြောတဲ့ လမ်းပြခြင်းခံရပြီးရောက်လာတဲ့ လမ်းမှန်လား။ တရုတ်ရိုးရာယဉ်ကျေးမှုမှာ ဘိုးဘွားမိဘတွေ အပေါ်ရိုသေပူဇော်ခြင်းကို အထွဋ်အမြတ်ထား ကြတယ်။ ဆိုရိုးအရ “အရာအားလုံးထက် ဘိုးဘွားမိဘတွေအပေါ်ရိုသေဖို့ အရေးစိုက်ပါ” တဲ့။ ကွန်ဖြူးရှပ်ကလည်းပြောခဲ့တယ်၊ “မိဘတွေ သက်ရှိထင်ရှားရှိနေတုန်း ခရီးဝေးထွက်မသွားပါနဲ့” တဲ့။ မိဘတွေပေါ်ရိုသေခြင်းဟာ လူသားအချင်းချင်း ဆက်ဆံမှုမှာ အခြေခံအုတ်မြစ်ပဲ။ ရှင်တို့ကို မွေးဖွားသန့်စင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူတွေကိုတောင် ဂရုစိုက်မပေးနိုင်ဘဲ၊ ဘုရားသခင် နောက်ကိုပဲ အခုရှင်တို့လိုက်သလို လိုက်နေတာက လူသားတွေအတွက် လိုက်လျှောက်စရာလမ်းမှန် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ယုံကြည်သူတွေက အကောင်းဆုံးလူတွေလို့ သူများတွေပြောကြတာ ခဏခဏကြားဖူးတယ်။ ဒါမမှားဘူး။ ဒါပေမဲ့ ဘုရားသခင်ကိုကိုးကွယ်တဲ့ရှင်တို့တွေက ဘုရားသခင်ကို အရာအားလုံးထက် အလေးအမြတ်ထားတာကို ကွန်မြူနစ်ပါတီက အမြင်မကြည်ဘူး။ အဲဒါကို သူတို့တွေ မုန်းတယ်။ ရှင်တို့တွေက ဧဝံဂေလိတရားကို လိုက်ဟောနေပေမဲ့ ကိုယ့်မိသားစုကိုတောင် ပြန်ဂရုမစိုက်နိုင်ဘူး။ ဒါမျိုးကို လုပ်ရပ်ကောင်းပါလို့ ဘယ်လိုသတ်မှတ် ရမှာလဲ။ ရှင်တို့ရဲ့ယုံကြည်မှုက တစ်နေရာရာမှာတော့ လမ်းလွဲခဲ့ပြီလို့ မထင်မိဘူးလား။ ရှင်တို့တွေ အခုလိုလုပ်နေတာတွေက ကျွန်မတို့လူ့အဖွဲ့အစည်းရဲ့ သဟဇာတဖြစ်မှုနဲ့ ဟန်ချက်ညီမှုကို ပျက်စီးစေတာ မဟုတ်ဘူးလား။ ရှင်တို့တွေ လမ်းမှားကို ဆက်မလျှောက်ဖို့ အကြံပေးချင်တယ်။ ရှင်တို့ရဲ့ ယုံကြည်ချက်ကိုစွန့်လွှတ်ပြီး အိမ်ပြန်ကြပါ၊ မိသားစုတွေနဲ့ပြန်ဆုံပြီး သူတို့ကိုဂရုစိုက်ပါ၊ သာမန်ဘဝနဲ့ နေထိုင်ပါ။ အဲဒါဟာ သားသမီးတွေအဖြစ်နဲ့ရော မိဘတွေအဖြစ်နဲ့ပါ ရှင်တို့ထမ်းဆောင်ရမယ့် ဝတ္တရားဖြစ်တယ်။ ဒီလိုလက်တွေ့ကျတဲ့အရာတွေကိုသာ လူသားတွေအနေနဲ့ လုပ်ဆောင်သင့်တယ်။
  • 1
  • 2